← Chapters

အောင်မြင်စွာအဆင့်တက်ခြင်း

Vol. 164 Ch. 2284

အောင်မြင်စွာအဆင့်တက်ခြင်း

Vol. 164 Ch. 2284

ထိုမြင်ကွင်းကိုမြင်လိုက်သည့် ကျောင်းသားများသည် အခန်းထဲမှထွက် လာကြပြီး အော်ကြလေသည် “ဆရာယူယူ သတိထား”

ရှီမာယူယူ၏ ကျောဘက်သို့ ကြာပွတ်ထိခါနီးအချိန်တွင် သူမသည် ထို နေရာမှ ပျောက်သွားလေသည်။ ကျောင်းသားများသည် စိတ်သက်သာရာရစွာ ဖြင့် သက်ပြင်းချလိုက်သည်။ သူတို့ဆရာက အရမ်းအားကောင်းတာကို ဘယ်လိုလုပ် မေ့သွားရတာလဲ။

ရှီမာယူယူ ထိုနေရာမှ အသံပင်မထွက်ဘဲ ပျောက်သွားလိမ့်မည်ဟု ထို မိန်းကလေးမထင်မှတ်ထားသဖြင့် ရှီမာယူယူ မည်သည့်နေရာတွင်ရှိနေသည် ကို ကြည့်ရန် ဘေးဘီကိုနိုးနိုးကြားကြားကြည့်လေသည်။ သို့သော် သူမလက်ထဲ မှ ကြာပွတ်သည်အလုခံလိုက်ရပြီး သူမ၏ခန္ဓာကိုယ်မှာ ကိုယ်ပိုင်ကြာပွတ်ဖြင့် အချက်ပေါင်းများစွာ အရိုက်ခံရလေသည်။

“အား…” ကြာပွတ် သူမဆီသို့ ရိုက်လာသည်နှင့် နာကျင်စွာဖြင့် အော်မိ လေသည်။

ကြာပွတ်သံမှာ မရပ်သေးဘဲ သူမ မတုံ့ပြန်နိုင်ခင်မှာပင် ကြာပွတ်သည် ဘက်ပေါင်းစုံမှကျလာပြီး သူမကို ပြန်တိုက်ခိုက်ခွင့်ပင်မပေးဘဲ ရိုက်တော့၏။ သူမ၏ စကတ်မှာ အပိုင်းပိုင်းပဲသွားပြီး မမြင်သင့်သောနေရာကိုပင် ဝိုးတိုးဝါးတားမြင်နေရသည်။

ဤကဲ့သို့လူမြင်ကွင်းတွင် အရိုက်ခံရသဖြင့် ထိုမိန်းကလေးသည် အရှက်ရ ပြီး ဒေါသထွက်သည်။ သို့သော် ရှီမာယူယူ၏အရိပ်ကိုပင်မမြင်ရပေ။

ရှီမာယူယူသည် လုံလောက်ပြီဟုထင်သည်နှင့် လေဟာနယ်ထဲမှ တဖြည်းဖြည်းထွက်လာပြီး ကြာပွတ်ကို မိန်းကလေး၏ရှေ့သို့ ပစ်ပေးပြီး တစ်ခွန်းတည်းပြောလိုက်သည် “ထွက်သွားတော့” ထို့နောက် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သူမ၏ခြံဝင်းလေးသို့ ပြန်သွားလေသည်။

ထိုမိန်းကလေးသည် မြေပေါ်မှထကာ ပတ်ပတ်လည်မှ ကျောင်းသားများ ကိုကြည့်ပြီး ကြာပွတ်ဖြင့် မြေကြီးကိုရိုက်ကာ ကြမ်းတမ်းစွာ ခြိမ်းခြောက်လေ သည် “လာကြည့်တဲ့သူတွေကို မျက်လုံးဖောက်ပစ်မယ်”

“ငါတို့ကျောင်းမှာ ဒီလိုလော်လီသလိုဝတ်ထားပြီးတော့ လူတွေကို မကြည့်ခိုင်းဘူးလား” လူတစ်ယောက်သည် ရယ်မောလေသည်။

“မင်း ဒီကနေထွက်သွားတာကောင်းမယ် ငါတို့ဆရာယူယူ ပြန်ရောက် လာပြီး သေတဲ့အထိအရိုက်ခံရမှာကို စောင့်မနေနဲ့”

“ငါက မင်းသားကြီးရဲ့ ကိုယ်ရေးကိုယ်တာအစေခံပဲ ငါ့ကိုအနိုင်ကျင့်ရဲ တာ မင်းတို့ရဲ့အသက်တွေကို ဖက်နဲ့ထုပ်ထားလိုက်” ထိုမိန်းကလေးသည် ပြော ပြီးသည်နှင့် ပြေးထွက်သွားလေသ်ည။

