ဘေးဖယ်စမ်း
Vol. 52 Ch. 725
အခန်း (၇၂၅) ဘေးဖယ်စမ်း
ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့သာမက ပန်ပန်သည်ပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကမ္ဘာကိုတုန်လှုပ်စေလောက်အောင် ပြောင်းလဲသွားကြောင်း သတိပြုလိုက်မိသည်။
သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် နဂိုကပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်သည်။ သို့သော် ယခုအချိန်မှာတော့ တန်ခိုးစွမ်းအားများ သိသိသာသာ မြင့်တက်လာသည်ကို ခံစားရသည်။
အထက်ဘုံကမ္ဘာတွင်ကြီးပြင်းလာသော ရှောင်အိုက်အတွက် အဆင်ပြေသော်လည်း ဖန်းယွင်ရှန်းနှင့် အားဟူတို့ကတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အကဲခတ်ရင်း ထိတ်လန့်တုန်လှုပ်လျှက် ရှိကြသည်။ သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်သာ နေခဲ့သည်ဖြစ်ရာ သိုင်းသူတော်စင် တတိယအဆင့်နှင့် သိုင်းသူတော်စင် စတုတ္ထအဆင့် ကြီးမားသည့်ကွာဟမှုက အလွန်တရာ အံ့အားသင့်စရာ ကောင်းနေခဲ့သည်။
သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်သို့ရောက်ရှိသည်နှင့် အစွန်းရောက်ရှစ်ပါးမှ သိုင်းသူတော်စင်များမှာ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ တက်ကြရသည်။ ဤအချက်တစ်ချက်တည်းကပင် ဤကျင့်ကြံခြင်းအဆင့်နှစ်ဆင့်၏ ခြားနားချက်က ဘဝအချိုးအကွေ့တစ်ခုပမာ ကွာခြားကြောင်း သိရှိနိုင်သည်။
ရန်ကျောက်ကဲ မတ်တတ်ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး လက်ခုပ်တစ်ချက် တီးလိုက်၏။
အသင်္ချေနဂါးနန်းတော်က အလင်းနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပရမ်းပတာဗလာနယ်စီးကြောင်းများကို ဖြတ်ကျော်သွားသည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းကတော့ မလှုပ်မရှား တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး တောက်ပခြင်းလည်းမရှိ မှောင်မိုက်ခြင်းလည်းမရှသော ညို့မှိုင်းသည့်အလင်းရောင်က မျက်နှာပြင်ထက်တွင် လှည့်ပတ်နေသည်။ ထိုအလင်းရောင်က အသင်္ချေနဂါးနန်းတော် ဗလာနယ်စီးကြောင်းအတွင်းမှ မလွတ်မြောက်ခင် လွှမ်းခြုံပေးထားသည့် ညို့မှိုင်းသည့်အလင်းအလွှာပင် ဖြစ်၏။
