နှစ်တစ်နှစ်
Vol. 164 Ch. 2288
ရှီမာယူယူသည် အဘိုးကြီးကိုကြည့်ပြီး ပြောလိုက်သည် “ဟင်း ရှင်က တကယ်ကို နည်းနည်းလောက်တော့ အားကောင်းပါတယ် အဲဒါကြောင့် ကျွန်မ ရဲ့ ဝိညာဉ်ပုံတူကိုထိနိုင်တာပေါ့”
“မင်းက ဘယ်သူလဲ” ရှီမာယူယူသည် ငယ်ရွယ်သော်လည်း အလွန် သန်မာသည်ကို အဘိုးကြီး မြင်နေရသည်။
“ကျွန်မက ဘယ်သူလဲ ရှင်ခန့်မှန်းပြီးသားမဟုတ်ဘူးလား ကျွန်မကြောင့် သာမဟုတ်ရင် ရှင့်ကို ဒီနေ့ဖိတ်ကြမှာတောင်မဟုတ်ဘူး” ရှီမာယူယူပြောလိုက် ၏။
“မင်းက ယူယူလို့ခေါ်တဲ့မိန်းမပဲ” အဘိုးကြီးသည် ထိတ်လန့်သွားလေ သည်။
သေချာပေါက်ပဲပေါ့.. သူ ရှီမာယူယူအကြောင်း ကြားဖူးသည်။ မဟုတ် လျှင် မင်းသားကြီးမှ ရှေ့ထွက်ပြီး သူ့ကိုဖိတ်မည်မဟုတ်ပေ။ သို့သော် သူတို့ သည် သူမ၏အင်အားကို အထင်သေးနေတုန်းပင်ဖြစ်သည်။
သူ၏အတားအဆီးသည် သူမကိုတားနိုင်ရုံသာမကဘဲ သူမသည် အသံ မထွက်ဘဲ ပေါ်လာနိုင်သည်။ သူမ၏ ဝိညာဉ်ပုံတူသည် သန်မာသည်မှာတော့ ပြောဖို့ပင်မလိုတော့ပေ။ အဲဒီတော့.. အတိအကျဆို သူမက ဘယ်လောက် သန်မာတာလဲ။
ထိုအကြောင်းတွေးလိုက်လျှင် သူသည် ရှီမာယူယူအား ယုံကြည်ချက်ရှိရှိ မျက်နှာချင်းမဆိုင်ရဲတော့ဘဲ နောက်ဆုတ်ချင်မိသည်။ သူ့ခန္ဓာကိုယ်ကို နောက် ပြန်လှည့်လိုက်သည်နှင့် ပိတ်မိနေပြီကို သိလိုက်ရသည်။
“နယ်နိမိတ်ပိတ်လိုက်တာလား” သူသည် အတားအဆီးရှိသည်ကိုပင် မခံစားရပေ။
“ရှင် ဒီကိုရောက်လာမှတော့ နေလိုက်တော့ မီအာ မြန်မယ့်နည်းနဲ့လုပ် လိုက်တော့” ရှီမာယူယူ၏ အသံသည် အနည်းငယ်ပျင်းတိပျင်းရဲနိုင်လှသည်။ သို့သော် ထိုပျင်းရိမှုသည် သန်မာသောလူကို သတ်နေတုန်းသာဖြစ်သည်။
မီအာသည် အဘိုးကြီးကိုသတ်လိုက်လေသည်။ ထိုလူသေဆုံးပြီးနောက် သူမသည် ရောင်ဝါထုတ်ပြီး ထိုလူ၏အသိစိတ်ပင်လယ်ထဲသို့ ဝင်သွားလိုက် သည်။
“မင်းသားကြီး လွှတ်လိုက်တဲ့လူပဲ” သူမ လက်ကိုဝှေ့ယမ်းပြီး မြေပေါ်မှ အလောင်းများကို မီးရှို့လိုက်သည်။
“ကျွန်တော် မှန်းမိပြီးသားပါ အစ်ကိုတော် ၄ က ခင်ဗျား ဘယ်လောက် အားကောင်းလဲဆိုတာ မြင်ပြီးသားဆိုတော့ သာမန်ဝိညာဉ်လောက်က ခင်ဗျား ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ကိုသိတယ်.. အဲဒါကြောင့် ဒီလောက်သန်မာတဲ့လူကို မလွှတ်သင့်ဘူး” မို့လီလိုင်းသည် သေရှေးရှင်ရေးကို ကြုံဖူးပြီးသားဖြစ်သဖြင့် ကြောက်ရွံ့ခြင်းမရှိတော့ပေ။ သူ၏လက်ဖဝါးတွင် ချွေးများပျံနေကာ အင်္ကျီမှာ လည်း ချွေးအေးများဖြင့် စိုစွတ်နေတော့သည်။ သူသည် အစောက အရှိန်အဟုန် မသေသေးသော်လည်း သူ၏စိတ်မှာ မြင်နေရသလို ကြောက်ရွံ့မှုမရှိသည်တော့ မဟုတ်ပေ။
