← Chapters

ထွက်သွားစမ်း

Vol. 90 Ch. 1348

ထွက်သွားစမ်း

Vol. 90 Ch. 1348

“တျောင်လို့ရဲ့ နံပါတ်တစ် ပုံရိပ်ယောင် ပညာရှင်နဲ့များ ပြိုင်ရတယ်လို့၊ မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ကနေ ရလာမှန်း ငါ တကယ် မသိတော့ဘူး”

ဝမ်ရဲ့က မနေနိုင်ဘဲ သရော်လိုက်သည်။

*ယဲ့ဖန်က အဲ့အမျိုးသမီး အကျွမ်းဆုံးနဲ့မှ အနိုင်ယူဖို့ ကြိုးစားရတယ်လို့၊ ဒီကောင် ဘယ်ကနေ ယုံကြည်မှု ရလာ တာလဲ*

ယဲ့ဖန်၏ ခြေထောက်အောက်မှ ရုတ်တရက် အနက်ရောင် အငွေ့အသက် ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာ ကျယ်ပြန့်လာသည်။

တစ်ခဏအတွင်း အမှောင်ထုတစ်ခုက တစ်လောကလုံးကို လွှမ်းမိုးလာပြီး ကြောက်စရာကောင်းသော ငရဲ၏ အငွေ့အသက် ပေါ်လာလေသည်။

ငရဲမှမြင်ကွင်းတစ်ခု ပေါ်လာ၏။ ထောင်သောင်းချီသော တစ္ဆေများ၏ အော်သံများနှင့် နတ်ဆိုးများ၏ အော်သံများ ပြိုင်တူ ထွက်ပေါ်လာသည်။

*ဘာ*

ဤသည်ကိုမြင်သော် အခန်းထဲမှ သုံးယောက်လုံး ခေါင်းမွေးထောင်သွားကြသည်။ သူတို့သည် အဆုံးမရှိသော အမှောင်ထုကို မြင်နေရပြီး ဆောက်တည်ရာမရ အော်ဟစ်နေသံများကို သူတို့၏ နားထဲသို့ ဝင်ရောက်လာသည်။ သွေးသံတရဲရဲနှင့် နှိပ်စက်သတ်ဖြတ်နေပြီး တဖန်လဲလဲ ဝေဒနာ ခံစားနေရသူများကို မြင်နေရသည်။ ဤသည်မှာ မပြီးဆုံးနိုင်သော ငရဲခန်းပင်။

ယင်းသည် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပြီး တစ်ခါ မြင်မိသည်နှင့် ဘဝတစ်လျှောက်လုံး မေ့နိုင်မည် မဟုတ်ပါ။

“ဒါ ဘယ်လိုပုံရိပ်ယောင်ကြီးလဲ”

သုံးယောက်လုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤမျှ ကြောက်စရာကောင်း၍ အစစ်နှင့်တူလွန်းသော ပုံရိပ်ယောင်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ရက်စက်ခက်ထန်သော အရှိန်အဝါက ပြတ်သားလွန်းသဖြင့် သူတို့ တုန်ယင်လာသည်။

ဤပုံရိပ်ယောင်သည် ပိုကြီးမားပြင်းထန်၍ ပြည့်တန်ဆာခေါင်း၏ ပုံရိပ်ယောင်ထက် ပို၍ အစစ်နှင့် တူလေသည်။

ယဲ့ဖန်က လက်တစ်ဖက်ကို ရှေ့ဆန့်ထုတ်လိုက်သဖြင့် သူ့အနောက်မှ ငရဲခန်း ပုံရိပ်ယောင် ရှေ့သို့ ရောက်လာပြီး ပုံရိပ်ယောင် အချင်းချင်း တိုက်ခိုက်ကြလေသည်။

