← Chapters

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ စတုတ္ထမြောက်ကောင်းကင်ဘုံအဆင့်

Vol. 8 Ch. 101

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ စတုတ္ထမြောက်ကောင်းကင်ဘုံအဆင့်

Vol. 8 Ch. 101

ထို့ပါ့ချန်၏အသံသည် ထည်ဝါကာ သူ၏စိတ်အားထက်သန်မှုကို မဖုံးဖိနိုင်ပါ။

ကောင်းကင်သည် အဆက်မပြတ် တုန်ခါကာ ဓားအလင်းများ စူးရှလင်းလက်သွားသည်။

ကျားဖြူဓားမာန်ဟုန်ကို စုစည်းပြီးနောက်တွင် သူသည် ကောင်းကင်တစ်ဝက်အဆင့်ပညာရှင်အား တိုက်ခိုက်နိုင်၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ စတုတ္ထမြောက် ကြီးမြတ်သော တန်ခိုးရှင်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကို တိုက်ခိုက်နိုင်၏။

ထိုအခိုက်တွင် မူလက စိုးရိမ်ထိတ်လန့်နေကြသော ဂိုဏ်းသားများမှာ စိတ်အားထက်သန်လာကြတော့သည်။

ဤသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စစ်မှန်သော အင်အားဖြစ်သည်။

ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲဘေးတွင်ရပ်ကာ စူးရှလင်းလက်နေသော ဓားအလင်းများအား ကြည့်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် တခြားဝှက်ဖဲများ ရှိနေပါသေးသလား။

ကောင်းကင်တစ်ဝက်အဆင့်မှာ ထိုမျှ ကြောက်စရာမကောင်းပါ။

ပို၍ ကြောက်စရာကောင်းသည်ကား သူ့နောက်မှ ဖုန်းလင်ဓားဂိုဏ်းဖြစ်သည်။

ဂိုဏ်းချုပ်ကျင်းကျီသည် အားလုံးကို ခန့်မှန်းတွက်ချက်ထားခဲ့သည်။ သို့သော် သူသည် ဖုန်းလင်ဓားဂိုဏ်းချုပ် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားသည့်ကိစ္စကို ကြိုတင်တွက်ချက်ခဲ့ပါသလား။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ စတုတ္ထမြောက် ကောင်းကင်ဘုံအဆင့်။

ထိုသို့သော ပညာရှင်ရှေ့တွင် လှည့်ကွက်များအားလုံးမှာ အလဟဿ ဖြစ်သည်။

အသက်ပြင်းရှိုက်ကာ သူသည် ဓားစံအိမ်အကြီးအကဲရှေ့၌ ရပ်လိုက်သည်။

သူ သိပ်အများကြီး မတွေးလိုတော့။

ယနေ့ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သောအခါ ဆက်ပြောမည်။

ကောင်းကင်ထက်တွင် ဓာအလင်းများ ကျဆင်းလာ၏။

ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓားချီများ စတင်နိုးထလာသည်။

ဓားစံအိမ်အကြီးအကဲက ပြုံးလိုက်သည်။

“ကောင်လေး… မင်း လှုပ်ရှားရမယ့် အချိန် မရောက်သေးဘူး”

ဝုန်း…

ဓားစံအိမ်အကြီးအကဲ၏စကားကို တုန့််ပြန်သည့်အလား လေဟာနယ်ထဲမှ လေတိုးသံတချို့ကို ကြားရသည်။

အစိမ်းရောင်ဝတ်တာအိုဆရာတစ်ဦးသည် ဓားရှည်တစ်လက်ကို ကိုင်ကာ လျပ်တပြက်အတွင်း မိုင်တစ်ရာပတ်လည်သို့ ရောက်လာ၏။

ထိုလူအားမြင်လျှင် ဟန်မူယဲ့ မှင်တက်သွားသည်။

သူက ရထားလုံးနှင့် သိပ်မဝေးသောနေရာတွင် ရှိသော စုယွမ်အား လှမ်းကြည့်ကာ ဘေးမှ ဓားစံအိမ်အကြီးအကဲအား ထပ်ကြည့်လိုက်သည်။

“ဟဲဟဲ… မတွေ့တာ ကြာပြီနော် ခေါင်းဆောင်တောက်ရင်…”

