← Chapters

ဆရာအားစနောက်ခြင်း

Vol. 164 Ch. 2293

ဆရာအားစနောက်ခြင်း

Vol. 164 Ch. 2293

“ဆရာ ကျွန်တော်မှတ်မိ…” မို့ယီရှန်းသည် ခန္ဓာကိုယ်မှ မီးတောက်များ ကို ဖယ်ရှားပြီး ရှီမာယူယူဘေးသို့ပျံလာကာ သူမဆီသို့ လက်ဆန့်ထုတ်ပြီး ပြုံး ရင်းနှင့် ပြောလေသည် “ဆရာ ကျွန်တော့်အတွက် တပည့်ဖြစ်လက်ဆောင်က ဘယ်မှာလဲ”

ရှီမာယူယူ “….”

သူမသည် သူ့လက်ကိုပုတ်ချပြီးပြောလေသည် “အခုကဘယ်အချိန်လဲ အလုပ်ရင်လုပ်ရအောင်”

ဤနေရာတွင် ရန်သူများစွာရှိနေပြီး တို့၏ခေါင်းပေါ်တွင်လည်း မိုးကြိုး ဘေးဒုက္ခရှိနေသည်။ ဒီကောင်လေးက သူမကို ဒီအကြောင်းလာပြောနိုင်သေး တယ်။

မို့ယီရှန်းသည် လက်ကိုပြန်ရုတ်လိုက်သည်။ သို့သော် စိတ်တော့မဆိုးပေ။ သူသည် နှုတ်ခမ်းတွန့်ပြီးပြောလိုက်သည် “ဆရာ ဆရာကိုယ်တိုင်ပြောတာနော် ကျွန်တော် ပုံမှန်အတိုင်းပြန်ဖြစ်သွားရင် လက်ဆောင်ပေးမယ်ဆိုပြီးတော့”

“အဲတုန်းက မင်းစိတ်က ပုံမှန်မဟုတ်ဘူးမလား အဲဒါတွေအကုန်လုံးကို မှတ်မိတယ်ပေါ့”

“ကျွန်တော်က မှတ်ဉာဏ်ပျောက်သွားတာမှမဟုတ်တာ ဆရာပြောခဲ့တာ အကုန်မှတ်မိတယ်” မို့ယီရှန်းသည် အရင်ကလိုပြုံးလိုက်သော်လည်း တုံးအပုံ မပေါ်တော့ပေ။

“ဒီဘေးဒုက္ခကြီးပြီးမှ ပြောကြတာပေါ့.. မင်း ကျားဖြူဘေးမှာနေနေလိုက်” ရှီမာယူယူသည် သူ့ကိုကာကွယ်ရန် ကာကွယ်ရေးစက်ဝိုင်းစီမံလိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအားဖြင့် အနားကပ်လာသူကို တိုက်ခိုက်လေသည်။

မို့ယီရှန်းသည် ကာကွယ်ရေးစက်ဝိုင်းကိုကြည့်ပြီး တိတ်တိတ်လေး ရယ် နေမိသည်။ ဆရာက သူ့ကို အရင်ကယီရှန်းလိုမျိုးများ ထင်နေသေးတာလား မသိဘူး။

“ငါ့ဘဝနှစ်ခုမှာ ဒီလိုမျိုးဆက်ဆံခံရတာ ပထမဆုံးအကြိမ်ပဲ တကယ်ကို ထူးခြားတာပဲ” သူသည် ပြုံးပြီး ခေါင်းခါလိုက်သည် “ကံမကောင်းလို့ အခုက အချိန်မကောင်းသေးလို့ မဟုတ်ရင် ငါ ဆရာ့ကို တကယ်စတယ်.. အင်း ဆရာ့ ကို ဒီအတိုင်းကြည့်ပါမယ်ဆိုမှ သူမက ငါ့ကိုမျက်ခုံးလာပင့်ပြနေတယ်”

သူသည် ခြေတစ်လှမ်းရှေ့တိုးပြီး ရှီမာယူယူ၏ကာကွယ်ရေးစက်ဝိုင်းကို ထိကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်မီးတောက်သည် သူ့ ခန္ဓာကိုယ်တွင် တောက်လောင်လာပြီး ထိုမီးတောက်များသည် မိုးကြိုးဘေး ဒုက္ခကို ကာလေသည်။

