← Chapters

ပါရမီရှင်

Vol. 164 Ch. 2285

ပါရမီရှင်

Vol. 164 Ch. 2285

ကျင့်စဉ်များနှင့်ပတ်သက်လျှင် မို့ယီရှန်းသည် အလွန်ပင်ပါရမီပါသည်။ သူ၏ရောင်ဝါကို မည်သို့ချုပ်တည်းရမည်ကို သင်ပေးပြီးနောက် သူသည် အမှန် တကယ်ပင် ၂ ရက်အတွင်း တတ်မြောက်သွားသည်။ ယခု သူ လူအများရှေ့ရပ် လိုက်ချိန်တွင် သူ ကျင့်ကြံနိုင်သည်ကို မည်သူမှမသိကြတော့ပေ။

ထပ်ပေါင်းပြောရလျှင် ရှီမာယူယူသည် သူ၏အသိစိတ်ပင်လယ်ထဲတွင် ဝိညာဉ်ပုံတူထည့်ထားပြီး အမည်းလေးကို လက်ပတ်မည်းအသွင်ပြောင်းကာ သူ့လက်တွင်ရစ်ပတ်ထားစေသည်။

သူမ ဘာကြောင့် ထိုသို့လုပ်သည်ကို မို့ယရှန်း နားမလည်ပေ။ သို့သော် သူ ကောင်းဖို့ရာအတွက် လုပ်သည်ကို သိသဖြင့် မငြင်းဆန်ပေ။

အရာအားလုံးကို ဖြေရှင်းပြီးနောက် ရှီမာယူယူသည် မို့ယီရှန်းကို ကျောင်း အုပ်ကြီးဆီသို့ ခေါ်သွားသည်။ ကျောင်းအုပ်ကြီး၊ သုန်လီနှင့် တခြားကျောင်း အကြီးအကဲများသည် သူတို့ကိုစောင့်နေကြသည်။ သူတို့ ရောက်သည်နှင့် အဖွဲ့ သည် ရထားလုံးပေါ်တက်ကာ နန်းတော်ဆီသို့ ဦးတည်သွားလေသည်။

ပထမရထားလုံးမှာ ခေါင်းအုပ်ကြီးနှင့် ဆရာများလိုက်ပါကြသည်။ ရှီမာ ယူယူသည် မို့ယီရှန်းနှင့်အတူ ဒုတိယရထားလုံးတွင် ထိုင်လာသည်။ အရင်က အပြင်လောကကိုမမြင်ဖူးသည့် မို့ယီရှန်းသည် ပျော်ရွှင်စွာဖြင့် ကန့်လန့်ကာများ ကိုဖွင့်ကာ စည်ကားနေသည့်မြင်ကွင်းကို ကြည့်လိုက်လာသည်။ ရယ်စရာတွေ့ လျှင် သူ့မျက်လုံးများ အရောင်တက်သွားပြီး လက်ခုပ်တီးကာ ကပင်ကနေ လိုက်သေးသည်။

ထိုအချိန်ဆိုလျှင် ရှီမာယူယူသည် သူ့ကိုပြုံးပြီးကြည့်နေတတ်သည်။ ဤကဲ့သို့ ရိုးရှင်းသောအကျင့်စရိုက်ရှိရာ သူနှင့် ဘေးဒုက္ခကျော်လွန်သူအဖြစ် ချိတ်ဆက်မိရန် အလွန်ခက်ခဲလှသည်။

“ဆရာ အပြင်မှာ တကယ်ပျော်ဖို့ကောင်းတာပဲ… နောက်ဆိုရင် မကြာမကြာထွက်လို့ရမလား” မို့ယီရှန်းသည် သူမအား ကလေးတစ်ယောက် ကဲ့သို့ မျှော်လင့်သောမျက်လုံးများဖြင့် ကြည့်လေသည်။

“မင်းက အပြင်ကိုကြိုက်လို့လား” ရှီမာယူယူ မေးလိုက်သည်။

“ကြိုက်တယ် အရင်ကမမြင်ဖူးတဲ့ဟာတွေ အများကြီးပဲ”

“ဒါဆိုရင် ဆရာက လူတွေအများကြီးနဲ့တွေ့လို့ရမယ့်နေရာတွေကို ခေါ်သွားပေးမယ် အဲလိုဆိုရင်ရော”

“အင်း”

“ခဏနေ နန်းတော်ကိုရောက်တဲ့အချိန်ကျရင် ငါ့နောက်ဒါမှမဟုတ် အစ်ကိုတော် ၆ နောက်ကိုလိုက်ရမယ်နော် တစ်ယောက်တည်းမနေရဘူး ဟုတ် ပြီလား” ရှီမာယူယူသည် သူ့ကို သတိပေးလိုက်သည်။