ဓားစံအိမ်အကြီးအကဲက ရယ်မောလိုက်သည်။

ခေါင်းဆောင်တောက်ရင်။

မီးဓာတ်မျိုးဆက်ခေါင်းဆောင် တောက်ရင်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား သစ္စာဖောက်သွားခဲ့သူ။

“ဆရာ…”

စုယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်သည်။ သူက ပြောသည်။

“ဂိုဏ်းချုပ်က ကျုပ်ကို မညာခဲ့ဘူးပဲ”

‘ဒီလိုကိုး’

ထိုအခါမှ ဟန်မူယဲ့ အကြောင်းစုံ နားလည်သွားတော့သည်။

ဂိုဏ်းချုပ်က အကြီးအကဲစုယွမ်ကို မီးလောင်ပြင်ဓားသိုင်း သုံးခိုင်းခြင်းမှာ ဖုန်းလင်ဓားဂိုဏ်းအား ရန်စလိုခြင်းမဟုတ်ဘဲ ခေါင်းဆောင်တောက်ရင်အား သတိထားမိစေရန် ဖြစ်သည်။

“ငါက ဒီလိုနေ့မျိုးကို ဆယ်စုနှစ်ကျော် စောင့်လာတာ”

ခေါင်းဆောင်တောက်ရင်က ရယ်မောကာ သူ၏လက်မှ ဓားကို ဝှေ့ယမ်းလိုက်သည်။

ကလင်…

ဓားချင်းထိတွေ့သံတစ်ခု ကြားရကာ လေလှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ကျင့်ရှန်းဓားဂိုဏ်းမဟာအကြီးအကဲ ကျန်းအန်သည် ဓားတစ်ချက်တည်းဖြင့် မိုင်တချို့ ဆုတ်ခွာသွားရသည်။

ခေါင်းဆောင်တောက်ရင်၏စွမ်းအားကား ကြောက်စရာကောင်း၏။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တွေ… ဓားစံအိမ်အကြီးအကဲကို တောင်ပေါ်သို့ ကြိုဆိုကြ”

ဂိုဏ်းချုပ်ကျင်းကျီ၏အသံသည် ကီလိုမီတာတစ်ထောင်အဝေးမှ ကြားရသည်။

“ဟုတ်ကဲ့…”

မရေမတွက်နိုင်သောလူများသည် ဓားဝင်္ကပါအခင်းအကျင်းဖြင့် လှည်းတန်းအား အကာအကွယ်ပေးကာ ရှေ့ကို ဆက်သွားကြသည်။

“အကြီးအကဲ… ကျွန်တော်တို့ အကြီးအကဲကို ဓားစံအိမ်သို့ ပြန်ခေါ်ဖို့ ရောက်လာပါတယ်”

ဟွမ်လောင်လျှိုသည် သူ၏ဓားရှည်ကို ကိုင်လျက် အသာအယာပြောသည်။

သူ့နောက်တွင်ကား ဧရာမဓားကြီးကို ကိုင်ကာ လင်းရှန်ရှိနေပြီး သူ့ဘေးတွင် မျက်လုံးကို အဝတ်ဖြင့် စည်းထားသော လုကော ရှိနေသည်။

ဓားစံအိမ်အကြီးအကဲ၏အကြည့်က သူတို့ထံသို့ ရောက်လာကာ အဝေးမှ အံ့ဖွယ်ကိုးပါးတောင်ကုန်းအား ကြည့်သည်။

တခြားတစ်ဘက်တွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ထားသော ဂိုဏ်းချုပ်ကျင်းကျီသည် သုန်မှုန်သော အမူအရာဖြင့် လေထဲတွင် ရပ်နေသည်။

ကောင်းကင်ထက်တွင် ကောင်းကင်တစ်ဝက်အဆင့် ဆယ်ယောက် ရင်ဆိုင်တွေ့သောအခါ ကြီးမားသော ဖိအားမှာ ကီလိုမီတာတစ်ထောင်ကို လွှမ်းခြုံထား၏။

ပျံ့ကြဲနေသော ဓားအလင်းများသည် တောင်ကုန်းများကိုပင် ပြိုပျက်စေလောက်သည်။

သို့သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ်ကျင်းကျီသည် ထိုကိစ္စများကို စိတ်မဝင်စားပါ။