မိုးကြိုးဘေးဒုက္ခတစ်ခုသည် မိုးကြိုးအပစ်ခံနေကျဖြစ်သည်နှင့်အတူ ခရမ်းလေး၏ကာကွယ်မှုကိုပါ ထည့်ပေါင်းလိုက်သောအခါ သူမအပေါ် သက်ရောက်မှုမရှိလှပေ။ ထို့ကြောင့် နောက်မြင်ကွင်းဖြစ်ပေါ်လာတော့သည်.. လူနှစ်ယောက်သည် မိုးကြိုးဘေးဒုက္ခ၏ ကာကွယ်မှုအောက်တွင် ထိန်းမနိုင် သိမ်းမနိုင်ဖြင့် လုပ်ကြံရန်လာသူများကို တူးခြစ်သွားအောင် လောင်ကျွမ်းစေ တော့သည်။

မိုးကြိုးဘေးဒုက္ခကို အပြည့်အဝအသုံးချပြီးသည်နှင့် ရှီမာယူယူ ရပ်လိုက် သည်။ သူမသည် သားရဲများကိုခေါ်ထုတ်ပြီး ထိုနေရာအားရှင်းလင်းလိုက်သည်။ မသေသေးသောလူများကို အနာဂတ်တွင် ပြဿနာဖြစ်မလာစေရန်အတွက် လက်စသတ်သည်။

သူမနှင့် မို့ယီရှန်းတိုသည် ဂူဆီသို့ပြန်လာကာ တွေ့သည့်နေရာတွင် ထိုင် လိုက်ကြသည်။

“မင်း အဲလောက် အားကောင်းလိမ့်မယ်လို့ တကယ်ထင်မထားဘူးပဲ” ရှီမာယူယူသည် မို့ယီရှန်းကိုကြည့်ပြီးပြောလိုက်သည် “မင်းက ဘာဖြစ်သွားတာ လဲ ဘေးဒုက္ခကျော်လွန်သူလား.. မင်းက ပြန်ဝင်စားတာမဟုတ်ဘူးလား မင်း ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလုပ် အဲလိုအားကောင်းတဲ့ စွမ်းအားရှိနေတာလဲ”

“ဒါက ကျွန်တော့်ရဲ့မူလခန္ဓာကိုယ်ပဲ” မို့ယီရှန်း ပြောလိုက်သည် “ကျွန်တော်က ဘေးဒုက္ခကနေ ရှင်သန်ခဲ့တယ်.. အင်း.. ခန္ဓာကိုယ်က သေးသွား ပြီးတော့ မို့တိုင်းပြည်ရဲ့နန်းတော်ထဲမှာပေါ်လာခဲ့တယ်.. တကယ့်မို့ယီရှန်းက သေသွားပြီ.. သူမရဲ့အကူအညီမပျောက်အောင်လို့ ကြင်ယာတော်မိဖုရားက သေသွားတဲ့မင်းသားကို တိတ်တိတ်လေး မြှုပ်ခိုင်းပြီး ကျွန်တော့်ကို မင်းသား ၇ ဖြစ်အောင်လုပ်ခဲ့တာပဲ”

“အဲတော့ မင်းခန္ဓာကိုယ်က ၁၆၊ ၁၇ အရွယ်မဟုတ်တော့ဘူးပေါ့” ရှီမာယူ ယူသည် သူ့ကိုကြည့်ပြီး သက်ပြင်းမချဘဲမနေနိုင်ပေ။

“ဆရာက ဘာလို့သက်ပြင်းချတာလဲ”

“ငါကတော့ လတ်လတ်ဆတ်ဆတ် အသားလေးထင်နေတာ ဒါပေမဲ့ အခု တော့ အသားခြောက်အိုကြီးဖြစ်နေတာပဲ” ရှီမာယူယူသည် တည်တည်တံ့တံ့ နှင့်ပင် ခေါင်းခါလေသည်။

မို့ယီရှန်း၏ နှုတ်ခမ်းထောင့်သည် တွန့်တက်သွားသည်။ သူသည် ပြေပြစ် ပြီး တက်ကြွမှုအပြည့်ရှိသည်။ ဘယ်နေရာက‌ အသားခြောက်အိုကြီးနဲ့တူလို့လဲ။

“ဒါဆို မင်းရဲ့ တကယ့်သရုပ်မှန်ကဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ကျွန်တော်က ဆရာတို့နယ်မြေကမဟုတ်ဘူး” မို့ယီရှန်းသည် အံ့အား သင့်စွာဖြင့်ပြောလေသည်။

“ငါတို့နယ်မြေကမဟုတ်ဘူးလား”

