← Chapters

ဇာတ်သိမ်းပိုင်း ၂

Vol. 164 Ch. 2296

ဇာတ်သိမ်းပိုင်း ၂

Vol. 164 Ch. 2296

ရှီမာယူယူသည် ကမ်းပါးပေါ်မှလူများကိုမြင်သောအခါ သူမ၏စိတ်တွင် မထိန်းချုပ်နိုင်သည့် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

“ဒါဘာအဓိပ္ပာယ်လဲ” သူမသည် ပေါက်ကွဲထွက်တော့မည့် ဒေါသကို အတတ်နိုင်ဆုံး ကြိုးစားချုပ်တည်းနေရသည်။

“ဘာအဓိပ္ပာယ်ရမှာလဲ နားမလည်ဘူးလား” ရွှမ်ချုံးဟော်၏ အသံသည် နားဝင်ချိုလှသော်လည်း အေးစက်ပြီး အန္တရာယ်များကာ အရင်လိုနွေးထွေးခြင်း မရှိတော့ပေ။

နားမလည်ဘူးလား။ သူမသည် သူဆိုလိုချင်သည့် အဓိပ္ပာယ်ကို ကောင်းစွာနားလည်သည်။

“ရှင်က ဘာလိုချင်တာလဲ”

“ငါ ဘာလိုချင်တယ်လို့ ထင်လဲ” ရွှမ်ချုံးဟော်၏ ခပ်အုပ်အုပ်ရယ်သံသည် အဘက်ဘက်မှထွက်လာသည် “ယူယူ ငါအရင်ကပြောခဲ့တာတွေကို မင်းက စိတ်ထဲထည့်မထားဘူးပဲ.. မင်းသာ ကျန်တဲ့စွမ်းအားတွေမစုပ်ယူဘူးဆိုရင် မင်းရဲ့မိသားစုနဲ့သူငယ်ချင်းတွေကို ငါ တစ်ရက်ကျသတ်မယ်”

“ငါ တစ်ခုစုပ်ယူပြီးပြီလေ တစ်ခုပဲကျန်တော့တယ်” ရှီမာယူယူ ပြော လိုက်သည်။

“ငါသိပါတယ် အဲဒါကြောင့် ဒီလူတွေကို တိုက်ရိုက်သတ်မပစ်တာပဲ” ရွှမ်ချုံးဟော် ပြောလိုက်သည် “မင်းကိုကြည့်ပါဦး မင်းကိုသံယောဇဉ်တွေထားပါ လို့ ဘယ်သူပြောလို့လဲ..မင်းသာ သူတို့နဲ့ ဘာဆက်ဆံရေးမှမရှိရင် သူတို့ဒဏ်ကို ခံရမှာမဟုတ်ဘူး.. ဒီနေ့ကျ သူတို့က ဘယ်လိုလုပ်မင်းရဲ့အားနည်းချက်ဖြစ်လာ တာပဲ ”

ရှီမာယူယူသည် သူ့ကိုပြန်မဖြေပေ။ ကမ်းပါးတွင် ပိတ်မိနေသည့်လူအုပ် ကိုကြည့်ပြီး သူမ၏စိတ်ထဲတွင် နောင်တများရနေမိသည်။

“ရွှမ်း”

ဓားရှည်တစ်ချောင်းသည် ကမ်းပါးပေါ်မှလူ၏ နှလုံးတည့်တည့်သို့ စိုက် သွားကာ ထိုလူသည် အော်ဟစ်ပြီးနောက် ခေါင်းငုံ့သွားကာ အသက်ရှူသံပင် ပျောက်သွားလေသည်။

“ရွှမ်ချုံးဟော်” ရှီမာယူယူသည် အော်ဟစ်ပြီး သူရှေ့ဆက်လုပ်မည်ကို တားရန်ကြိုးစားလေသည်။ သို့သော် မကြာခင်တွင် နောက်တစ်ယောက် ထပ် သေသွားသည်။

“ယူယူ စိတ်မပူပါနဲ့ ဒီနှစ်ယောက်က ရှီမာမိသားစုကဆိုပေမဲ့ မင်း သူတို့နဲ့ မရင်းနှီးဘူးဆိုတာ ငါသိတယ်” ရွှမ်ချုံးဟော်၏အသံထပ်ထွက်လာသည် “ဒါပေမဲ့ သူတို့နောက်မှာ မင်းရဲ့အဘိုး အဖေ အမေ မင်းရဲ့သူငယ်ချင်း မောင်နဲ့ ညီမတွေဆက်တိုက်လာမယ်.. မင်းပြန်မလာရင် နောက်ဓားချက်က သူတို့ နှလုံးထဲစိုက်သွားမလားဆိုတာကို အာမမခံနိုင်ဘူး”

