နေ့ကိုညအဖြစ်ပြောင်းခြင်း
Vol. 164 Ch. 2292
ကောင်းကင်ပေါ်တွင် ဘေးဒုက္ခတိမ်တိုက်များ လျင်မြန်စွာ ရောက်လာ သည်။ မိနစ်အနည်းငယ်အကြာတွင် ကောင်းကင်ကြီးတစ်ခုလုံး မည်းနက်သွား ကာ နေ့တာသည် ညအဖြစ်ပြောင်းသွားလေသည်။
ကံကောင်းစွာပင် တောင်တန်းတွင် ဝိညာဉ်သားရဲမရှိသလို အနီးအနား တွင် လူများမရှိပေ။ မဟုတ်လျှင် သူမ ဘေးဒုက္ခရင်ဆိုင်သည်ကို သူမနှင့်အတူ ဆွဲသွင်းလိုက်နိုင်သည်။
ရှီမာယူယူသည် လေထဲသို့ပျံသွားပြီး မည်းနက်နေသော ဘေးဒုက္ခတိမ် တိုက်ကိုကြည့်ပြီး ထိုလူများ အမှန်တကယ်သန်မာသည်ကို တိုးတိတ်စွဦ တွေး နေသည်။ မဟုတ်လျှင် သူမ၏ မိုးကြိုးဘေးဒုက္ခကို ဤအတိုင်းအတာအဆင့်ထိ အဆင့်မြှင့်ထားမည်မဟုတ်ပေ။ ဤအဆင့်မှာ သူမ၏ အဘိုးကြုံခဲ့သည့် ဘေး ဒုက္ခအဆင့်နီးပါးပင်။
အဘိုးဖြစ်သူ၏ မိုးကြိုးဘေးဒုက္ခသည် ကောင်းကင်၏ ကန့်သတ်ချင်များ ကို ချိုးဖောက်သဖြင့် ကောင်းကင်သည် ၎င်းကိုချေဖျက်ချင်သောကြောင့် မိုးကြိုးဘေးဒုက္ခသည် အလွန်အားကောင်းနေခြင်းဖြစ်သည်။
သို့သော် သူမသည် မတူပေ။ သူမ၏ဝိညာဉ်တွင် ကစဥ့်ကလျားကမ္ဘာ၏ ရောင်ဝါရှိသလို သူမတွင် ကစဥ့်ကလျားမြစ်ရေကို အချိန်တော်ကြာအောင် လက်ခံထားခဲ့သည်။ သူမ အဆင့်တက်သောအခါ ကောင်းကင်မှ မည်သည့် တားဆီးမှုမှမလုပ်ပေ။ ထို့ကြောင့် ထိုမိုးကြိုးဘေးဒုက္ခသည် သာမန်မိုးကြိုး ဘေးဒုက္ခမျှသာဖြစ်သည်။
သို့သော် ဤသာမန်မိုးကြိုးဘေးဒုက္ခဖြစ်သော်လည်း ဤနေရာတွင် စုနေ သည့်လူများလည်း အားကောင်းကြသဖြင့် အဆင့်ကိုပိုမြှင့်တင်လိုက်ခြင်းဖြစ် သည်။
ထိုလူများသည် မိုးကြိုးဘေးဒုက္ခထဲတွင် ပိတ်မိနေသည်ကို ခံစားမိသဖြင့် ပျာယာခတ်သွားကြသည်။
“မိုးကြိုးဘေးဒုက္ခကိုစိတ်ပူမနေနဲ့ ကျားဖြူရဲ့ စာချုပ်သခင်ကို သွားရှာ.. သူ ဒီနေ့မသေရင် ငါတို့သတ်ပေးရမယ်” ငမ်းငမ်းတက်နန်းတော်သခင် အော် လေသည်။
ကျားဖြူ၏စာချုပ်သခင်သာ ယနေ့မသေလျှင် သူတို့၏မိသားစု သေလိမ့် မည်။ သူတို့သည် ဘေးဒုက္ခမှအသက်မရှင်နိုင်သည်မှာ သေချာနေသည်။ သူတို့ သေလျှင်ကိစ္စမရှိပေ။ သို့သော် မိသားစုများကိုတော့ သက်ရောက်မှုအဖြစ်မခံ နိုင်ပေ။
