← Chapters

တက်ကြွလွန်းတဲ့ဘုရင်

Vol. 164 Ch. 2286

တက်ကြွလွန်းတဲ့ဘုရင်

Vol. 164 Ch. 2286

သူတို့ရှေ့တွင်ရပ်နေသည့် အရူးသည် မင်းသားများစွာကို မပျော်မရွှင်ဖြစ် စေသည်။ အထူးသဖြင့် ရှီမာယူယူအား ‘ဆရာ’ ဟုခေါ်သံကိုကြားလိုက်ရချိန်နှင့် သူမ၏အင်္ကျီလက်ကို ဘာမှမဖြစ်သလိုဆွဲနေချိန်ပင်ဖြစ်သည်။

ဒီလောက်ကြောက်ဖို့ကောင်းတဲ့စွမ်းအားနဲ့ မိန်းမလှလေးက ဒီအရူးရဲ့ ဆရာဖြစ်နေတယ်။

“ဆရာယူယူ ဘယ်လိုလုပ် ယီရှန်းရဲ့ဆရာဖြစ်လာတာလဲ” မင်းသားကြီး မို့ယီထင်းသည် ကျယ်လောင်စွာမေးလေသည်။

ရှီမာယူယူသည် မို့ယီထင်းကိုမြင်သောအခါ အမှန်တကယ်ပင် ထိတ်လန့် သွားသည်။ ထို့ကြောင့် သူတို့အရင်က မသိခဲ့ကြသည်ကို မို့ရှောင်နှင့်တခြားသူ များ တိတ်တဆိတ်တွေးနေကြသည်။ မို့ယီရှန်းက ဘယ်လိုလုပ် ပါလာတာလဲ။

သူမအား မသိမသာခေါင်းညိတ်ပြသော မို့ယီလိုင်းကို သူမကြည့်လိုက် သည်။ သူမသည် မျက်ခုံးများကို ပင့်လိုက်သည်။ သူလား။

မို့ယီရှန်းသည် မို့ယီထင်းကိုအနည်းငယ် ကြောက်ရွံ့နေသည်။ သူထိုသို့ ပြောလိုက်ချိန်တွင် မို့ယီရှန်း၏ ခန္ဓာကိုယ်မှာ မသိစိတ်မှတုန်ယင်သွားလေ၏။ သူသည် ရှီမာယူယူ၏ အင်္ကျီလက်ကိုဆွဲထားပြီး သူမအနောက်သို့ဝင်ပုန်းလေ သည်။

ရှီမာယူယူသည် မင်းသားကြီးကိုစိုက်ကြည့်ကာ ပြောလိုက်သည် “ယီရှန်း နဲ့ ကျွန်မမှာ ရေစက်ပါတယ်ဆိုတာ မြင်ခဲ့လို့ တပည့်အဖြစ်လက်ခံခဲ့တာ.. အဲဒါကို ကျွန်မက မင်းသားကြီးကို တင်ပြရဦးမှာလား”

မို့ယီထင်းသည် သူမအကြည့်အောက်မှ ဖိအား၏လွှမ်းမိုးမှုကိုခံလိုက်ရာ သူ့မျက်နှာသည် နီရဲသွားလေသည်။ ကံကောင်းစွာပင် ရှီမာယူယူသည် လူကြား သူကြားထဲတွင် မင်းသားကြီး၏ မျက်နှာကိုအိုးမည်းသုတ်ရန် အစီအစဉ်မရှိပေ။ သို့သော် သူ့ကိုသတိပေးပြီးနောက် သူမ၏အကျပ်ကိုင်မှုကို ပြန်ရုတ်လိုက် သည်။

မို့ရှောင်သည် မင်းသားကြီးဘက် အကြည့်ပြန်လှည့်ကာ ရှီမာယူယူအား ပြုံးပြလေသည် “ကျုပ်ကလေးကို ကောင်းကောင်း မသွန်သင်မိဘူး.. ဆရာယူယူ ကျေးဇူပြုပြီး‌ ဗွေမယူပါနဲ့”

ရှီမာယူယူသည် သက်ပြင်းကိုအသာချပြီး ဆက်မပြောချင်သည့်သဘော ဖြင့် ဘာမှမပြောတော့ပေ။ ဘုရင်သည် ပြုံးပြီး သူတို့ကို အခမ်းအနားဆီသို့ ဖိတ်ကြားလေသည်။

“ဆရာယူယူ ဘယ်ကလာတာလဲ”

“ဆရာယူယူ အဇူရာလေကျောင်းကို ဘယ်တုန်းကဝင်လိုက်တာလဲ”

“ဆရာယူယူ ခင်ဗျား…”