များပြားလှစွာသော အင်းသင်္ကေတများက ပရမ်းပတာဗလာနယ်စီးဆင်းမှုထဲတွင် လှည့်ပတ်နေပြီး ပတ်ဝန်းကျင်ကို ပို၍ပင် လှိုင်းထန်လာစေသည်။ သို့သော် မှိုင်းညို့သည့်အလင်းအလွှာအကာအကွယ်အောက်တွင် အသေင်္ချနဂါးန်းတော်သည် အာကာသအလွှာများကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်။
နန်းတော်ထဲတွင်ရှိသော ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက် ဆန့်ထုတ်လိုက်ရာ အလင်းရောင်များတောက်ပနေသည့် သင်္ကေတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းပင် အသင်္ချေနဂါးနန်းတော်ထိပ်ဖျားမှ အလင်းတန်းတစ်ခု ထိုးဖောက်ထွက်သွားပြီး လမ်းကြောင်းတစ်ခုတွေ့သည့်အလား ဗလာနယ်ကို ထိုးခွဲထွက်ခွာသွားသည်။
လမ်းကြောင်းအဆုံးမှာတော့ ပုံပျက်နေသည့်လေထုထဲတွင် တည်ရှိသည့် တွင်းနက်ကြီးတစ်ခုအား တွေ့ရသည်။
ယိုးမင်ဂူဗိမာန်သို့ ခရီးမထွက်ခင်ကတည်းက ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာသို့ ပြန်ရလွယ်ကူရန် အမှတ်အသားတစ်ခု ချန်ထားခဲ့၏။
အစောပိုင်းတွင် အာကာသထဲမှ ပရမ်းပတာဗလာနယ်စီးကြောင်းများက ပြင်းထန်လွန်းသဖြင့် အလိုက်သင့်ရွေ့လျားနေရေသော်လည်း ယခုတော့ လက်ခံနိုင်သည့်အခြေအနေရောက်ရှိသွားပြီဖြစ်ရာ ထွက်ခွာရန် အချိန်တန်ပေပြီ။
အချိန်နှင့်ဗလာနယ်ထဲမှ ပုံပျက်နေသောတွင်းနက်ထဲတွင် ရှုတ်ထွေးသောမြင်ကွင်းများ တဖြည်းဖြည်း ပေါ်လာသည်။ အတွင်းထဲမှ ဝိညာဉ်စွမ်းအားစီးဆင်းမှုလက္ခဏာများက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာနှင့် ကိုက်ညီသည်။
အသေင်္ချနဂါးနန်းတော်က တစ်ချက်လှုပ်ခါသွားပြီး အလင်းနဂါးတစ်ကောင်အသွင် ပြောင်းလဲသွားကာ အထက်ဘုံကမ္ဘာသို့ပြန်ရန်လမ်းကြောင်းဖြစ်သည့် တွင်နက်ဆီသို့ပျံသန်းသွား၏။ သို့သော် အသင်္ချေနဂါးနန်းတော်ချဉ်းကပ်လာသည်နှင့် တွင်းနက်ကြီးက ရုတ်တရက် ပုံပျက်သွားပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲလုမတတ် ဖြစ်သွားသည်။
တွင်းနက်အတွင်းမှ အာကာသအချိန်ပြောင်းလဲမှုများ ပိုမိုရှုတ်ထွေးနက်နဲလာပြီး မူလက ပုံပျက်နေသောအတွင်းထဲမြင်ကွင်းများက ယခုတော့ များပြားလှသော ရောင်စုံအလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး ရောင်စုံဝဲဂယက်တစ်ခု ဖြစ်တည်လာသည်။
အားဟူက အံ့အားသင့်သွားပြီး...
“သခင်လေး.. တစ်ယောက်ယောက်က ကျွန်တော်တို့ကိုတားဆီးဖို့အတွက် အထက်ဘုံကမ္ဘာမှာ သခင်လေးထားခဲ့တဲ့ အမှတ်အသားကို ဖျက်ဆီးလိုက်တာလား”
ရန်ကျောက်ကဲက ကြောက်မက်ဖွယ်ရာဝဲဂယက်ကြီးကို စူးစိုက်ကြည့်ရင်း...