တချို့လူများမှာ ရှီမာယူယူကို စိတ်ပူနေကြသည်။ မည်သို့ပင်ဖြစ်စေကာ မူ တစ်ဖက်လူမှာ မင်းသားကြီးဖြစ်သည။ ထို့ကြောင့် မင်းသားကြီး၏ မျက်နှာ ကို ပြန်ဆယ်ရန် လက်တုံ့ပြန်လာမည်ကို စိုးရိမ်နေခဲ့ကြသည်။

“ဆရာယူယူက အရမ်းအားကောင်းတာပဲ မင်းသားကြီးတောင် သူမကို မနိုင်နိုင်ဘူး.. ဒီစွမ်းအားက သန်ကိုသန်မာတာ.. ငါတို့လည်း လိမ်လိမ်မာမာနဲ့ ပြန်ပြီးလေ့ကျင့်ကြတာပေါ့” ပွဲကြည့်လာပရိသတ်များသည် ထွက်သွားကြလေ သည်။

ရှီမာယူယူသည် ခြံဝင်းလေးဆီသို့ပြန်ရာ အိပ်မက်လေးနှင့် ဟိန်းသံလေး တို့သည် ခြံဝင်းထဲတွင်ကစားနေရင်းနှင့် မို့ယီရှန်း၏ လှုပ်ရှားမှုများကို အာရုံစိုက် ထားကြသည်။ ရှီမာယူယူကိုမြင်သောအခါ ဟိန်းသံလေးသည် သူမ၏ရင်ခွင်ထဲ သို့ပြေးဝင်ပြီးမေးလေသည် “ယူယူ ဘာတွေအဲလောက် ဒေါသထွက်နေတာလဲ”

ရှီမာယူယူသည် ထိုမိန်းကလေးကို အရေးတယူမတွေးသော်လည်း ကိုယ့် ကိုယ်ကိုယ် အထင်ကြီးတတ်သူကို ရွံရှာသဖြင့် ခံစားချက်မကောင်းလှပေ။ ဟိန်းသံလေးနှင့် သူမတို့သည် ဝိညာဉ်စာချုပ်ရှိထားသဖြင့် သူမ၏ သေးငယ် သော အပြောင်းအလဲကိုပင် ခံစားနိုင်လေသည်။

“ငါ လမ်းလာပိတ်တဲ့လူနဲ့တွေ့လာလို့” သူမ ပြန်ဖြေလေသည် “ယီရှန်း ဘယ်လိုနေလဲ”

“သူ အခန်းထဲမှာကျင့်ကြံနေတယ် ဒါပေမဲ့ ထွက်မလာဘူး” အိပ်မက်လေး ပြောလေသည် “သူ လုံးဝစိတ်ပိုင်းဖြတ်ထားလိမ့်မယ်လို့ ထင်မထားဘူး.. ဒီလောက်အကြာကြီး လေ့ကျင့်နေတာကို စိတ်မရှည်တာတွေ ဘာတွေမဖြစ် ဘူး”

မို့ယီရှန်း၏ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်မှာ နှစ်အနည်းငယ်အရွယ် သာရှိသည်။ သူ့လို တက်ကြွတတ်သည့်လူသည် ခေတ္တမျှကျင့်ကြံပြီးသည်နှင့် ပြေးထွက်ကစားလိမ့်မည်ဟုထင်ထားကြသည်။ သို့သော် နှစ်ရက်ဆက်တိုက် ကျင့်ကြံပြီးသည့်တိုင်အောင် ထွက်မလာဘဲနေလိမ့်မည်ဟု ထင်မထားပေ။

“သူ့လိုမျိုး ကာကွယ်ချင်တဲ့သူရှိပြီး ရိုးရှင်းလွန်းတဲ့သူက ပိုပြီးတော့ တောင် ဇွဲရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “သူ့လိုမျိုး ညီရှိတာ မို့ယီလိုင်း ကံကောင်းတာပေါ့”

ထိုအချိန်တွင် အခန်းထဲ၌ အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ရှီမာယူယူနှင့် အိပ်မက်လေးတို့နှစ်ယောက်လုံး မို့ယီရှန်း၏အခန်းဘက်သို့ တအံ့တဩ ကြည့်လိုက်သည်။

