မြန်မြန် သူ့ကိုသတ်လိုက်
Vol. 164 Ch. 2294
ပိုင်ရှောင်ဖေးသည် မို့ယီရှန်းကိုကြည့်ပြီး သူ့အငွေ့အသက်သည် အရင်နှင့် လုံးဝကွာခြားသွားသည်ကိုမြင်သောအခါ ပြောလိုက်သည် “ဒီစာချုပ်က သူ့ကို ရင့်ကျက်သွားအောင်လုပ်လိုက်တာလား”
“သူ ရင့်ကျက်သွားတာမဟုတ်ဘူး အရင်သရုပ်မှန်ကို ပြန်ရသွားတာ” ရှီမာယူယူသည် မို့ယီရှန်း၏ ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြသည်။
ပိုင်ရှောင်ဖေးသည် ထိုအကြောင်းအားကြားပြီးနောက် အံ့အားသင့်နေ သည်။ ရှီမာယူယူသည် ဝမ်ရှီနှင့် ပိုင်ယီယန်ကို ဝိညာဉ်စေတီထဲမှ ထုတ်လိုက် သည်။ ဝမ်ရှီသည် ပိုင်ရှောင်ဖေး၏ဘေးသို့ အပြေးသွားပြီး စိုးရိမ်တကြီးမေး လေသည် “ဘယ်လိုနေလဲ အဆင်ပြေရဲ့လား အဲလူတွေရောဘယ်မှာလဲ”
“စိတ်မပူနဲ့ ရှီအာ တိုက်ပွဲပြီးသွားပြီ” ပိုင်ရှောင်ဖေးသည် သူမ၏လက်ကို ယူကာ ပြောလေသည် “ကိုယ်တို့အားလုံး အဆင်ပြေတယ် စိတ်မပူနဲ့”
“ဖက်ပေး” ပိုင်ယီယန်သည် မို့ယီရှန်းဆီသို့ပြေးသွားကာ သူမ၏ လက် ကလေးများကို သူ့ဆီသို့ ဖွင့်ပေးလေသည်။
အရင်မို့ယီရှန်း၏အသံသည် စက္ကူတစ်စကဲ့သို့ ကြည်လင်သန့်ရှင်းကာ ပိုင်ယီယန်အပေါ်လည်း အလွန်ကောင်းပေးသည်။ ထို့ကြောင့် သူမ၏ မိဘများ ဘေးမှလူများထဲတွင် ပိုင်ယီယန်သည် သူ့ကို အချစ်ဆုံးဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် သူသည် ပိုင်ယီယန်နှင့် အရင်းနှီးဆုံးဖြစ်ကာ သူမနှင့် မကြာ မကြာကစားခဲ့သည်။
ပိုင်ယီယန်သည် အစောက အဖြစ်များကို မသိပေ။ ထိုသို့အန္တရာယ်ကို ငယ်ရွယ်သောအရွယ်၌ နားလည်မည်မဟုတ်ပေ။ အစောကနေရာနှင့် ယခု နေရာ တူသည်မတူသည်ကိုပင် သူမ မသိပေ။
သူမ၏ ကမ္ဘာငယ်လေးထဲတွင် အရင်ကနှင့် ကွာခြားမှုမရှိပေ။ ထို့ကြောင့် မို့ယီရှန်းသည် အရင်ကနှင့်ကွဲပြားသွားသည်ဟု မခံစားရသဖြင့် သူ့ဆီသို့ပြေး လာပြီး ဖက်လေသည်။
မို့ယီရှန်းသည် ပြုံးပြီးနောက် ပိုင်ယီယန်ကို သူ၏ရှည်လျားသောလက် များဖြင့် ကောက်ယူချီလိုက်ပြီး အရင်ကလိုပင် သူမ၏နှာခေါင်းများကို ဆိတ် ကာ စနောက်နေလေသည်။
သူ အတန်ကြာစနောက်ပြီးနောက် ပိုင်ယီယန်ကို ဝမ်ရှီဆီသို့ ပြန်ပို့ပေး ကာ သူသည် ရှီမာယူယူဘေးသို့လာပြီး သူမကိုပြုံးပြီးကြည့်လေသည်။
“ဘာလဲ” ရှီမာယူယူသည် ပြန်နလန်ထူပြီးကာ ဒဏ်ရာများကို ကုသပြီး ဖြစ်သည်။ သူ ထိုသို့စိုက်ကြည့်သောအခါ သူမ မခံနိုင်တော့ပေ။