ရှီမာယူယူသည် မျက်လုံးများကိုမှိတ်လိုက်သည်။ သူမ၏မျက်လုံးထဲမှ ဒေါသများသည် ဖုံးကွယ်၍ပင်မရတော့ပေ။ “ရွှမ်ချုံးဟော် သူတို့ကိုထိရဲရင် ထိ ကြည့် ငါ့ကျန်တဲ့ဘဝမှာ အဲနေရာကိုဘယ်တော့မှမသွားဘူး အဲတော့ မင်းလို ချင်တာကို ဘယ်တော့မှရလာမှာမဟုတ်ဘူး.. ငါ့ကိုမယုံရင်သတ်ကြည့်လိုက် လေ ငါ့ကိုယ်ငါအပြစ်တင်ပြီး ကောင်းကင်က သူတို့ရဲ့ဝိညာဉ်တွေကို နှစ်သိမ့်ဖို့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်မယ်.. မယုံရင် စမ်းကြည့်လိုက်လေ”

“ဟီး ဟီး ယူယူ အဲလောက်ကြီး ဒေါသထွက်ဖို့မလိုပါဘူး” ရွှမ်ချုံးဟော် ပြောလိုက်သည်။ “ငါ မင်းကိုသတင်းပေးမှတော့ သေချာပေါက် အချိန်ပေးမှာ နောက် ၁၀ ရက်ကြာရင် မင်း နတ်ဘုံကိုရောက်နေရမယ် မဟုတ်လို့ မင်း တစ် ရက်လောက်နောက်ကျတာနဲ့ တစ်ယောက်သတ်မယ် ယူယူ မင်းပြန်လာတာကို စောင့်နေမယ်…”

“ရွှမ်ချုံးဟော်”

ရှီမာယူယူသည် အော်ဟစ်ရင်းနိုးလာသည်။ သူမ မြင်လိုက်ရသည်မှာ ပတ်ပတ်လည်မှ လူအုပ်ကြီးဖြစ်သည်။

“ယူယူ အဆင်ပြေရဲ့လား” ဝူလင်းယူ၏ ရင်ခွင်ထဲတွင်မှီတွဲနေပြီး သူမ၏ ဖြူဖျော့သော မျက်နှာကို ဖူရှီမြင်သောအခါ စိုးရိမ်တကြီးမေးလေသည်။

“ယူယူ” ဝူလင်းယူ၏ အသံသည် သူမ၏နားထဲသို့တိုးဝင်လာပြီး သူမကို သတိပြန်ဝင်လာစေသည်။

“ကြည့်ရတာ အဖေနဲ့ကျန်တဲ့သူတွေ တစ်ခုခုဖြစ်နေပြီ” ရှီမာယူယူသည် သူ့ရင်ခွင်ထဲမှထွက်ကာ သူ့ကိုကြည့်ပြီးပြောလိုက်သည် “ရွှမ်ချုံးဟော်က ရှီမာ မိသားစု၊ ဖန်အာနဲ့ ဖက်တီးကျူတို့ကိုဖမ်းထားတယ်.. သူက နှစ်ယောက်ကို တောင်သတ်လိုက်ပြီ ၁၀ ရက်အတွင်း နတ်ဘုံကိုပြန်လာဖို့ ပြောလိုက်တယ်”

“၁၀ ရက်ဟုတ်လား မြန်လိုက်တာ” ဝမ်ရှီ အော်မိလေသည်။

“ဟုတ်တယ် ကံကောင်းလို့ ငါတို့ ကျားဖြူကိုရှာတွေ့ပြီ အကုန်လုံးလည်း ဒဏ်ရာတွေပြန်ကောင်းနေကြပြီ.. ငါ အရင်သွားနှင့်မယ် ကြက်သွေးရောင် မီးတောက်ကို ဒီမှာထားခဲ့မယ်.. နောက်ဆုံးကျန်တဲ့စွမ်းအားကို စုပ်ယူပြီးရင် သူ ငါ့ကိုမသတ်လောက်တော့ဘူး.. အဲဒါကြောင့် ဒီအချိန်အတွင်းမှာ ကြက်သွေး ရောင်မီးတောက် အဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

သူမကို ရွှမ်ချုံးဟော်သတ်လိုက်လျှင် သူမနှင့် စာချုပ်ဆက်ဆံရေးရှိသည့် ကြက်သွေးရောင်မီးတောက်သည် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူ သေ သွားလျှင် အံ့ဖွယ်သားရဲလေးပါးထဲမှ တစ်ဦး ပျောက်ဆုံးသွားမည်ဖြစ်သည်။