ဘုရင်သည် သူမကိုတစ်လမ်းလုံးစကားပြောလာရာ ကျောင်းအုပ်ဟောက်၊ သုန်လီနှင့် ကျောင်းမှတခြားသူများကို လျစ်လျူရှုသလို ဖြစ်သွားလေသည်။ သို့သော် ရှီမာယူယူသည် သူ့ကို အာရုံမစိုက်ပေ။ သူ မေးခွန်း ၅ ခုမေးမှ သူမသည် တစ်ခွန်းသာပြန်ဖြေသည်။ သို့သော် ထိုအပြုအမူ သည် ဘုရင်၏စိတ်အားထက်သန်မှုကို လျော့မသွားစေပေ။

နောက်တွင် ဘုရင်လည်းသိသွားရာ သူ၏ဗျူဟာကိုပြောင်းပြီး မို့ယီရှန်း နှင့် ပတ်သက်သည်များကို စတင်မေးမြန်းတော့သည်။ မို့ယီရှန်းကိစ္စမေးသော အခါ သူမ ပိုပြောပြရာ ဘုရင်မှာ အလွန်ပျော်နေလေသည်။

သူတို့ ခန်းမနေရာသို့ရောက်သောအခါ ဘုရင်သည် ရှီမာယူယူကို သူ့ဘေး ရှိနေရာအားဖိတ်ကြားရာ ရှီမာယူယူသည် ယဉ်ကျေးမနေတော့ဘဲ သူ့ဘေးတွင် မို့ယီရှန်းနှင့်အတူသွားထိုင်လေသည်။ မို့ယီရှန်းသည် မို့ယီလိုင်းကို ဆွဲထားရာ မထိုင်ချင်ထိုင်ချင်ဖြင့် ထိုင်လိုက်ရသည်။

“ယီရှန်းက လိမ္မာတယ် အစ်ကိုတော့်နေရာက အောက်မှာလေ” မို့ယီလိုင်း သည် သူ့လက်ကိုပုတ်လိုက်သော်လည်း မို့ယီရှန်းသည် လွှတ်မပေးပေ။

“ကျွန်တော်က အစ်ကိုတော်နဲ့ ထိုင်ချင်တာ.. ကျွန်တော်တို့နဲ့အတူထိုင်ပါ” မို့ယီရှန်းသည် သူ့လက်ကိုဆွဲထားပြီး လွှတ်မပေးတော့ပေ။ ရှီမာယူယူ ကြည့် လိုက်သောအခါ သူသည် အကူအညီလှမ်းတောင်းသည့် အကြည့်ဖြင့် ကြည့် လေသည်။

ဘုရင်ကြည့်သည် မို့ယီလိုင်းကို ဘာအမူအရာမှမပါသည့် မျက်နှာဖြင့် ကြည့်ပြီး ပြောလိုက်သည် “ယီလိုင်း ယီရှန်းဘေးမှာ ဘာလို့မထိုင်တာလဲ”

“မှန်လှပါ ခမည်းတော်” ဘုရင်၏စကားများကြောင့်ပင် မို့ယီလိုင်းသည် မို့ယီရှန်း၏ဘေးတွင် ထိုင်လိုက်သည်။ ထို့ကြောင့် သူ့ဘေးမှနေရာတွင် ရှီမာယူ ယူ၊ မို့ယီရှန်းနှင့် မို့ယီလိုင်းတို့ရှိနေကြသည်။ ဘုရင်၏ချစ်ခြင်းကိုခံရသော မင်းသား ၄ မို့ယီရှီးသည် သူ့အနောက်တွင်ထိုင်ရလေသည်။

မင်းသားကြီးသည် တစ်ဖက်တွင်ထိုင်ကာ ကျောင်းအုပ်ကြီးများသည် အောက်တွင်ထိုင်ကြပြီး ဆရာများသည် သူတို့၏အနောက်တွင်ထိုင်ကြသည်။

ရှီမာယူယူသည် အဓိကနေရာတွင်ထိုင်ပြီး အောက်မှလူများကို အာရုံ မစိုက်သလို သူတို့ပြောသည့်စကားများကိုလည်း စိတ်မဝင်စားပေ။ သူမ၏ မျက်နှာထားမှာ အေးစက်နေသည်။ သို့သော် သူမ၏အင်အားမှာ အလွန်သန်မာ သဖြင့် မည်သူမှ စောဒကမတက်ရဲကြပေ။

ဤသို့နေရသသည်မှာ ကောင်းလှသည်ဟု ရှီမာယူယူထင်မိသည်။ ရံဖန်ရံခါတွင် အေးစက်သလိုဟန်ဆောင်ရသည်မှာ ကိစ္စများစွာကို ပိတ်ပင်ထား သလိုဖြစ်သည်။