ထို့ကြောင့် လူအများသည် မိုးကြိုးဘေးဒုက္ခကို လျစ်လျူရှုကာ တောင် ထိပ်ဆီသို့ တစ်ယောက်ချင်းစီ ပြေးသွားလေသည်။
“ခရမ်းလေး ခရမ်းလေး သူတို့ကိုတားလိုက်” ရှီမာယူယူသည် ထိုလူများ ကိုတိုက်ခိုက်ရင်း အော်လိုက်သည်။
ခရမ်းလေးသည် လက်ကိုဝှေ့ယမ်းလိုက်ရာ မိုးကြိုးသွားထွက်လာပြီး ရှောင်ဟုသည် မီးတောက်အသွင်ပြောင်းကာ အလျားလိုက် ရှေ့ဆက်သွားကြ သည်။ သို့သော် ခရမ်းလေး၏မိုးကြိုးနှင့် ထိမှန်သည်ဖြစ်စေ ရှောင်ဟု၏ မီးနှင့် ထိသည်ဖြစ်စေ ထိုလူများ အသက်ပေးလိုက်ရလေသည်။
သို့သော် သူတို့သည် လူအလွန်များသဖြင့် တချို့လူများသည် သူတို့ကို ကျော်ဖြတ်ကာ တောင်ထိပ်ဆီသို့ အမြန်ပြေးသွားကြသည်။
“အဲဒီမှာပျံခွင့်မရှိဘူး၊ ကန့်သတ်ချက်ရှိတယ် အဲဒီတော့ ဆင်းသွားလို့မရ ဘူး”
“ဒါဆိုလည်း ခုန်ဆင်းလေ.. ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းရှာပြီး ဆင်းရ မယ်”
ထို့ကြောင့် သူတို့သည် ခုန်ဆင်းရန် နည်းလမ်းများစွာကို စဉ်းစားပြီး တချို့ လူများသည် တိုက်ရိုက်ပင် ခုန်ဆင်းကာ တချို့လူများသည် တစ်ယောက်နှင့် တစ်ယောက်ဆွဲပြီး ခုန်ဆင်းကာ တချို့သည် ကျောပေါ်တွင် ထမ်းပိုးကာ ဆင်း လေသည်။ တချို့လူများသည် သားရဲပျံများခေါ်ထုတ်ပြီး လူတစ်စုသည် အတူ ဆင်းသွားရန် ပြင်ဆင်လေသည်။
သူတို့ ကမ်းပါးအောက်သို့ ဆင်းတော့မည်ကို မြင်သည်နှင့် ရှီမာယူယူ ရုတ်တရက် အော်လိုက်သည် “တိမ်တိုက်ဝိညာဉ်”
တိမ်တိုက်ဝိညာဉ်သည် တိမ်တိုက်များ စုစည်းဆဲဖြစ်သည်။ သို့သော် သူတို့သည် အန္တရာယ်နီးလာပြီဟု ခံစားရသဖြင့် ရှီမာယူယူ မစောင့်နိုင်တော့ သဖြင့် မိုးကြိုးဘေးဒုက္ခကို ပစ်ချခိုင်းသည်။
ပြင်းထန်သော မိုးကြိုးဘေးဒုက္ခသည် ကောင်းကင်ပေါ်မှကျလာပြီး ချောက်ကမ်းပါးစွန်းတွင် ပျံသန်းနေသော သားရဲတစ်ကောင်ဆီသို့ ရောက်ကာ သားရဲပျံနှင့် ကျောပေါ်မှလူကို ထိမှန်သွားလေသည်။