“ဟုတ်တယ်” မို့ယီရှန်း ခေါင်းညိတ်လေသည် “ကျွန်တော်က ကျွန်တော် တို့နေရာမှာ ဆေးဧကရာဇ်ဖြစ်ခဲ့တာ.. ဘယ်လိုဖြစ်သွားလို့ ဘေးဒုက္ခကျော်လွန် သူဖြစ်သွားလဲဆိုတာတော့ မသိဘူး.. အခု ဒီနေရာမှာ ကျားဖြူရဲ့ စာချုပ်သခင် ဖြစ်လာတာပဲ”

“မင်းက ဆေးဧကရာဇ်လား အဲဒါကြောင့် အဂ္ဂိရတ်ပညာကို အရမ်းစိတ် ဝင်စားတာကိုး” ရှီမာယူယူ ပြောလိုက်သည် “တစ်နေ့ ဆေးဧကရာဇ်ရဲ့ ဆရာ ဖြစ်လာလိမ့်မယ်လို့ လုံးဝကိုတွေးမထားမိဘူးကိုး”

“ဆရာ ဆရာ့ရဲ့အဂ္ဂိရတ်အရည်အချင်းက အရမ်းကောင်းတာပဲ.. ဆွေးနွေး ဖို့ အခွင့်အရေးရှိလာရင် အဂ္ဂိရတ်ပညာကို ကောင်းကောင်းသင်ပေးပါ.. အရင်လို မျိုး အရူးလုပ်လို့မရတော့ဘူး” မို့ယီရှန်း ပြောလိုက်သည်။

“မင်းက မင်းရဲ့သရုပ်မှန်နဲ့ အားကိုပြန်ရနေတာကို ငါ့ကိုဆရာဖြစ်စေချင် သေးတာလား” ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။

“ဆရာက ကျွန်တော့်ဆရာဖြစ်ခဲ့တာ ၁ နှစ်ကျော်ပြီ ဘာမှမသင်ရသေးဘူး” မို့ယီရှန်း ပြောလိုက်သည်။

“ကိစ္စတွေပြီးသွားရင် ပြန်မှာလား”

“အဲအကြောင်းကို နောက်မှပြောတာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ စိတ်ပူစရာ ဘာမှမရှိဘူး.. ပြန်ချင်တဲ့အချိန်ပြန်လို့ရတယ်” မို့ယီရှန်းသည် လွတ်လွတ်လပ်လပ်ပင် ပြောလိုက်သည် “အဲအချိန်ကျရင် ဆရာ့နေရာကို လိုက် ပြဦးလေ”

“ဟုတ်ပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါနဲ့ မင်းက စိတ်ပြန်ကောင်း လာပြီဆိုတော့ ထွက်မသွားခင် ဘာလို့ပြန်သွားမကြည့်တာလဲ”

မို့ယီရှန်းသည် ခေတ္တမျှတွေဝေသွားကာ ပြောလိုက်သည် “အင်း ပြန်ပြီး အစ်ကိုတော် ၆ ကိုသွားတွေ့လိုက်ဦးမယ်”

တခြားလူများ မည်သို့ပင်ဖြစ်စေကာမူ သူ့ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်ပေးသည့် အစ်ကိုတော်ကို ကျေးဇူးတင်နေတုန်းပင်။

ထိုအချိန်တွင် ဂူဝင်ပေါက်၌ အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာပြီး ကျားဖြူ သည် လူသားအသွင်ပြောင်းလေသည်။

“မင်းက အံ့ဖွယ်ဟင်္သပဒါးငှက်ရဲ့ စာချုပ်သခင်ပဲ” ကျားဖြူသည် ရှီမာယူ ယူကိုကြည့်ကာ သူမကို အကဲခတ်ကာ ချီးကျူးလေသည် “မင်းကတော်တော် တော်တာပဲ”

“ကျားဖြူ မင်းဘယ်လိုနေလဲ” ရှီမာယူယူ မတ်တတ်ရပ်ကာ သူ့ကိုကြည့် လိုက်သည်။

ပြီးခဲ့သည့်တိုက်ပွဲတွင် အကြိမ်ပေါင်းများစွာ မိုးကြိုးအပစ်ခံခဲ့ရသည်ကို သူမ မြင်ခဲ့သည်။ သူ့ခန္ဓာကိုယ် ခံနိုင်ရည်ရှိမရှိကို မသိပေ။

“ဒဏ်ရာနည်းနည်းရပေမဲ့ ရပါတယ်” ကျားဖြူ ပြောလိုက်သည် “ပြီးတော့ ငါ့နာမည်က ဧကရာဇ်ဖြူပဲ”

“အိုး” ဧကရာဇ်ဖြူ.. ဒီနာမည်က တော်တော်လွှမ်းမိုးနိုင်တာပဲ “မင်းက မိုးကြိုးဘေးဒုက္ခကို တမင်အထိခံတာမလား”