“မင်း မြန်မြန်သွားသင့်တယ် ဘေးသင့်သားရဲလေးကောင်ကလည်း မင်းကို အသက်ရှူချိန်တောင်ပေးမှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “မင်းကို ကြက်သွေးရောင်မီးတောက်ကနေ တစ်ဆင့်ဆက်သွယ်နေမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့က ဒီမှာအဆင်ပြေပါတယ် မင်းနဲ့အတူပြန်လိုက်ခဲ့မယ်.. အဲအချိန် ရောက်ရင် မင်းကရွှမ်ချုံးဟော်ဆီသွားလိုက် ငါတို့က ဘေးသင့်သားရဲတွေဆီကို သွားလိုက်မယ်” ဖူရှီ ပြောလေသည်။

“ဟုတ်ပြီ ဒါဆို အခုယီရှန်းကိုသွားရှာပြီးတာနဲ့ တန်းပြန်ကြတာပေါ့”

မို့ယီရှန်းနှင့် မို့ယီလိုင်းတို့သည် တော်ဝင်ဥယျာဉ်တွင် သောက်ရန်လာကြ လေသည်။ သူတို့သည် နန်းတွင်းသူများနှင့် မိန်းမစိုးများအားလုံးကို ထွက်သွား ခိုင်းပြီး နှစ်ယောက်တည်းသောက်လေသည်။ ဤတွေ့ဆုံခြင်းမှာ နောက်ဆုံး အကြိမ်ဖြစ်သည်ကို သူတို့နှစ်ယောက်လုံးသိကြသည်။

သူတို့နှစ်ယောက် တစ်ကရားစီသောက်ပြီးချိန်တွင် ရှီမာယူယူနှင့်အဖွဲ့ လေဟာနယ်ထဲမှ ထွက်လာသည်။

မို့ယီရှန်းသည် သူတို့ကိုမြင်သည်နှင့် ထရပ်ကာ မူးနေပြီဖြစ်သည့် မို့ယီလိုင်းကို ပြောလိုက်သည် “အစ်ကိုတော် ၆ အပြင်မှာအေးတယ် မင်းကို ပြန်ခေါ်သွားခိုင်းလိုက်တော့”

“မို့ယီရှန်း သွားတော့မှာလား” မို့ယီလိုင်းသည် မြေပေါ်မှထကာ သူ့ကို စိုက်ကြည့်ကာ သူ၏မျက်လုံးထောင့်မှာ အနည်းငယ်စိုစွတ်လာသည် “သတိ ထားပါ”

မို့ယီရှန်းသည် သူ့ပခုံးကိုပုတ်ပြီး ရှီမာယူယူ၏ဘက်သို့ ပျံသွားပြီး လေဟာ နယ်ထဲသို့ပျံသွားလေသည်။

လေဟာနယ်တဖြည်းဖြည်း ပိတ်သွားသည်ကို မို့ယီလိုင်းကြည့်ပြီး လက် ထဲမှ ပုလင်းကိုမြှောက်ကာ အားပါးတရသောက်လိုက်လေသည်။

သွားပြီ ဒီတစ်ခါ သူတကယ်သွားလိုက်ပြီ။

“အရှင် ပြန်ကြတော့မလား” မိန်းမစိုးသည် မို့ယီလိုင်းဆီသို့လာပြီး မေး လေသည်။

“ပြန်မယ်” မို့ယီလိုင်းသည် လက်ထဲမှသေရည်ကရားကို ပစ်ချပြီး တော်ဝင်ဥယျာဉ်မှ ယိမ်းယိုင်စွာဖြင့် လမ်းအတိုင်းထွက်ခဲ့လိုက်သည်။

ရှီမာယူယူနှင့်တခြားသူများသည် နတ်ဘုံသို့ ၁၀ ရက်အတွင်းရောက်လေ သည်။ သူတို့ နတ်ဘုံသို့ရောက်သည်နှင့် နန်းတော်လေးဆောင်မှလူများနှင့် တွေ့ရလောက်အောင်ကို ကံကောင်းလွန်းနေသည်။

ထိုလူများသည် အနည်းငယ်ကံဆိုးသွားသည်။ သူတို့သည် ကင်းလှည့်ရာ မှ အံ့ဖွယ်သားရဲလေးပါးပြန်ရောက်သည်နှင့် ကြုံသွားကာ နောက်ဆုးတွင် အံ့ဖွယ်သားရဲလေးပါး၏ ထိုးစစ်ကိုခံရပြီးနောက် ဘာမှမကျန်ခဲ့တော့ပေ။

