← Chapters

အဲဒီမှာဘယ်သူရှိလဲ

Vol. 164 Ch. 2287

အဲဒီမှာဘယ်သူရှိလဲ

Vol. 164 Ch. 2287

ရှီမာယူယူသည် မို့ယီရှန်း၏ဆန္ဒအတိုင်း မို့ယီလိုင်းနှင့်တွေ့ကာ ညီအစ်ကို နှစ်ယောက် ပြန်လည်ဆုံစည်းခွင့်ပြုထားလိုက်သည်။ သူတို့နှစ်ယောက် ပျော်ရွှင်စွာ စကားပြောနေသည်ကိုကြည့်ပြီး မို့ယီရှန်း နတ်ဘုံကိုသွားလျှင် နောက်ထပ်ပြန်မတွေ့ရတော့မည့်အကြောင်းကို တွေးပြီး ကူကယ်ရာမဲ့နေမိ သည်။

အချိန်ပြည့်ခါနီးတွင် သူမသည် မို့ယီရှန်းကို လက်ယက်ခေါ်ပြီးပြောလေ သည် “ငါတို့ ပြန်သင့်ပြီ”

မို့ယီရှန်းသည် မို့ယီလိုင်းနှင့် အချိန်ကြာမြင့်စွာစကားပြောရသဖြင့် အလွန် ပျော်ရွှင်နေသည်။ သူသည် ကျိုးနွံစွာနှင့်ပင် ရှီမာယူယူ၏ ဘေးသို့သွားပြီး မေး လေသည် “ဆရာ နောက်ဆိုရင် အစ်ကိုတော် ၆ ကိုလာရှာလို့ရလား”

“ဒါပေမြ့ မင်းတစ်ယောက်တည်း ထွက်လာလို့မရဘူး ငါနဲ့အတူလာရမယ်” ရျိမာယူယူသည်လည်း သူ့ကို အပြင်ထွက်ပြီး ဗဟုသုတများရစေချင်သဖြင့် သဘောတူလိုက်သည်။

“တကယ်လား ဆရာ.. ဆရာက အရမ်းကြင်နာတတ်တာပဲ” မို့ယီရှန်း သည် အလွန်ပျော်ရွှင်နေသည်။

“ဟုတ်ပြီ သူတို့အခမ်းအနားလည်းပြီးတော့မယ် ငါတို့တွေပြန်ဖို့အချိန် ရောက်ပြီ” ရှီမာယူယူသည် တော်ဝင်ဥယျာဉ်အစွန်းကိုကြည့်ပြီး သူမလက်ကို ဆန့်ထုတ်ကာ မို့ယီရှန်းကိုကိုင်ပြီး သူတို့နှစ်ယောက်သည် ထိုနေရာတွင် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။

ဘုရင်နှင့်တခြားသူများသည် သူတို့ထွက်သွားသည်ကို လက်မတင်လေး သာမှီလိုက်ရာ ဘုရင်သည် စိတ်ထဲတွင် နောင်တများခံစားရလေသည်။ သူသာ မိနစ်ပိုင်းလေးလောက် စောလာလိုက်ရင် သူမနဲ့ စကားပြောနိုင်မှာမဟုတ်ဘူး လား။

“ယီလိုင်း သူမက မင်းကိုဘာတွေပြောသွားလဲ” ဘုရင် မေးလေသည်။ “မင်း သူမအကြောင်း အသေးစိတ်သိလား”

“ကျွန်တော် မေးပါသေးတယ် ဒါပေမဲ့ သူမကမပြောဘူး” မို့ယီလိုင်း ပြော လေသည်။

“ဒါဆိုရင် မင်း ဒီလောက်အကြာကြီး ထွက်သွားတာကို သူမက ဘာတွေ ပြောသွားတာလဲ” ဘုရင် မေးလေသည်။

“သူမက အများကြီးမပြောပါဘူး ဒါပေမဲ့ ကျွန်တော့် ကျင့်စဉ်မှာ တချို့ အချက်တွေကို ထောက်ပြသွားတာပဲရှိပါတယ်” မို့ယီလိုင်း သူ့ကိုပြောလိုက် သည်။

“သူမက မင်းရဲ့ကျင့်စဉ်ကို အကြံပေးသွားတယ်ဟုတ်လား” မင်းသားများ အားလုံးသည် သူ့ကို နာကြည်းစွာဖြင့် ကြည့်ကြသည်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဒီအင်အားမရှိ အသုံးမကျတဲ့မင်းသားကိုမှ ပေးသွားရတယ်လို့။

ဘုရင်သည် သူ့ကိုကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “သူမက အရမ်းအားကောင်းတယ် ပြီးတော့ သူမရဲ့အကြံက မင်းဘဝမှာ တစ်ခါပဲရတဲ့ အခွင့်အရေးပဲဖြစ်မှာ”