*ငရဲခန်း ပုံရိပ်ယောင်နဲ့ တိုက်တာလား*

*ဒါကြီးက ...*

သုံးယောက်လုံး မှင်တက်နေကြသည်။ တစ်စုံတစ်ယောက်က ဤသို့သော ပုံရိပ်ယောင်မျိုး ဖော်ထုတ်နိုင်သည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မယုံနိုင်စရာကောင်းလွန်းလှသည်။

“ဝုန်း ဝုန်း ဝုန်း”

ထို့နောက်တွင်မူ ငရဲတစ်ခုလုံး ပေါက်ကွဲလာပြီး ကြောက်စရာကောင်းသော အော်သံရှည်များ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး ငရဲက အသက်ရှိနေသကဲ့သို့ ကူကျန့် အသံလှိုင်း ပုံရိပ်ယောင်အား တိုက်ခိုက်လေတော့သည်။

ကြောက်စရာကောင်းကော ပြင်းထန်လွန်းလှသည်။

“ဖြောင်း”

ပြည့်တန့်ဆာခေါင်း အမျိုးသမီးကြီး၏ ကြိုးများ ပြတ်ထွက်သွားပြီး လက်ဆယ်ချောင်းလုံး ပြတ်သွားကာ ပုံရိပ်ယောင် ပျက်စီးသွားသည်။

“အား...”

အမျိုးသမီးကြီးသည် အလန့်တကြား အော်ဟစ်လာပြီး မျက်နှာ ရှုံ့မဲ့နေသည်။ လက်ဆယ်ချောင်းလုံးကို နှလုံးသားနှင့် ချိတ်စပ်၍ စိတ်နစ်ကာ တီးခတ်နေသောကြောင့် လက်ဆယ်ချောင်းလုံး ပြတ်သွားသောအခါ ဝေဒနာက ပြောမပြတတ်အောင် ဆိုးရွားလှသည်။ ထို့အပြင် ဤမြင်ကွင်းက ဝမ်ရဲ့နှင့် အန်တီချွန်းဟွာတို့အား စိတ်ဓာတ်ကျသွားစေသည်။

*ရှုံးပြန်ပြီ၊ သူ့ပုံရိပ်ယောင်က အလုပ်မဖြစ်ပါလား*

*ဘယ်လိုဖြစ်ရတာလဲ*

*ဒီကောင်က သူ့ကို ပုံရိပ်ယောင်နဲ့ပဲ တကယ် အနိုင်ယူလိုက်တာလား*

“ငါ ... ငါ ဒီလို ပုံရိပ်ယောင်မျိုး အရင်က တစ်ခါမှ မမြင်ဖူးဘူး၊ မင်း ဘယ်သူလဲ”

အမျိုးသမီးကြီးက ထိတ်လန့်နေသော မျက်လုံးများဖြင့် အော်ဟစ်လာ၏။ ယဲ့ဖန်၏ ပုံရိပ်ယောင်ကြောင့် သူမ ကြောက်လန့်နေ၏။

“ပုံရိပ်ယောင် ဟုတ်လား၊ ဒါက ပုံရိပ်ယောင်ပါလို့ ခင်ဗျားကို ဘယ်သူ ပြောလဲ”

ယဲ့ဖန် သရော်လိုက်သည်။

*ပုံရိပ်ယောင် ဟုတ်လား*

လူတိုင်း ကြက်သေ သေသွားကြသည်။

*ဒါ ဘာပြောချင်တာလဲ*

ထိုအခိုက်တွင် တစ်စုံတစ်ရာကို စဉ်းစားမိသွားပုံရပြီး ပင့်သက်ရှိုက်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ဒါ ပုံရိပ်ယောင် မဟုတ်ဘူး၊ ဒါ တကယ့် ငရဲပဲ”

*ဘာ*

ထိုစကားသံ ထွက်လာသည်နှင့် အမျိုးသမီးကြီးနှင့် အန်တီချွန်းဟွာတို့ အံ့အားသင့်သွားကြသည်။

*တကယ့် ငရဲလား၊ ဒီကောင်က တကယ့် ငရဲကို ဆင့်ခေါ်လိုက်တာလား*

*သောက်ကျိုးနည်း ဘာကြီးလဲ*

ထိုအခိုက်တွင် ငရဲခန်းက အမျိုးသမီးကြီးကို ချက်ချင်း ဝါးမျိုသွားလေသည်။

“အား ...”

