အခန်း(၄၇) နင်မနာလိုဖြစ်နေတာ
Vol. 4 Ch. 47
အခန်း(၄၇) နင်မနာလိုဖြစ်နေတာ
ရှားဝမ်ချွေ့ သူ့ကိုစစ်ဆေးချင်တယ်ဆိုတော့ လင်းဖန်က ပြင်ဆင်ထားပြီးသားဖြစ်သည်။
သူ့ ကွန်ပြူတာ မျက်နှာပြင်ပုံလေးက အမြဲတမ်း ရှားဝမ်ချွေ့၏ ဓာတ်ပုံလေးသာ ဖြစ်ခဲ့ပါသည်။
ရှားဝမ်ချွေ့၏ ရုတ်ခြည်း ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် လင်းဖန်၏ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်ရှုခဲ့သော်လည်း နောက်ဆုံးတော့ ကွန်ပြူတာ မျက်နှာပြင်ပေါ်တွင် သူမပုံသာ ရှိနေခဲ့ပါသည်။
လင်းဖန်ကြောင့် ရှားဝမ်ချွေ့အံ့အားသင့်သွားရ၏။
ရှားဝမ်ချွေ့က လင်းဖန်၏ ကွန်ပြူတာ မျက်နှာပြင်ပုံကို ကြည့်ရင်း ရှက်သွေးဖြာသွားခဲ့ပါသည်။
ရှားဝမ်ချွေ့ : "အရူးကောင်လင်းဖန် နင်ငါ့ပုံကို ခိုးရိုက်ထားတယ်လား"
လင်းဖန် : "တကယ်လား ငါပေါ်တင်ရိုက်ခဲ့တာပါကွာ။"
ရှားဝမ်ချွေ့ : "ဟွန်း ငါ့ပုံကို ခိုးသုံးပြီး ကွန်ပြူတာ မျက်နှာပြင်ပုံ တင်ထားတယ်။ အရှက်မရှိလိုက်တာ။"
လင်းဖန် : "အေးပါ အေးပါ။ ဒါဆိုရင်လည်း ဓာတ်ပုံကို အခုချက်ချင်း ပြောင်းလိုက်ပါ့မယ်။ စုရှောင်းယွီရဲ့ ပုံကိုပဲ ပြောင်းလိုက်တော့မယ်လေ။ သူလည်း လှတာပဲ။"
ရှားဝမ်ချွေ့ : "အတင့်ရဲလိုက်တာ"
လင်းဖန်က ပြုံးကာ တမင်သက်သက် ပြောလိုက်၏။ "ဘာဖြစ်လို့ ပြောင်းလို့မရတာလဲ။ နင်က ငါ့ကောင်မလေးမှ မဟုတ်တာ။"
ရှားဝမ်ချွေ့ : "အကျင့်မကောင်းတဲဲ့ကောင် နင်က ငါ့ကိုဒေါသလာဆွနေတာပဲ။ ရပါတယ်လေ။ ငါ့ ဓာတ်ပုံကို ကွန်ပြူတာ မျက်နှာပြင်ပုံနဲ့ ဖုန်းမျက်နှာပြင်ပုံတွေအဖြစ် အသုံးပြုတဲ့ ယောက်ျားလေးတွေ အများကြီး ရှိတယ်နော်။ ငါ့ဓာတ်ပုံကို နေ့တိုင်း အကြိမ် ၁၀၀ လောက် နင်ကြည့်နေတာမလား။"
လင်းဖန်၏ ကွန်ပြူတာ စားပွဲခုံပေါ်တွင် မျက်စိကျစရာအကောင်းဆုံးက ရှားဝမ်ချွေ့၏ သွယ်လျပြီး နှင်းလိုဖြူဖွေးသော ခြေတံကလေးများနှင့် သူမ၏ မျက်နှာလှလှလေး ဖြစ်သည်။ ဘာအပြစ်ဆိုစရာမှ မရှိပါ။
လင်းဖန် : "နင့်ဓာတ်ပုံကို ဘယ်သူက ကြည့်လို့လဲ။ နေ့တိုင်း ငါအပြင်ထွက်တိုင်း ငါ့ကိုမြင်ချင်တဲ့ ကောင်မလေးတွေ အများကြီးပဲ။ ဒီနေ့လည်း ငါ့ကို ကောင်မလေးရှိလားလို့ မေးတဲ့ မိန်းမလှလေးတစ်ယောက်တောင် ရှိတယ်။"