ရှီမာယူယူသည် သူ့ကိုယ်သူ ခေါင်းမာရန် ဖိအားပေးနေသည်ကိုကြည့်ပြီး သက်ပြင်းချပြီး ပြောလိုက်သည် “သွားမယ် ငါမင်းကိုလိုက်ပို့မယ်”
“ကျေးဇူးတင်ပါတယ်” မို့ယီလိုင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အခုဖြစ်သွားသည့်ကိစ္စသည် လူအများကို အာရုံစိုက် လာစေနိုင်သည်။ ကျောင်းမှလွှတ်လိုက်သော သူ့ကိုကာကွယ်သည့်လူများသည် သေသွားပြီဖြစ်သည်။ သူမသာ ကိုယ်တိုင်ပြန်လိုက်ပို့နိုင်လျှင် လမ်းခရီးမှာ ဘေးကင်းနိုင်သည်။
လက်ရှိအခြေအနေရှင်းသွားသည်နှင့် ညရောက်သောအခါ နောက်ပိုင်း ခရီးလမ်းမှာ ပိုလွယ်ကူသွားသည်။
ရှီမာယူယူသည် သူ့ကိုအိမ်ပြန်ပို့ပြီး ပြောလိုက်သည် “၁ နှစ်”
“ဘာလဲ” မို့ယီလိုင်းသည် သူမ ဘာကြောင့် ထိုစကားပြောလာသည်ကို မသိသဖြင့် ခေါင်းကိုအလိုလိုလှည့်ကာ ကြည့်လေသည်။
“၁ နှစ် ငါ ဒီမှာနေမယ့်အချိန်ပဲ.. ၁ နှစ်ကြာပြီးရင် ငါ ယီရှန်းနဲ့ အပြင်ထွက် သွားတော့မယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ထိုနေရာမှပျောက်သွားလေ သည်။
မို့ယီရှန်းသည် မှင်တက်သွားပြီးမှ သူမ၏ဆိုလိုရင်းကို နားလည်သွား တော့သည်။ သူမသည် ဤနေရာတွင် ၁ နှစ်နေလိမ့်မည်။ ပြောရလျှင် ဤ ၁ နှစ် အတွင်းတွင် သူမသည် သူ၏လုံခြုံရေးကို ကြည့်ပေးသွားမည်။ လုပ်စရာရှိလျှင် ဤ ၁ နှစ်အတွင်းလုပ်ရမည်။ ၁ နှစ်ကြာပြီးနောက် သူ၏လုံခြုံရေးကို မကာကွယ်နိုင်ပါက သူမ ဂရုစိုက်တော့မည်မဟုတ်ပေ။
“၁ နှစ်လား လောက်ပါတယ်…” သူ ရေရွတ်ပြီး အိမ်ထဲဝင်သွားလိုက် သည်။
မနက်ရောက်သောအခါ အရာအားလုံး ကွာခြားသွားလိမ့်မည်ဖြစ်သည်။
ရှီမာယူယူ ခြံဝင်းငယ်သို့ရောက်သောအခါ မို့ယီရှန်းသည် သူမထွက်သွား သည်ကို မသိလိုက်သလို သူ၏အစ်ကိုတော် ၆ အန္တရာယ်ကြုံခဲ့ရသည်ကိုလည်း မသိပေ။ သူသည် ကျင့်ကြံနေဆဲဖြစ်သည်။ အကြောင်းမှာ သူ အဆင့်တက်လျှင် အစ်ကိုတော် ၆ နှင့် တွေ့ခွင့်ပေးမည်ဟု ဆရာမှပြောထားခြင်းကြောင့်ဖြစ်၏။