“မလုပ်ပါနဲ့”

ရုတ်ချည်းဆိုသလိုပင် အမျိုးသမီးကြီးက ငယ်သံပါအောင် နာကျင်စွာ အော်ဟစ်လာပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ကြမ်းပြင်ပေါ်၌ ဆက်တိုက် လူးလှိမ့်နေ၏။

“အဲ့ဒါကြီးကို ငါ့ခေါင်းထဲက မောင်းထုတ်လိုက်ပါ၊ မောင်းထုတ်လိုက်”

ထိုစဉ် သူမက ခေါင်းကို ကြမ်းပြင်ဖြင့် ဆောင့်လိုက်နေသဖြင့် တစ်ခဏအကြာတွင် သွေးများ စိမ့်ထွက်လာ သော်လည်း သူမက သတိမမူမိသည့်ပုံပင်။

သူမ ဘာကိုမြင်နေသလဲ ဘယ်သူမှ မသိသလို အဘယ်ကြောင့် သူမ ဤသို့ ဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် သေအောင် နှိပ်စက်နေသလဲ မသိကြပါ။

“မင်း ... မင်း ဘာလုပ်လိုက်တာလဲ”

ဝမ်ရဲ့ မယုံသင်္ကာ အော်ဟစ်လိုက်မိသည်။

*ဒီမိန်းမကြီးရဲ့ ပုံရိပ်ယောင်က လုံးဝ အလုပ်မဖြစ်ပင်မယ့် ယဲ့ဖန်က သူ့ကို အသာလေး ရူးသွားအောင် လုပ်နိုင် တာလား*

*မဟုတ်သေးဘူး*

*ဒီကောင်က တစ်ခုခုတော့ မှားနေပြီ*

*ဈာန်ဝင်စားခြင်းအဆင့်လေးက ဘာလို့ ဒီလောက် ထူးခြားနေရတာလဲ*

“ငါ သူ့ကို ငရဲရဲ့ အပိုင်းသေးသေးလေးကိုပဲ ပြလိုက်တာပါ၊ သူ ဒီလောက် ကြောက်သွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ ဒါပေမဲ့ ... ငါ အခု သူ့ကို ပိုပြီးတော့ ပြပေးတော့မှာ”

ယဲ့ဖန်က လက်တစ်ဖက်အား အမျိုးသမီးကြီးထံ ချိန်လိုက်သောအခါ အလင်းတန်းတစ်ခုက သူမခေါင်းထဲသို့ ဝင်သွားသည်။

“အား...”

အမျိုးသမီးကြီး ထပ်၍ ပေါက်ကွဲလာပြန်သည်။ သူမ၏ မျက်လုံးများက သွေးကဲ့သို့ နီရဲလာပြီး လက်နှစ်ဖက်ဖြင့် ပါးကို ကုတ်ခြစ်နေသောကြောင့် မျက်နှာတွင် လက်သည်းရာများ ပေါ်လာကာ အသားများ ပဲ့လာသည်။ လက်ရှိတွင် သူမ မြန်မြန် သေချင်နေ၏။

“ငါ့ကိုသတ်၊ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို သတ်လိုက်ပါတော့၊ ငါ တောင်းပန်ပါတယ်”

*ကြောက်စရာကောင်းလိုက်တာ*

ဝမ်ရဲ့တို့နှစ်ယောက်လုံး ကြောက်လန့်လာသည်။

*ဘုရင်အဆင့်တစ်ယောက်က ဘယ်လိုလုပ် ဘာမဟုတ်တဲ့ ဈာန်ဝင်စားခြင်းအဆင့်လေးရဲ့ နှိပ်စက်တာကို ခံရတာလဲ*