ရှားဝမ်ချွေ့ : "ရှင်းပြတာနဲ့ ဖုံးကွယ်တာက အတူတူပဲ။"
လင်းဖန် : "တကယ်တော့ အကြိမ် ၁၀၀ လောက် ကြည့်စရာ မလိုပါဘူး။ နေ့တိုင်း ကွန်ပြူတာ ဖွင့်လိုက်ရင် ဒီတိုင်း တစ်ခေါက်ပဲ ကြည့်လိုက်တာ။ ကြည့်လို့ ကောင်းတယ်လေ။"
ရှားဝမ်ချွေ့ : "~~~"
လင်းဖန်၏ ကွန်ပြူတာ စားပွဲပေါ်က Word စာဖိုင်ကို ကြည့်လိုက်သည်။ လင်းဖန် ပြောင်းလဲပြုပြင်နေသည့် ဇာတ်ညွှန်း ဖြစ်နိုင်၏။
ဒီလောက်နောက်ကျနေတာတောင် သူက ကြိုးစားပမ်းစား အလုပ် လုပ်နေသေးသည်။
ရှားဝမ်ချွေ့တစ်ယောက် ပျော်ရွှင်သွားမိပါသည်။
ရှားဝမ်ချွေ့ : "လင်းဖန် အဲ့လောက်ကြီး ကြိုးစားမနေပါနဲ့။ ဘာပဲဖြစ်ဖြစ် ငါသရုပ်မဆောင်တာ တစ်နှစ်နီးပါးလောက်ရှိပြီဆိုတော့ ကုမ္ပဏီက ဇာတ်ညွှန်းကောင်းကောင်း ပေးလောက်မှာပါ။"
လင်းဖန် : "ဘယ်ဟုတ်မလဲ ငါစောစောပြီးအောင် လုပ်မှဖြစ်မယ်။ ဇာတ်ညွှန်းထဲမှာ အကြင်နာပေးခန်းနဲ့ အိပ်ယာဝင်အခန်းတွေ နည်းနည်း ထပ်ထည့်ရဦးမယ်။"
ရှားဝမ်ချွေ့ : "နင်ငါ့ကို အနိုင်ကျင့်ဖို့ပဲ သိတယ်။ မြောင်မြောင်။ ငါကိုက်မှာနော်။ အိပ်ယာဝင်ခန်းတွေ မထည့်ရဘူး။ အဲ့အချိန်ကျရင် ရိုက်ကွင်းမှာ လူတွေအများကြီးရှိနေမှာ။ ဟွန်း... အိပ်ယာဝင်ဇာတ်ဝင်ခန်းဆိုရင် ငါက အဝတ်အစားတောင်ချွတ်ပြီး ငါ့ပခုံးတွေကိုတောင် ပြရလောက်တယ်။"
လင်းဖန် : "ပခုံးပြရမယ်ဟုတ်လား။ ဒါက အဆင်မပြေဘူး။"
ရှားဝမ်ချွေ့ : "ဟွန်း ငါက နင့်ကောင်မလေး မဟုတ်သေးဘူးနော်။"
လင်းဖန် : "အဲ့တာလည်း အဆင်မပြေဘူး။ ရာသီဥတုက အေးတယ်။"
ရှားဝမ်ချွေ့ : "ဒါဆို နွေရာသီပေါ့~~~"
လင်းဖန် : "မရဘူးလို့ပြောရင် မရဘူးပဲ။ အိပ်ယာဇာတ်ဝင်ခန်းတွေ ဖျက်ပစ်လိုက်ပြီ။"
ရှားဝမ်ချွေ့ : "နင်သဝန်တိုနေတာပဲ"
လင်းဖန် : "Angry.jpg"
ရှားဝမ်ချွေ့ : "~~~"
ရှားဝမ်ချွေ့ : "ငါအိပ်တော့မယ်နော်။ မနက်ဖြန် အလုပ်ရှိသေးတယ်။ မနက်ဖြန်နေ့လည်ကျရင် ငါနဲ့ ရှောင်းယွီတို့ကို ရုံးမှာလာခေါ်ပေး။ ခွေးမလေးကလည်း နင်ချက်တဲ့ အရသာရှိတဲ့ ဟင်းတွေကို စားချင်တယ်လို့ပြောတယ်။"
