← Chapters

အပိုင်း(၄၂၂)

Vol. 29 Ch. 422

အပိုင်း(၄၂၂)

Vol. 29 Ch. 422

ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက အဆင့်ခုနှစ်သူတော်စင်နယ်ပယ် အဆင့်သို့ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ထိုထက်ပိုသည်ကား ဖျောင်ရွှယ်ယွဲ့မှာ ယခုအခါတွွင်ဝိညာဉ်အခြေအနေဖြင့်သာရှိနေပြီး  ၎င်းမှာ ရှစ်ဖုန့်၏လက်ဖဝါးအတွင်းကိုင်ဆောင်ခံထားရခြင်းဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့ဝိညာဉ်၏လှိုင်းတို့မှတဆင့်  သူမလိမ်လည်ခြင်းမရှိသည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။ သူသွေးနီရောင်မီးတောက်တို့လောင်ကျွမ်းမှုအောက်တွင်သူမအနေဖြင့်  မလိမ်ရဲ့ခြင်းဖြစ်နိုင်လောက်သည်။

အကယ်၍ ငွေကျောက်တုံးကြောင့်သာမဟုတ်လျှင် သူနှင့်ချီလင်ဘုရင်တို့မှာ ဤသေခြင်းတားမြစ်နယ်မြေအတွင်း၌  မသိလိုက်ပါဘဲသေဆုံးရဖို့ဖြစ်နိုင်ချေများ၏။

ရှစ်ဖုန့်ကချီလင်ဘုရင်အားလှည့်ကြည့်လိုက်ပြီးပြောလိုက်သည်။

“ငွေကျောက်တုံးက သေခြင်းတားမြစ်နယ်မြေထဲမှာတော်တော်လေးကိုရှားပါးတဲ့ပစ္စည်းဖြစ်လိမ့်မယ်.. ဖျောင်ရွှယ်ယွဲ့နဲ့ အခြားသူတွေက အဲ့တာကိုရှာတွေ့ခဲ့တဲ့နေရာမှာပြန်ပြီးသွားရှာခဲ့ကြပြီးပေမဲ့  ဘာငွေကျောက်တုံးမှရှိမနေဘူး.. အကယ်၍ ဒီသခင်လေးတို့တွေသာ ငွေကျောက်တုံးကိုရှာမတွေ့ခဲ့ရင်  ဒီသခင်လေးတို့အနေနဲ့  ရှေ့ကသူတွေလိုမျိုးပဲ ဆန်းကြယ်စွာနဲ့သေရဖို့များတယ်”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်နောက် ချီလင်ဘုရင်မှာ  ခဏတုန့်ဆိုင်းသွားပြီး ထို့နောက် ရယ်မောကာပြောလိုက်သည်။

“ဟီးဟီး .ကျုပ်တို့တွေဒီထဲကိုရောက်နေပြီဖြစ်တာကြောင့် ဒီဘုရင်အနေနဲ့ အသက်ရှင်လျက်ပြန်သွားဖို့ ရည်ရွယ်ချက်မရှိဘူး”

အခြားသောကျင့်ကြံသူများမှာ ရှစ်ဖုန့်၏လပြည့်ဓားအား မြင်လိုက်ကြရသောအခါတွင်၎င်းအား အားလုံးကလိုချင်နေကြသည်။ ချီလင်ဘုရင်သည်လည်း  ထိုကဲ့သို့နတ်ဘုရားလက်နက်မျိုးကို လိုချင်သော်လည်း ဤကမ္ဘာတွင်အလကားရသောနေ့လည်စာဟူ၍မရှိနေပေ။  ချမ်းသာကြွယ်ဝမှုဆိုသည်မှာ အန္တရာယ်များမှ လာခြင်းဖြစ်သည်။

သေခြင်းတားမြစ်နယ်မြေတွင်ဤကဲ့သို့လက်နက်တစ်ခုရှိနေခြင်းကြောင့် အံ့ဖွယ်ပညာရပ်အချို့သို့မဟုတ် အံ့ဖွယ်ကောင်းသောအခွင့်အလမ်းများလည်း ဤနေရာ၌ရှိနေလိမ့်မည်ဖြစ်သည်။ သူတို့ဤနေရာသို့ရောက်နေပြီဖြစ်သောကြောင့်ချီလင်ဘုရင်အနေဖြင့် ပြန်လှည့်သွားရန်ဘာအကြောင်းပြချက်မှရှိမနေပေ။