*ဒါ မဖြစ်နိုင်တာကြီးကို*

“မဟုတ်သေးဘူး၊ မင်းက လုံးဝ ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ဘူး၊ မင်းရဲ့ တကယ့် သိုင်းအဆင့်ကို တမင် ဖုံးထားတာပဲ”

ဝမ်ရဲ့ ချက်ချင်း အသိဝင်လာပြီး အလန့်တကြား ထအော်လိုက်မိသည်။ ဈာန်ဝင်စားခြင်းအဆင့်လေး၌ ဤမျှ ကြောက်စရာကောင်းသော သိုင်းပညာ ရှိမနေနိုင်ပါ။

“မင်း သတိထားမိသွားပြီလား”

ယဲ့ဖန်က လေးတွဲ့စွာ ပြုံး၍ ပြောလိုက်သည်။

“နောက်ကျလွန်းသွားတာတော့ စိတ်မကောင်းစရာပဲ၊ ဒီည မင်းတို့အားလုံး ဒီမှာ သေရမှာ”

ဝမ်ရဲ့၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မျက်လုံးတွင်း၌ ကြောက်စိတ်ပေါ်လာသည်။

*မနိုင်နိုင်ဘူး*

*ဒီမိစ္ဆာကောင်ကို ငါ့ဘာသာငါ အနိုင်မယူနိုင်ဘူး*

*ပြီးတော့ သူ့လက်ထဲ ငါ ရောက်သွားလို့ မဖြစ်ဘူး*

ထိုအမျိုးသမီးကြီးက သူ့အတွက် နိမိတ်ပြနေသလိုပင်။ ယဲ့ဖန်လက်ထဲ သူ ရောက်သွားပါက သူ့ဘဝက သေသည်ထက် ဆိုးမှာ သေချာသည်။

သူ အဘယ်ကြောင့် ကြီးကြပ်ရေးလီ၏ တောင်းဆိုမှုကို သဘောတူလိုက်ရသလဲဟု တွေးကာ နောင်တရနေ၏။ သူ လက်ခံမိ၍သာ ဤမိစ္ဆာကောင်နှင့် တိုးပြီး ယခု သူ့ကိုယ်သူ ချောင်ပိတ်မိလေပြီ။

ဝမ်ရဲ့၏ မျက်နှာက ထိုင်းမှိုင်းလာပြီး မျက်လုံးက ပျာယာခတ်လာသည်။ ဤနတ်ဆိုး၏လက်မှ သူ မည်သို့ ထွက်ပြေးရမလဲ တွေးနေသလိုပင်။

ငရဲကို ဆင့်ခေါ်နိုင်သော နတ်ဆိုးတစ်ကောင်၊ သူ့၌ မည်သို့ ကြောက်စရာကောင်းသော နည်းလမ်းများ ရှိနေမလဲ ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။

ချက်ချင်းဆိုသလိုပင် ဝမ်ရဲ့၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာပြီး ချက်ချင်း သံကုန် အော်ဟစ်လိုက်သည်။

“တစ်ယောက်ယောက်က အန်တီချွန်းဟွာကို သတ်ချင်နေတယ်ဟေ့ မြန်မြန် လာကူကြဦး”

ထိုစကားက မိုးခြိမ်းသံကဲ့သို့ မျှော်စင်တစ်ခုလုံးထံ ပဲ့တင်ထပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း ဆူပူ အုံကြွလာပြီး သတ်ဖြတ်ချင်စိတ်များ ပျံ့နှံ့လာသည်။

“ဘယ်သူလဲ၊ ဘယ်သူက အန်တီချွန်းဟွာကို မကောင်းကြံရဲတာလဲ”

“ငါ့နတ်သမီးလေးကို သတ်ရဲတယ်ပေါ့လေ၊ ငါ အဲ့လူကို နုတ်နုတ်စင်းပစ်မယ်ကွ”

“အန်တီချွန်းဟွာ မကြောက်နဲ့၊ ကျုပ် ခင်ဗျားကို အခု လာကယ်ပြီ”

