← Chapters

တောင်းပန်ခြင်း

Vol. 164 Ch. Ch2283

တောင်းပန်ခြင်း

Vol. 164 Ch. Ch2283

စွမ်းအားများအားလုံးကို သူ၏သွေးကြောထဲသို့ ရှီမာယူယူ လမ်းပြပြီး နောက် မို့ယီရှန်းသည် အဆင်ပြေသည်ဟု ရေရွတ်ရင်း ချက်ချင်းပင် သတိမေ့ သွားတော့သည်။

ရှီမာယူယူသည် သူ့ခန္ဓာကိုယ်ကို ဂရုတစိုက်စစ်ဆေးပြီးနောက် အဆင် ပြေသည်ဟု သေချာသည်နှင့် ဆေးတစ်လုံးကျွေးကာ နားခိုင်းထားလိုက်တော့ သည်။

“ယူယူ ရှောင်ချီတောင်းပန်ပါတယ်” ရှောင်ချီသည် ခေါင်းငုံ့ထားကာ သူမ ကိုယ်သူမ အပြစ်တင်လေသည်။ ယနေ့အဖြစ်အပျက်များသည် အလွန် အန္တရာယ်မှားလှသည်။ ရှီမာယူယူသာ ပြန်လာပြီးမထိန်းချုပ်ခဲ့လျှင် မို့ယီရှန်း သည် အဆုံးသတ်သွားနိုင်သည်။ အချိန်တန်လျှင် အံ့ဖွယ်သားရဲလေးပါးသာ အတူမစုစည်းနိုင်လျှင် နောက်ဆက်တွဲရလဒ်များမှာ မတွေးရဲလောက်စရာဖြစ် သည်။

“ဒီနေ့ မင်းနည်းနည်းရဲတင်းလွန်းသွားတယ် ဒါပေမဲ့ နဂိုရည်ရွယ်ချက် ကလေးကတော့ ကောင်းနေတာပဲ.. ပြီးတော့ ကံကောင်းလို့ ဒီကိစ္စက အဆုံး သတ်ကောင်းသွားတယ် ငါ မင်းကိုအပြစ်မပေးပါဘူး.. ယီရှန်းနိုးလာရင် သူ့ကိုပဲ တောင်းပန်လိုက်ပါ” ရှီမာယူယူ ပြောလေသည်။

“အိုး” ရှောင်ချီသည် မို့ယီရှန်း၏အိပ်ရာဆီသို့သွားကာ ထိုနေရာတွင်ရပ် ပြီး မို့ယီရှန်းနိုးလာသည်ကိုစောင့်သည်။

သူမကိုယ်သူမ အပြစ်တင်နေသည်ကို ရှီမာယူယူသိသဖြင့် ဘာမှမပြော တော့ဘဲ ပန်းလေးနှင့်အတူ ထွက်လာခဲ့လိုက်သည်။

မို့ယီရှန်းနိုးလာပြီး ပထမဆုံးမြင်လိုက်ရသူမှာ ရှောင်ချီဖြစ်သည်။ သူ မျက်တောင်ခတ်ပြီးနောက် ရှောင်ချီအား ဖြူစင်သောအပြုံးပြုံးပြလေသည် “ရှောင်ချီ ဒီမှာကျွန်တော့်ကို စောင့်ပေးနေတာလား”

“နောက်ဆုံးတော့ နိုးလာပြီပဲ ဘယ်လိုလဲ နာသေးလား” ရှောင်ချီသည် စိုးရိမ်တကြီးမေးလေသည်။

“နာတယ်” မို့ယီရှန်းသည် အရိုးသားဆုံးပြန်ဖြေလေသည်။

“ငါတောင်းပန်ပါတယ် မို့ယီရှန်း မင်းကို မုန်လာဥကြီးမပေးသင့်ဘူး” ရှောင်ချီ တောင်းပန်လေသည်။

“ရပါတယ် ကျွန်တော့်ဘာသာစားလိုက်တာပဲကို” မို့ယီရှန်းသည် သူမကို အပြစ်မတင်ပေ “ကျွန်တော်အိပ်မပျော်ခင်က ဆရာ့ကိုတွေ့လိုက်တယ်ထင် တယ် ပြီးတော့ ကျွန်‌တော် ကျင့်ကြံနိုင်တယ်လို့ ဆရာပြောသွားတယ်”

