← Chapters

ခိုင်မာသောကတိကဝတ်

Vol. 164 Ch. 2289

ခိုင်မာသောကတိကဝတ်

Vol. 164 Ch. 2289

မို့ယီလိုင်းသည် ရှီမာယူယူနှင့် မို့ယီရှန်းတို့ကိုမြင်လိုက်သည်နှင့် ချက်ချင်း ပင် စိတ်ထဲမှ ခန့်မှန်းမိသည်။

“အစ်ကိုတော် ၆ ကျွန်တော် ဆရာနဲ့ခရီးသွားမလို့” ၁ နှစ်အတွင်းတွင် ညီအစ်ကိုနှစ်ယောက်သည် အပြောင်းအလဲများရှိခဲ့သည်။ သို့သော် နှစ်ယောက် ကြားမှ သံယောဇဉ်မျာတော့ အရင်အတိုင်းရှိတုန်းပင်။

“အင်း အပြင်သွားရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်.. မင်းဆရာရဲ့ စကားကို နားထောင်.. လျှောက်သွားပြီး အန္တရာယ်များတာတွေ မလုပ်နဲ့ သိပြီလား” မို့ယီလိုင်းသည် မျက်ခုံးများကိုကြုတ်ထားကာ စိုးရိမ်စွာဖြင့် တိုက်တွန်းလေ သည်။

“အစ်ကိုတော် ၆ ကျွန်တော်သိပါတယ် ကျွန်တော်ပြန်လာတာကို ဒီမှာ စောင့်နေပေးပါ” မို့ယီရှန်းသည် အလေးအနက်ခေါင်းညိတ်လေသည်။

“အင်း အစ်ကိုတော်က ဒီမှာပဲ မင်းပြန်လာတာကိုစောင့်နေမယ်” မို့ယီလိုင်းသည် သူ့ပခုံးကိုပုတ်ပြီး ပြုံးပြလေသည်။

ရှင်းရှင်းပြောရလျှင် သူ ထွက်သွားသည်ဆိုသည့် အဓိပ္ပာယ်ကို မသိပေ။ သူသည် စာချုပ်သားရဲများနှင့် စာချုပ်တည်ထောင်ရန်သွားသည်ဟုသာ ရိုးရှင်း စွာတွေးနေသည်။ သို့သော် သူသည် အလွန်ခက်ခဲသည့် ခရီးကိုသွားမည်ဖြစ် ကြောင်းကိုတော့ မသိခဲ့ပေ။

သူသည် ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် “အကုန်လုံး ခင်ဗျားကိုပဲ အပ်လိုက်ပါပြီ”

“ငါ သူ့ကိုစောင့်ရှောက်မှာပါ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

သူမသာ အသက်ရှင်နိုင်လျှင် မို့ယီရှန်းလည်း သေချာပေါက် အသက်ရှင် နိုင်ရမည်။ သူမ သေသွားလျှင်တောင် မို့ယီရှန်း၏ ကံမှာလည်းမကောင်းနိုင် တော့ပေ။

သူတို့သည် မို့ယီလိုင်း၏အိမ်တော်မှ ထွက်လာပြီး ချက်ချင်းထွက်မသွား ဘဲ ဖူရှီနှင့်တခြားသူများဆီသို့ သွားကြသည်။ မထင်မှတ်စွာပင် သူ တံခါးသို့ ဝင်လိုက်သည်နှင့် ရှာလကာရည်၏ ချဉ်စူးသောအကြည့်ဖြင့် စိုက်ကြည့်ခြင်းကို ခံလိုက်ရလေသည်။

အတိအကျဆိုရလျှင် ရှီမာယူယူ၏ အင်္ကျီလက်ကို ဆွဲကိုင်ထားသည့် မို့ယီ ရှန်း၏ လက်ကိုကြည့်နေခြင်းဖြစ်သည်။

ရှီမာယူယူသည် ဝူလင်းယူအား တအံ့တဩကြည့်ကာ ပြောလေသည် “ဘယ်တုန်းက ပြန်လာတာလဲ”

“အခုလေးတင်ပဲ” ရှီမာယူယူသည် ရှီမာယူယူကို ဆွဲပြီးပြောလိုက်သည် “သူက အသက်ဘယ်လောက်ရှိပြီလဲ.. ဘယ်လိုလုပ် မင်းရဲ့အင်္ကျီလက်ကို ဆွဲ ခိုင်းရတာလဲ”

မို့ယီရှန်းသည် ဝူလင်းယူ၏အကြည့်ကြောင့် ကြောက်သွားပြီး ရှီမာယူယူ ၏ အနောက်သို့ဝင်ပုန်းလေသည်။