ဒေါသသံများ ပြိုင်တူ ထွက်ပေါ်လာပြီး အန်တီချွန်းဟွာကို သဘောကျသူများက အခန်းဆီသို့ အသည်းအသန် ပြေးလာကြသည်။

ဤသည်ကိုကြားပြီး အန်တီချွန်းဟွာက ဂုဏ်ယူဟန် ပြုံးလိုက်ပြီး သရော်လေသည်။

“ဘုရင်အဆင့် ဖြစ်နေလဲ ဘာဖြစ်လဲ၊ ငါ့ကို သဘောကျတဲ့လူအများစုက ဘုရင်အဆင့်တွေ၊ နင် ငါ့ကို ဒီလို ထိခိုက်အောင် လုပ်ထားမှတော့ သူတို့ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

“နင် သေဖို့ စောင့်နေလိုက်တော့”

ယဲ့ဖန်တစ်ယောက် သူမကို နှစ်သက်သူများထံ၌ စုတ်ဖြဲခံရတော့မည်ဟု တွေးမိချိန်တွင် သူမ စိတ်လှုပ်ရှားကာ တစ်ကိုယ်လုံး တုန်လာသည်။ ဝမ်ရဲ့ကလည်း ရယ်လေသည်။

“မျိုးမစစ်ကောင် မင်း ဒီနေရာက ဘာလဲဆိုတာ မေ့နေပြီလား၊ ဒါ တျောင်လို့ကွ၊ မင်းက ဒီမှာ ငါတို့ကို သတ်ဖို့ အရည်အချင်း ရှိလို့လား”

ယဲ့ဖန် ဘာမှမပြောဘဲ ရယ်လိုက်သည်။ သူတို့နှင့် အရေးမပါသော စကားများပြောရန် ပျင်းနေမိသည်။ သူတို့သည် ပုရွက်ဆိတ်များသာ ဖြစ်သည်။ ထောင်ချီသော ပုရွက်ဆိတ်များ တက်လာလျင်လည်း တစ်ချက်တည်းဖြင့် နင်းသတ်၍ ရနေသည် မဟုတ်ပါလော။ သူ ဘာကြောင့် ဂရုစိုက်ရဦးမည်နည်း။

ဤဖောက်သည်များက သူတို့၏ မျှော်လင့်ချက်များ ဖြစ်သဖြင့် ယဲ့ဖန်က သူတို့ကို လုံးဝ စိတ်ဓာတ် ပျက်ပြားအောင် လုပ်ရပေမည်။ လေတိုးသံ ထွက်ပေါ်လာပြီးနောက် အခန်းတစ်ခုလုံး ပျက်စီးကာ တစ်စစီ ပြိုကျသွားသည်။

“ဘယ်သူက အန်တီချွန်းဟွာကို မကောင်းတာ လုပ်ရဲတာလဲ”

များစွာသော လူများ ရောက်ချလာသည်။ ဈာန်ဝင်စားခြင်းအဆင့်၊ နဂါးအသွင်ပြောင်းခြင်းအဆင့်များ ရှိကြပြီး အချို့မှာ ဘုရင်အဆင့်များ ဖြစ်ကြသည်။ သူတို့အားလုံးက ဒေါသထွက်နေပြီး သူတို့ကို စိုက်ကြည့်လာ၏။

“သူပဲ”

ဝမ်ရဲ့က ယဲ့ဖန်ကို လက်ညှိုးထိုး၍ ဒေါသတကြီး ပြောလိုက်သည်။

“ဒီကောင်က အန်တီချွန်းဟွာကို အိပ်ရာပေါ်မှာ ပြုစုပေးဖို့ အတင်း ဖိအားပေးတာလေ၊ အန်တီချွန်းဟွာဆီက အငြင်းခံလိုက်ရရော အန်တီချွန်းဟွာကို ဒီလိုဖြစ်အောင် လုပ်ပစ်လိုက်တယ်”

