← Chapters

ဇာတ်သိမ်းပိုင်း ၁

Vol. 164 Ch. 2295

ဇာတ်သိမ်းပိုင်း ၁

Vol. 164 Ch. 2295

မို့ယီရှန်းသည် မရူးသွပ်ရုံသာမကဘဲ သူ၏အင်အားသည် သူ့ထက်ပင် ပို သန်မာလာသည်။ ဆရာကောင်းတစ်ယောက်ရှိသည်မှာ အမှန်တကယ်ပင် ကောင်းသည့်ပုံပင်။

ကံကောင်းစွာပင် သူ့ဆရာသည် ယနေ့ရောက်မလာပေ။ မဟုတ်လျှင်…

သူ မို့ယီရှန်းကို ယနေ့ သေချာပေါက်သတ်မည်။

သူ့နောက်မှလူများသည် အမိန့်လက်ခံပြီးသည်နှင့် နှစ်ယောက်သည် ဝိညာဉ်စွမ်းအင်စုစည်းပြီး မို့ယီရှန်းကို တိုက်ခိုက်လသည်။ မို့ယီလိုင်းသည် သူ့ ရှေ့တွင်ရပ်နေပြီး ပြောလေသည် “မင်း ပစ်မှတ်ကငါပဲ”

“အစ်ကိုတော် ၆ နောက်ကနေပဲကြည့်နေပါ” မို့ယီရှန်းသည် သူ့ကိုဆွဲ ထားပြီး လှုပ်မရအောင်လုပ်လိုက်လေသည်။ မို့ယီရှန်း လက်ဝှေ့ယမ်းလိုက် သည်ကို မြင်သည်နှင့် သူခေါ်လိုက်သော ထိုလူများသည် လေပြင်းကြောင့် လွှင့် သွားကာ မပြီးဆုံးသေးသည့် ဝိညာဉ်သိုင်းများ ပျောက်ပျက်သွားလေသည်။

မို့ယီလိုင်း၏ သူ၏တိုက်ကွက်ကြောင့် အံ့ဩသွားပြီး ထိုနေရာတွင် ငေးငိုင် စွာရပ်နေမိသည်။

မို့ယီရှန်းသည် သူ့ကိုပြုံးပြလိုက်သည် “အစ်ကိုတော် ၆ ဒီမှာနေပြီးသူတို့ ကို ရှင်းတာကြည့်ထားလိုက်”

မို့ယီလိုင်းသည် မသိစိတ်မှခေါင်းညိတ်လိုက်မိကာ ခြံဝင်းအတွင်း ပတ်ပတ်လည်တွင် သူ၏ပုံရိပ်လှုပ်ရှားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ ရပ် သွားသောအခါ ထိုလူများသည် အလောင်းများအဖြစ် ဘဝကူးသွားကြလေ သည်။

မို့ယီရှန်းသည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူကို မို့ယီရှီး၏ ရှေ့သို့ပစ်ပေးပြီး ပြောလိုက်သည် “အစ်ကိုတော် ၆ ဒီကောင့်ကို မင်းကိုပေး လိုက်မယ်”

မို့ယီလိုင်းသည် ထိတ်လန့်ရာမှ ပြန်သတိဝင်လာပြီး သူ့ကို တအံ့တဩ ကြည့်လေသည်။

“မင်း ပြောချင်တာရှိရင် ဒီကိစ္စကိုဖြေရှင်းပြီးတဲ့အထိစောင့်ပေး” မို့ယီရှန်း တိုက်တွန်းလိုက်သည်။

မို့ယီလိုင်း ခေါင်းညိတ်ရာ သူသည် တုံ့ဆိုင်းမှုမရှိဘဲ ဓားရှည်တစ်ချောင်း ထုတ်ကာ မို့ယီရှီး၏နှလုံးကို တိုက်ရိုက်ပင် ထိုးချလိုက်သည်။ တပ်ကူများ ရောက်လာချိန်တွင် မို့ယီရှီး သေပြီးနှင့်ပြီဖြစ်သည်။

“မင်းသား ၆ ကျွန်တော်တို့နောက်ကျသွားပါတယ် ကျွန်တော်တို့ကို အပြစ်ပေးပါ” ထိုလူများသည် တညီတညွှတ်တည်း ဒူးထောက်ကြလေသည်။

“မင်းတို့လည်း ချုပ်နှောင်ခံထားရမှာပဲလေ” မို့ယီလိုင်းသည် သူတို့ကို အပြစ်မတင်ပေ။ သူရှေ့တစ်လှမ်းတိုးပြီး ခေါင်းဆောင်ကို ထူလိုက်သည် “အခု ခမည်းတော် ဘယ်လိုနေလဲ”