သူ၏အကြည့်က အဝေးကောင်းကင်မှ လိမ့်လာသော တိမ်စိုင်တိမ်တိုက်များအား ကြည့်သည်။

ဝုန်း…

ထို့ပါ့ချန်သည် ကျားဖြူဓားအစွမ်းအား အဆက်မပြတ်ထုတ်ဖော်သော်လည်း နောက်ကို ဆုတ်သွားရ၏။

အဆုံးသတ်၌ သူ၏ကျင့်ကြံဆင့်သည် အတော်လေး နိမ့်နေသေးသည်။ သူသည် ကောင်းကင်တစ်ဝက်အဆင့်အား ဓားမာန်ဟုန်ဖြင့်သာ ခုခံနိုင်သည်။

“အကြီးအကဲထို့ပါ့… စုယွမ် ခင်ဗျားကို ကူညီပါ့မယ်”

အောက်တွင် မီးတောက်များ စတင်ဖြစ်ပေါ်လာ၏။

မီးလောင်ပြင်ဓားသိုင်း။

၎င်းသည် ဓားမုန်ဟုန်အဆင့်သို့ မရောက်သေးသော်လည်း အလွန်စွမ်းအားကြီးနေသေးသည်။

ထို့ပါ့ချန် ရယ်မောလိုက်ကာ သူ့နောက်မှ ကျားဖြူပုံရိပ်တဖန် စုစည်းလာ၏။ ဓားအလင်းသည် ရှေ့ကို တိုးဝင်သွားကာ ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲနှင့် ထိပ်တိုက်ရင်ဆိုင်၏။

“ဟင်း… မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တားမြစ်ချက်ကို ဖောက်ဖျက်ပြီးတော့ မီးလောင်ပြင်ဓားသိုင်းကို သုံးခဲ့တယ်။ မင်းတို့က ကျုပ်တို့ ဖုန်းလင်ဓားဂိုဏ်းကို ဆန့်ကျင့်ချင်တာလား”

အဝေးမှ အသံတစ်သံကို ကြားရသည်။

ထိုသူကား ဖုန်းလင်ဓားဂိုဏ်းမှ အကြီးအကဲချုပ်ဖြစ်သည်။

“ဆန့်ကျင်တာလား”

ခေါင်းဆောင်တောက်ရင်၏အသံသည် အဆုံးမရှိသော ဖိနှိပ်အားတို့တို့ဖြင့် ပေါက်ကွဲထွက်လာသည်။

“ဒါဆိုလည်း ကျုပ်တို့ အချင်းချင်း ဆန့်ကျင်ကြတာပေါ့”

“ကျုပ် ခင်ဗျားကို စစ်မှန်တဲ့ မီးလောင်ပြင်ဓားသိုင်းကို ပြပေးမယ်”

ခေါင်းဆောင်တောက်ရင်က ပြောပြီးသည်နှင့် လေဟာနယ်သည် စတင်ပူပြင်းလာ၏။

ထိုစွမ်းအားသည် အလွန်အားကောင်းကာ ကောင်းကင်တစ်ခုလုံးသည်ပင် စတင်နီရဲလာတော့သည်။

ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲသည် အလျင်အမြန် နောက်ဆုတ်၏။

သူ နောက်မဆုတ်ပါက ထိုဓားချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“မီးလောင်ပြင်ဓားသိုင်းဟာ မင်းတို့ ကျင့်ရှန်းဓားဂိုဏ်းက နည်းစနစ်နဲ့ ပေါင်းစပ်ထားတာလို့ မင်းတို့ အမြဲပြောတယ်။ ဒီနေ့ မီးလောင်ပြင်ဓားသိုင်းကို လေဓာတ်မပါဘဲ သုံးပြမယ်”

ခေါင်းဆောင်တောက်ရင်က ဝင့်ကြွားစွာ ပြောကာ သူ၏ဓားဖြင့် ခုတ်ချလိုက်သည်။

“လေရဲ့အကူမပါဘဲ မီးလောင်ပြင်ဓားသိုင်းဟာ မိုင်တစ်ထောင် ဘယ်လို လောင်ကျွမ်းပါ့မလဲ”