“သူ အဆင့်တက်သွားတာလား.. မြန်လိုက်တာ” ဟိန်းသံလေးသည် ရှီမာ ယူယူ၏ ရင်ခွင်ထဲမှထွက်လိုက်သည် “ယူယူ မင်းတပည့်က အရမ်း အရည်အချင်းရှိတာပဲ”

“သူက ‌ဘေးဒုက္ခကျော်လွန်သူပဲ သူ့ရဲ့အရည်အချင်းက ဘယ်လိုလုပ် ဆိုး နိုင်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

အခု သူကျင့်ကြံနိုင်ပြီ၊ ဒါပေမဲ့ ကျားဖြူက ဘယ်မှာလဲ။ ကျောင်းမှာ မရှိရင် သူ့ကိုခေါ်ပြီး လှည့်ပတ်သွားနေရဦးမှာလား။ မဟုတ်ရင် သူ ကျောင်းမှာတစ်ချိန် လုံးနေတယ်ဆိုရင် စာချုပ်တည်ထောင်နိုင်မှာမဟုတ်ဘူး။

ပြီးနောက် ဦးတည်ချက်မရှိဘဲ ကျားဖြူမည်သည့်နေရာသို့ သွားသည်ကို သူမ မသိပေ။

မို့ယီရှန်းသည် အောင်မြင်စွာအဆင့်တက်သွားသည်။ သူ တံခါးဖွင့်ပြီး ထွက်လာသည်။ ခြံထဲမှရှီမာယူယူကိုကြည့်ပြီး သူမဆီသို့ပြေးလာကာ ပြုံးပြီး ပြောလေသည် “ဆရာ ကျွန်တော် အဆင့်တက်ပြီ”

“တော်တယ်” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ပြီး ပြောလေသည် “ဆက် ကြိုးစား ပြီးတော့ မင်းပိုအားကောင်းလာရင် မင်းရဲ့အစ်ကိုတော် ၆ ကိုကာကွယ် နိုင်တော့မှာ”

“ဆရာ ကျွန်တော့်ကို မုန်လာဥတွေအကုန်ပေးပါ ကျွန်တော့်ဘာသာပဲ နည်းနည်းစီစုပ်ယူလိုက်မယ်” မို့ယီရှန်းသည် အာမခံပြီး ပြောလေသည်။

“မရဘူး မင်းက အဆင့်တွေအများကြီးတက်သွားတာ အခုအခြေထိုင်ဖို့ လိုနေတယ်.. ဒါမှမဟုတ်ရင် နောင်တစ်ချိန်အဆင့်တက်ဖို့ ခက်လိမ့်မယ်” ရှီမာ ယူယူ ပြောလိုက်သည်။ “မင်းလုပ်ချင်တာမရှိဘူးလား”

မို့ယီရှန်းသည် ခေါင်းငုံကာ ခေတ္တမျှစဉ်းစားပြီးပြောလေသည် “ကျွန်တော် အစ်ကိုတော် ၆ ကိုတွေ့ပြီး အဆင့်တက်တဲ့အကြောင်းပြောချင်တယ်”

“မင်းရဲ့အစ်ကိုတော် ၆ ကိုဆက်သွယ်လို့ရမလားလို့ ကျောင်းအုပ်ကြီးကို သွားမေးလိုက်မယ်” ရှီမာယူယူသည် ပြောရန်ကြိုးစားလေသည် “မင်းရဲ့ အစ်ကို တော် ၆ ကအဆင်မပြေရင် သူ့ကိုမနှောင့်ယှက်ရဘူးနော် ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ အစ်ကိုတော် ၆ ကအန္တရယ်ရှိနေတာ သတိထားရမှာပေါ့” မို့ယီသည် နာခံစွာပင် ပြန်ဖြေလေသည်။

သူကောင်းစွာ ပြုမူနေသည်ကို ရှီမာယူယူမြင်သောအခါ သူ၏သိတတ်မှု အတွက် စိတ်မကောင်းဖြစ်မိသည်။ တကယ်တော့ သူမသည် သူ့ကို တိတ်တိတ် လေးခေါ်သွားပြီး မည်သူမှမသိအောင် မို့ယီလိုင်းကို ကြည့်ခိုင်း၍ရသည်။ သို့သော် သူ၏အစ်ကိုဖြစ်သူကို ခိုးကြည့်နေရသည့် ခံစားချက်မျိုးမဝင်စေလို ပေ။ ထိုအရာကို သူ နားမလည်သေးပေ။

“ဆရာယူယူ” ခြံဝင်းလေးတွင် တံခါးခေါက်သံပေါ်လာသည်။ ရှီမာယူယူ တံခါးသွားဖွင့်ရာ မတွေ့ရသည်မှာကြာပြီဖြစ်သည့် သုန်လီကိုတွေ့လိုက်ရ သည်။