“မဟုတ်ဘူး ၊ ငါချန်ခဲ့တဲ့အမှတ်အသားကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်တာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ တစ်ယောက်ယောက်က အဲဒီအမှတ်အသားကို ဖွင့်လှစ်ပြီး ဗလာနယ်အာကာသထဲကိုလာဖို့ ကြိုးစားနေတာ”
လက်ရှိတွင် ရန်ကျောက်ကဲတို့အုပ်စုက ပရမ်းပတာ ဗလာနယ်စီးဆင်းမှုများကို ချိုးဖောက်ဖြတ်ကျော်ပြီး ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ သွားရောက်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
ထိုအချိန် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် တစ်စုံတစ်ယောက်က အထက်ဘုံကမ္ဘာမှ ထွက်ခွာရန်အတွက် ရှုတ်ထွေးသောအာကာသစီးကြောင်းများကို ထိုးဖောက်ထွက်ရန် ကြိုးစားနေသည်။
ထိုသူက အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲ အမှတ်အသားချန်ခဲ့သောနေရာနှင့် မနီးမဝေးတွင် ဗလာနယ်ကို ထိုးခွင်းရန် ရည်ရွယ်နေခြင်း ဖြစ်၏။
ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် စွမ်းအားများ အတူတကွ အလုပ်လုပ်နေသလိုဖြစ်ပြီး နှစ်ယောက်ပေါင်းကာ အာကာသဥမင်တစ်ခု ဖွင့်လှစ်နေသည့်အလား ဖြစ်ရသည်။
ထို့နောက်မှာတော့ ကြောက်မက်ဖွယ်ရာ ရောင်စုံဝဲဂယက်ကြီး တည်ငြိမ်သွားပြီး နဂိုအတိုင်းပြန်ဖြစ်သွားသည်။
ဥမင်တစ်ဖက်ခြမ်းတွင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ကျူတောပင်လယ်ဒေသမြင်ကွင်းက သူတို့မျက်ဝန်းထဲတွင် ပေါ်လာသည်။
အသင်္ချေနဂါးနန်းတော်က ပရမ်းပတာဗလာနယ်စီးဆင်းမှုများကို ချန်ထားခဲ့ပြီး အာကသဥမင်ကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ပျံသန်းလာသည်။
အခြားဘက်မှလည်း တစ်စုံတစ်ယောက်က သူတို့ရှိရာသို့ တည့်တည့်မတ်မတ် ပျံသန်းလာ၏။
တစ်ဖက်လူ၏ လက်သီးသိုင်းဝိညာဉ်က ပတ်ဝန်းကျင်လေထုတစ်ခုလုံးကို လွှမ်းခြုံထားပြီး ဇာမဏီငှက်အတောင်ဖြန့်သည့်အလား မီးတောက်များတောက်လောင်နေသည်။ မီးတောက်များက လွင်ပြင်ထက်တွင် တောက်လောင်နေသည့်ပမာ အရှိန်အဟုန် မြင့်မားလှသည်။
လေထုထဲတွင် ဇာမဏီငှက်တစ်ကောင်အော်သံနှင့် နဂါးဟိန်းသံများထွက်ပေါ်လာပြီး ဇာမဏီငှက်နှင့်နဂါးနန်းတော်မှာ ဗလာနယ်အလယ်တွင် ခေါင်းချင်းဆိုင်တိုက်မိသွားသည်။
တစ်ဖက်မှသက်ရောက်မှုကြောင့် အသင်္ချေနဂါးနန်းတော် ပြင်းထန်စွာတုန်ခါသွားပြီး ပြိုကွဲလုနီးပါး ဖြစ်သွားသည်။ ကောင်ကင်ဘုံနန်းတော်မှ ကျောက်ဖြူတံခါးကိုသာ သန့်စင်ပေါင်းစပ်ထားခြင်း မရှိပါက တစ်ဖက်လူ၏ ရိုက်ခတ်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားနိုင်၏။
နဂါးနန်းတော်ထဲတွင် နဂါးအစစ်တန်ခိုးစွမ်းအားများ အလွန်တရာ များပြားနေသော်လည်း ယခုရင်ဆိုင်ရသော တန်ခိုးစွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်ရန်တော့ မတတ်နိုင်သေးပေ။
ယိုးမင်ဂူဗိမာန်ပြိုကျရာမှ ဖြစ်ပေါ်ခဲ့သော အချိန်နှင့် ဗလာနယ်မုန်တိုင်းကြောင့် အသင်္ချေနဂါးနန်းတော်ပျက်ဆီးမသွားအောင် ယိုးမင်ဂမ္ဘီရစက်ဝန်းက ကာကွယ်ပေးခဲ့သည်။ သို့သော် ယခုတော့ ထိုရတနာပစ္စည်းက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး ရန်ကျောက်ကဲသည်ပင် ၎င်း၏တန်ခိုးစွမ်းအား အသက်ဝင်လာအောင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
တစ်ဖက်လူ၏လက်သီးချက်က ဇာမဏီမီးတောက်ပမာ အရှိန်အဟုန်ပြင်းထန်လွန်းသဖြင့် အသင်္ချေနဂါးနန်းတော်မှာ အနောက်ဘက်မှ ပရမ်းပတာဗလာနယ်စီးကြောင်းများဆီသို့ ပြန်လည်လွင့်ထွက်သွားသည်။
သည်ပင် လှုပ်ခါသွားသည်။
အားဟူက စိတ်ရှုတ်ထွေးစွာဖြင့်...