“သူကြောက်နေပြီ မခြောက်နဲ့တော့” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက် မို့ယီရှန်းကို ပြောလိုက်သည် “ဒါက ငါ့ခင်ပွန်းလေ မင်းသူ့ကို.. ဆရာ့ အမျိုးသားလို့ ခေါ်လို့ရတယ်”

“ဖူး”

ဖူရှီနှင့်တခြားသူများသည် အနောက်မှရယ်မောကြလေသည်။ အထူး သဖြင့် ဝူလင်းယူ၏ ယခုထက်ပိုမမည်းနိုင်သော မျက်နှာကို မြင်သောအခါ ပို၍ပျော်ရွှင်စွာ ရယ်မောကြလေသည်။

မို့ယီရှန်းသည် စက္ကန့်ပိုင်းမျှ နားမလည်နိုင်ဖြစ်သွားသော်လည်း ရှီမာယူယူ ၏ အနောက်မှထွက်ကာ သူ့ကို သင့်တင့်သောအပြုအမူူဖြင့် အရိုအသေပေး ကာ အော်လေသည် “ဆရာ့အမျိုးသား”

“ဟားဟား”

ဝူလင်းယူ၏ မျက်နှာမှာ လုံးဝပင် မည်းနက်သွားလေတော့သည်။

“ဝါး ဝါး ဝါး”

ကလေးငိုသံသည် အားလုံးကို ထိတ်လန့်သွားစေကာ ထိုအခါမှပင် သုံးလသားအရွယ်ကလေး ပိုင်ယီယန်ရှိသည်ကို အမှတ်ရသွားတော့သည်။

ဝမ်ရှီနှင့်ပိုင်ရှောင်ဖေးတို့သည် အမြန်ပင် သူတို့ကလေးကို ပြေးချော့ကြ သည်။

ရှီမာယူယူသည် ပိုင်ယီယန်ကိုကြည့်ပြီး ပိုင်ရှောင်ဖေးနှင့် ဝမ်ရှီတို့၏ အတွေးကိုသိလိုက်သည်။

သူတို့သာ အောင်မြင်လျှင် အဆင်ပြေသည်။ အဆုံးတွင် ကျရှုံးပါက ဘေးသင့်သားရဲကြီးလေးကောင်သည် သေချာပေါက် သူတို့ကိုလွှတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် အနည်းဆုံးတော့ သူတို့၏အချစ်ကို ရုပ်လုံးဖော်ထားရ မည်။

သူမသည် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ကို တွေးမိလိုက်သည်။ သူမ သည် ၁ နှစ်ကြာအောင် အဝေးရောက်နေရာ ကလေးနှစ်ယောက် မည်သို့ဖြစ်နေ သည်ကို သူမမသိပေ။ သူတို့ကို အလွန်လွမ်းဆွတ်လှသည်။

မကြာမီတွင် ပိုင်ယီယန်ငြိမ်သွားရာ ရှီမာယူယူ ပြောလိုက်သည် “သွားဖို့ ပြင်ကြတာပေါ့ လိပ်မည်း ဦးတည်ဘက် ပြောလို့ရမလား”

“အဇူရာနဂါးကအရှေ့၊ ကျားဖြူက အနောက်၊ ဟင်္သပဒါးငှက်က တောင် ဘက်၊ လိပ်မည်းကမြောက်ဘက်၊ ကျာဖြူကိုရှာချင်ရင် အနောက်ဘက်ကို သွား ရမယ်” လိပ်မည်းပြောလေသည်။

ရှီမာယူယူသည် ခေတ္တမျှ မှင်တက်မိသည်။ အဇူရာနဂါးကအရှေ့၊ ကျားဖြူ ကအနောက်၊ ဟင်္သပဒါးငှက်က တောင်ဘက်၊ လိပ်မည်းက မြောက်ဘက်၊ ဒီ စကားက ဒီလိုအချိန်မှာသုံးရတာလား။ လိပ်မည်းသည် အနည်းငယ် စိတ်မချရ သလိုခံစားမိသဖြင့် ဖူရှီဘက်သို့ အာရုံလှည့်လိုက်သည်။

ဖူရှီသည် သူမကို ခေါင်းညိတ်ပြပြီး ပြောလေသည် “ကျားဖြူအတွက် ဂမ္ဘီရဉာဏ်နဲ့ကြည့်ပြီးပြီ နည်းနည်းနီးစပ်လာလို့လားမသိဘူး အရင်လိုမျိုး ဘာမှ မရှိတော့တာမဟုတ်ဘူး.. ကျားဖြူက အနောက်မှာရှိတယ်လို့ ညွှန်ပြချက်တွေ တွေ့တယ်”