“ဆရာ တပည့်ဖြစ်လက်ဆောင်ပေးမယ်လို့ အရင်ကပြောဖူးတယ်လေ.. ခုနကကျ အလုပ်ကအရေးကြီးတယ်လို့ပြောပြန်ရော.. အခု ကိစ္စတွေအကုန် ပြီး သွားပြီ တပည့်ဖြစ်လက်ဆောင်ပေးသင့်တယ်မဟုတ်ဘူးလား” မို့ယီရှန်းသည် အသံနက်နက်ဖြင့် ပြောလေသည်။
“မင်းက လေးမြတ်တဲ့ ဆေးဧကရာဇ်ပဲ မင်းနေရာမှာဆိုရင် တစ်ဖက်သား ကို လွှမ်းမိုးနိုင်တဲ့လူပဲလေ.. ငါ့ဆီက တပည့်ဖြစ်လက်ဆောင်လေးကို ဘာလို့ တွေးနေသေးလဲ” ရှီမာယူယူသည် ဆွံ့အနေသည်။ ထိုရင်းနှီးနေသော မျက်နှာ သည် အရင်ကကဲ့သို့ တုံးအမနေတော့ပေ။ သူမသည် သူ့အတွက် ပျော်မိသည်။ သို့သော် အရင်က တုံးအသည့်သူ့ကိုလည်း လွမ်းသည်။
သူမသည် မှော်ဝင်လက်စွပ်ယူကာ သူ့ဆီသို့ပစ်ပေးပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် “ဒါမင်းကိုပေးလိုက်မယ် ငါ နလန်ထူတာကို လာမနှောင့်ယှက် နဲ့.. အကုန်လုံး မင်းကြောင့်ပဲ အဲတော့ ငါ့ကိုတိတ်တိတ်လေး နေခွင့်ပေး”
မို့ယီရှန်းသည် မှော်ဝင်လက်စွပ်ထဲသို့ အာရုံခံကြည့်လိုက်ရာ အထဲတွင် ရတနာအပုံလိုက်ရှိနေသည်ကိုမြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “ဆရာ ဒဏ်ရာတွေကို ဂရုစိုက်ပါ ဒီတပည့်လေးက အခုတိတ်တိတ်နေပါတော့မယ် ဆရာ့ကိုမနှောင့်ယှက်တော့ဘူးနော်”
သူသည် မှော်ဝင်လက်စွပ်ကိုသိမ်းပြီး အထဲတွင် ရှိနေသည့်အရာများကို အသေးစိတ်ဂရုစိုက်မနေတော့ပေ။ သူ အပူတပြင်းဖြစ်နေသည်မှာ သူမနှင့် ကြားမှ ဆက်ဆံရေးဖြစ်ပြီး သူမ၏လက်ဆောင်ကြောင့်မဟုတ်ပေ။
သူမ၏ဝိညာဉ်စွမ်းအား ပြန်ကောင်းလုနီးပါးဖြစ်ချိန်တွင် အံ့ဖွယ်သားရဲ လေးပါးပြန်လာသည်။ ဆိုလိုသည်မှာ တောင်နှင့်တောင်ကြားမှ အလောင်းများ ကို သူတို့ရှင်းလင်းလိုက်ပြီဖြစ်သည်။
ယခုအခါ အားလုံးအတူတကွရှိနေပြီဖြစ်သည်။
“အံ့ဖွယ်သားရဲလေးပါးက သူတို့နေရာသူတို့ ပြန်ရောက်သွားကြပြီ ဘေးသင့်သားရဲကြီးလေးကောင်တို့နဲ့ စာရင်းသွားရှင်းတာပေါ့” ဖူရှီ ပြောလိုက် သည်။
“လက်စားချေမယ့် အချိန်ရောက်ပြီ” လိပ်မည်းသည် သူသာ လက်စား မချေလျှင် အသက်ကြီးသွားတော့မည့်အတိုင်း သူ၏လိပ်ခွံကို ခေါက်၏။
“စိတ်မပူနဲ့ အကုန်လုံး ဒဏ်ရာရထားကြတာ အဲတော့ မပြန်ခင် ပြန် ကုစားထားတာ ပိုကောင်းမယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက်၏။
သူတို့လေးယောက် ပြန်သွားကြသည်။ နတ်ဘုံတွင် သူတို့ပေါ်လာသည် နှင့် ဘေးသင့်သားရဲလေးကောင်သည် သူတို့၏ရောင်ဝါကိုအာရုံခံမိကာ သူတို့ ကို သတ်ရန် ကနဦးအခိုက်အတန့်၌ပင် ရောက်လာကြသည်။ သူတို့သာ ဒဏ်ရာ များနှင့်ပြန်သွားလိုက်လျှင် သေဆုံးခြင်းနှင့်ရင်ဆိုင်ရနိုင်သည်။