“ဟုတ်တယ် ငါ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်ချိပ်စည်းတစ်ခုရှိတယ်.. အဲဒါက စာချုပ်သခင်ရဲ့သွေးအပေါ် တစ်ပိုင်းမူတည်နေပြီး တစ်ပိုင်းက မိုးကြိုး ဘေးဒုက္ခပေါ်မူတည်နေတာ” ဧကရာဇ်ဖြူ ရှင်းပြလိုက်သည် “ချိပ်စည်းကို မဖျက်ရင် ဘာမှမလုပ်နိုင်ဘူး”

“မင်းကို ကောင်းကင်တာအိုက ချိပ်စည်းပိတ်ထားတာလား.. အဲဒါကြောင့် လိပ်မည်းရဲ့အခွံနဲ့ အာရုံခံတာတောင် မင်းဘယ်မှာရှိလဲဆိုတာ မသိတာကိုး” ရှီမာယူယူသိထားသဖြင့် အဓိပ္ပာယ်ရှိသည်ဟုထင်သည်။

ကောင်းကင်တာအိုက ဘာကြောင့် ချိပ်စည်းခတ်ထားသည်ကို သူမ မေးချင်နေသော်လည်း တစ်ဦးနှင့်တစ်ဦး မရင်းနှီးသေးသဖြင့် အလောတကြီး မေးသည်မှာ မကောင်းလှပေ။

သူတို့ ဂူထဲတွင်ခေတ္တမျှနားပြီးနောက် ကျန်လူများရောက်လာသည်။ အားလုံးသည် ဒဏ်ရာအနည်းအကျဉ်းရထားသော်လည်း အသက်ရှိနေတုန်းပင် ဖြစ်သည်။

“အမလေး ကမ်းပါးအောက်တစ်ခုလုံးမှာ အလောင်းတွေပြည့်နေတာပဲ.. မင်းတို့တွေက ဘယ်လိုလုပ် ဒီမှာထိုင်ပြီးစကားပြောနိုင်သေးတာလဲ” လိပ်မည်း သည် ဝင်လာပြီးနောက် စောဒကတက်လေသည်။ ကျားဖြူကိုမြင်သောအခါ သူ သွားပြီးဖက်ကာ ပခုံးကိုခပ်ကြမ်းကြမ်းပုတ်ပြီး အော်လေသည် “အင်း မင်း ဧကရာဇ်ဖြူ မင်းကိုရှာဖို့ ငါတို့ဘယ်လောက်တောင် ခက်ခဲခဲ့လဲသိရဲ့လား ငါ့ရဲ့ ဘဝလေး ဆုံးသွားတော့မလို့”

“ငါလည်း ဒီလိုမဖြစ်စေချင်ပါဘူး” ဧကရာဇ်ဖြူသည် အကူအညီမဲ့သွား သည် “ဒါပေမဲ့ ကောင်းကင်ချိပ်စည်းကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ကြာတဲ့အထိ အသက်ရှင်နိုင်မှာလဲ”

“ငါ ဂမ္ဘီရပညာသင်ထားတာလည်း ကောင်းသွားတာ၊ မဟုတ်ရင် မင်းကို ရှာတွေ့ပါ့မလားဆိုတာ မသိဘူး” ဖူရှီသည် ဧကရာဇ်ဖြူသည် စိုက်ကြည့်ကာ သူ၏ အသံသည် လျစ်လျူရှုထားကာ ဧကရာဇ်ဖြူကို မကျေမနပ်ဖြစ်နေသည် မှာ ထင်ရှားနေသည်။

“ထွက်ပြီး ဒီကအလောင်းတွေကို ရှင်းကြတာပေါ့.. အပြင်မှာ အလောင်း တွေပုံနေတာကို တခြားလူတွေမြင်သွားရင် မကောင်းဘူး” ကြက်သွေးရောင် မီးတောက်ပြောလေသည်။

“ဟုတ်တယ်.. ငါတို့လေးယောက်က မတွေ့တာကြာပြီဆိုတော့ အခု ဘယ်သူကပိုသာနေလဲဆိုတာ ကြည့်ကြတာပေါ့” လိပ်မည်း သဘောတူလေ သည်။

ထို့ကြောင့် အံ့ဖွယ်သားရဲလေးကောင် ထွက်သွားရာ ဂူထဲမှ စာချုပ်သခင် သုံးယောက်သည် မျက်လုံးအပြူးသားဖြင့် ကျန်ခဲ့လေသည်။

All Chapters