သေချာတာပေါ့ ဤသို့လုပ်နိုင်သည်မှာလည်း သူမ၏လက်ရှိအားကြောင့် သာဖြစ်သည်။ လွန်ခဲ့သည့် အနှစ် ၂၀၀ လောက်ကသာဆိုလျှင် သူမသည် အရိုက်ခံ၍ သေသွားလောက်ပြီဖြစ်သည်။

အတန်ကြာထိုင်ပြီးနောက် မို့ယီရှန်း စိတ်မရှည်တော့သည်ကို သူမ တွေ့ ရသဖြင့် ဘုရင်အားပြောလိုက်သည် “အရှင် ကျွန်မက နန်းတော်ထဲကို ပထမဆုံးရောက်ဖူးတာဆိုတော့ သွားလည်လို့ရမလား”

“နန်းတော်ထဲကိုလည်ချင်လို့လား” ဘုရင်သည် တဒင်္ဂမျှမှင်တက်သွား လေသည်။ “ကျုပ်လည်းလိုက်ခဲ့မယ်”

“မလိုပါဘူးရှင် မင်းသား ၆ ကိုပဲအဖော်ပြုခိုင်းလိုက်ပါ” ရှီမာယူယူ ပြော လိုက်သည် “ယီရှန်းက သူစိမ်းတွေကိုကြောက်တယ်.. သူစိမ်းရှိနေရင် သူ သက်တောင့်သက်သာမဖြစ်ဘူး”

“ဟုတ်ပါပြီ” ဘုရင်သည် ဖိအားမပေးပေ။ သူမသည် သန်မာသောလူဖြစ် နေရာ သူမ၏ဆန္ဒကိုလိုက်လျောပေးလိုက်သည်က အကောင်းဆုံးဖြစ်မည်။ “ယီလိုင်း ဆရာယူယူ့ကိုခေါ်ပြီး နန်းတော်ထဲလိုက်ပြပေးလိုက်ပါဦး မင်း ကောင်းကောင်းလုပ်ရမယ်”

“သားတော် အမိန့်နာခံပါမယ်” မို့ဘီလိုင်းသည် ထပြီး ပြန်ဖြေလေသည်။ ပြီးနောက် အားလုံး၏ရှေ့မှပင် ရှီမာယူယူနှင့် မို့ယီရှန်းတို့နှင့်အတူ ထွက်လာခဲ့ လိုက်သည်။

သူတို့သုံးယောက် ခန်းမထဲမှထွက်လာသောအခါ မို့ယီရှန်းသည် မို့ယီလိုင်း၏ အင်္ကျီလက်ကိုဆွဲပြီး ပျော်ရွှင်စွာ ပြောလေသည် “အစ်ကိုတော် ၆ ခုနက ကျွန်တော်ပြုမူတာ ဘယ်လိုနေလဲ”

“အရမ်းကောင်းတယ်” မို့ယီလိုင်းသည် ပြုံးပြီး ပြောလေသည် “ယီရှန်း လေးက အရွယ်ရောက်လာပြီ”

မို့ယီရှန်းသည် ကိုယ်ကိုင်းပြီးလေသံဖြင့် ပြောလေသည် “အစ်ကိုတော် ၆ ကျွန်တော်လျှို့ဝှက်ချက်တစ်ခုပြောပြမယ် ကျွန်တော်ကျင့်ကြံနိုင်နေပြီ”

“တကယ်လား” မို့ယီလိုင်းသည် မို့ယီရှန်းကိုမေးလိုက်သော်လည်း ရှီမာယူ ယူအား တအံ့တဩလှမ်းကြည့်လေသည်။

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “သူက ကျင့်ကြံနိုင်ရုံတင် မကသေးဘူး သူ့အရည်အချင်းကလည်း အရမ်းကောင်းတယ် ကျင့်ကြံတဲ့ နည်းလမ်းက နည်းနည်း.. မတူနေရုံတင်”

သူမပြောသည့် နည်းလမ်းမတူသည်ဆိုသည်ကို မို့ယီလိုင်းမသိပေ။ သို့သော် ကျင့်ကြံနိုင်သည်မှာ သူ့ကိုပျော်စေသည်ကို သိသည်။

“ဒီနေ့ပြီးရင် မင်းဆီကိုလူတွေ အများကြီးရောက်လာမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

မို့ယီလိုင်းသည် သူမကို အရိုအသေပေးပြီး ပြောလိုက်သည် “ဒီနေ့ကိစ္စ တွေကို မတတ်နိုင်ခဲ့ဘူး ကျွန်တော့်ကိုခွင့်လွှတ်ပါ စီနီယာ”

