← Chapters

သူတို့တွေက ချောက်ကမ်းပါးအောက်မှာ နေရတာ ဘာလို့ကြိုက်ကြတာလဲ

Vol. 164 Ch. 2291

သူတို့တွေက ချောက်ကမ်းပါးအောက်မှာ နေရတာ ဘာလို့ကြိုက်ကြတာလဲ

Vol. 164 Ch. 2291

မို့ယီရှန်းသည် ခေါင်းညိတ်ပြီး တောင်တစ်လုံးကို ညွှန်ပြလေသည်။

သူတို့သည် နေရာပေါင်းများစွာကိုရှာခဲ့ပြီး တောင်များစွာကို တက်ပြီးခဲ့ ပြီးနောက် ကျားဖြူသည် ဤကဲ့သို့မထင်မရှားနေရာတွင် နေထိုင်နေလိမ့်မည် ဟု ရှီမာယူယူ ထင်မထားပေ။

“သွားရအောင်” သူမသည် မို့ယီရှန်းကိုဆွဲပြီး ရွှေ့ပြောင်းပြီးနောက် သူ ပြောသည့်တောင်လေးဆီသို့ ရောက်လေသည်။

သာမန်မျှသာဖြစ်ပြီး မထင်မရှားဖြစ်သလို ဝိညာဉ်စွမ်းအားအနည်းငယ် ပင် မရှိပေ။ ဤနေရာတွင် ကျားဖြူရှိသည်ဟု မို့ယီရှန်းပြော၍ကြောင့်သာ မဟုတ်လျှင် သူတို့ဖြတ်သွားလျှင် မသေရန်ကျင့်ကြံရသည့်နေရာဟုပင် ထင်ကြ လိမ့်မည်။

လေထဲမှ အတက်အကျကို အာရုံခံမိပြီး မို့ယီရှန်း၏ လက်ကိုလွှတ်ကာ ပြောလိုက်သည် “ယီရှန်း.. ရန်သူတွေလာနေပြီ ငါ ဒီမှာနေခဲ့မယ် မင်းနဲ့အတူ မလိုက်နိုင်တော့ဘူး.. မင်း ကျားဖြူရဲ့အသံနောက်ကိုလိုက်ပြီး ရှာရမယ်.. ပြီးတာနဲ့ စာချုပ်တည်ထောင်ရမယ် အမည်းလေး ဟိန်းသံလေး မင်းတို့ သူနဲ့ အတူလိုက်သွား”

အမည်းလေးသည် သန်မာသည်။ ဟိန်းသံလေးသည် စိတ်မချရသော် လည်း ဗဟုသုတများသည်။ သူ့ကို အဖော်ပြုရန် သူတို့နှစ်ယောက်ကိုလွှတ်ပေး လိုက်လျှင် ပို၍စိတ်အေးသွားနိုင်သည်။

ကောင်းကင်ပေါ်မှ တိုက်ခိုက်မှုပျံလာရာ ရှီမာယူယူသည် ဒိုင်းကာစုစည်း ကာ ကာလိုက်သည်။ ထို့နောက် ဟိန်းသံလေးကို ကြီးစေလိုက်ပြီး မို့ယီရှန်းကို ဟိန်းသံလေးအပေါ်သို့ ပစ်တင်လိုက်သည်။

ဝိညာဉ်စွမ်းအင်များစွာ ကျလာသည်။ ရှီမာယူယူသည် သူတို့ကို အမြန် သွားခိုင်းကာ သူမသည် နောက်မှလိုက်သူများကို ဆွဲထားသည်။ ဟိန်းသံလေး သည် ကျောပေါ်တွင် မို့ယီရှန်းကိုတင်ပြီးပြေးသည်။ သူတို့ထွက်သွားသည်ကို ရှီမာယူယူမြင်သောအခါ လှည့်ပြီး စတင်ခုခံတော့သည်။