ချီလင်ဘုရင်၏စကားတို့အားကြားပြီးသည့်နောက်ရှစ်ဖုန့်က  ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒါဆိုလည်းသွားကြစို့  ..ဒါပေမဲ့နောက်ပိုင်းမှာ ခင်ဗျားဟာခင်ဗျား သေခြင်းတားမြစ်နယ်မြေကို စူးစမ်းလေ့လာနိုင်သလို ဒါမှမဟုတ်  ဒီသခင်လေးနဲ့အတူတူသွားနိုင်တယ်..ခင်ဗျားလုပ်ချင်တာကိုလုပ်လို့ရတယ်..ဒါပေမဲ့   ဒီသခင်လေးရဲ့မိတ်ဆွေတစ်ယောက်ဟာ သေခြင်းတားမြစ်နယ်မြေထဲက ရှေးဟောင်းအစီအရင်တစ်ခုထဲမှာပိတ်မိနေတယ်… ဒီသခင်လေးအနေနဲ့အဲ့ကိုသွားပြီးတော့ သူမကိုကယ်တင်ရလိမ့်မယ်”

“ကျုပ်တို့တွေ အချိန်ကြလာမှပဲ ပြောကြတာပေါ့”

ချီလင်ဘုရင်ကပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက်  သေခြင်းတားမြစ်နယ်မြေ၏ပိုမိုနက်ရှိုင်းသောအတွင်ဘက်သို့စွန့်စားဝင်ရောက်လိုက်ကြသည်။ ရှစ်ဖုန့်အနေဖြင့်ဆီးနှင့်ပွင့်မြူများက သူ့အား ယွဲ့ဝူရှန့်ပိတ်မိနေသော အစီအရင်ရှိရာသို့ခေါ်သွားနိုင်ရန်အတွက် သူ၏ ဝိညာဉ်စွမ်းအားအား အသုံးပြုပြီးဖြစ်သည်။

ချီလင်ဘုရင်နှင့်ရှစ်ဖုန့်တို့က အတွင်းထဲသို့ဆက်လက်ဝင်ရောက်လိုက်ကြသည်။ သူတို့၏စိတ်အာရုံတို့အားစူးစိုက်ထားပြီးသူတို့၏ဘေးပတ်ဝန်းကျင်နှင့်  သူတို့ခြေဖဝါးအောက်ရှိမြေပြင်အား ဂရုတစိုက်နှင့်အာရုံခံခဲ့ကြသည်။ သူတို့ဂရုမထားဘဲနေမိလျှင်သေဆုံးသွားမည်ကိုကြောက်မိသည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့မှာငွေကျောက်တုံးများကိုလည်းရှာဖွေနေကြပြီး   သေခြင်းတားမြစ်နယ်မြေအတွင်းမှပေါ်လာတတ်သော အံဖွယ်လက်နက်များနှင့် ပညာရပ်များကိုလည်း ရှာဖွေနေကြသည်။

သူတို့၏ဝန်းကျင်တွင်ရှိနေသော မီးခိုးရောင်မြူများက ပို၍ထူသည်ထက်ထူလာပြီး ပတ်ဝန်းကျင်ရှိနေရာတို့မှာလည်း ပိုမှောင်မိုက်သည်ထက်မှောင်မိုက်လာသည်။ သူတို့၏ခြေဖဝါးအောက်တွင် ပြန့်ကျဲနေသော အပျက်အစီးများကရှိနေဆဲဖြစ်သည်။

သို့သော် ရှစ်ဖုန့်မှာ ပို၍ပို၍ စိုးရိမ်ပူပန်မှုအားခံစားလာရသည်။ သူတို့အား နောက်ကျောဘက်မှနေ၍ မျက်လုံးတစ်စုံက တိတ်တဆိတ်စိုက်ကြည့်နေသည်ကို သူအမြဲခံစားရသည်ဖြစ်သည်။သို့သော်ရှစ်ဖုန့် ရပ်တန့်ပြီးလှည့်ကြည့်လိုက်သောအခါတွင် ထိုခံစားချက်ကရုတ်ခြည်းပျောက်ကွယ်သွားသည်။

သေခြင်းတားမြစ်နယ်မြေမှာ ချောက်ချားဖွယ်ကောင်းအောင်တိတ်ဆိတ်လွန်းသည်ဖြစ်သည်။ဤကမ္ဘာနှင့်ပက်သက်ပြီး ဒဏ္ဍာရီများအားသူမကြားဖူးခဲ့လျှင်တောင် အချိန်မရွေးဆိုးရွားသောတစ်စုံတစ်ခုဖြစ်ပျက်လိမ့်မည်ဟု ခံစားနေရသည်။

“အား”