“အနောက်ဘက်မှာလား.. ဒါဆို အကွာအဝေးကအရမ်းကြီးလွန်းတယ် ငါ သိသလောက်ဆိုရင် အနောက်ဘက်မှာ တောင်တန်းတွေအများကြီးရှိတယ် အရမ်းကိုကြီးတာ.. ငါတို့ တစ်ခုချင်းစီသွားရှာရင် ဘယ်လောက်တောင်ကြာဦး မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“တခြားနည်းလမ်းမရှိဘူး.. ဒါကတစ်ခုတည်းသော သဲလွန်စပဲ.. ငါတို့ ဒီ လောက် ဟောနိုင်ရင် ဘေးသင့်သားရဲကြီးလေးကောင်လည်း ဟောနိုင်မှာလဲ” ဖူရှီ ပြောလိုက်သည်။

“ဒါဆိုလည်း တစ်ခုချင်းစီရှာကြတာပေါ့” ရှီမာယူယူ သက်ပြင်းချလေ၏။

“ယီရှန်းက သူ့ကံကြမ္မာဆိုတော့ အဲအချိန်ကျရင် အကူအညီပေးရင်ပေး နိုင်မှာ”

မို့ယီရှန်းသည် သူတို့ပြောနေသော စကားများကို နားထောင်ပြီး မည်သည့် အကြောင်းအရာများပြောနေကြသည်ကို မသိကြပေ။ သူတို့ပြောပြီးနောက် သူ့ ကို မျှော်လင့်တကြီးကြည့်ရာ သူ့ကို အနည်းငယ်ကြောက်ရွံ့သွားစေသည်ကို သာ သိသည်။

“ဒါဆို အထုပ်တွေပြင်လိုက်ကြတော့ အနောက်ဘက်ကိုသွားမယ်”

ရှီမာယူယူ ပြောပီဲးနောက် ဝူလင်းယူနှင့် အခန်းထဲတွင် စကားသွားပြော သည်။ ထိုနှစ်အတွင်းတွင် မို့ယီရှန်းသည် အားလုံးနှင့် ရင်းနှီးနေပြီဖြစ်သော် လည်း အနည်းငယ်ကြောက်ရွံ့နေတုန်းပင်။ ကံကောင်းစွာပင် သူအာရုံစိုက်စရာ ပိုင်ယီယန်ရှိနေသဖြင့် စောင့်နေရင်းနှင့် အကြောက်လျော့သွားစေသည်။

နောက်နေ့မနက်အစောတွင် ရှီမာယူယူသည် ခြံဝင်းထဲတွင် ဟိုလိုဒီလို များလုပ်နေသည်ကို မို့ယီရှန်းသည် အတန်ကြာသည်ထိကြည့်နေသည်။ သူမ မြေကြီးကိုထိသည်ကိုလည်းမြင်သည်။ သို့သော် သူမ ဘာလုပ်နေသည်ကို သူ မသိပေ။

သူသည် ခြံထဲတွင်နေပြီး သိချင်စိတ်ဖြင့် သူမကိုစိုက်ကြည့်နေလေသည်။

“ဆရာ ဘာလုပ်နေတာလဲ.. ယီရှန်း ကူညီပေးရဦးမလား” မို့ယီရှန်း မေး လေသည်။

“မလိုဘူး အဲမှာပဲနေ” သူရောက်လာပြီး အခုမှချထားသည့် အစီအရင်များ ပျက်သွားမည်ကို ရှီမာယူယူစိုးရိမ်သဖြင့် သူ့ကိုတားလိုက်သည်။

“အိုး” မို့ယီရှန်းသည် မတ်တတ်ထရမှ ပြန်ထိုင်သွားသည်။

ရှီမာယူယူ အစီအရင်စီမံပြီးနောက် အားလုံးသည် ခြံဝင်းထဲတွင် တစ် ယောက်ပြီးတစ်ယောက်ပေါ်လာသည်။ ရှီမာယူယူ အစီအရင်ကိုအသက်သွင်း လိုက်သည်နှင့် ခြံဝင်းထဲမှလူတစ်စုသည် ပျောက်ကွယ်သွားတော့လေသည်။