သူ အဆင့်တက်ပြီး ကိုယ်ပိုင်မီးတောက်ကို စီမံနိုင်လျှင် သူ့လက်နှင့် အဂ္ဂိရတ်ပညာကို ကြိုးစားကြည့်ချင်သည်ဟု ဆရာ့ကို ပြောရမည်။ သူသည် တခြားသူများ လေ့ကျင့်သည်ကိုသာ ကြည့်နေခဲ့သည်။ သို့သော် သူကိုယ်တိုင် စမ်းကြည့်လျှင် သေချာပေါက် အောင်မြင်နိုင်သည်။
၁ နှစ်တာအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆံဒးသွားသည်။ ထို ၁ နှစ်သည် အထူးသဖြင့် ရှည်လျားသည်ဟု ရှီမာယူယူခံစားရသည်။ ကျားဖြူ၏ ကိစ္စကို သူမတို့စိတ်ပူပြီး စိတ်မချနိုင်ရာ မပျော်မွေ့နိုင်ခြင်းကြောင့်ဖြစ်မည်။
“ဘုန်း”
အဂ္ဂိရတ်ပညာအခန်းမှ ပေါက်ကွဲသံထပ်ထွက်လာသည်။ ခဏကြာပြီး နောက် မို့ယီရှန်းသည် ဝမ်းနည်းသောမျက်နှာဖြင့် ထွက်လာသည်။
ထပ်ကျရှုံးပြန်ပြီ…
မို့ယီရှန်းသည် ရှီမာယူယူကိုကြည့်ပြီး ဆရာဖြစ်သူကို မျက်နှာမပြရဲတော့ သလိုခံစားလာရသည်။ သူသည် ဆရာပြောသလိုပင် သန့်စင်ပြီး အဂ္ဂိရတ်ပညာ ၏ အဆင့်တိုင်းကိုလည်း သေချာလေ့လာခဲ့သည်။
“ဆရာ” သူသည် တိုးညင်းသောအသံဖြင့် ခေါ်လေသည်။
ရှီမာယူယူသည် မို့ယီရှန်းအား ကြည့်လိုက်သည်။ သူသည် စတင်ကျင့်ကြံ နိုင်သဖြင့် စိတ်အခြေအနေမှာလည်း ကြီးပြင်းလာပြီး ယခုအချိန်တွင် ဆယ် ကျော်သက်အရွယ်နှင့် တူနေပြီဖြစ်သည်။
သူ ဆေးဖိုကို ဖောက်ခွဲသည့် အချက်နှင့်ပတ်သက်ပြီး ရှီမာယူယူသည် အကြောင်းအရင်းကို အရင်ကြည့်သည်။ သို့သော် အကြောင်းအရင်းမှာ အဂ္ဂိရတ် ၏ လုပ်ငန်းစဉ်ကြောင့်မဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်နေသည်ကို နောက်မှသိခဲ့ရ သည်။
တစ်နည်းပြောရလျှင် သူ အဂ္ဂိရတ်ပညာနှင့် မည်မျှပင် ရင်းနှီးပြီး မည်မျှ ပင် ပြီးပြည့်စုံသည့် လုပ်ငန်းစဉ်လုပ်ပါစေ အောင်မြင်မည်မဟုတ်ပေ။ ကောင်းကင်သည သူ အောင်မြင်သည်ကို ခွင့်ပြုမည်မဟုတ်ပေ။
“စိတ်ဓာတ်မကျနဲ့ အခုက မင်းမှာ မီးတောက် အလုံအလောက်မရှိလို့ဖြစ် မယ်.. မင်းကျင့်ကြံတဲ့ မီးတောက်က စာချုပ်သားရဲရဲ့မီးတောက် ဒါမှမဟုတ် မင်းခန္ဓာကိုယ်ထဲကို စုပ်ယူလိုက်တဲ့ စံသွေမီးတောက်ထက် နည်းနည်းလေး ညံ့ နေတာ” ရှီမာယူယူ နှစ်သိမ့်ပေးလေသည်။
“တကယ်လား”
“ဆရာက မင်းကို ဘယ်တုန်းကလိမ်ဖူးလို့လဲ” ရှီမာယူယူ သူ့ကိုမေးလိုက် သည် “ငါ စဉ်းစားကြည့်တာတော့ ဖြစ်နိုင်ရင် မင်းကို မီးအရည်အချင်းရှိတဲ့ စာချုပ်သားရဲရှာပေးရတော့မယ်.. ဝမ်းတွင်းမီးပါတဲ့သူဆို ကွက်တိပဲ.. အဲလိုဆို ရင် မင်းအဂ္ဂိရတ်ပညာကို ထပ်စမ်းကြည့်လို့ရတယ်.. အဲဒါအကြောင်းအရင်း ဖြစ်မလားလို့ကြည့်ကြတာပေါ့”