“ကောင်းကောင်းအဆင်ချောနေတာပဲမဟုတ်ဘူးလား” ရှီမာယူယူ ပြော လိုက်သည်။

“ခမည်းတော်ရဲ့လျစ်လျူရှုတာကိုခံရပြီး တော်ဝင်ဂူသင်္ချိုင်းကိုသွားစောင့် ပေးရတဲ့ ကျွန်တော့်လိုမင်းသားကို အထင်သေးကြတဲ့လူတွေရှိသေးတယ်.. ကျောင်းအုပ်ကြီးတို့လည်း တချို့ကိုဆက်သွယ်ခဲ့ကြပေမဲ့ ဘာမှမတုံ့ပြန်လာကြ ဘူး.. အဲဒါကြောင့် ဒီနည်းလမ်းသုံးလိုက်တာပါ” မို့ယီလိုင်းသည် မရွှင်ပျသော လေသံဖြင့် ပြောလေသည်။

ယခုအချိန်တွင် သူသည် ရှီမာယူယူနှင့် ဆက်ဆံရေးကောင်းသည်ကို ထိုလူများသာမက ဘုရင်ကပါ ထိုသို့တွေးသွားသည်။ ဤနည်းလမ်းသည် သူ၏ အခြေအနေကို အနာဂတ်တွင် ပိုကောင်းလာစေနိုင်သည်။

“ဘုရင့်ကို ဘယ်လိုပြောခဲ့တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“တကယ်တော့ ကျွန်တော်ပြောတာမဟုတ်ပါဘူး.. ခမည်းတော်ရှေ့မှာ ကျောင်းတံခါးဝမှာဖြစ်ခဲ့တဲ့ကိစ္စကို အစ်ကိုတော် ၄ ကိုမေးလိုက်ရုံတင်ပါ” မို့ယီလိုင်းသည် ဝန်ခံလေသည် “နောက်ကျ ခမည်းတော်က အစ်ကိုတော် ၄ ကို ခေါ်မေးခဲ့တယ်”

ထို့ကြောင့် ရှီမာယူယူသည် မို့ယီရှီးပြောခဲ့သည်ကို သဘောပေါက်သွား သည်။

“ဆရာ အစ်ကိုတော် ၆ ကနန်းတော်ထဲမှာ အန္တရာယ်များတယ် သူ့ကို ကူညီလို့မရဘူးလား” မို့ယီရှန်းသည် ကလေးဆန်သောအသံဖြင့် ပြောလေ သည်။

“ငါသာသူ့ကိုမကူညီခဲ့ရင် သူအခုလောက်ဆို အကောင်းတိုင်းရှိမှာ မဟုတ် ဘူး” ရှီမာယူယူသည် အေးစက်စွာနှာမှုတ်လေသည်။ သူမ ကလေးဘဝ ကတည်းကပင် တခြားသူများကိုအသုံးချခဲ့သည်။ သူများမှ အသုံးချခြင်းကိုခံ လိုက်ရသည်မှာတော့ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဆရာက အကောင်းဆုံးပဲဆိုတာ သိနေတယ်” မို့ယီရှန်းသည် ပြုံးပြီးပြော လေသည်။ သူ၏အပြုံးကိုကြည့်ပြီး ရှီမာယူယူ၏စိတ်ထဲမှ မပျော်ရွှင်မှုများ ပျောက်ကွယ်သွားလေသည်။

“ဘုရင်က မကြာခင်သေတော့မှာလား” ရှီမာယူယူသည် မို့ယီလိုင်းကို မေးလိုက်သည်။

“ဟုတ်တယ် ခမည်းတော်ရဲ့ ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ခြောက် သွေ့လာတယ် အကြာကြီးမခံလောက်တော့ဘူး.. အဲဒါကြောင့် မင်းသားကြီးနဲ့ မင်းသား ၄ တို့က အဲလောက်တိုက်ခိုက်နေကြတာ” မို့ယီလိုင်း ပြောလေသည်။

“မင်း သူ့ကိုကယ်ချင်လား”

“ကယ်ရမယ်လား ကယ်ရလောက်အောင် ကျွန်တော့်မှာ အစွမ်းအစမရှိ ဘူး” မို့ယီလိုင်း ရေရွတ်လေသည် “သူ့ကိုသာ ကယ်လိုက်မယ်ဆိုရင် လူတွေ အတွက် အရမ်းမကောင်းနိုင်ဘူး”

ဤဘုရင်သည် ကောင်းလှသည်မဟုတ်သည်ကိုတော့ ရှီမာယူယူသိ၏။ မို့ယီလိုင်းသည် သူ့ကိုကယ်တင်ရန်မေးလာမည်ဟု သူမ အစကထင်ထားခဲ့ သည်။ သို့သော် သူ ယခုလိုပြောလာသဖြင့် ဘုရင်ကျန်းမာရေးမကောင်းသည် ကို မမြင်ချင်ယောင်သာဆောင်ရုံရှိတော့သည်။

All Chapters