“ဒါဆိုလည်း ဒီမှာဒဏ်ရာတွေကို ပြန်ကုစားလိုက်ဦး ငါ အရင်ပြန်နှင့် တော့မယ်” မို့ယီရှန်း ပြောလိုက်သည်။
“ဒါဆိုလည်း ပြန်နလန်ထူဖို့ ခြံဝင်းဆီကိုပြန်ကြတာပေါ့” ရှီမာယူယူ အကြံပြုသည်။
“ဟုတ်ပြီ”
သည်တစ်ကြိမ်တွင် သူတို့အားလုံး ဒဏ်ရာရခဲ့ကြသည်။ ထို့ကြောင့် နလန်ထူရန် နေရာတစ်ခုရှာလိုက်သည်က ပိုကောင်းသည်။
ထို့ကြောင့် ရှီမာယူယူသည် ဖြတ်လမ်းဝင်္ကပါစီမံကာ တော်ဝင်မြို့တော် သို့ တိုက်ရိုက်ပင်ပြန်လာကြသည်။
မို့ယီလိုင်းသည် မို့ယီရှန်းကို နောက်တစ်ကြိမ် တွေ့ရတော့မည်ကို မထင် ထားပေ။ သို့သော် သူ၏ အခက်ခဲဆုံးအချိန်တွင် သူ့ကို ထပ်မတွေ့ချင်ပေ။
၂ နှစ်ကြာပြီး တော်ဝင်မြို့တော်သည် လွန်ခဲ့သည့် ၂ နှစ်နှင့်မတူတော့ပေ။ မင်းသားကြီးကို ဘုရင်သည် တိုက်ပွဲတွင် လက်စတုံးခဲ့ပြီး မင်းသား ၄ နှင့် မင်းသား ၆ တို့သာ အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်သည်။ အထူးသဖြင့် လတ်တလောတွင် နှစ်ဖက်လုံးမှာ မြင့်မားသောအဆင့်သို့ ရောက်လာပြီဖြစ် သည်။
ပြီးခဲ့သည့်နှစ်ရက်တွင် ကျန်းမာရေးဆိုးဝါးနေသော ဘုရင်သည် သတိမေ့ နေသည်။ မင်းသား ၄ သည် မင်းသား ၆ မှ ဘုရင့်ကို အဆိပ်ခတ်သည်ဟု စွပ်စွဲ ပြီး မင်းသား ၆ ၏နန်းဆောင်မှလူများကို သတ်ရန်ခေါ်ဆောင်သွားလေသည်။ မင်းသား ၆ ကိုသာသတ်နိုင်လျှင် သူ ဘုရင်ဖြစ်လာလိမ့်မည်။
သူသည် ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် စစ်ဆေးပြီးပြီဖြစ်သည်။ မို့ယီရှန်း နှင့် ထိုအမျိုးသမီးတို့ ဤနေရာမှထွက်သွားပြီဖြစ်သဖြင့် သူ့ကို ကာကွယ်မည့် သူရှိမည်ကို စိုးရိမ်ရန်မလိုတော့ပေ။
မို့ယီရှီးနှင့် မို့ယီလိုင်းတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး သူတို့၏မျက်လုံးများမှာ အရှုံးကိုဝန်မခံပေ။
“မို့ယီလိုင်း မင်း ၃ နှစ်လောက် စုဆောင်းခဲ့တဲ့ အဆက်အသွယ်တွေက ငါ ၁၀ နှစ်လောက်ပြင်ဆင်ခဲ့တာတွေနဲ့ ယှဉ်နိုင်မယ်လို့ထင်လား.. ပထမဆုံး ၂ နှစ် က အစ်ကိုကြီးနဲ့ ရှင်းဖို့အတွက် မင်းကိုချန်ထားတာ.. မဟုတ်ရင် အခုထိ အသက်ရှင်နိုင်မယ်လို့ထင်လား” မို့ယီရှီးသည် မို့ယီလိုင်းကို ကရုဏာထားသလို ကြည့်လေသည်။
နှစ်ဦးနှစ်ဖက်အကြားတွင် ကွာခြားမှုရှိနေသည်ကို မို့ယီလိုင်းသိသော် လည်း ရုတ်တရက် အရေးနိမ့်သွားသော သူ၏စခန်းတစ်ခုကြောင့်သာမဟုတ် လျှင် ယခုကဲ့သို့စိတ်လှုပ်ရှားနေမည်မဟုတ်ပေ။