မိုးကြိုးဘေးဒုက္ခစတင်သည်နှင့် ရှီမာယူယူသည် သူမ၏သားရဲများကို ဝိညာဉ်စေတီအတွင်း ပြန်ထည့်လိုက်သည်။ သူမ ကမ်းပါးအစွန်းသို့ ရောက်ချိန် တွင် မျက်စိမှိတ်ပြီး ခုန်ဆင်းလိုက်သည်။ သူမတွင် သန်မာသောခန္ဓာကိုယ်ရှိကာ ခုန်ချလိုက်လျှင်လည်း ကျ၍မသေနိုင်ပေ။ ပြီးနောက် အောက်တွင် သူမကို ကြို မည့် ဟိန်းသံလေးရှိသည်။
ရှီမာယူယူ ဆင်းလာသည်ကို ဟိန်းသံလေးမြင်သောအခါ ချက်ချင်းပင် သူမအားနူးညံ့သော အင်အားဖြင့် ထောက်ပံ့လိုက်ရာ သူမ ဘေးကင်းစွာဖြင့် ဆင်းသက်လေသည်။
“ယူယူ ငါ အဲဒီကိုဝင်လို့မရဘူး” ဟိန်းသံလေးသည် ဂူကိုညွှန်ပြကာ ပြော လေသည်။
“မင်းတောင်ဝင်မရရင် ငါ ဒီမှာပဲနေတော့မယ်.. မင်းအရင်သွားနှင့်” သူမ သည် ဟိန်းသံလေးကို ဝိညာဉ်စေတီအတွင်းသို့ ပြန်ထည့်ကာ ဂူအပြင်ဘက် တွင် ရပ်နေသည်။ တစ်ယောက်ယောက် ဆင်းလာသည်ကိုမြင်သည်နှင့် သူမ တိုက်ခိုက်လိမ့်မည်။
ထိုအခါ တောင်ထိပ်လမ်းသည် အလုပ်မဖြစ်သည်ကို သိသည်နှင့် တချို့ လူများသည် တောင်အနောက်မှပတ်လာကြသည်။ ထို့ကြောင့် သူတို့သည် ထို လမ်းမှသာလာကြလေသည်။
ရှီမာယူယူသည် လက်ရှိ မိုးကြိုးဘေးဒုက္ခ စွမ်းအားကို အမှန်တကယ် ဂရုစိုက်ထားသည်။ သူမသည် ထိုလူများကို ရှင်းရန်ကို အာရုံစိုက်ထားသည်။ တခြား တစ်ဖက်မှ လူအများတက်လာသည်။ ကံကောင်းစွာပင် မိုးကြိုးဘေး ဒုက္ခ၏ အကူအညီနှင့် ထိုလူများ ဂူနားသို့ကပ်လာသည်ကို တားနိုင်လိုက်သည်။
အပြင်ဘက်မှတိုက်ပွဲသည် တဟုန်ထိုးပြင်းထန်နေသော်လည်း ဂူထဲကို ထိခိုက်မှုမရှိစေပေ။ ထိုလိုဏ်ဂူသည် အလွန်မနက်ပေ။ မို့ယီရှန်း ခဏကြာ လျှောက်ပြီးနောက် ဂူအတွင်းထဲသို့ ရောက်လေသည်။ ဂူထဲမှ ကောက်ရိုးပေါ် တွင် ကြောင်ဖြူတစ်ကောင်ရှိနေကာ အိပ်နေပုံပေါ်သည်။
မို့ယီရှန်းသည် မကြောက်တော့ပေ။ သူလျှောက်သွားပြီး ကျားဖြူ၏ ခေါင်းကိုထိပြီး ပြောလိုက်သည် “မင်းက ကျားဖြူလား ငါ့ကိုခေါ်တာမင်းလား”
ကျားဖြူသည် မျက်ခွံများ အသာဖွင့်ဟလာသည်။ မို့ယီရှန်း၏ ဖြူစင်သော မျက်လုံးများကိုမြင်သောအခါ သူ့ကိုနှုာရှုတ်ပြလေသည်။