“အင်း သိပါတယ်”

မို့ယီရှန်းတွင် သူ့ကိုကာကွယ်ရန် အမည်းလေးနှင့် သူမ၏ဝိညာဉ်ပုံတူတို့ ရှိသည်။ သူ၏လုံခြုံရေးကို သူမ စိတ်မပူပေ။ သို့သော် တတ်နိုင်လျှင် သိုသိုသိပ် သိပ်နေမည်ဖြစ်သည်။

ရထားလုံးသည် နန်းတော်၏ ဒုတိယမြောက်ဝင်ပေါက်ဆီသို့ တိုက်ရိုက် မောင်းသွားသည်။ ပြီးသည်နှင့် ထိုနေရာမှစပြီး လမ်းလျှောက်ရသည်။ သားရဲ ရထားလုံးအများစုကို ထိုနေရာတွင်ရပ်ထားခဲ့ပြီး ရှီမာယူယူနှင့် မို့ယီရှန်းတို့ဆင်း လိုက်သည်နှင့် လူအများ၏အာရုံကိုဆွဲဆောင်သွားလေသည်။

ကျောင်းတွေ့စုံပွဲသို့လာကြသူများသည် ဒုကျောင်းအုပ်သို့မဟုတ် ထူးချွန် သည့် ဌာနမှူးများဖြစ်သဖြင့် ကျောင်းတစ်ကျောင်းစီတွင် ထူးခြားသည့် အဆ င့်ရာထူးများရှိကြသဖြင့် လူတိုင်းကသိကြသည်။ ဤအချိန်တွင် ထူးဆန်းသည့် အမျိုးသမီးကိုမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ဘေးတွင် ဆယ်ကျော်သက်ကောင်လေးပင်ပါလာသည်။ ကြည့်လိုက်သည်နှင့် ထိုလူငယ် လေးသည် စိတ်ကျန်းမာရေးမကောင်းသည်ကို သိနိုင်သည်။ ဒီလူတွေက ဘယ်လိုလုပ် ကျောင်းတွေ့ဆုံပွဲကိုလာနိုင်ရတာလဲ။

သူမဘေးနားမှလူများကိုကြည့်ရာ အဇူရာလေကျောင်းမှ ခေါင်းမာသည့် အဘိုးကြီးများကို တွေ့ရလေသည်။

“ကျောင်းအုပ်ဟောက် ဒါကကျောင်းတွေ့ဆုံပွဲလေ ဘာလို့ ဒီမအပ်စပ် တဲ့လူတွေကို ခေါ်လာတာလဲ၊ ခင်ဗျားတို့ကျောင်းမှာ လူမရှိတော့လို့ လူပြည့် ချင်တာနဲ့ အကုန်ခေါ်လာတာလား” ဝဝနဲ့လူကြီး ပြောလိုက်ရာ အားလုံးဝိုင်း ရယ်ကြလေသည်။

သူတို့သည်မင်းသားကြီးမဟုတ်သလို မင်းသား ၄ လည်းမဟုတ်ပေ။ ထိုလူများ မည်သို့ပင်ပြောစေကာမူ အဇူရာလေကျောင်းကို အမြင်မကြည်သည် မှာတော့ အမှန်ပင်။

“ကျုပ်တို့အဇူရာလေကျောင်းက လူပြည့်အောင် ဖြည့်ဖို့လိုလို့လား.. ကျုပ်တို့ကျောင်းက ဆရာတစ်ယောက်က ခင်ဗျားတို့ဆရာတွေ အကုန်လုံးနဲ့ ယှဉ်လို့ရတာကိုမေ့နေကြပြီလား” ကျောင်းအုပ်ကြီးဟောက်သည် ပြုံးပြီးပြော လိုက်သည်။ သူ့အသံမှာလေးလံခြင်းမရှိသော်လည်း ထိုလူသည် သူ့စကားများ ဖြင့် ပါးရိုက်ခံလိုက်ရသလိုပင်။

“ဒီမှာ ကျောင်းအုပ်ဟောက် ခင်ဗျားက အရင်လိုပဲလို့ထင်တုန်းလား” အရပ်ရှည်ပြီးပိန်ပါးသည့် လူတစ်ယောက်သည် ရှေ့တိုးပြီးပြောလေသည် “အဇူရာလေကျောင်းက ဒီနှစ်ဘာတွေဖြစ်မြောက် ထားလဲဆိုတာ မရှင်းသေး ဘူးနော်”