“အရှင်က သူက… လွန်ခဲ့တဲ့ ၁ နာရီက မင်းသား ၄ ကဘုရင့်ကိုတိုက်ခိုက် ဖို့ စေလွှတ်ခဲ့တယ်”

“ခမည်းတော်” မို့ယီလိုင်းသည် နန်းတော်ဘက်ဆီသို့ ဝမ်းနည်းတကြီး ဒူး ထောက်မိသည်။

“မင်းသား ၆၅ အခုလုပ်ရမှာက အခြေအနေကို အမြန်တည်ငြိမ်အောင် လုပ်ဖို့ပဲ.. ဘုရင့်အလောင်းတော်က နန်းတော်ထဲမှာပြရှိသေးတယ် ဝန်ကြီးတွေ က အခုပျာယာခတ်နေကြပြီ နန်းတော်ကို မြန်မြန်သွားပေးပါ”

“ဟုတ်ပြီ” မို့ယီလိုင်းသည် မြေပေါ်မှထကာ မို့ယီရှန်းကို စိုက်ကြည့်လိုက် သည်။

“သွားပါ အကုန်ဖြေရှင်းပြီးသွားမှ မင်းကို လာရှာလိုက်မယ်” မို့ယီရှန်း သည် သူ့ကိုပြုံးပြလသည်။

ထိုအခါမှပင် အစကရူးနေခဲ့သည့် မင်းသား ၇ သည် အရင်လိုမဟုတ်တော့ သည်ကို အားလုံးသိသွားကြသည်။

မို့ယီလိုင်းသည် မို့ယီရှန်းကို ပြောရမည့်စကားများစွာရှိသည်။ သူ့စကား ကိုကြားသောအခါ ခေါင်းညိတ်ပြီး သူ၏လက်အောက်ငယ်သားများဖြင့် ထွက် သွားလေသည်။

ထို့နောက်တွင် မို့ယီလိုင်း၏ လုပ်ဆောင်ချက်များ ကောင်းလေသည်။ မင်းသား ၄ သေဆုံးသွားကာ မို့ယီလိုင်းအသက်ရှင်ကျန်နေခဲ့ရာ သူ့ကို ဆန့်ကျင် သူများအတွက် အဓိပ္ပာယ်မဲ့သွားသည်။ မို့အင်ပါယာတိုင်းပြည်ကို မို့မျိုးနွယ်များ သာ အုပ်စိုးနေခဲ့ပြီး သူတို့မည်မျှပင်ရန်စစေကာမူ အသုံးမဝင်တော့ပေ။

မကြာမီတွင် ဘုရင်ကို အဆိပ်ခတ်သူကို ဖမ်းမိလေသည်။ တရားခံမှာ မင်းသား ၄ ဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးများနှင့် အမျိုးမျိုးသော အင်အားစု များသည် မို့ယီလိုင်းကို ဘုရင်အဖြစ်အသိအမှတ်ပြုကြသည်။

မို့ယီလိုင်းသည် ရက်အနည်းငယ်အတွင်း၌ပင် အထောက်အပံ့များစွာရ လာကာ အခြေအနေတစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုလက်အောက်သို့ ရောက် လေသည်။

ထိုနေ့တွင် သူသည် တော်ဝင်စာကြည့်ဆောင်တွင် တင်ပြချက်များကို ဖတ်ကြည့်နေစဉ်တွင် လေထဲမှအတက်အကျကိုခံစားမိသဖြင့် ကြည့်လိုက်ရာ လေဟာနယ်ထဲမှထွက်လာသည့် မို့ယီရှန်းကို မြင်လိုက်ရလေသည်။

“ယီရှန်း” သူသည် လက်ထဲမှ စုတ်တံကိုချပြီး သူ့ကိုပျော်ရွှင်စွာကြည့်လေ သည်။

“အစ်ကို‌တော် ၆” မို့ယီရှန်းသည် သူ့ဆီလာပြီး စာအပုံလိုက်ကိုကြည့်ပြီး ပြောလေသည် “ဘုရင်လုပ်ရတာ တော်တော်အလုပ်များတာပဲ”

“ခမည်းတော်က နေမကောင်းဖြစ်နေတာကြာပြီဆိုတော့ အလုပ်တွေက ပုံနေတာ” မို့ယီလိုင်း ပြောလိုက်သည် “ဒီနေ့ကျ ဘယ်လိုလုပ်လာဖို့ အချိန်ရှိ သွားတာလဲ”

သူ အရင်က လူလွှတ်ပြီးစုံစမ်းခဲ့သည်။ သို့သော် သူ့တွင် အချိန်မရှိဟု ပြောလာသည်။ ဤအချိန်တွင် သူရောက်လာလိမ့်မည်ဟု ထင်မထားပေ။