ဟိန်းသံလေး၏အရှိန်သည် အလွန်မြန်ဆန်သည်။ မြန်လွန်းသဖြင့် မို့ယီရှန်းပင် ပြုတ်ကျလုမတတ်ပင်။ အမည်းလေးသည် သူ့ကိုကာကွယ်ထား၍ သာ ကျမသွားခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ်” မို့ယီရှန်းသည် ကျေးဇူးတင်စွာဖြင့် ပြောလေ၏။

“ကျားဖြူက ဘယ်မှာလဲ” အမည်းလေးသည် ပေါ့ပါးစွာ မေးလိုက်သည်။

“ဘယ်ဘက်ကို သွားမယ်” မို့ယီရှန်း ပြောလိုက်သည်။

ဟိန်းသံလေးသည် ဘယ်ဘက်ကိုပြေးသွားကာ ခဏအကြာတွင်ရပ်သွား လေသည်။ သူတို့အရှေ့တွင် ချောက်ကမ်းပါးတစ်ခုရှိနေသည်။

“ဒီလူတွေက ဘာလို့ကမ်းပါးအောက်မှာနေရတာ ကြိုက်ကြတာလဲ” ဟိန်းသံလေးသည် ရေရွတ်လိုက်သည်။

“ဆင်းမယ်” မို့ယီရှန်းသည် အသံထွက်ပြီးပြောလေသည်။

“သွားမှာလား အဲဒီမှာ ကျားဖြူလုပ်ထားတာ တစ်ခုခုရှိနိုင်တယ်.. ပြီးတော့ ငါကမိုးပေါ်ပျံနိုင်တာမဟုတ်ဘူး” ဟိန်းသံလေးပြောလိုက်သည်။

ဟိန်းသံလေး နောက်ပြန်ကြည့်ရာ ရှီမာယူယူသည် လူအများကို ဆွဲထား သော်လည်း သူတို့နောက်သို့လိုက်လာသော လူများရှိနေတုန်းပင်ဖြစ်သည်။ သူတို့ မှီတော့မည်ကိုကြည့်ပြီး ဤအချိန်မှ နောက်ပြန်လှည့်လျှင်လည်း နောက် ကျသွားပြီဖြစ်သည်။

“ခုန်လိုက်” အမည်းလေး ပြောလိုက်သည်။

“မြင့်လွန်းတယ် ကျသွားရင် အစတောင်ရှာရမှာမဟုတ်ဘူး” ဟိန်းသံလေး ညည်းညူလေသည်။

အမည်းလေးသည် မို့ယီရှန်းဘေးမှထွက်လာပြီး သူတို့အနောက်တွင် ပုံရိပ်တစ်ခုဖန်တီးကာ ဟိန်းသံလေး၏ဖင်ကို ကန်လိုက်လေသည်။

“မြက်ကိုကိုင်ထား ခွေးမည်းကြီး စောင့်နေလိုက်” ဟိန်းသံလေး၏ မလို လားသောအသံသည် အောက်မှထွက်လာပြီး တဖြည်းဖြည်းတိုးသွားလေသည်။

အရိပ်မည်းသည် နောက်မှလိုက်လာသူများကို ကြည့်ပြီး မြူခိုးအမည်း အဖြစ်ပြောင်းကာ သူတို့ဆီသို့လျင်မြန်စွာ ပျံသွားပြီး သူတို့ကိုမီးခိုးအမည်းများ ဖြင့် လွှမ်းခြုံလိုက်သည်။ သူထွက်လာချိန်တွင် အရိုးပုံများသာ ကျန်ခဲ့လေသည်။ ပထမတစ်သုတ်ကို ရှင်းပြီးနောက် မြူခိုးမည်းသည် ကမ်းပါးအောက်သို့ တဖြည်းဖြည်း ဆင်းသွားလေသည်။