“ကျောင်းအုပ်ကြီးဟောက် ဒီမိန်းကလေးကဘယ်သူလဲ.. ဒီကို လူနှစ် ယောက်ခေါ်လာရင် ဘုရင်က ဒါမျိုးတွေခွင့်ပြုမှာမဟုတ်ဘူးနော်” တခြားတစ် ယောက်မှ မေးလေသည်။

ထိုလူများသည် ရှီမာယူယူအား အကြည့်မျိုးစုံဖြင့်ကြည့်ကြသည်။ တချို့ မှာ စေ့စေ့စပ်စပ်ကြည့်သလို တချို့မှာ ဒေါသစိတ်ဖြင့်ကြည့်ကြပြီး တချို့သည် သူမကို ပြောင်တင်းသောမျက်နှာထားဖြင့် တစ်ခုခုကိုလုပ်ချင်သကဲ့သို့ ကြည့် ကြသည်။ သူတို့သည် မို့ယီရှန်းကိုတော့ ရွံရှာသလို လှောင်ရယ်သလိုကြည့်ကြ သည်။

သူမ၏မျက်လုံးများ တင်းသွားကာ ခန္ဓာကိုယ်မှ ရောင်ဝါကိုထုတ်လွှတ် လိုက်သည်နှင့် အားလုံးကို မှင်တက်သွားစေသည်။

“အာ..”

အစောက စကားပြောသူသည် သူမကို အာရုံစိုက်ထားရာမှ သူမ၏ အကျပ်ကိုင်မှုကို မခံနိုင်တော့ဘဲ သွေးအန်ကာ နောက်သို့ခြေနှစ်လှမ်းဆုတ် သွားပြီး မြေပေါ်သို့ကျသွားလေသည်။

တခြားသူများသည် ရှီမာယူယူအား ကြောက်လန့်တကြားကြည့်ကြ၏။ ဒီလူက ဘယ်သူလဲ.. ဘာလို့ဒီလောက်တောင် အားကောင်းတဲ့ အကျပ်ကိုင်မှုရှိ ရတာလဲ။

ကျောင်းအုပ်ဟောက်နှင့်တခြားသူများသည် ရှီမာယူယူဘေးတွင်ရပ်နေ ရာ တခြားသူများထက်ပိုသက်သာသော်လည်း ဖိအားကိုခံစားမိတုန်းပင်ဖြစ် သည်။

“ဆရာ” မို့ယီရှန်းသည် ရှီမာယူယူ၏ အင်္ကျီလက်ကိုကိုင်လိုက်သသည်နှင့် ရှီမာယူယူသည် ဖိအားကိုဖယ်ရှားလိုက်ပြီး အေးစက်စွာပြောလိုက်သည် “သူများကို မလှောင်ခင် ကိုယ်ကအဆင့်မှီရဲ့လားဆိုတာ အရင်ကြည့်ပါ ယီရှန်း သွားကြမယ်.. မင်းရဲ့အစ်ကိုတော်က တွေ့ဖို့မစောင့်နိုင်လောက်တော့ဘူး”

ထို့နောက် သူမသည် မို့ယီရှန်းကို နန်းတော်သို့ဆွဲခေါ်သွားလေသည်။ မည်သူမှ စကားတစ်ခွန်းမှမပြောရဲတော့ဘဲ ဝင်ပေါက်တစ်ခုလုံးသည် တိတ်ဆိတ်သွားကြတော့သည်။

ရှီမာယူယူ ဒေါသထွက်သွားသည်ကို ကျောင်းအုပ်ဟောက်နှင့် တခြားသူ များသိသဖြင့် ဘာမှမပြောတော့ဘဲ သူမနှင့်အတူလိုက်ဝင်လေသည်။

သူတို့ထွက်သွားပြီးနောက် ထိုလူများ တဖြည်းဖြည်းပြန်ကောင်းလာကာ နဖူးမှ ချွေးများကိုသုတ်ပြီး ပြောလိုက်သည် “အဲမိန်းကလေးက ဘယ်သူလဲ အရမ်းအားကောင်းလိုက်တာ”

“သူမ ဘယ်သူပဲဖြစ်ဖြစ် ငါ ဒီအချိန်သေတော့မလိုပဲ”

“ဟီးဟီး အဲလိုသန်မာတဲ့လူကိုတောင် သွားလှောင်ရဲတာ မင်းက တကယ် သတ္တိရှိနေတာပဲ.. ကိုယ့်အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလား”