ဟန်မူယဲ့သည် ခေါင်းဆောင်တောက်ရင်၏လက်ထဲမှ ဓားကို စူးစိုက်ကြည့်နေ၏။

‘သိပြီ’

ဓားအလင်းများ ပျံ့ကြဲသွားကာ အဆုံးမဲ့သော မီးတောက်များ ဖြစ်ပေါ်လာသည်။

မည်သည့်လေဓာတ်၏အကူမပါဘဲ မီးတောက်များ အဆက်မပြတ် လောင်ကျွမ်းလာ၏။

မီးဓာတ်တစ်ခုတည်းဖြင့် ဓားမာန်ဟုန် ဖြစ်လာသည်။

ဟန်မူယဲ့က နားလည်သွားဟန်ဖြင့် ရေရွက်သည်။

“ဒါက တာအိုနဲ့ မီးကို ဖန်ဆင်းတာပဲ”

သူ့ဘေးမှ ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်သည်။

“မင်းမှာ အမြင်ကောင်း ရှိသားပဲ”

“အကြီးအကဲတောက်ရင်ဟာ နှစ်တစ်ထောင် လေ့ကျင့်လာခဲ့ပြီးတော့ ကမ္ဘာမြေအဆင့်ရဲ့အမြင့်ဆုံးကို ရောက်နေပြီ”

“ကျင့်ရှန်းဓားဂိုဏ်းရဲ့ တားဆီးမှုကြောင့်သာ မဟုတ်ရင် သူဟာ မီးတာအိုမှာ ပေါက်မြောက်နေခဲ့တာ အရင်နှစ်တွေကတည်းက ဖြစ်မယ်”

ဓားစံအိမ်အကြီးအကဲက သူ့လက်နှစ်ဖက်ကို နောက်တွင်ပိုက်ကာ ပြောသည်။

“ကံမကောင်းတာက… ဒါက သူ့ဘဝတစ်သက်လုံး အောင်မြင်ဖို့ ခက်ခဲမှာ စိုးရတယ်”

မီးတောက်များသည် ကောင်းကင်၏တစ်ဝက်ခန့်ကို လွှမ်းခြုံသွား၏။ တိမ်နှင့် လေများ ယှက်နွယ်ကာ တောင်ကုန်းနှင့် မြစ်ရေများမှာ အရောင်ပြောင်းလဲ၏။

ကျင့်ရှန်းဓားဂိုဏ်း၏မဟာအကြီးအကဲသည် နောက်ကို မိုင်တစ်ရာခန့် ဆုတ်ခွာသွားသည်။ သူ၏အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။

သူ့အနီးတွင် ဓားအလင်းများ အဆက်မပြတ် ရစ်ပတ်ထားသော်လည်း သူသည် မလွတ်မြောက်နိုင်ပါ။

အဆုံးမဲ့သော မီးတောက်များ သူ့ကို လွှမ်းခြုံလာသည်။

“ဒါက အမြင့်ဆုံးမီးစွမ်းအားလား”

ဟန်မူယဲ့ တီးတိုးရေရွက်သည်။

သူသည် မီးတောက်များမှ စွမ်းအားတစ်ခုကို ခံစားမိသည်။

၎င်းသည် ဓားမာန်ဟုန်နှင့် ဆင်တူသော သဘောတရားရှိသည်။ ၎င်းကို မန္တန်စွမ်းအားဟု သတ်မှတ်နိုင်သော်လည်း အတိအကျတော့ မဟုတ်ချေ။

“ခေါင်းဆောင်တောက်ရင်က ဓားနဲ့ တာအိုစွမ်းအားကို ထုတ်ဖော်ခဲ့တယ်။ ဒီမီးလောင်ပြင်ဓားသိုင်းဟာ ဓားသိုင်းလို့ ဆိုရမယ့်အစား တာအိုပညာရပ်လို့ပဲ သတ်မှတ်ရမယ်”

ဓားစံအိမ်အကြီးအကဲက နီရင့်ရင့်တိမ်တိုက်များကို ကြည့်ကာ ပြောသည်။

တာအိုနည်းစနစ်။

ကျင့်ကြံခြင်းလောက၌ အရာရာသည် တာအိုဖြစ်သည်။

သတ်ဖြတ်ခြင်း၌ ဓားပညာသည် နံပါတ် ၁ ဖြစ်သည်။

ဉာဏ်အလင်းရခြင်းနှင့် နည်းစနစ်များကို ကျင့်ကြံရာတွင်ကား တာအိုပညာရပ်များမှာ မရှိမဖြစ် အရေးပါသည်။