“ဟုတ်ပါတယ် ကျွန်တော်လည်း အဲလိုခံစားရပါတယ်.. ဆရာယူယူရဲ့ လမ်းညွှန်မှုပြီးသွားတော့ ကျွန်တော်မသေချာတဲ့တချို့နေရာတွင် ရှင်းသွားပါ တယ်.. ဒီအလဲအလှယ်ကနေ အကျိုးအမြတ်အများကြီးရလိုက်တယ် ထင်ပါ တယ်” မို့ယီလိုင်း ပြန်ဖြေလေသည်။

“တော်ဝင်ဥယျာဉ်ထဲ လမ်းသွားလျှောက်ကြတာပေါ့.. သူမ မင်းကို ဘယ်လိုအကြံပေးလဲဆိုတာ ပြောပြပါဦး” ထိုသို့ပြောပြီးနောက် ဘုရင်သည် တခြားသူများကို ပြောလိုက်သည် “မင်းတို့အားလုံး ဒီနေ့ပင်ပန်းသွားကြပြီ သွား ပြန်နားလိုက်ကြဦး”

ထိုစကားသည် မို့ယီလိုင်းတစ်ယောက်တည်းသာ သူ့ကိုအဖော်ပြုပေးရန် ပြောလိုက်ခြင်းဖြစ်သည်။ မင်းသားများသည် မို့ယီလိုင်းကို စိုက်ကြည့်ကာ စိတ်မပါလက်မပါဖြင့် ထွက်သွားကြလေသည်။

နန်းတော်မှထွက်လာပြီးနောက် မင်းသားကြီးနှင့် မင်းသား ၃ တို့အားလုံး စုဝေးကြပြီး ယနေ့အဖြစ်အပျက်များကို ဆွေးနွေးကြလေသည်။ နှစ်ဖက်လုံး သည် တူညီသောကောက်ချက်များချခဲ့သည် - မို့ယီလိုင်းသည် အလွန်အန္တရာယ် များသဖြင့် ရှင်းပစ်ရမည်။

“မင်းသား ၆ နားမှာ ဘယ်သူမှမရှိပေမဲ့ သူနဲ့ မင်းသား ၇ ကငယ်ငယ် ကတည်းက ဆက်ဆံရေးကောင်းကြတယ်..အခုမင်းသား ၇ ကို အဲဒီအမျိုးသမီး က တပည့်အဖြစ်အသိအမှတ်ပြုလိုက်ပြီ ဒါပေမဲ့ အဲအမျိုးသမီးက သူ့ဘက်မှာ မရပ်တည်သေးဘူး.. ဒီနေ့ကိစ္စမှာ သူမက ဘုရင်ကိုတောင် ဂရုမစိုက်ဘူးလို့ သက်သေပြနေတာပဲ.. ဒါပေမဲ့ မင်းသား ၆ ကို သူတို့ကိုနန်းတော်ကို လိုက်ပြဖို့ ပြောခဲ့ပြီး သူ့ကိုအကြံပေးခဲ့တာဆိုတာတွေက မင်းသား ၇ ရဲ့မျက်နှာကြောင့် မဟုတ်ဘူးလား”

“ဟုတ်တယ် သူသာ ဆရာယူယူကိုသိမ်းသွင်းနိုင်ရင် သူ့မှာ အားအကြီး ဆုံး အကူအညီရသွားတာမဟုတ်ဘူးလား.. သူမဆီက အကူအညီရရုံတင်မက ဘဲ သူမနောက်က အဇူရာလေကျောင်းက သူ့နောက်ကိုလိုက်မှာပဲကြောက်ရ တယ်”

“အဲဒါတင်မကသေးဘူး.. ဒါပေမဲ့ ကြားနေအင်အားစုတွေလည်းရှိသေး တယ်.. ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာမသိလို့ သူတို့က ကြားနေနေကြတာ လေ.. ဆရာယူယူရှိတာကို အဲလူတွေသိသွားကြရင် ချက်ချင်းဆုံးဖြတ်ချက်ချမှာ ကြောက်ရတယ်”

ဒီဆုံးဖြတ်ချက်ကဘာလဲ။ ထပ်ပြောရန်မလိုတော့ပေ။ အားလုံးသိကြ သည်။ ထိုအရာသည် သူတို့အတွက် ခြိမ်းခြောက်မှုကြီးဖြစ်သည်။

ဤခြိမ်းခြောက်မှုကို ဖြေရှင်းချင်လျှင် နည်းလမ်းတစ်ခုသာရှိသည်။ ထို အရာမှာ ရှောင်လွှဲလို့မရသည့် ပြဿနာမဖြစ်ခင် လုံးလုံးလျားလျား ဖြေရှင်းရန် ဖြစ်သည်။