“မင်းကျင့်ကြံနိုင်တာဟုတ်တယ် ဒါပေမဲ့ မင်းခန္ဓာကိုယ် ပြန်ကောင်းတဲ့ အထိတော့စောင့်ရမယ်” ရှောင်ချီပြောလိုက်၏ “မင်းပျောက်သွားရင် မင်းကို ငါ့ရဲ့ အဆီအနှစ်ပေးမယ် ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ” သူမ၏အဆီအနှစ်မှာ ဘာကိုပြောသည်ကို မို့ယီရှန်း မသိ ပေ။ သူသိသည်မှာ သူမသူ့ကိုကြည့်ချိန်တွင် အလွန်ဝမ်းနည်းနေခြင်းဖြစ်သည်။ အကယ်၍ သူမ၏ ဝမ်းနည်းမှုများ ပြေလျော့သွားမည်ဆိုလျှင် သူ စားမည်ပင်။

သူ နိုးလာသည်ကို ရှီမာယူယူ သိသဖြင့် အိပ်ရာဘေးလျှောက်သွားကာ မေးလေသည် “ဘယ်လိုခံစားရလဲ”

“တစ်ကိုယ်လုံးနာနေတယ်” ကလေးတစ်ယောက်မှ ခိုက်မိချိန်တွင် သူ၏ မိခင်ကို ကြည့်သကဲ့သို့ မို့ယီရှန်းသည် ရှီမာယူယူအား သနားစဖွယ် ကြည့်လေ သည်။

ရှီမာယူယူသည် အိပ်ရာဘေးသွားကာ သူ့ကိုစစ်ဆေးကြည့်သည်။ ထို့နောက် သူ့အတွက် နောက်ဆေးတစ်လုံးထုတ်ကာ ပြောလိုက်သည် “မင်းရဲ့ သွေးကြောနဲ့ ကြွက်သားတွေက ဝိညာဉ်စွမ်းအားကြောင့် ပျက်ယွင်းသွားပြီ.. ဆေးသောက်လိုက်ပေမဲ့ မင်းပြန်ကောင်းဖို့ဆို အချိန်လိုဦးမယ်”

“ဆရာ ကျွန်တော် ဗိုက်ဆာတယ်” မို့ယီရှန်း ပြောလေသည်။

ရှောင်ချီသည် ရယ်ကွဲလေတော့သည် “ဗိုက်ဆာတယ်ဆိုတာကို မင်းက သိတယ်ဆိုတော့ အခြေအနေက အရမ်းကောင်းနေတာပဲ”

“ငါ မင်းအတွက် ယာဂုချက်ထားတယ်.. နောက်မှယူလာပေးမယ်” ရှီမာ ယူယူသည် သူ၏ယခုလိုပုံစံကိုကြည့်ပြီး သူနှင့်သက်တူရွယ်တူဖြစ်ပြီး ကလေး ကဲ့သို့ အလိုလိုက်ခံထားရသည့် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ကို သွားသတိ ရမိသည်။ သူတို့ နတ်ဘုံတွင် ဘာလုပ်နေသည်၊ ဒဏ်ရာနေသလားဆိုသည်ကို သိချင်လာသည်။

မို့ယီရှန်း အပြည့်အဝနလန်ထူ ပြန်ကောင်းလာရန် တစ်ပတ်နီးပါးကြာ လေသည်။ ထိုအခြေအနေမှာ ဆေးမျိုးစုံ၏ သက်ရောက်မှုပါပါ၏။ ထိုအချိန် အတွင်းတွင် စာသင်သည့်အချိန်မှလွဲပြီး သူမသည် ခြံဝင်းငယ်တွင် မို့ယီရှန်းကို အဖော်ပြုပေးသည်။

မို့ယီရှန်းတွင် ပထမဆုံးစွမ်းအားရှိလာသည်ဟု ဖူရှီနှင့်တခြားသူများ သိ သောအခါ အပျော်လွန်ပြီး ကျောင်းသို့ပြေးလာလုနီးပါးဖြစ်သွားသည်။

ကြားထဲတွင် မို့ယီလိုင်းသည် မို့ယီရှန်းကို တစ်ကြိမ်လာကြည့်သည်။ သူတို့ ညီအစ်ကိုနှစ်ယောက် အခန်းထဲတွင် မည်သည့်စကားများပြောကြသည် ကို သူမမသိပေ။ မို့ယီလိုင်းထွက်လာချိန်တွင် သူ့မျက်လုံးများအနည်းငယ်နီရဲ နေပြီး ခြေလှမ်းများမှာလည်း လေးလံနေသည်။

သူထွက်သွားသည်ကို ရှီမာယူယူ စောင့်ကြည့်ပြီး သူ ထမ်းပိုးထားရသည့် အရာများသည် လေးလံလှသည်ဟု ခံစားရသည်။