ရုတ်တရက် နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သော  ငယ်သံပါအော်အော်ဟစ်မြည်တမ်းသည့်အသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းမှာ အာဃာတစိတ်ဝိညာဉ်တစ်ခု၏ နာကျင်မှုအပြည့်ဖြင့် ဝမ်းနည်းကြွေကွဲဖွယ်ဆွဲဆွဲငင်ငင် ဟစ်အော်သော အသံမျိုးဖြစ်သည်။ ၎င်းအသံအားကြားလိုက်ရသောသူတိုင်းမှာ ရုတ်ခြည်းတုန်လှုပ်အံ့အားသင့်သွားကြရသည်။ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ သူတို့၏လမ်းကြောင်းမှတစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြသည်။

“ရှေ့မှာ”

ရှစ်ဖုန့်က ရုတ်တရက်အော်ပြောလိုက်သည်။ ထို့နောက်ချီလင်ဘုရင်နှင့်အတူတကွသူတို့၏ ခန္ဓာကိုယ်များက  ရွေ့လျားသွားပြီး ရှေ့သို့ပျံသန်းသွားလိုက်သည်။ သူတို့နှစ်ယောက်မှာ အပျက်အစီးများကြားထဲ၌  လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ခုအားမြင်တွေ့ရချိန်အထိ မြူများအတွင်းဆယ်မီတာအထိပျံသန်းခဲ့ရသည်။

၎င်းမှာသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ ၎င်းအားအပြင်၌မြင်တွေ့ခဲ့ဖူးသည်။ သူသည်ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်သည်။သို့သော် ၎င်းမှာ   အပျက်အစီးများအတွင်းလဲနေပြီး  သေဆုံးနေပြီဖြစ်သည်။ သို့သော် ဘာဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာမှ သူ၏ကိုယ်ပေါ်တွင်ရှိမနေပေ။

“သူ့ဝိညာဉ်ကပျောက်ကွယ်သွားပြီ.. သူ့ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်တာဖြစ်မယ်…”

အလောင်းအားကြည့်ကာရှစ်ဖုန့်က လေးနက်သော မျက်နှာထားဖြင့်ပြောလိုက်သည်။

“ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ရဲ့ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်တဲ့အရာကဘာများဖြစ်နေနိုင်မလဲ”

“အဲ့နေ့က နင်နဲ့အတူ ဝင်ရောက်ခဲ့တဲ့  လူတွေကလည်းဒီလိုမျိုးပဲသေသွားကြတာလား..မင်းမှာဘာမှလက်ဆုပ်လက်ကိုင်ပြစရာမရှိဘူးလား”

ရှစ်ဖုန့်က သူ၏လက်အတွင်းမှ ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်အား မေးလိုက်သည်။

“ဟုတ်တယ် အချို့လူတွေကတော့ ခုဏကနင်ကြားခဲ့သလိုမျိုးပဲ ငယ်သံပါအောင်အော်ဟစ်ပြီးတော့ သေသွားကြတယ်..အချို့ကတော့ ဘာမှတောင်မသိလိုက်ပဲနဲ့သေသွားကြတာ..”

ဖျောင်ရွှယ်ယွဲ့ကပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က ထိုကျင့်ကြံသူ၏  သေခြင်းစွမ်းအင်ကိုဝါးမျိုလိုက်ပြီး သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။ ရုတ်ခြည်းဆိုသလို ကျင့်ကြံသူ၏အလောင်းကောင်ခန္ဓာကိုယ်၏ ဒွာရခုနှစ်ပေါက်ထံမှ သွေးမြှားခုနှစ်ချောင်းထွက်ပေါ်လာသည်။ ၎င်းတို့ကရှစ်ဖုန့်၏လက်ဖဝါးထံသို့ ပစ်လွှတ်သလိုဝင်ရောက်လာပြီး လျှင်မြန်စွာရှစ်ဖုန့်၏ စုပ်ယူမှုကိုခံလိုက်ရသည်။

သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ အလောင်းမှာ လျှင်မြန်စွာရှုံတွသွားပြီး မံမီရုပ်အလောင်းတစ်ခုဖြစ်သွားသည်။သေခြင်းတားမြစ်နယ်မြေအတွင်းမှ အလောင်းကောင်၏ စိတ်မချမ်းမြေ့ဖွယ် အခြေအနေအားကြည့်၍ ချီလင်ဘုရင်မှာ ပို၍ ထိတ်လန့်မှုကိုခံစားရသည်။