“ဒါဆိုလည်း မြန်မြန်စာချုပ်တည်ထောင်ကြမယ်လေ” အစောက မို့ယီရှန်း၏ ဆုံးရှုံးမှုပပျောက်သွားပြီး သူ၏တက်ကြွမှုမှာ ချက်ချင်းရောက်လာ သည်။
သူ့ကိုချော့ရသည်မှာ အမြဲလိုလိုပင် လွယ်ကူခဲ့သည်။
“ငါ အကြာကြီးသွားဖို့ရှိတယ် အဲတော့ ငါတို့သိတဲ့သူတွေကို သွား နှုတ်ဆက်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ သွားကြမယ်”
မို့ယီရှန်းသည် ရှီမာယူယူအား ခြံဝင်းထဲမှဆွဲခေါ်သွားကာ ရှီမာယူယူသည် ၁ နှစ်ကျော်နေခဲ့သည့်နေရာကို လည်ပြန်ကြည့်လိုက်သည်။
ယနေ့ထွက်သွားလျှင် သူမ ဘယ်သောအခါမှ ပြန်လာမည်မဟုတ်ပေ။
သူတို့ ထွက်သွားမည့်အကြောင်းကို ကျောင်းအုပ်ကြီးဆီသို့ သွားပြောကြ သည်။ ကျောင်းအုပ်ဟောက်သည် ခေတ္တမျှနှုတ်ဆိတ်သွားကာ ပြောလိုက်သည် “ဒီလိုနေ့ရောက်လာမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ ဒီလောက်မြန်မယ်လို့ ထင် မထားဘူး”
“ဒီအချိန်ထိ ဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဒီစကားကို ကျုပ်တို့က ပြောသင့်တာပါ.. မို့ယီလိုင်းရဲ့ အခြေအနေက လည်းကောင်းလာပြီ သူတို့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းလည်း အလင်း ရောင်မြင်လာရပြီ.. မို့ယီလိုင်းကို ထောက်ခံဖို့ အင်အားစုတွေလာတုန်းကလည်း သူ့ကို စိတ်ရင်းနဲ့ ထောက်ခံခဲ့ကြတယ်.. အဲဒါက သူ့ကိုအမြင့်ရောက်သွားစေ တာပဲ.. ပြီးတော့ မင်းသားကြီးနဲ့ မင်းသား ၄ တို့ထက် အရေးကြီးတဲ့မင်းသားဖြစ် နေပြီ”
အရာအားလုံးမှာ သူမကြောင့်ဖြစ်သည်။
“မင်း ထွက်သွားပြီဆိုတော့ ပြန်လာဦးမှာလား” သုန်လီ မေးလိုက်သည်။
ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ပြန်မလာနိုင်လောက်တော့ဘူး”
အထက်မှအခြေအနေသည် တင်းမာနေပြီဖြစ်ကြောင်း ဖူရှီသူမကို ပြော လာသည်။ သူတို့သည် ကျားဖြူကို အမြန်ရှာပြီး သူ့နေရာသူ ချောမွေ့စွာ ပြန်အောင်လုပ်ရမည်။ ယခုအခါ သူမသည် မို့ယီရှန်းနှင့် ထွက်သွားတော့မည်။ သူမ ကျားဖြူကို စောစောရှာတွေ့လျှင် ပိုကောင်းမည်။ မရှာနိုင်လျှင်လည်း ဆက်ရှာရမည်။ သူတို့ကျောင်းကို ပြန်လာနိုင်မည့်ဖြစ်နိုင်ချေမှာ နည်းပါးလွန်း သည်။