“မင်းကို သတ်နိုင်ရင် အကုန်လုံးပြီးသွားပြီ မင်းကြည့်လိုက် မင်းလူတွေ အကုန်သေခါနီးနေပြီ.. ငါတို့က ညီအစ်ကိုတွေဆိုတော့ မင်းကိုယ်မင်း သတ်သေ ပြီး သက်သက်သာသာသေဖို့ အခွင့်အရေးပေးလိုက်မယ်” မို့ယီရှီး ပြောလေ သည်။
မို့ယီလိုင်းသည် အေးစက်စွာနှာမှုတ်လေသည် “ငါသေရင်တောင် မင်းအတွက် လက်မလွယ်စေရပဘူး”
“ဒါဆိုလည်း မင်းမှာအင်အားရှိလားလို့ ကြည့်တာပေါ့” မို့ယီရှီးသည် စူးစူးဝါးဝါးအော်ဟစ်ပြီး စတင်ရန်ပြင်ဆင်လေသည်။
မို့ယီရှန်းရောက်လာချိန်တွင် သူ ထိုမြင်ကွင်းကိုမြင်လိုက်ရသည်။ ကြမ်း ပေါ်တွင် အလောင်းများဖြင့် ပြည့်နေသည်။ မို့ယီလိုင်းသည်ဒဏ်ရာရထားကာ အလယ်တွင်ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေပြီး လဲကျတော့လုနီး ပါးဖြစ်နေသည်။
“အစ်ကိုတော် ၄ မင်း ပုလ္လင်ယူချင်ရင် ဒီလိုလုပ်ဖို့မလိုဘူးလေ ဟုတ်တယ် မလား” မို့ယီရှန်း၏ အသံထွက်လာရာ ခြံဝင်းထဲမှလူများအားလုံးကို အံ့ဩသွား စေသည်။
သူတို့သည် အသံလာရာသို့ကြည့်လိုက်ရာ မို့ယီရှန်းသည် ခေါင်မိုးပေါ်တွင် ပေါ်လာသည်။
“မို့ယီရှန်း မင်း မသေသေးဘူးလား” မို့ယီရှီးသည် သူ့ကိုမြင်သည်နှင့် မသိစိတ်မှ လှည့်ပတ်ကြည့်မိသည်။
“ငါ့ဆရာက အလုပ်များနေတယ် မင်းနဲ့လာကစားပေးဖို့ အချိန်မရှိဘူး” မို့ယီရှန်းသည် မို့ယီလိုင်း၏ဘေးသို့ပျံသွားကာ ပြောလိုက်သည် “အစ်ကိုတော် ၆ အဆင်ပြေရဲ့လား”
“မသေသေးပါဘူးကွ” မို့ယီလိုင်းသည် သူ့ကိုပြုံပြလေသည်။
ရှီမာယူယူ ရောက်မလာသည်ကို သိသည်နှင့် မို့ယီရှီးသည် စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချကာ မို့ယီရှန်းကိုစိုက်ကြည့်ပြီးပြောလေသည် “မို့ယီရှန်း မင်းက အရူးမဟုတ်ဘူးလား”
မို့ယီရှန်းသည် မို့ယီလိုင်း၏ဒဏ်ရာများကိုမြင်ပြီး သူ့မျက်လုံးများမှာ မည်းနက်သွားပြီး ပြောလိုက်သည် “အစ်ကိုတော် ၄ မင်းကိုယ်မင်း သတ်သ ပြီး သက်သက်သာသာသေဖို့ အခွင့်အရေးပေးလိုက်မယ်”
“ဟား ဟား ဟား ဟား မိုးယီရှန်းက မင်းအပေါ်ကောင်းလှပါ့လား.. မင်းတို့နှစ်ယောက်က အမြဲတမ်းဆက်ဆံရေးကောင်းခဲ့ကြတာ.. အခု မင်းက ဒီမှာ ကိုယ့်သေတွင်းကိုယ်လာတူးတော့ မင်းကို ဖြည့်ဆည်းပေးရမှာပေါ့” သူ တိုက်ခိုက်ချိန်တွင် မို့ယီရှန်းသည် လက်ကိုဝှေ့ယမ်းကာ ပျံသွားလိုက်သည်။
“မင်းရဲ့အားနဲ့ တိုက်ခိုက်ဖို့တောင် ရှက်နေတာလား.. မင်းလူတွေကို လာ ခိုင်းလိုက် အမှိုက်” မို့ယီရှန်းသ်ည အေးစက်စွာနှာမှုတ်လေသည်။
မို့ယီရှီးသည် မို့ယီရှန်း၏သိုင်းကွက်ကြောင့် ထိတ်လန့်သွားပြီး သူ့နောက် မှလူများကို အော်လိုက်သည် “မြန်မြန် သူ့ကိုသွားသတ်လိုက်ကြ”