ခေါင်းဆောင်တောက်ရင်၏မီးတောက်သည် အဆုံးမရှိ လောင်ကျွမ်းကာ ကျန်းအန်အား ဖိနှိပ်ထားသည်။

ယနေ့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အမှန်တကယ် အရေးနိမ့်နေရာမှ အလေးသာလာခဲ့သည်။

အောက်တွင် မရေမတွက်နိုင်သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များသည် အားရဝမ်းသာစွာဖြင့် ကြည့်နေကြ၏။

အကယ်၍ ခေါင်းဆောင်တောက်ရင်သည်သာ ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲ ကျန်းဟန်ကို သတ်ဖြတ်နိုင်ပါက သူတို့သည် ဓားဂိုဏ်းကြီးသုံးဂိုဏ်းတွင် ဒုတိယနေရာသို့ ရောက်လာနိုင်၏။ ကျင့်ရှန်းဓားဂိုဏ်းမှာ ယခုတွင် ပျက်စီးသွားပြီဟု သတ်မှတ်နိုင်ရာ ဓားဂိုဏ်းကြီး သုံးဂိုဏ်းသာကျန်တော့သည်။

“ဂိုဏ်းချုပ်… ကယ်ပါ”

ကောင်းကင်တွင် မီးတောက်များ ပတ်လည်ဝိုင်းနေသော ကျန်းအန်သည် ရုတ်တရက် အော်ဟစ်လိုက်၏။

ဂိုဏ်းချုပ်။

သူတို့၏ဂိုဏ်းချုပ်မှာ ပျောက်ကွယ်နေသည် မဟုတ်ဘူးလား။

ဟန်မူယဲ့ တုန်လှုပ်သွားသည်။

သူသည် ကျင့်ရှန်းဓားဂိုဏ်းချုပ်ကို ခေါ်ခြင်းမဟုတ်ပေ။ သူက ဖုန်းလင်ဓားဂိုဏ်းချုပ်အား ခေါ်နေခြင်း ဖြစ်သည်။

ကောင်းကင်အဆင့်ပညာရှင်။

ဝုန်း…

ပြင်းထန်သော လေပြင်းများ အဆက်မပြတ် တိုက်ခတ်လာ၏။

မီးတောက်များသည် ချက်ချင်း ပျက်ပြယ်သွားကာ ကောင်းကင်မှာလည်း တဖန် ပြန်လည်ကြည်လင်သွားသည်။

“စီနီယာအစ်ကိုယွီဟယ်… မတွေ့တာ ကြာပြီ။”

အစိမ်းရောင်ဝတ်သတ်လက်ပိုင်းလူကြီးတစ်ဦးသည် လေထဲတွင် ရပ်နေသည်။ သူက ခေါင်းဆောင်တောက်ရင်အား တည်ငြိမ်စွာ ပြောသည်။

“ခင်ဗျား ဖုန်းလင်ဓားဂိုဏ်းသို့ ပြန်လာပြီးတော့ တောက်ယွီဟယ်နာမည်နဲ့ ပြန်နေမယ်ဆိုရင် ခင်ဗျားအသက်ကို ချမ်းသာပေးမယ်”

“ဘယ်လိုပြောပြော ခင်ဗျားက ကျုပ်ကို ကျင့်ကြံဖို့ သင်ပေးခဲ့တဲ့သူပဲမလား။ မဟုတ်ရင် လက်ရှိနေရာကို ကျုပ်ရောက်လာမှာ မဟုတ်ဘူး”

ထိုတာအိုဆရာ၏စကားသည် တည်ငြိမ်၏။

“ကျန်းချန်… မင်း ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းသွားတယ်”

ခေါင်းဆောင်တောက်ရင်သည် သူ့ရှေ့မှ လူအား ချုပ်တီးမရနိုင်သော ခံစားချက်များဖြင့် ကြည့်သည်။

ဖုန်းလင်ဓားဂိုဏ်းချုပ် ချန်းကျန်။

All Chapters