ဟိန်းသံလေးသည် မို့ယီရှန်းနှင့်အတူ ဆင်းချသွားပြီး မိုးပေါ်မပျံနိုင်သဖြင့် မြေပေါ်ကျသည်အထိပဲ စောင့်ရတော့သည်။ ဟိန်းသံလေး ကျသောအခါ မို့ယီရှန်းသည်လည်း သူ့ကျောပေါ်မှကျလေသည်။ သူထိုအတိုင်းသာ မြေပေါ် ကျသွားလျှင် အရိုးတခြားအသားတခြားဖြစ်သွားနိုင်သည်။ ဒီလူသေသွားရင် ဘယ်လိုလုပ် ကျားဖြူနဲ့စာချုပ်တည်ထောင်နိုင်မှာလဲ။

သူသည် လေထဲတွင် ခြေထောက်များကို လှော်ခတ်လိုက်ကာ သူ၏ ခြေထောက်တိုလေးများသည် အဟန့်အတားဖြစ်နေသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။ သူသည် မို့ယီရှန်းနှင့် နီးရန်ကြိုးစားသော်လည်း သူ့ မှာ မြေပေါ်သို့ကျလုနီးပါးဖြစ်နေသည်။ သူသည် မို့ယီရှန်းကိုဖက်ကာ သူ့ကျော ပြင်ကျစေရန် သူ့ကိုယ်သူ အသားဒိုင်းကာအဖြစ်သုံးရန် အသင့်ဖြစ်နေပြီဖြစ် သည်။

ထင်ထားသောနာကျင်မှု ရောက်မလာဘဲ သူတို့မကျခင်တွင် အင်အား တချို့သည် သူတို့ကိုဆွဲထားပြီး ပြန်ကျချိန်တွင် သူတို့၏အင်အားများ ကုန်သွား လေတော့သည်။

“ဟင် မင်း အဆင်ပြေရဲ့လား” သူသည် မို့ယီရှန်းကို လွှတ်ပြီး မြေပေါ်မှ ထကာ သူ၏လက်ကလေးများကို ဝှေ့ယမ်းပြီး တင်ပါးများကိုလိမ်ပြီးကြည့်နေ သည်။ ဟေး သူ တကယ်ပဲ နည်းနည်းမှ မနာဘူးပဲ။

အမည်းလေးသည် ကမ်းပါးအောက်သို့ဆင်းလာပြီး အောက်ခြေသို့ရောက် သောအခါ ခန္ဓာကိုယ်အဖြစ်ပြောင်းလိုက်သည်။ ဟိန်းသံလေးကို ထိုပုံစံအတိုင်း မြင်ရသောအခါ ရွံရှာမှုကို မပြဘဲမနေနိုင်တော့ပေ။ သူသည် မို့ယီရှန်းကို ကြည့် ပြီးပြောလိုက်သည် “အပြင်မှာ လူတွေပိုပိုများလာပြီ.. ယူယူက ထပ်ပြီး မခံနိုင် လောက်တော့ဘူး.. ခဏနေရင် သူမက မိုးကြိုးဘေးဒုက္ခသုးလိမ့်မယ်.. မင်း မြန်မြန်စာချုပ်တည်ထောင်ပြီး ဒီကနေထွက်သွားရမယ်”

“ကျားဖြူက ဘယ်မှာလဲ” ဟိန်းသံလေးသည် မို့ယီရှန်းကိုမေးလေသည်။

မို့ယီရှန်းသည် အနောက်ကလိုဏ်ဂူထဲသို့ ညွှန်ပြလေသည်။

“ဝင်သွားရအောင် မြန်မြန်သွားမယ်”

အခုမှာ အချိန်မရှိတော့သည်ကို မို့ယီရှန်းသိသည်။ ထို့ကြောင့် ဟိန်းသံ လေးပေါ်သို့ တက်ကာ ဂူထဲသို့ဝင်ရန်ပြင်လေသည်။ သို့သော် အားတစ်ခုမှ သူတို့ကို ပိတ်ထားသည်ကို သိလိုက်ရသည်။