“စီနီယာသုန်လီ ပြန်လာပြီပဲ ဝင်လာခဲ့ပါ” ရှီမာယူယူသည် ဤကျောင်းရှိ လူများကို အကုန်မသိသဖြင့် သူတို့သည် ရင်းနှီးသည်ဟု ဆို၍ရသည်။

“ဟုတ်ပါပြီ” သုန်လီသည် သူမနောက်မှလိုက်ပြီး ခြံထဲသို့သွားရာ မို့ယီရှန်းသည် သူ့ကိုမြင်သောအခါ ပျော်သွားပြီး ရောက်လာကာခေါ်လေသည်။

သူသည် သူ၏အင်အားကို မဖုံးကွယ်နိုင်သေးပေ။ သုန်လီသည် သူ၏ ဝိညာဉ်စွမ်းအားအတက်အကျကို မြင်သောအခါ ရှီမာယူယူအား တအံ့တဩ ကြည့်ပြီးမေးလေသည် “သူ ကျင့်ကြံနိုင်တာလား”

“ဟုတ်တယ် သူ စတာသိပ်မကြာသေးဘူး” ရှီမာယူယူသည် ဆက်မပြော တော့ဘဲ စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည် “အင်း ရှင် ပြန်လာ တာသိပ်မကြာသေးဘူး အခုပြန်ထွက်သွားတော့မှာလား”

“ကျုပ် အချိန်တစ်ခုလောက်တော့ မသွားသေးပါဘူး”

“ကောင်းပါတယ်”

သူ အချိန်တစ်ခုမျှ ထွက်မသွားသည်ဟု ဆိုလိုသည်မှာ တိတ်တဆိတ် ကြံစည်နေသည်များမှာ အဆင်ချောသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

“ဒီနေ့ ဘာကိစ္စရှိလို့လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒီလိုပါ.. ၂ ရက်နေရင် ကျောင်းကဆရာတေါအကုန်လုံး အစည်းအဝေး ရှိ လိမ့်မယ်.. ဘုရင်က မင်းကိုဖိတ်ထားတယ်” သုန်လီသည် သူမအား အနည်းငယ် ရှက်ရွံ့စွာဖြင့် ကြည့်လေသည်။

ကျောင်းသည် ဘုရင်နှင့် တိုက်ရိုက်ကွဲပြဲရန် အင်အားမရှိသေးပေ။ ယခု ဘုရင်သည် ရှီမာယူယူကို ကျောင်း၏ဆရာတစ်ယောက်အနေနှင့် လာစေချင် နေရာ ကျောင်းဘက်မှငြင်းဆန်ရန် ခက်ခဲနေလေသည်။

သို့သော် ရှီမာယူယူ၏ အင်အားကိုသူတို့သိကြသဖြင့် တိုက်ရိုက်မမေးရဲ ကြပေ။

“ဖိတ်တယ်ဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်သွားသည်။ မင်းသား ကြီးရဲ့ အစေခံက အရိုက်ခံလိုက်ရပြီးတော့ ဘုရင်ကလာပြန်ပြီလား။ ပြီးတော့ ဒါက မင်းသား ၄ ရဲ့လက်ရေးမဟုတ်လား။

“မင်းတင်မဟုတ်ဘူး မင်းသား ၇ လည်းအဲနေ့ကျ သွားရလိမ့်မယ်” သုန်လီ ပြောလေသည် “မင်း မင်းသား ၇ ကိုတပည့်အဖြစ် လက်ခံထားလိမ့်မယ်လို့ ငါ ထင်မထားဘူး”

“၂ ရက်နေရင်ဟုတ်လား ယီရှန်းသွားမှတော့ ကျွန်မ သူ့ကိုအဲဒီကိုခေါ် သွားပေးလိုက်ပါမယ်” သူ့ကို မို့ယီလိုင်းနှင့် တွေ့ပေးရမည်။

“၂ ရက်နေရင် အတူသွားကြတာပေါ့”

“ဟုတ်ပါပြီ”

သုန်လီထွက်သွားသည်နှင့် မို့ယီရှန်းသည် သူမ၏အင်္ကျီလက်ကို လာဆွဲ ကာ မေးလေသည် “ဆရာ ကျွန်တော်တို့ အစ်ကိုတော် ၆ ကိုသွားတွေ့ကြမှာ လား”

“အင်း ၂ ရက်နေရင်သွားမယ် အရင်ဆုံး မင်းရဲ့ရောင်ဝါကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သင်ပေးမယ်..”

All Chapters