“ဟင် မင်းက ကျားဖြူမဟုတ်ဘူးလား.. ကျားဖြူက အရမ်းအားကောင်း တယ်လို့ဆရာပြောတယ် ဒါပေမဲ့ မင်းက ကြောင်လေးနဲ့တူနေတယ်” မို့ယီရှန်း သည် ကျားဖြူကို သံသယဖြင့် ချီလိုက်ကာ အလေးအနက်ကြည့်လေသည်။
ကျားဖြူသည် သူ၏တုံးအအ အသွင်အပြင်ကိုဂရုမစိုက်ဘဲ ခေါင်းလှည့် ကာ သူ၏လက်ချောင်းကို ကိုက်လိုက်သည်။
မို့ယီရှန်းသည် လက်ချောင်းမှ နာကျင်မှုကိုခံစားလိုက်ရသည်။ မူလက လက်ထဲတွင်ရှိနေသည့် ကျားဖြူကို မသိစိတ်မှ မြေပေါ်သို့ ပစ်ချလိုက်သည်။
ကျားဖြူသည် မြေပေါ်မှထကာ မို့ယီရှန်း၏ သွေးစွန်းနေသည့် သူ့လက် များကို လျှာဖြင့်လျက်နေသည်။ သူ့အမွေးပေါ်မှ သွေးများ ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်သွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ ချုပ်နှောင်ထားသည့် တွန်းအားများ လွင့်စင်သွားသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ် သလို ခံစားလိုက်ရသည်။
“ဝေါင်း”
သူ ကောင်းကင်ပေါ်သို့ မျှော်ပြီး မာန်ဟိန်းလိုက်ရာ ဘေးပတ်ပတ်လည် တွင် ဟိန်းသံများဖြင့် မြည်ဟိန်းသွားသည်။ မို့ယီရှန်းသည် အနီးတွင်ရှိနေရာ ထိုထိတ်လန့်မှုသည် သူ့ကိုမူးဝေသွားစေကာ သူ မည်သည့်နေရာတွင်ရောက် နေသည်၊ ခဏနေလျှင် မည်သို့လုပ်ရမည်ကို မမှတ်မိတော့ပေ။ ထို့ကြောင့် ကျားဖြူနှင့် သူ မည်သို့စာချုပ်တည်ထောင်ရမည်ကို မသိတော့ပေ။ ကျားဖြူနှင့် သူ့အကြားမှ ဆက်သွယ်မှုကို အာရုံခံပြီးနောက် သူတို့သည် စာချုပ်တည်ထောင် ထားပြီးသားဖြစ်နေသည်ကို သိလိုက်ရသည်။
စာချုပ်၏စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် ပျံ့လွင့်သွားကာ သူ၏ခန္ဓာ ကိုယ်အနှံ့မှာ နာကျင်မှုခံစားရလေသည်။ အကြောင်းအရင်းမှာ စာချုပ်ကြောင့် မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ထဲတွင် ဖုံးဝှက်ထားသော တစ်စုံတစ်ရာသည် ပေါက်ကွဲ တော့မည့်အတိုင်းခံစားရခြင်းကြောင့်ပင်။
“အာ….”