ထိုနေ့တွင် မို့ယီရှန်းသည် မနက်အစောကတည်းကပင် ထပြီး ခြံဝင်း ပတ်ပတ်လည်တွင် လှန်လှောရှာဖွေနေသည်။ ခဏအကြာတွင် သူ ပြေးလာပြီး ပြောလေသည် “ဆရာ ကျွန်တော့်မုန်လာဥကြီးဘယ်မှာလဲ”

“ငါ ပစ်လိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဆရာ ကျွန်တော့်ကိုပေးပါ ကျွန်တော်ကိုက်ချင်တယ်” မို့ယီရှန်းသည် လက်ဆန့်ထုတ်ကာ တောင်းလေသည်။

“မရဘူး” ရှီမာယူယူ ငြင်းဆန်လေသည်။

“ဘာလို့လဲ.. အဲဒါစားပြီးသွားတော့ ကျင့်ကြံလို့ရသွားတာမဟုတ်ဘူးလား” ယခုအခါ မို့ယီရှန်းသည် သူ၏ဆိုလိုရင်းကို ပိုပို၍ဖော်ပြတတ်လာသည်။ သူ၏ အသိဉာဏ်များ တိုးတက်လာသည်ကို ရှီမာယူယူ သိလာသည်။

“ဆေးပင်တွေ စားတော့ မင်းရဲ့ ပထမဆုံးစွမ်းအားရလာတာ ဒါပေမဲ့ အဲဒါ က မင်းရဲ့ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတယ်.. ငါတို့တွေ ပိုကောင်းတဲ့နည်းနဲ့ ကျင့်ကြံရမယ် ဒီလိုနည်းနဲ့မဟုတ်ဘူး သိရဲ့လား” ရှီမာယူယူသည် သူ့ကို စိတ် ရှည်လက်ရှည်ရှင်းပြလေသည်။

“ဒါဆို ဘယ်လိုကျင့်ကြံမှာလဲ” မို့ယီရှန်းသည် ကျိုးနွံစွာဖြင့် မေးလေ သည်။

“အခုလေထဲက ဝိညာဉ်စွမ်းအားကို အာရုံခံမိလား” ရှီမာယူယူ မေးလေ သည်။

“လေထဲက ဘာဝိညာဉ်စွမ်းအားလဲ”

ရှီမာယူယူ “….”

နောက်ပိုင်းတွင် ရှီမာယူယူသည် သူ့ကိုတရားထိုင်နည်းသင်ပေးသည်။ သူ မည်မျှပင်ကြိုးစားစေကာမူ လေထဲမှဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်ဘဲ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကိုပင် ရွှေ့ပြောင်းနေလေသည်။ မို့ယီရှန်းသည် ဤနည်းလမ်းဖြင့် ကျင့်ကြံ၍မရကြောင်းကို ရှီမာယူယူ နောက်ဆုံးမှ သိသွား လေသည်။

သူမသည် မုန်လာဥကြီးထုတ်ပြီး အပိုင်းပိုင်းဖြတ်ကာ သူ့လက်ဖဝါးပေါ် တင်ပေးကာ အာရုံခံစေသည်။ နောက်ဆုံးတွင် စွမ်းအားအတက်အကျကို သူ အာရုံခံမိလေသည်။ ထို့ကြောင့် ထိုစွမ်းအားများကို စုပ်ယူရန် သူမလမ်းညွှန်ပေး ပြန်သည်။

သူသည် အလွန်အားနည်းနေဆဲဖြစ်ကာ သူ့ကိုယ်သူမထိန်းချုပ်နိုင်သဖြင့် သူစုပ်ယူနိုင်မည့် ပမာဏကို တင်းကြပ်စွာထိန်းချုပ်ထားပြီး တစ်ကြိမ်တွင် တစ်ပိုင်းသာပေးသည်။ ထို့နောက် ကျန်အပိုင်းအစများကို ပေးပြီးစုပ်ယူစေ၏။ ရှောင်ချီမှ သူ့ကို အဆီအနှစ်ပေးချင်သည်ကို သိထားရာ သူမသည် ရှောင်ချီ့ကို ခေါ်ပြီး သူ့ကိုသင်စေသည်။

သူမအဆီအနှစ်ထဲမှ စွမ်းအားသည် ထိုဆေးပင်များထက် ပိုအားကောင်း သည်။ မို့ယီရှန်း၏ ခွန်အားသည် ယခုအခါအလွန်အားနည်းနေသဖြင့် တစ်စက် မှ မစုပ်ယူနိုင်သောကြောင့် မတော်တဆမှုဖြစ်စေနိုင်သည်။