“အစ်ကိုတော့်ကို လာနှုတ်ဆက်တာ” မို့ယီရှန်း ပြောလိုက်သည် “တော်ဝင်ဥယျာဉ်မှာ လမ်းသွားလျှောက်ကြမလား”

“ဟုတ်ပြီ” မို့ယီလိုင်းသည် မည်သူ့ကိုမှ မခေါ်ဘဲ တော်ဝင်ဥယျာဉ်ဆီသို့ သူနှင့် နှစ်ယောက်တည်းသွားလေသည်။

ပြီးခဲ့သည့်တိုက်ပွဲကြောင့် တော်ဝင်ဥယျာဉ်မှာ အနည်းငယ်ပျက်စီးသွား ပြီး အပြည့်အဝပြန်မပြင်ရသေးပေ။

“မင်း ထွက်သွားတော့မှာလား” မို့ယီလိုင်း မေးလေသည်။

“ဟုတ်ကဲ့ ဒီတစ်ခေါက် ထွက်သွားပြီးရင် နောက်ဆိုပြန်မလာနိုင်လောက် တော့ဘူး” မို့ယီရှန်း ပြောလိုက်သည်။

“မင်း အန္တရာယ်များတာ သွားလုပ်မလို့လား”

“ဟုတ်တယ် ဒါပေမဲ့ ကျွန်တော်ပြန်မလာရင် အဲဒါနဲ့မဆိုင်ဘူး.. အောင်မြင်ရင်တောင် ပြန်လာမှာမဟုတ်ဘူး” မို့ယီရှန်း ပြောလိုက်သည်။

“ဘာလို့လဲ ဒါကမင်းရဲ့အိမ်လေ” မို့ယီလိုင်းသည် နားမလည်နိုင်ဖြစ်နေ သည်။

“ကျွန်တော်က မို့ယီရှန်းအစစ်မဟုတ်ဘူး” မို့ယီရှန်း ပြောလိုက်သည် “ကျွန်တော်က သူ့သရုပ်မှန်ကိုငှားထားတဲ့ ဖြတ်သွားဖြတ်လာပဲ”

သူသည် သူ၏ဘေးဒုက္ခကိုပြောပြလိုက်ကာ မို့ယီလိုင်း၏ ရှုပ်ထွေးနေ သော မျက်နှာကိုမြင်သောအခါ ပြောလေသည် “အထက်မှာ အလုပ်တွေပြီးသွား ရင် ကျွန်တော့်နေရာကို ပြန်သွားရလိမ့်မယ်.. ဒီမှာ စိတ်မချနိုင်သူက မင်းပဲ.. ကံကောင်းလို့ မင်းက အခုအောင်မြင်သွားပြီဆိုတော့ နောက်ဆိုရင်ပိုကောင်း သွားမှာပါ”

“မင်း…” မို့ယီလိုင်းသည် ပါးစပ်ဟလျက်သားရှိပြီး ဘာပြောရမည်ကို မသိပေ။

မို့ယီရှန်း များစွာပြောင်းလဲသွားသည်ဟု သူ အရင်ကခံစားမိသည်။ ပြီးနောက် ပြီးခဲ့သည့် ၂ နှစ်အတွင်း၌ ဤကဲ့သို့ သိသိသာသာကြီးထွားလာမည် မဟုတ်ပေ။

“မင်းသတိထားရမယ်နော်.. နောင်တစ်ချိန် ပြန်လာချင်ရင် ပြန်လာခဲ့.. ငါ အသက်ရှင်နေသရွေ့တော့ ဒီနေရာက မင်းရဲ့အိမ်ဖြစ်နေတုန်းပဲ”

“ကျေးဇူးတင်ပါတယ် အစ်ကိုတော် ၆” မို့ယီရှန်းသည် ရယ်မောကာ မှော်ဝင်လက်စွပ်ထုတ်ပြီး မို့ယီလိုင်း၏လက်ထဲသို့ထည့်ကာ ပြောလိုက်သည် “ဒါတွေက အရင်ကကျွန်တော်စုထားခဲ့တာတွေပဲ အခုမင်းကိုပေးမယ်”

“မင်းက ဆေးဧကရာဇ်ပဲ ရတနာကောင်းကောင်းတွေ အများကြီးစုမိမှာပဲ အစ်ကိုတော် ၆ ယဉ်ကျေးမနေတော့ဘူး” မို့ယီလိုင်းသည် စိတ်သက်သာနေ သလို ဟန်ဆောင်ကာ ပြောလေသည် “မင်း ထွက်သွားမယ်ဆိုတော့ ဒီနေ့ ကောင်းကောင်းကြီးသောက်ကြတာပေါ့ နှုတ်ဆက်တယ်လို့ သဘောထားလိုက်”

“ဟုတ်ပြီ အစ်ကိုတော် ၆ နဲ့ တစ်ခါမှကောင်းကောင်းမသောက်ရသေးဘူး”

“သွားမယ် သေရည်သောက်ကြမယ်”

….