“သခင်လေး...”
တစ်ဖက်လူကြောင့် သူတို့သာ နောက်ပြန်ဆုတ်ပေးရမည်ဆိုလျှင် ယခင်အမှတ်အသား ပျက်ဆီးသွားပြီဖြစ်သဖြင့် အထက်ဘုံကမ္ဘာသို့ အတိအကျပြန်ရောက်ရန် မလွယ်ကူတော့ပေ။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဘာမှမဖြစ်ဘူး”
တစ်ဖက်လူကိုကြည့်ရသည်မှာ အလွန်တရာ စိုးရိမ်နေဟန်ရှိပြီး ထွက်ပြေးရန် မစောင့်နိုင်တော့ဟန်ပင်။ သို့သော် လမ်းကတစ်လမ်းတည်းရှိသည်ဖြစ်ရာ ရန်ကျောက်ကဲကလည်း လမ်းဖယ်ပေးရန် မဖြစ်နိုင်ပေ။
ဗလာနယ်ထဲတွင် အတောင်ဖြန့်ထားသည့် မီးတောက်ဇာမဏီငှက်ကြီးကိုကြည့်ရင်း ရန်ကျောက်ကဲက...
“ဘေးဖယ်စမ်း...”
သူ့စကားမဆုံးခင်မှာပင် အသင်္ချေနဂါးနန်းတော်တံခါးပွင့်သွားပြီး အနက်ရောင်တစ်ဝက် ရွှေရောင်တစ်ဝက်အလင်းတန်းများထွက်ပေါ်လာကာ ကြုံးဝါးသံတစ်ချက်နှင့်အတူ ဇာမဏီငှက်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ဗလာနယ်ထဲတွင် နှိုင်းယှဉ်မရအောင်ကြီးမားသော ဝေလငါးကြီးတ်ကောင်ထွက်ပေါ်လာပြီး ၊ ထို့နောက်မှာတော့ ထိုငါးကြီးက သမုဒ္ဒရာအတွင်းမှ ခုန်ထွက်လာသည့်ပမာ ကြီးမားသော ဂဠုန်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ဂဠုန်ငှက်ကြီးက အတောင်ကိုဖြန့်ကားလျှက် ကောင်းကင်ကိုးထပ်ဆီသို့ ထိုးဖောက်ပျံသန်းသွားရာ ဇာမဏီငှက်မှာ လေထုအလယ်တွင် တုံ့ဆိုင်းသွားသည်။
ဇာမဏီငှက်၏ဖိအားမရှိတော့သည့်အခါ အသင်္ချေနဂါးနန်းတော်မှာ ပရမ်းပတာဗလာနယ်စီးကြောင်းများထဲ ပြန်ကျသွားသည့် ကံဆိုးမိုးမှောင်ကျမှုမှ ကင်းလွတ်သွားပြီး လေထုထဲတွင် ရပ်တန့်သွားသည်။
“နောက်ဆုတ်စမ်း...”