မို့ယီလိုင်း ခြံဝင်းသို့ လာချိန်တွင် ကျိုးပဲ့နေသည့် ကျောက်တုံးများကိုသာ တွေ့ရတော့သည်။ ကျောင်းအုပ်ဟောက် သူ့ကိုလာရှာသည်အထိ သူသည် ကျောက်တုံးအစီအရင်ကို ခေတ္တမျှစိုက်ကြည့်နေမိသည်။

“သူတို့ထွက်သွားကြပြီ” ကျောင်းအုပ်ဟောက်သည် ခံစားချက်ပါပါပြော လေသည်။

“ဟုတ်တယ် သွားကြပြီ” မို့ယီလိုင်း ပြောလေသည် “အဲနောက်မှာ ဘယ်လို အန္တရာယ်မျိုးစောင့်နေလဲ ကျွန်တော်မသိဘူး ယီရှန်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”

“သူ ပြန်လာမှာပါ” ကျောင်းအုပ်ဟောက်သည် ကျောက်တုံးများကို ကြည့် လေသည် “သူ့ဘေးမှာ ဆရာယူယူရှိနေတာပဲ ပြဿနာမရှိနိုင်ပါဘူး ငါ သူမကို ယုံတယ်”

သူ သူမကိုယုံသည်။ သူတို့အားလုံး သူမကိုယုံသည်။ သို့သော် ဤကိစ္စနှင့် ပတ်သက်ပြီး သူမပင်လျှင် ရာနှုန်းပြည့်မသေချာပေ။

ရှီမာယူယူနှင့်တခြားသူများ အစီအရင်မှထွက်လာသောအခါ တောင်တန်း တစ်ခုဆီသို့ရောက်နေလေပြီ။ သူတို့သည် တည်နေရာအတိအကျကို မသိ သဖြင့် ဟိန်းသံလေးသည် ဝိညာဉ်သားရဲတစ်ကောင်ကိုခေါ်ပြီး အခြေအနေကို ရှင်းလင်းအောင်မေးလေသည်။

ဤနေရာသည် လေပြင်းမုန်တိုင်းဟုခေါ်သည့် တောင်တန်းဖြစ်သည်။ ဤတောင်တန်းသည် အဇူရလေကျောင်းနှင့်အနီးဆုံးဖြစ်သလို အကြီးဆုံး တောင်တန်းလည်းဖြစ်သည်။ ကျားဖြူသာ အနောက်ဘက်တွင်ရှိလျှင် ဤ တောင်တန်းတွင်ရှိနေချေပိုများသည်။

သို့သော် ဤနေရာတွင် နှစ်ဝက်ကြာအောင်နေပြီး တောင်တန်းတစ်ခုလုံး ကို ပိုက်စိပ်တိုက်ရှာဖွေသော်လည်း ကျားဖြူ၏သတင်းကို မရခဲ့ကြပေ။ ကျားဖြူမပြောနှင့် သာမန်ကျားတစ်ကောင်ကိုပင် မတွေ့ပေ။ ထို့ကြောင့် ၆ လခန့်ကြာပြီးနောက် သူတို့သည် လေပြင်းမုန်တိုင်းတောင်တန်းမှထွက်လာခဲ့ ပြီး နောက်တောင်တန်းဆီသို့ အနောက်ဘက်ကိုဦးတည်ကာလာခဲ့ကြသည်။

နောက်တောင်တန်းမှာ အလွန်ပင်ကြီးမားသည်။ ထိုနေရာမှတောင်တန်း သည် မို့တိုင်းပြည်၏ အုပ်ချုပ်မှုအောက်တွင်မရှိတော့ပေ။ သူတို့၏ ပြီးခဲ့သည့် အတွေ့အကြုံများကို အသုံးချပြီး သည်တစ်ခေါက်တွင် ကျားကဲ့သို့ ဝိညာဉ် သားရဲရှိမရှိကိုမေးမြန်းပြီး အတည်ပြုပြီးမှသာ တောင်များကိုရှာဖွေလေသည်။

၅ လကြာသောအခါ သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခဲ့ရပြန် သည်။ နောက် ၂ လအကြာတွင် တောင်တန်းများသည် အရင်လိုဖြစ်တုန်းပင်။ လူတစ်စုမှာ စိတ်ဓာတ်ကျလာသည်။

“ထားလိုက်တော့ အနောက်ဘက်ကိုဆက်မသွားတော့ဘူး” လိပ်မည်း သည် မြေပေါ်သို့ထိုင်ချပြီး မို့ယီရှန်းကို ကြည့်ကာ မေးလိုက်သည်  “ယီရှန်း ငါတို့ နောက်ထပ်ဘယ်သွားရမယ်လို့ ထင်လဲ”

All Chapters