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ကျားကွက်ကစားနေကာ ကြက်သွေး ရောင်မီးတောက်တို့သည် စကားပြောနေကြသည်။ သူတို့သည် နည်းဗျူဟာ များကို ဆွေးနွေးနေကြပုံပင်။ ဝမ်ရှီသည် ပိုင်ယီယန်ကို စနောက်နေပြီး ပိုင်ရှောင်ဖေးသည် သားအမိနှစ်ယောက်ကို ပြုံးပြီးကြည့်နေလေသည်။

အရာအားလုံးသည် သဟဇာတဖြစ်လှသည်။

ရှီမာယူယူသည် လက်ထဲတွင် စစ်တုရင်အပိုင်းအစကိုကိုင်ပြီး ချတော့ မည်အပြုတွင် သူမ၏စိတ်လွင့်သွားသကဲ့သို့ ရုတ်တရက်ရပ်သွားရာ လူအများ မှင်တက်သွားလေ၏။

“ယူယူ” သူမ ငေးငိုင်သွားသည်ကို ကြည့်ပြီး ဝူလင်းယူသည် နူးညံ့စွာ ခေါ်လိုက်သည်။ ရှီမာယူယူသည် တုံ့ပြန်မှုမရှိပေ။

ထိုနေရာမှ လှုပ်ရှားမှုသည် လူအားလုံး၏အာရုံကို ဖမ်းစားလိုက်သည်။ သူတို့အားလုံး စုဝေးလာပြီး မေးကြသည် “သူမ ဘာဖြစ်တာလဲ”

ကြက်သွေးရောင်မီးတောက်သည် သူမနှင့် စာချုပ်အဆက်အသွယ်ရှိ သဖြင့် အာရုံခံလိုက်သည်နှင့် အကြောင်းအရင်းကိုသိသည် “သူမက အိပ်မော ကျတဲ့အဆင့်ကို ဝင်သွားတာ”

“အိပ်မောကျတယ်ဟုတ်လား ဘယ်လိုလုပ် ရုတ်တရက်ကြီး အိပ်မောကျ ရတာလဲ”

“သူမ အိပ်မောကျတာမဟုတ်ရင် သူမ အိပ်မောကျအောင် တစ်ယောက် ယောက်လုပ်လိုက်တာပဲ” ကြက်သွေးရောင်မီးတောက် ထိုသို့ပြောသောအခါ ဝူလင်းယူသည် နားလည်သွားကာ သူမကိုစိုးရိမ်တကြီး ကြည့်လေသည်။

သို့သော် ပိုင်ရှောင်ဖေးနှင့် တခြားသူများ မသိကြသဖြင့် ကြက်သွေးရောင် မီးတောက်ကို ကြည့်ပြီး သူတို့၏သံသယများကို မေးလေသည်။

ကြက်သွေးရောင်မီးတောက်သည် ရွှမ်ချုံးဟော်၏ ကိစ္စကို အကျဉ်းချုပ် ပြောပြရာ အားလုံးသည် ထိုဆက်ဆံရေးကို နားလည်သွားပြီး စိုးရိမ်လာကြ သည်။

ဤအချိန်တွင် ရွှမ်ချုံးဟော် သူမကိုရှာသည်မှာ ကောင်းသောကိစ္စတော့ မဖြစ်နိုင်ပေ။

ရှီမာယူယူသည် အိပ်မက်ထပ်မက်သည်ကို ခံစားမိသည်။ သို့သော် သူမ၏ အိပ်မက်သည် အလွန်ရှင်းလင်းလွန်းသဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။

သူမ လင်းယူနှင့် ကျားကွက်ကစားနေရင်းမှ ရွှမ်ချုံးဟော်၏ ဆွဲခေါ်ခြင်း ကိုခံလိုက်ရကာ အိပ်မက်အတွင်းသို့ ကျရောက်သွားသည်။ သူမသည် ကမ်းပါး အောက်ခြေသို့သွားလိုက်ရာ သူမ၏မိသားစုနှင့် သူငယချင်းများကို တွေ့လိုက် ရသည်။

ရှီမာမျိုးနွယ်၏အကြီးအကဲများအားလုံး အဖမ်းခံထားရပြီး ရှီမန်ဖန်နှင့် တခြားသူများ၊ ဖက်တီးကျူနှင့်တခြားသူများလည်းရှိနေသည်။ လူအားလုံးကို လက်ဝါးကပ်တိုင်ပုံစံနှင့် ကမ်းပါးတွင် ချည်တုပ်ထားသည်။

All Chapters