မီးတောက်ဇာမဏီငှက်အလင်းရောင်များကြားမှ ဒေါသထွက်နေသည့် မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် မီးတောက်ဇာမဏီငှက်က အတောင်တစ်ချက်ခတ်လိုက်ရာ ကောင်းကင်ထက်တွင် မီးတောက်မိုးစက်များ ရွာသွန်းလာသည်။ မိုးစက်တိုင်းက ကြောက်မက်ဖွယ်ရာ မီးလုံးကြီးများအသွင် ပြောင်းလဲသွားပြီး ကမ္ဘာတစ်ခုကိုပင် အမှုန့်ကျေသွားစေရန် လုံလောက်သည်။
ထိုသို့ဖြင့် မရေမတွက်နိုင်သော မီးတောက်မိုးစက်များပေါင်းစည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ကြယ်တံခွန်များအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ဂဠုန်ငှက်ကြီးက အတောင်တစ်ချက်ခတ်လိုက်ရာ အဆုံးမရှိသော တိမ်တိုက်များနှင့်လေများ မြင့်တက်လာပြီး ကျယ်လောင်သည့်အော်မြည်သံနှင့်အတူ ဧရာမဝေလငါးကြီးအဖြစ် ပြောင်းလဲသွားသည်။ ကြီးမားသော ငါးကြီးက မိုးမြေတစ်ခွင် ပိတ်ဆို့ထားပြီး အနက်ရောင်နှင့် ရွှေရောင်အလင်းတန်းများက သိပ်သည်းသွားကာ ကြောက်မက်ဖွယ်ရာမီးတောက်မိုးစက်များကို တားဆီးလိုက်သည်။
ထို့နောက်မှာတော့ ကြီးမားသော ဝေလငါးကြီးက ရေထဲမှ သမုဒ္ဒရာထဲမှ တစ်ဖန်ထွက်ပေါ်လာပြီး အဆံးမရှိသော တန်ခိုးစွမ်းအားများဖြင့် မီးတောက်ပင်လယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ဇာမဏီငှက်ရှိရာသို့ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
မီးတောက်များပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထက်တွင် ပြန့်ကျဲသွားသည်။
ထို့နောက် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ရုပ်သွင်ထွက်ပေါ်လာပြီး သူမအရှေ့မှ ကြီးမားသော ခွန်ဖိန်သတ္တဝါကြီးကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
ပတ်ဝန်းကျင်ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည်နှင့် ချောက်နက်ကြီးပမာနက်ရှိုင်းတိတ်ဆိတ်ပြီး တောင်တစ်လုံးပမာမြင့်မားသော လူတစ်ယောက်ထွက်ပေါ်လာသည်။ အခြားသူမဟုတ် ၊ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပင် ဖြစ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်သီးဆုပ်လိုက်ပြီး အရှေ့သို့ ထိုးစိုက်ချလိုက်သည်။
အမျိုးသမီးက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကြောက်မက်ဖယ်ရာလက်သီးချက်ကိုတားဆီးရန် သူမ၏လက်များကို ပင့်မြှောက်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်က ကြောက်မက်ဖွယ်ရာ လှံရှည်တစ်လက်နှင့်ဆင်တူပြီး သူမ၏လည်ပင်းကိုမထိုးဖောက်မိစေရန် အမျိုးသမီးက လက်များဖြင့် ကာထားလိုက်သည်။ လှံရှည်က သူမထံသို့ ထိုးဖောက်ဝင်ရောက်လာခြင်းမရှိသည့်တိုင် စူးရှသည်နာကျင်မှုကို ခံစားရပြီး သူမလက်များ ကျိုးသွားပြီဖြစ်ကြောင်း သိရှိနိုင်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် အမျိုးသမီးကို ကြည့်နေရင်း ညာဘက်လက်ကိုမလှုပ်ရှားဘဲ ဘယ်ဘက်လက်ကိုပင့်မြှောက်ကာ နောက်ထက်လက်သီးတစ်ချက် ထိုးစိုက်ချလိုက်လေ၏။