“ငါ ဝင်လို့မရဘူး” ဟိန်းသံလေးသည် လက်ဆန့်ထုတ်ပြီး ရှေ့မှာ အကာ ကို ထိလိုက်သည်။

အမည်းလေးစမ်းကြည့်ရာ သူ့ကိုလည်း ကာထားသဖြင့် မို့ယီရှန်းကို ပြော လိုက်သည် “လာစမ်းကြည့်လိုက်”

မို့ယီရှန်းသည် ဟိန်းသံလေး၏ကျောမှ လျှောဆင်းပြီး လိုဏ်ဂူရှေ့သို့ လာ လိုက်သော်လည်း သွားရန် အနည်းငယ်ကြောက်ရွံ့နေသည်။

“မင်းက လူကြီးပဲ ဘာတွေကြောက်နေတာလဲ သွားတော့” ဟိန်းသံလေး သည် အနောက်မှ သူ့လက်ကိုရိုက်လိုက်ရာ သူသည် မသိစိတ်မှ ရှေ့သို့ယိုင်တိုင် တိုင်ဖြင့် လျှောက်သွားလေသည်။ ထို့နောက် ထိုအတိုင်းသာ ဝင်သွားလေသည်။

အမည်းလေးနှင့် ဟိန်းသံလေးတို့ မအံ့ဩတော့ပေ။ သူတို့သည် သူ့ကို ပြောလိုက်သည် “မင်းတစ်ယောက်ပဲ ဝင်လို့ရတာဆိုတော့ ကိုယ့်ဘာသာ သွား လိုက်တော့ သွား သူကမင်းကိုအထဲမှာ စောင့်နေတယ်”

မို့ယီရှန်းသည် အနည်းငယ် ကြောက်နေမိသည်။

“ကောင်လေး ဘာတွေလုပ်နေတာလဲ ယူယူက တောင့်မခံနိုင်တော့ဘူး မင်း နောက်ကျသွားရင် သူမကိုဘယ်လိုလုပ် ကူညီနိုင်မှာလဲ.. သူမကိုကူညီဖို့ နောက်ကျရုံတင်မကဘူး မင်းလုပ်လို့ ယူယူသေသွားရင် သူမကို နောက်ဆုံး အကြိမ်တောင် တွေ့လိုက်ရမှာမဟုတ်ဘူး အကုန်ပြီးသွားပြီ” ဟိန်းသံလေး သည် ဒေါသဖြစ်ဖြစ် နှင့် အော်လေသည်။

ရှီမာယူယူ သေနိုင်သည်ဟု မို့ယီရှန်းကြားသည်နှင့် သူ၏ခန္ဓာကိုယ် တုန်ယင်သွားသည်။ လိုဏ်ဂူကို မည်မျှပင် ကြောက်စေကာမူ လှည့်ပြီး အထဲသို့ ပြေးလေသည်။

“ဒီလူကတော့လေ တံတောင်နဲ့မတွတ်ရင် ရှေ့ကိုဆက်မသွားနိုင်ဘူးပဲ ဟင်း” ဟိန်းသံလေး လှောင်ပြောင်လေသည်။

“မင်း ဒီမှာနေခဲ့ ငါ ယူယူ့ကို သွားကူညီလိုက်ဦးမယ်” အမည်းလေး ပြော လေသည်။

“ငါ့ကို ဘာလို့ဒီမှာနေခိုင်းတာလဲ ငါလည်းသွားမယ်လေ” ဟိန်းသံလေး သည် ဆန့်ကျင်လေသည်။

“မင်း အပေါ်ကိုတက်နိုင်လို့လား” အမည်းလေးသည် သူ့အား မထီမဲ့မြင် ကြည့်လေသည်။

“မင်း..” ဟိန်းသံလေးသည် သူ့ကိုသွားကိုက်ချင်မိသည်။ သူသည် မြူခိုး အမည်းအဖြစ် ပြောင်းကာ ကမ်းပါးပေါ်သို့ တက်သွားလေသည်။