လင်းဖန်တစ်ယောက် ဖုန်းချပြီးနောက် ပြုံးရွှင်စွာ ခေါင်းခါလိုက်ပါသည်။
ရှားဝမ်ချွေ့နှင့်အတူ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြောဆိုခဲ့ရသဖြင့် သူပိုပျော်သွားခဲ့သည်။
ဒီလိုဘဝမျိုးက တကယ်ပဲ ကောင်းမွန်သော်လည်း လင်းဖန်နှင့် ရှားဝမ်ချွေ့တို့အကြား အကွာအဝေးတစ်ခု ရှိနေတာကိုတော့ လက်ခံရမည်။
ထိုအကွာအဝေးက ပိုက်ဆံဖြင့် တိုင်းတာနိုင်သော အရာ မဟုတ်ပေ။ လူနှစ်ယောက်အကြားက ဘုံဘာသာစကားတစ်ခုဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးအကြား ခြားနားမှုနှင့် ၎င်းတို့ နေ့စဥ် အလုပ်များရသော ကိစ္စများလည်း ရှိသေးသည်။ သူတို့သာ ကွာဝေးသွားပါက သူတို့ဆက်ဆံရေးအကြား ပဋိပက္ခများ တဖြည်းဖြည်းချင်း ပေါ်လာနိုင်ပါသည်။
ဒီလိုကိစ္စများကြောင့် ကောင်မလေးများက ကောင်လေးများ၏ သဘာဝကို နားမလည်ဘဲ ကောင်လေးများကလည်း ကောင်မလေးများ၏ အတွေးကို နားမလည်ခြင်းများ ဖြစ်လာရခြင်း ဖြစ်ပါသည်။
ထို့ကြောင့် လင်းဖန်မှာ ယခုအခါ ပိုက်ဆံ မနည်းပါးသော်လည်း အလုပ်ကြိုးစားရပါဦးမည်။
ရှားဝမ်ချွေ့က တစ်နှစ်နီးပါး သရုပ်မဆောင်ခဲ့ပါ။ ဒီတိုင်းသာ ဆက်သွားရင် ကုမ္ပဏီက သေချာပေါက် သူမကို သဘောမကျနိုင်တော့ပါ။
ထိုအထိ စဥ်းစားပြီး လင်းဖန် ဇာတ်ညွှန်းကို ဆက်လက် ပြုပြင်ပြီး ပြီးပြည့်စုံအောင်လုပ်လိုက်သည်။
သူ့စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်းအထိ ထုတ်သုံးလိုက်၏။
အဘယ့်ကြောင့်ဆိုသော် ဒီရုပ်ရှင်က ရှားဝမ်ချွေ့၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းနှင့် ပထမဆုံး အကြင်နာပေးခန်း ပါဝင်သော ရုပ်ရှင်ဖြစ်သောကြောင့်ပင်။
တစ်ချိန်တည်းမှာပဲ သူနှင့် ရှားဝမ်ချွေ့တို့၏ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်သည်။
ကြောင်မလေးအတွက် သူအစွမ်းကုန် ကြိုးစားဖို့သာ ရှိတော့သည်။
နောက်တစ်နေ့ သူနိုးလာခဲ့ပြီး Sign-in ဝင်လိုက်ပါသည်။
ဒီတစ်ခေါက် ငွေသားကံစမ်းမဲတစ်ခုရ၏။ လင်းဖန် စိတ်ပျက်သွားရသည်က စနစ် ဗားရှင်း ၂.၀ သို့ တင်ပြီးကတည်းက ပစ္စည်းကောင်းကောင်းရဖို့ မစ်ရှင်များ ပြုလုပ်ရသည်။