ဒါပေမဲ့ ဒီလူကို ဘယ်သူလိုချင်မှာလဲ။

နှစ်ဖက်လုံးသည် တစ်ဖက်လူစလုပ်မည်ကို လိုချင်ကြသည်။ သို့သော် တခြားတစ်ဖက်မှာလည်း ထိုနည်း၎င်းပင်။ ဒါဆို ဘယ်သူမှ မလုပ်တော့ဘူး လား။ နောက်ဆုံးတွင် နှစ်ဖက်လုံးသည် ပြဿနာအစမှာတင် အဆုံးသတ်ရန် လူလွှတ်ကြသည်။

မို့ယီလိုင်း နန်းတော်မှ ထွက်လာချိန်တွင် အလွန်နောက်ကျနေပြီဖြစ်၏။ ဘုရင်သည် သူ့ကိုဆွဲထားပြီး စကားများအဆက်မပြတ်ပြောခဲ့သည်။ ဤအရာ သည် ကောင်းမွန်သောလက္ခဏာဖြစ်သလို သူ့ကိုယ်သူ အန္တရာယ်တောထဲ ဆွဲသွင်းလိုက်သလိုဖြစ်သည်ကို ကောင်းကောင်းသိသည်။ နန်းတော်မှ သူ့အိမ် တော်အထိ လမ်းမှာ မှောင်မိုက်လှသည်။

“သခင် တခြားလမ်းကနေသွားချင်လား” သူ့ကိုယ်ရံတော်သည် နန်းတော် ဝင်ပေါက်မှနေ၍ လိုက်လာပြီး ပူပန်စွာဖြင့် မေးလေသည်။

“တခြားလမ်းဟုတ်လား ဒီကနေ အိမ်တော်ကို သွားတဲ့လမ်းတိုင်မှာ ငါတို့ ကိုစောင့်နေမယ့်လူတွေရှိမယ်လို့ လောင်းရဲတယ်” မို့ယီလိုင်းသည် ပြုံးပြီးပြော လေသည်။

“ဒါဆို ဘယ်ကိုသွားသွား အန္တရာယ်များမှာမဟုတ်ဘူးလား”

“အန္တရာယ်ရှိတယ်ဆိုရင်တောင် ရှေ့ဆက်သွားရမှာပဲ.. အဲဒီခြေလှမ်း လှမ်းလိုက်ပြီဆိုတာနဲ့ နောက်ပြန်လှည့်စရာမရှိတော့ဘူး.. သွားကြမယ် သူတို့ ကိုအကြာကြီးမစောင့်ခိုင်းနဲ့တော့” မို့ယီလိုင်းသည် ပြောပြီးနောက် ရှေ့ဆက် သွားလေသည်။

ထင်ထားသည့်အတိုင်းပင် နန်းတော်မှ သူ၏အိမ်တော်သို့သွားသည့်လမ်း တိုင်းတွင် လူနှစ်ဖွဲ့သည် စောင့်နေကြလေသည်။ သူ မည်သည့်လမ်းမှသွားစေ ကာမူ ချောင်းမြောင်းတိုက်ခိုက်သူများနှင့်တွေ့လေသည်။

ထိုလူများသည် သူတို့ကိုမြင်သည်နှင့် အပိုစကားများမပြောတော့ဘဲ ရှေ့ သို့တိုးလာကာ ဓားရှည်များကို ကြိမ်ရွယ်တော့သည်။ အစပိုင်းတွင် သူ့ကို အရွယ်မရောက်သေးသည့် အသုံးမကျသော မင်းသားတစ်ယောက်သာ သူတို့ ထင်ထားကြသည်။ သူသည် မသန်မာသလို ဘေးနားတွင်လည်းအရည်အချင်း ရှိသူများမရှိပေ။ သူ့ကို ရိုးရှင်းစွာပင် ရှင်းထုတ်နိုင်လောက်သည်။ သို့သော် ကာကွယ်ပေးသည့်လူများသည် တစ်နေရာမှထွက်လာကာ သူ့ကိုလုပ်ကြံရန် လာသူများကို သတ်လိုက်သည်။

“မင်းဘေးမှာ လူတွေရှိနေလိမ့်မယ်လို့ ထင်မထားဘူး” အဘိုးကြီးတစ် ယောက်သည် သူ့ဘေးမှခေါင်မိုးပေါ်တွင်ပေါ်လာကာ မို့ယီလိုင်းအား လူသတ် မည့်မျက်လုံးများဖြင့် ကြည့်လေသည်။