ချက်ချင်းဆိုသလိုပင် လူတိုင်း၏အကြည့်က ယဲ့ဖန်ဆီ ရောက်လာသည်။ ထို့နောက် ယဲ့ဖန်၏ အနင်းခံထားရသော ရုပ်ပျက်နေသည့် အန်တီချွန်းဟွာကိုပါ မြင်လိုက်ရသည်။

ထိုအခါ လူတိုင်း၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး သူတို့၏ မိန်းမများ စော်ကားခံလိုက်ရသကဲ့သို့ အလွန် ဒေါပွလာကြသည်။

သူတို့၏ နတ်မိမယ် ရုပ်ပျက်သွားလေပြီ။ အချို့ဆိုလျင် မျက်ရည်ပါကျပြီး ရုပ်ပျက်သွားသူက သူတို့သာ ဖြစ်လိုက် ပါတော့ဟု တွေးမိလိုက်သည်။ သူတို့၏ နတ်မိမယ်အား ဤသို့ မခံစားစေချင်ကြပါ။ ဤလူများသည် တစ်သက်လုံး ရူးသွပ်နေပုံရပြီး သူတို့အတွက် ဖြေဆေး မရှိတော့ပေ။

“လူကြီးမင်းတို့ ကျွန်မ တောင်းပန်ပါတယ်၊ ဒီအစေခံမလေးက နောင် ရှင်တို့အတွက် သီချင်းလည်းမဆိုနိုင်သလို ကလည်း မကနိုင်တော့ပါဘူး ဒီလိုဖြစ်လာမှတော့ ကျွန်မ သေသာသေလိုက်ချင်ပါတယ်၊ ကျေးဇူးပြုပြီး လူကြီးမင်းတို့ ဒီလူမိုက်ကောင် ကျွန်မကို ထပ်မနှိပ်စက်အောင် လုပ်ပေးကြပါ”

ထိုစဉ် အန်တီချွန်းဟွာက သူမ၏ အထူးသရုပ်ဆောင်စွမ်းရည်များကို ထုတ်သုံးလေတော့သည်။ သူမအသံ၌ ဝမ်းနည်းရိပ်များ ပါနေပြီး အလွန် သနားစရာ ကောင်းလှသည်။ သူမအသံကို ကြားလိုက်ရုံနှင့်တင် လူတိုင်း ဝမ်းနည်း ကြေကွဲသွားလောက်သည်။

သူမကို သဘောကျသူများ၏ မျက်လုံးများ ခက်ထန်လာပြီး ယဲ့ဖန်အား စူးစိုက်ကြည့်ကာ ဆဲရေးတိုင်းထွာ လေသည်။

“မျိုးမစစ်လေး ငါလီဟွမ် မင်းကို ရိုက်ချိုးပစ်မယ်ကွ၊ မင်းကို နုတ်နုတ်စင်းပစ်မယ်”

“ငါ စုန့်ချန်လည်း မင်းအသားကို ဓားတစ်ချက်တည်းနဲ့ ခုတ်မယ်၊ မင်းခြေလက်ကို ဓားတစ်ချက်နဲ့ ခုတ်ပစ်မယ်၊ ပြီးရင် မင်းကို အန်တီ ချွန်းဟွာရှေ့မှာ ခွေးတစ်ကောင်လို ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခိုင်းမယ်”

“မင်း ငါ့နတ်မိမယ်ကို ဖျက်ဆီးခဲ့တယ်၊ ငါ မင်းတစ်မိသားစုလုံးကို သတ်ပစ်မယ်၊ ငါ မင်းမိသားစုက လူတိုင်းကို သေတဲ့အထိ နှိပ်စက်ပစ်မယ်ကွ”