ရှောင်ချီသည် ထိုနေ့ကကဲ့သို အဖြစ်အပျက်မျိုး ထပ်ဖြစ်မည်ကို ကြောက် သဖြင့် မို့ယီရှန်းကို သူမဘာသာ အဆီအနှစ်မပေးရဲပေ။

“ဆရာ ဆရာ့ရဲ့တပည့်ရော.. အခုတလော သူ့ကိုအတန်းထဲမှာမတွေ့မိ ဘူး” အတန်းချိန်အတွင်းတွင် တစ်ယောက်မှ မေးလေသည်။

“ဘာလို့လဲ မင်းမသိတာရှိလို့ ယီရှန်းကိုမေးချင်လို့လား” ရှီမာယူယူသည် ကျောင်းသားများနှင့် ရင်းနှီးနေပြီးဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် စနောက်တတ်ကြလေသည်။ သူတို့၏ ဆရာတပည့်ဆက်ဆံရေးမှာ မကြာနိုင် သည်ကိုတွေးပြီး သူတို့လမ်းပွင့်အောင် သူမ အကောင်းဆုံးကြိုးစားသည်။ ထိုမှ သာ သူတို့သည် အဂ္ဂိရတ်ပညာလမ်းကြောင်းကို ဝေးနိုင်သမျှဝေးဝေးသွားနိုင် မည်ဖြစ်သည်။

“အဟွတ် အဟွတ် အဲလိုမျိုးမဟုတ်ပါဘူး” ထိုကျောင်းသားသည် ငြင်းဆန်လေသည် “ဒီအတိုင်း သူ့ကိုဆရာနဲ့ နေ့တိုင်းတွေ့နေရင်းက အခု မမြင် တာ တော်တော်ကြာနေလို့ နည်းနည်းကျင့်သားမရနေလို့ပါ”

“နောက်ပိုင်း သူ မလာနိုင်လောက်တော့ဘူး” ရှီမာယူယူ ပြောလေသည် “သူလည်း သူ့လုပ်စရာတွေရှိနေတာ”

သူ ကျင့်ကြံနိုင်ပြီးနောက် အဂ္ဂိရတ်ပညာကို သူ့ဘာသာသူ ကြိုးစားကြည့် သည်။ ထိုသို့ဖြစ်ရာ တခြားသူများ သန့်စင်သည်ကို ကြည့်ရန် ဘာကြောင့် လိုတော့မည်နည်း။

အတန်းပြီးနောက် သူမသည် လမ်းကိုပိတ်ထားသည်။

“ဆရာယူယူ” ညှို့ယူနိုင်စွမ်းရှိသော မိန်းကလေးသည် စာသင်ခန်းအပြင် ဘက်တွင် ရပ်နေလေသည်။ သူမ ထွက်လာသည်ကိုမြင်ပြီးနောက် ဖိတ်စာကို ကမ်းပေးကာ မာနတစ်ခွဲသားဖြင့် ပြောလေသည် “ကျွန်မတို့သခင်က မနက်ဖြန် ညအခမ်းအနားကို လာဖို့ ဖိတ်လိုက်တာပါ”

“မင်းရဲ့ သခင်ကဘယ်သူလဲ” ရှီမာယူယူသည် ဖိတ်စာကိုပင်မကြည့်ပေ “မင်းသားကြီးလား”

“ဟုတ်တယ်” ထိုမိန်းကလေးသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်  “ကျွန်မတို့သခင်က ကျောင်းတွေက ဆရာတွေအတွက် အခမ်းအနားလုပ်ပေး မှာ ရှင်ကအဆင်ပြေတယ်လို့ကြားတယ် အဲဒါကြောင့် မနက်ဖြန်တက်ရောက်ဖို့ ဖိတ်စာလာပေးတာ”

“ဟင့်အင်း ကျွန်မစိတ်မဝင်စားဘူး” ရှီမာယူယူသည် မင်းသားကြီးကို မတွေ့ဖူးသေးပေ။ သို့သော် မင်းသား ၄ သည် သူမအား ဒုက္ခရောက်စေရန် ဆွဲချ နိုင်သူဖြစ်သည့်အတွက် သူသည်လည်း ရည်ရွယ်ချက်မကောင်းသည်မှာ သေချာလှသည်။

သူမ ထွက်သွားသည်။ သို့သော် ထိုမိန်းကလေးသည် ရုတ်တရက် ကြာပွတ်ထုက်ကာ သူမကိုတိုက်ခိုက်လေသည်….

All Chapters