“ဒါပေမဲ့ အဲထက်တောင်ပိုသေးတယ် မင်းသားကြီးရဲ့လူသာဆိုရင် မင်း မြေကြီးနဲ့တောင်ထိတော့မှာမဟုတ်ဘူး.. သူမသာ ဒေါသထွက်ပြီးမင်းတို့ အားလုံးကိုသတ်လိုက်ရင် ကျွတ် ကျွတ် မင်းတို့တစ်ကွက်လောက်တောင် ခုခံလိုက်ရမှာမဟုတ်ဘူး”

အစောက စကားပြောသူသည် ကြောက်ရွံ့နေသော်လည်း သူတို့၏ ပြိုင်ဘက်များသည် ပြဿနာအတွင်းသို့ဆွဲချနေပြီဖြစ်သည်။

“အဲလောက်ပျော်မနေနဲ့ဦး သူမက အဇူရာလေကျောင်းနဲ့လာတာ၊ မင်းက အဇူရာလေကျောင်းနဲ့ ဆက်ဆံရေးကောင်းတာမဟုတ်ဘူး.. ငါတို့တွေ အသတ် ခံရရင် မင်းရော ထွက်ပြေးလို့ရမယ်လို့ထင်လား”

“မင်းတို့အားလုံး…”

ရှီမာယူယူသည် အနောက်မှပြောနေကြသည့် အကြောင်းအရာများကို စိတ်မဝင်စားပေ။ အရှေ့မှတုန်ယင်စွာဖြင့် လမ်းပြနေသော မိန်းမစိုးလေး၏ အနောက်မှ လိုက်ပြီး နန်းတော်ဆီသို့ မို့ယီရှန်းနှင့်အတူ လျှောက်သွားလေ သည်။

ကံကောင်းစွာပင် မကြာခင်ပင် ဘုရင်နှင့် မင်းသားလေးတို့ကို နှုတ်ဆက်ရ သည်။ မိန်းမစိုးလေးသည် နောက်ဆုံးတွင် အောင်မြင်စွာ နောက်ဆုတ်သွား လေတော့သည်။

“ကျောင်းတွေ့ဆုံပွဲကို တက်လာတာ ငါ ဂုဏ်ပြုပါတယ်” ဘုရင်မို့ရှောင် သည် ရှီမာယူယူကို နှုတ်ဆက်လေသည်။

“အရှင်က အဇူရာလေကျောင်းကို ဖိတ်တာဆိုတော့ ကျောင်းရဲ့ဆရာ တစ် ယောက်အနေနဲ့ ဒီကိုလာခဲ့သင့်ပါတယ်.. အရှင်က ကိုယ်တိုင်တောင် ဖိတ်စာ ပို့ ထားတာပဲ.. ကျွန်မက အရှင့်ရဲ့ ရည်ရွယ်ချက်ကို ဘာလို့နားမလည်ရမှာလဲ” ရှီမာယူယူသည် ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်။ ထိုမျက်နှာသည် နောက်မှ လိုက်လာသူများကို နီရဲသွားစေသည်။

သူမကို ဘုရင်ကိုယ်တိုင်ဖိတ်ထားတာပဲ။ အဲတော့ ခုနက သူတို့ပြောလိုက် တာက..

ရှီမာယူယူသည် မို့ယီရှန်း၏ လက်ကိုပုတ်ပြီးပြောလိုက်သည် “ယီရှန်း ငါ တို့အရင်က ဘာပြောထားလဲ”

“ဆရာ ကျွန်တော် မှတ်မိပါတယ်” မို့ယီရှန်းသည် သူမ၏အင်္ကျီလက်ကို လွှတ်ပြီး ခြေနှစ်လှ်းရှေ့တိုးကာ မို့ရှောင်ကို အရိုအသေပြုပြီး ပြောလိုက်သည် “ယီရှန်း ခမည်းတော်ကို နှုတ်ဆက်ပါတယ်”

‘ဆရာ’ နှင့် ‘ခမည်းတော်’ ဆိုသည့် စကားများသည် အားလုံးကို မှင်တက် သွားစေသည်။ မို့ရှောင်သည် မို့ယီရှန်းကိုကြည့်ပြီး သံသယများဖြင့် မေးလိုက် သည် “မင်းက ယီရှန်းလား”

“ဟုတ်ပါတယ် ခမည်းတော်” မို့ယီရှန်းထပြီး ရှီမာယူယူအနောက်ပြန် သွားကာ သူမ၏အင်္ကျီလက်ကို ပြန်ဆွဲထားလေသည်။

ဒီလောက်လူများနေတာ.. ဆရာ့ဘေးမှာက အလုံခြုံဆုံးပဲ။

All Chapters