ယဲ့ဖန်က အသာပြုံးနေပြီး တုန်လှုပ်ခြင်း မရှိချေ။

“မင်းတို့ သူ ညှို့တာခံရမှန်း မသိသေးဘူးနဲ့တူတယ်၊ သူ့ရဲ့ ဖြားယောင်းမှု လှည့်ကွက်အောက်မှာ ကျရှုံးတာလား၊ သေချာ တွေးကြည့်ဦး၊ မင်းတို့ သူ့ကို သိတာ ဘယ်လောက် ကြာပြီလဲ၊ သူ့အတွက် သွေးစွန်းအောင်လုပ်တာ ထူးဆန်းတယ်လို့ မထင်ဘူးလား”

“မဟုတ်တမ်းတရားတွေ၊ ငါတို့အားလုံး အန်တီချွန်းဟွာရဲ့ ပြိုင်စံရှားတဲ့အလှကို ကြွေတာ၊ ငါတို့ တကယ် ချစ်မိတာကို၊ မင်း ဘာလို့ ငါ့ကို လာလှည့်စားနေတာလဲ”

“ဒီခွေးမသားကတော့ အန်တီချွန်းဟွာကို ဒီလိုဖြစ်အောင် လုပ်ပြီးတော့ ငါတို့ကိုပါ လှည့်စားချင်တာလား၊ သေသင့်တယ်”

“ဟဲ့ကောင် နင် စကားလေး နည်းနည်းလောက် ပြောလိုက်တာနဲ့ ငါတို့ နင် ပြောတာကို ယုံမယ်ထင်နေလား၊ နင် ငါတို့ကို အထင်သေးလွန်းသွားပြီ”

အန်တီချွန်းဟွာ၏ မျက်လုံးတွင် သရော်ဟန်များ ပေါ်လွင်နေသည်။ ယဲ့ဖန်က သူမ၏ စိတ်ညှို့ပညာကို အထင်သေးလွန်းသည်။ သူ၏ စကားအနည်းငယ်က သူတို့၏ နှလုံးသားထဲ၌ သူမ စိုက်ပျိုးထားခဲ့သော ညှို့ဓာတ်ကို ဖယ်ရှားနိုင်မည်ဟု ထင်နေ၏။ ဟာသပင်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ သူ့ပါးစပ်ကို ဆွဲဖြဲလိုက်၊ သူ အရေးမပါတာတွေ ဘယ်လိုပြောမလဲ ငါ ကြည့်ဦးမယ်”

လူတစ်စုက အချင်းချင်း လောဆောလာကြသည်။ ယဲ့ဖန်က မတတ်သာသော မျက်နှာထားနှင့် ခေါင်းခါလေသည်။ သူ ကောင်းကောင်း နားချသော်လည်း ဤလူများက ကျေးဇူးမတင်ပေ။

“ဒီလိုဖြစ်လာမှတော့ …”

သူ ခေါင်းပြန်မော့လိုက်ပြီး သွေးဆာနေသော မျက်လုံးဖြင့် ဆက်ပြောလိုက်သည်။

“မင်းတို့ သေလို့ရပြီ”

စကားကောင်း ပြောသည်ကို နားမထောင်လျင် အကြမ်းနည်းသုံး၍ သူတို့ကို ဆုံးမရပေတော့မည်။

*မင်းတို့ သေလို့ရပြီ ဟုတ်လား*

ထိုစကားက ဖိအားပြင်းထန်သော အခြေအနေအား မီးညှိပေးလိုက်သလိုပင် ချက်ချင်း ပေါက်ကွဲလာ၏။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ နောက်ကျောဘက်၌ တိုက်ခိုက်မှုကြောင့် လေတိုးသံ ထွက်လာလေသည်။

ချောင်းမြောင်းတိုက်ခိုက်ခြင်းပင်။ တျောင်လို့မှ ပြည့်တန်ဆာများက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ဓားများကိုင်ဆွဲ၍ ယဲ့ဖန်၏ ကျောအား ထိုးစိုက်လာခြင်း ဖြစ်သည်။

ယဲ့ဖန်က လှောင်ရယ်လိုက်ပြီးနောက် သူ့ကိုယ်တွင်းမှ ယန်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဒီနေရာက ထွက်သွားစမ်း”

All Chapters