“မင်း ခွေးမည်းကြီး စောင့်နေလိုက် နောက်မှ မင်းနဲ့စာရင်းရှင်းမယ်” အစောကကန်ချက်၊ အခုမထီမဲ့မြင်ပြောသွားတာ အကုန်လုံးကို စာရင်းထဲမှတ် ထားမယ်။

အမည်းလေးသည် ကမ်းပါးဆီသို့ပြန်ရာ ရှီမာယူယူသည် သားရဲများ အားလုံးနှင့် ကျန်သည့်ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို ခေါ်ထုတ်ထားသည်။ သို့သော် တစ်ဖက်မှာ တပ်ကူနှင့်လာသဖြင့် ကြည့်လိုက်သည်နှင့် မျှော်လင့်ချက် မဲ့နေသည်။

ကြည့်ရသည်မှာ သည်တစ်ကြိမ်တွင် ဘေးသင့်သားရဲကြီးလေးကောင် မရှိသည်မှလွဲပြီး နန်းတော်လေးဆောင်မှလူများအားလုံး ဤနေရာသို့ရောက်နေ ပုံပင်။ အင်း… သားရဲကြီးလေးကောင်ရဲ့ အတောင်ပံကို အရင်ဖြတ်ကြတာပေါ့။

“ယူယူ သူတို့တွေအရမ်းများလွန်းတယ် ငါတို့တွေ ထပ်မခံနိုင်တော့ဘူး” ရှောင်ချီအော်လေသည်။

ရှီမာယူယူသည် နှုတ်ခမ်းမှသွေးများကို သုတ်ပြီး ထိုလူများကို နှာမှုတ်ကာ ကြည့်ပြီးပြောလိုက်သည် “ငါ ဧကရာဇ်အဆင့်ကို မတက်နိုင်သေးလို့ အဲဒီတော့ ငါ အဆင့်တက်တာကို မင်းတို့အဖော်ပြုပေး.. မင်း ငါ့ကိုကာကွယ်ထား”

ဤအချိန်တွင် သူမ အဆင့်တက်ရန် စီစဉ်နေသည်ကို သားရဲများသိသဖြင့် သူမဘေးသို့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကာ သူမကို အလယ်မှာ ထားပြီး သူမပတ်ပတ်လည်အား ကာကွယ်ရေးစက်ဝိုင်းတည်ထောင်ကာ သူမကို အချိန်ပေးပြီး အဆင့်တက်ရန် နေရာပေးလိုက်သည်။

ရှီမာယူယူသည် အရင်ကဖိနှိပ်ထားသည့် စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ သူမ အချိန်ကြာမြင့်စွာ ပြင်ဆင်လာခဲ့သဖြင့် အရာအား လုံး အဆင်ပြေပြေဖြစ်ကာ သိပ်မကြာခင်မှာပင် အဆင့်တက်သည့် အလင်း တန်း ထွက်ပေါ်လာသည်။

“သူမက ဧကရာဇ်အဆင့်ထိ တက်ဖို့ကြိုးစားနေတာပဲ” ထိုလူများသည် သူမ အဆင့်တက်သည့် အလင်းတန်းကိုမြင်သောအခါ အော်လိုက်ကြ၏။

“သူမကို ဂရုစိုက်မနေနဲ့ ကျားဖြူနဲ့ စာချုပ်မတည်ထောင်ရသေးဘူး.. အဲတော့ ကျားဖြူရဲ့စာချုပ်သခင်ဆီကို အရင်သွားမယ်”

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

“နန်း‌တော်သခင်ဟုတ်လား” ရှီမာယူယူသည် သူ့ခန္ဓာကိုယ်မှ ငမ်းငမ်း တက်နန်းတော်တံဆိပ်ကိုမြင်သောအခါ ပြုံးလိုက်သည် “ဟုတ်ပြီ ဘယ်နေရာမှ လည်းမသွားနဲ့ ဒီမှာနေပြီး ငါနဲ့ ဘေးဒုက္ခရင်ဆိုင်လိုက်တော့”

All Chapters