အကြိမ်တိုင်းလည်း မစ်ရှင်များက ခြားနား၏။ သို့သော် လင်းဖန်က ပုံမှန်အတိုင်းပဲ စားသောက်ဆိုင်တွင် နာရီအနည်းငယ်လောက် အလုပ်သွားလုပ်ခဲ့ပါသေးသည်။
ဒီတစ်ခေါက် လင်းဖန်က Rolls-Royce Cullinan ကားကြီး မောင်းနှင်လာခဲ့သည်။ အဆိုပါကားကြီးက ခမ်းနားသော ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။
စားသောက်ဆိုင်သို့ သူရောက်သောအခါ တန်းစီနေကြသည့် ပရိတ်သတ်များစွာ ရှိနေပြီဖြစ်သည်။
ဝေ့ပေါ် မှာ ရေပန်းစားလာကတည်းက လင်းဖန်၏ စားသောက်ဆိုင်မှာ အလွန်အမင်း နာမည်ကြီးလာခဲ့ပါသည်။
သူ့ဆိုင်မှာ အစားအသောက်တွေ မှာယူစားသောက်ဖို့ လူတွေ ဘယ်လောက်များများ ဘိုကင်ကြိုတင်ထားချင်သလဲ မသိပါ။ သို့သော် သူတို့တင်လို့မရပေ။
အဓိကအချက်ကတော့ လင်းဖန်၏ ဆိုင်ဖွင့်ချိန်က ပုံသေမဟုတ်သောကြောင့်ဖြစ်သည်။ သို့သော် တစ်ရက်ကို ၂ နာရီလောက်တော့ ဖွင့်ပါသည်။
"ဝိုး လင်းဖန်က ကားပြောင်းလိုက်ပြန်ပြီ။ Bugatti ကြီး မောင်းမလာတော့ဘူး။ အဲ့တာ Rolls-Royce Cullinan ကားကြီးမလား။"
"နင်နားမလည်ရင် မေးကြည့်လိုက်။ Rolls-Royce Cullinan ဘယ်လိုကားမျိုးလဲ။ Rolls-Royce Cullinan ကားကြီးက အရမ်းမိုက်တယ်လို့ ငါကြားဖူးတယ်။"
"ဒါပေါ့ Rolls-Royce Cullinan က ဇိမ်ခံကားကြီးလေ။ သာမန်လူတစ်ယောက်တော့ မောင်းနိုင်မှာ မဟုတ်ဘူး။ လင်းဖန်က တော်လိုက်တာ။ ဒီကားက အနည်းဆုံး ယွမ်မီလီယံနဲ့ချိပြီး ပေးရလောက်တယ်။"
"အစ်ကိုလင်းဖန် ဘာလို့ ဒီလောက်တောင် ချောပြီး အစ်ကိုချက်တဲ့ ဟင်းတွေက ဘာလို့ အရသာ အရမ်းရှိနေရတာလဲ။ ညီမမေးချင်လို့ အစ်ကို့မှာ ရည်းစားရှိလား။ မရှိရင် ညီမကို စဥ်းစားပေးပါလား။"
ကောင်မလေးများစွာက စုရုံးလာကြပြီး လင်းဖန်ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏ ရင်ထဲတွင် မေးခွန်းများရှိနေကြ၏။
ရုပ်ချော၊ ချမ်းသာပြီး ချက်တတ်ပြုတ်တတ်သည့် ကောင်လေးများက အလွန်အမင်း ဆွဲဆောင်မှု ရှိပါသည်။ ထို့အပြင် လင်းဖန်က တစ်ယောက်တည်းသမား ဖြစ်နေဆဲဖြစ်သည်။ မရေမတွက်နိုင်သော ကောင်မလေး များစွာက သူ့ကို ချည်းကပ်ချင်နေပါသည်။