နာကျင်စွာအော်သောအသံတစ်သံသည် ဂူထဲမှထွက်လာပြီးနောက် ဟိန်းသံထွက်လာကာ ပြေးနေသည့်အသံပါ လိုက်ပါလာသည်။ ရှီမာယူယူ နောက်ပြန်လှည့်ကြည့်ရာ အဖြူရောင်ဝိညာဉ်သားရဲတစ်ကောင်သည် လူတစ် ယောက်ကို သယ်ပြီး ဂူထဲမှပြေးထွက်လာသည်။
“ယီရှန်း” သူမ အော်လိုက်သည်။ သို့သော် မို့ယီရှန်းသည် သတိပြန်လည် မလာဘဲ သူမ၏အသံကိုလည်းမကြားသလို သူမကိုလည်း သတိမထားမိပေ။
“ဝေါင်း” ကျားဖြူသည် ဂူဝင်ပေါက်တွင်ရပ်ပြီး လာနေသောလူများကို မာန်ဟိန်းလိုက်သည်။ သူ့အသံထဲမှစွမ်းအားသည် ထိုလူများကို ကန်းသွားစေ သည်။ ပြီးနောက် သူသည် မို့ယီရှန်းနှင့်အတူ လေထဲသို့ ပျံသွားလေသည်။
“ဘုန်း”
မိုးကြိုးသွားတစ်ချက်သည် မို့ယီရှန်းကို ပစ်လိုက်ရာ ရှီမာယူယူသည် လေအေးများကို စုပ်ယူသွင်းမိသည်။
ဒီခပ်ပျော့ပျော့ခန္ဓာကိုယ်လေးက ဘယ်လိုလုပ် ဒီလိုဘေးဒုက္ခကို ခံနိုင် ရည်ရှိမှာလဲ။
ကျားဖြူအသက်ရှင်နေသေးသည်ကို တွေ့သောအခါ သူမ စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ မို့ယီရှန်း အသက်ရှင် သေးသည်။
“ဘုန်း”
နောက်ထပ်မိုးကြိုးသွားတစ်ချက်သည် မို့ယီရှန်းကို ပစ်ချလိုက်သည်။ လက်ရှိ ကျားဖြူပေါ်တွင် လဲလျောင်းနေသော မို့ယီရှန်းသည် ရုတ်တရက် ထရပ်လိုက်ကာ သူ့ဘေးပတ်ပတ်လည်တွင် ခရမ်းရောင်မီးတောက်များ ဝန်းရံ တော့သည်။
“ဒါက… ဝိညာဉ်မီးတောက်တွေလား” ရှီမာယူယူသည် မို့ယီရှန်း၏ ခန္ဓာ ကိုယ်မှ မီးတောက်များကို တအံ့တဩကြည့်လေသည်။ နောက်တစ်ယာက် သူ့ကိုတိုက်ခိုက်တော့မည်ကို ကြည့်ပြီးနောက် သူမ ချက်ချင်းပင် ဝိညာဉ်စွမ်း အားစုစည်းကာ ထိုလူများကို တိုက်ခိုက်လေသည်။
လေပေါ်တွင်ရပ်ပြီး မို့ယီရှန်းသည် မျက်လုံးများကိုပိတ်ထားပြီး သူ့လက် များသည် သဘာဝကျကျပင် ပြန်ကျသွားကာ သူသည် အိပ်မောကျသွားလေ သည်။
ခရမ်းရောင်မီးတောက်သည် သူ၏ဖြူစင်သောရောင်ဝါကို ဖမ်းစားထား ပြီး တစ်ကိုယ်လုံးပြောင်းလဲသွားလေသည်။
“ယီရှန်း…” သူမသည် ငေးငိုင်စွာဖြင့် ခေါ်လိုက်သည်။
မို့ယီရှန်းသည် မျက်လုံးများပွင့်လာသည်။ သို့သော် ထိုမျက်လုံးများသည် အရင်ကကဲ့သို့ ကြည်လင်ခြင်းမရှိတော့ဘဲ ခမ်းနားထည်ဝါပြီး.. လွှမ်းမိုးနိုင် သည့် ဆွဲဆောင်မှုမျိုးထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ တောက်လောင်နေသည့် ဝိညာဉ်မီးတောက်သည် ကာကွယ်ရေးစက်ဝိုင်းပုံစံအသွင်ပြောင်းပြီး မိုးကြိုး ဘေးဒုက္ခကို ခုခံလေသည်။
မို့ယီရှန်းသည် ရှီမာယူယူကို ပြုံးပြပြီး တိုးညင်းစွာခေါ်လိုက်သည် “ဆရာ”