သူတို့အားလုံး အထင်လွဲခဲ့ကြသည်။ မို့ယီလိုင်းသည် လျှို့ဝှက်စွာဖြင့် အင်အားစု စုဆောင်းနေခဲ့သည်။ အဇူရာလေကျောင်းကို သူ့ဘက်သိမ်းသွင်းနိုင် ပါက မင်းသားကြီးနှင့် မင်းသား ၄ တို့သည် တိုက်ခိုက်ရန် အင်အားမကျန်တော့ မည်မဟုတ်ပါလား။

သူ မသိသည်မှာ သူ့ကိုကာကွယ်သူများကို အဇူရာလေကျောင်းမှ လွှတ် လိုက်ခြင်းဖြစ်သည်။

“အစကတော့ သူတို့က ငါ့ကိုလာခိုင်းတာကို ရှုပ်တယ်လို့ထင်တာ.. ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်က အမြော်အမြင်ရှိနေတာပဲ.. မင်း ဒီနေ့မသေရင် မင်း ကြီးလာတာနဲ့ ဘေးသင့်ဒဏ်ခံရလိမ့်မယ်”

ထိုအဘိုးကြီးသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး ဝိညာဉ်သိုင်းအဖြစ်ပြောင်း ကာ သူ့အား အညှာတာမဲ့စွာ တိုက်ခိုက်လေသည်။ မို့ယီလိုင်းနောက်သို့လိုက် သူများသည် အဘိုးကြီး၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူတို့သည် စက္ကန့်အပိုင်း အတွင်း၌ပင် အရိုက်ခံလိုက်ရသည်။

မို့ယီလိုင်းသည် သူ့ကိုကာကွယ်ရန် ကျရှုံးသွားသူများကို ကြည့်လိုက် သည်။ သို့သော် သူ့မျက်နှာတွင် ကြောက်ရွံ့မှုမရှိသလို ပျာယာခတ်သွားခြင်း လည်းမရှိပေ။ သူသည် အနည်းငယ် အံ့အားသင့်သွားရုံသာဖြစ်သည်။ သူ့ကို သတ်ရန် ဤကဲ့သို့ အဆင့်မြင့်လွန်းပြီး သန်မာသည့်လူကို မည်သူခန့်လိုက် သည်မသိပေ။ မင်းသားကြီးလား မင်းသား ၄ လား။

အဘိုးကြီးသည် ထိုလူများအားလုံးကို ရှင်းထုတ်ပြီး မို့ယီလိုင်းရှေ့တွင် ပေါ်လာပြီး အရေတွန့်နေသောအပြုံးဖြင့် ပြောလေသည် “ငါ ဒီမှာအတားအဆီး လုပ်ထားပြီးပြီ.. ဒီမှာဖြစ်သမျှကို မသိနိုင်တော့ဘူး.. ဘယ်သူမှလည်း မင်းကို မကယ်နိုင်တော့ဘူး”

ပြောပြီးသည်နှင့် သူ၏ဝိညာဉ်စွမ်းအင်ဖြင့် မို့ယီကိုတိုက်ခိုက်လေသည်။

မို့ယီလိုင်းသည် သူ၏အကျပ်ကိုင်မှုကြောင့် ပိတ်မိသွားပြီး ထိုနေရာ၌ပင် လှုပ်မရဖြစ်သွားသည်။ သူသည် သူ့အနားသို့ ကပ်ကပ်လာသည့် တိုက်ကွက်ကို မတတ်သာစွာဖြင့် ကြည့်နေရတော့သည်။

“ဘုန်း”

အဘိုးကြီး၏ ဝိညာဉ်စွမ်းအင်သည် သူ့ကိုထိမိသည်နှင့် ပြန်ကန်ထွက်လေ သည်။ အဘိုးကြီး၏မြန်ဆန်သော တုံ့ပြန်မှုကြောင့်သာမဟုတ်လျှင် ကိုယ်ပိုင် ဝိညာဉ်စွမ်းအားကြောင့် ထိခိုက်သွားမည်ဖြစ်သည်။

“အဲဒီမှာဘယ်သူလဲ” သူသည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်ပြီး အော်လိုက်သည်။

မို့ယီလိုင်း၏ခန္ဓာကိုယ်ကို အဖြူရောင်အလင်းတန်း ခပ်ဖျော့ဖျာ့လွှမ်းခြုံ လိုက်ပြီး ပုံရိပ်ဖျော့ဖျော့သည် အဖြူရောင်အလင်းတန်းထဲတွင် ပေါ်လာသည်။

“ဝိညာဉ်ပုံတူဖြစ်နေတာကိုး.. ကြည့်တာပေါ့ သူမက မင်းကိုဘယ်နခါ ကာကွယ်နိုင်မလား” ပြီးသည့်နောက် သူထပ်မံတိုက်ခိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက်ဆိုသလို ပုံရိပ်သည် အစိုင်အခဲဖြစ်လာသည်ကို တွေ့လိုက်ရတော့ သည်။

All Chapters