သို့သော်လည်း လင်းဖန်က ထိုကောင်မလေးများနှင့် ခပ်လှမ်းလှမ်း ခွာနေပါသည်။
"ကျွန်တော်က စားသောက်ဆိုင်ဖွင့်ဖို့ လာတာပါဗျာ။ ရည်းစားထားဖို့ မဟုတ်ပါဘူး။ကျွန်တော် ဓာတ်ပုံလည်း မရိုက်ဘူး။ လက်မှတ်လေး ထိုးမပေးဘူးနော်။ ဒီတိုင်း တိတ်တိတ်ဆိတ်ဆိတ်လေး ထိုင်စားပေးကြပါ” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
အားလုံး မှာယူပြီးကြသောအခါ လင်းဖန် စတင်အလုပ်ရှုပ်သွားလေသည်။
ဒီစားသောက်ဆိုင်က သူမိဘများ သူ့ကို အမွေပေးထားခြင်းဖြစ်သည်။ အမြတ်အများကြီး မရသော်လည်း လင်းဖန်က ဒီလို ဘဝမျိုးကို ပျော်ရွှင်ပါသည်။
လင်းဖန်၏ ပြုမူပြောဆိုပုံကြောင့် ထိုကောင်မလေးများ သူ့ကိုပိုသဘောကျသွားခြင်းဖြစ်သည်။
လင်းဖန်က ဖြောင့်မတ်သည်။ ချောမောသည်။ သန့်ရှင်းသပ်ရပ်၏။ သူက ကောင်မလေး များစွာ၏ ညှို့အားပြင်းသော မင်းသားလေးဖြစ်ပါသည်။
လင်းဖန်က လူအများကြီးနှင့်လုပ်ရသော လေ့ကျင့်ခန်းမျိုး သဘောကျပါက မိန်းကလေးများ၏ ရင်ထဲတွင် အမှတ်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲ မသိပါ။
"ဝိုး ကောင်လေး ချစ်တယ်။ ရှင့်ပြောစကား နားထောင်ပါ့မယ်။ ဒီမှာပဲ စားကြရအောင်။"
"အစ်ကိုလင်းက တကယ် ဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ။ ငါတို့ ဓာတ်ပုံအတူတူရိုက်လို့ မရပေမယ့် သူ့ဓာတ်ပုံကိုတော့ ခိုးရိုက်ပေးလို့ ရပါသေးတယ်။ နောက်ပိုင်း လင်းဖန်သာ ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်လာရင် ငါကံကောင်းပြီပေါ့။"
လင်းဖန်တစ်ယောက် ၂ နာရီလောက် အလုပ်များခဲ့သည်။ ဝင်ငွေ ယွမ် ၁,၀၀၀ ကျော် ရရှိခဲ့သဖြင့် အတော်လေး နေလို့ထိုင်လို့ ကောင်းပါသည်။
သူ အချိန်ကိုကြည့်လိုက်၏။ နေ့လည်ခင်း ၃ နာရီ အချိန်ရှိနေပြီး ဆိုင်ကို ပိတ်ဖို့ ပြင်လိုက်ပါသည်။
စားသုံးသူများစွာက မပြန်ချင်ကြသေးပေ။ သို့သော် လင်းဖန်ကတော့ ဆိုင်ကို ပိတ်ခဲ့ပါသည်။
လင်းဖန်က Rolls-Royce Cullinan ကြီးဖြင့် မောင်းထွက်လာခဲ့သည်။ သူက ကြွားဝါဖို့ မဟုတ်ပါ။ ဒီနေ့ နေ့လည်ခင်း ရှားဝမ်ချွေ့နဲ့ သူတို့ ချိန်ထားသောကြောင့်ပင်။