“ယူယူ ဧကရာဇ်ချင်းဒေါင်ချန်ထားခဲ့တဲ့ ဂူသင်္ချိုင်းကို အရင်သွားသင့်တယ် ငါတို့က ငမ်းငမ်းတက်နန်းတော်ရဲ့ လက်ရှိအခြေအနေကို ပြန်ကြည့်ပြီး နန်းတော်လေးဆောင်နဲ့ ဘေးသင့်သားရဲတွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးမယ်” ဖူရှီ ပြောလိုက်သည် “ငါတို့ပြန်ရောက်ရင် ဆရာ့ကိုရှာပြီး မင်းရဲ့ မိသားစုတည်နေရာကို ဟောပေးဖို့ဆရာ့ကိုပြောလိုက်မယ်.. သူတို့ကို ဖမ်းထား တဲ့နေရာကိုသိရင် လူလွှတ်ပြီးကယ်ခိုင်းမယ်”

“ဟုတ်ပြီ” ရှီမာယူယူသည်လည်း ထိုစီမံချက်ကို သဘောတူသည် “ငါ ခုနကက ပြောသလိုပဲ ကြက်သွေးရောင်မီးတောက်ကနေတစ်ဆင့် မင်းကို ဆက်သွယ်မယ်”

“ကိုယ် မင်းနဲ့လိုက်မယ်” ရှီမာယူယူ သူ့ကိုခေါ်သွားမည်ဟု မပြောသော ကြောင့် ဝူလင်းယူပြောလိုက်သည်။

“ကျွန်မနဲ့မလိုက်ဘူး ရာဟွောင်ကို ချန်အိမ်တော်ကိုခေါ်သွားပြီး ကလေး နှစ်ယောက် ချန်အိမ်တော်မှာ အဆင်ပြေနေရဲ့လားဆိုတာ သွားကြည့်လိုက်” ရှီမာယူယူသည် ကလေးနှစ်ယောက်ကို စိတ်ပူသည်။ တခြားသူသွားကြည့်လျှင် အကူအညီမဖြစ်နိုင်လောက်ပေ။

သူမ ကလေးနှစ်ယောက်ကို စိတ်ပူနေမည်ကို ဝူလင်းယူသိသည်။ သို့သော် သူမကိုလည်း သူစိတ်ပူသည်။

“စိတ်မပူပါနဲ့.. ကျွန်မဒီရောက်နေပြီဆိုတာ အခုလောက်ဆို ရွှမ်ချုံးဟော် သိရင်သိလောက်ပြီ.. အဲဒါကြောင့် ကျွန်မကိုဘာမှအဖြစ်ခံမှာမဟုတ်ဘူး” ရှီမာ ယူယူ ပြောလိုက်သည် “ရှောင်းသောင့်နဲ့ ယောင်ယောင်ကိုသာ အရင်သွားတွေ့ လိုက်ပါ.. ပြီးတာနဲ့ ကျွန်မကိုကူပြီး မိသားစုနဲ့သူငယ်ချင်းတွေကို ကယ်ပေးဦး”

ဝူလင်းယူသည် မပျော်ရွှင်သော်လည်း အဖမ်းခံထားရသော သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို လျစ်လျူမရှုနိုင်ပေ။

“ဒါဆိုလည်း ကောင်းပြီလေ မင်း သတိထားရမယ်နော်”

“ကျွန်မ သိပါတယ်”

သူတို့အဖွဲ့ ထိုနေရာသို့ရောက်သောအခါ လမ်းခွဲလိုက်ကြသည်။ ရှီမာယူ ယူသည် ဧကရာဇ်ချင်းဒေါင်၏ ဂူသင်္ချိုင်းကိုရှာရန် မှတ်ဉာဏ်ထဲမှ မြေပုံအတိုင်း လိုက်ကာ ဝူလင်းယူသည် ချန်အိမ်တော်ကိုသွားပြီး အံ့ဖွယ်သားရဲလေးပါးသည် ချောက်ကမ်းပါးနန်းတော်ကို သွားသည်။

သူမ နတ်ဘုံကို အချိန်တိကျစွာ ရောက်လာ၍လားမသိပေ ရွှမ်ချုံးဟော် သည် သူမကိုထပ်လာမရှာတော့ပေ။

ပြီးနောက် သူမသည် မြို့ပေါင်းများစွာကိုသွားပြီး ကြာမြင့်စွာရှာဖွေခဲ့ သည်။ ပုလ္လင်လေးရှိနေသည့်တိုင်အောင် ဂူသင်္ချိုင်းရှာတွေ့ရန် တစ်လနှစ်လ ကြာခဲ့သည်။

All Chapters