သို့သော်ချီလင်ဘုရင်မှာ ရှစ်ဖုန့်၌ သွေးစုပ်သည့်ပညာရပ်ရှိနေသည်ကိုသိထားပြီးဖြစ်သည်။ထို့ကြောင့်၎င်းနှင့်ပက်သက်၍သူအများကြီးတွေးတောခြင်းမရှိပေ။ သို့သော် အကယ်၍အခြားသောကျင့်ကြံသူများသာသူတို့၏နောက်သို့ရောက်ရှိလာပြီး ဤမြင်ကွင်းအားမြင်တွေ့ခဲ့လျှင် ၎င်းတို့မှာ မဝံ့မရဲဖြင့်ထိတ်လန့်ကြောက်ရွံ့ကုန်ကြလိမ့်မည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က ကိုယ်ကိုယ်ကိုင်းညွှတ်ကာ ရှုံ့တွနေသောအလောင်းကောင်ထံမှ သိုလှောင်လက်စွပ်အားချွတ်ယူလိုက်ပြီးသူသိုလှောင်လက်စွပ်အတွင်းသို့ပစ်ထည့်လိုက်သည်။ထို့နောက်သူကထရပ်လိုက်ပြီး ပတ်ဝန်းကျင်အားဂရုတစိုက်ဖြင့် အာရုံခံလိုက်သည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်မှောင်မိုက်နေဆဲဖြစ်သည်။သေခြင်းတားမြစ်နယ်မြေအားဝန်းရံထားသောထူထဲသည့်မြူများကလည်းရှိနေသည် ဖြစ်သည်။

ရှစ်ဖုန့်က သူ၏ အဆင့်ခုနှစ် သူတော်စင်နယ်ပယ်ဝိညာဉ်စွမ်းအားအားအသုံးပြု၍  သူ၏ပတ်ဝန်းကျင်အားအာရုံခံလိုက်သည်။ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ ၏သေဆုံးရခြင်းအကြောင်းတရားကဘယ်နေရာကလာသည်ဆိုသည်အားသူမသိချေ။

သူ၏နှလုံးသားထဲတွင် မဖော်ပြနိုင်သောအကြောက်တရားတစ်ခုက စတင်ပျံ့နှံ့လာသည်။

တစ်ခုခုက ဆန်းကြယ်ပြီးစွမ်းအားကြီးနေခဲ့သည်ဆိုလျှင်တောင် ထင်သာမြင်သာသည်ဆိုလျှင် ၎င်းအားဖမ်းဆီးနိုင်ဖို့လွယ်ကူအုံးမည်ဖြစ်သည်။သို့သော် မမြင်ရသောအရာ သို့မဟုတ် အကောင်အထည်ဖမ်းဆုပ်၍မရသောအရာတို့က ပို၍ ကြောက်လန့်ဖို့ကောင်းသည်ဖြစ်၏။ ထိုထက်ပိုသည်ကား ၎င်းတို့မှာ အချိန်မရွေးသတ်ဖြတ်နိုင်စွမ်းရှိခြင်းဖြစ်သည်။

ရှစ်ဖုန့်ကခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။ အစောပိုင်းက သူနှင့်ချီလင်ဘုရင်တို့ သေခြင်းတားမြစ်နယ်မြေအတွင်းဝင်ရောက်ခဲ့စဉ် သူ၏ခန္ဓာကိုယ်အား ကောင်းကင်ထဲရှိဆန်းကြယ်သောအရာက လုံးဝဖိနှိပ်ထားသည်ကိုသူသဘောပေါက်လိုက်သည်။သူမဆင်မခြင်မပြုမူရဲပေ။  တကယ်တမ်းတွင် သေခြင်းတားမြစ်နယ်မြေ၏ အဆန်းကြယ်ဆုံးသော အစိတ်အပိုင်းမှာ ကောင်းကင်ပြင်ပင်ဖြစ်သည်။ သိပ်သည်းကျစ်လစ်သော မီးခိုးရောင်မြူများ ဝန်းရံနေသည့် ဤကမ္ဘာက မည့်သည့်အမျိုးအစားဆိုသည်အားသူမသိချေ။

ထိုနေရာအတွင် မည်ကဲ့သို့တည်ရှိမှုမျိုးကတည်ရှိနေသနည်း။ သူ၏ အဆင့်ခုနှစ် သူတော်စင်နယ်ပယ်ဝိညာဉ်စွမ်းအားဖြင့်ပင်  ဘာကိုမှ အာရုံခံနိုင်ခြင်းမရှိပေ။ယင်းမှာ ဟင်းလင်းပြင်အတွင်း၌ ဘာသက်ရှိမှရှိမနေသကဲ့သို့ပင်ဖြစ်သည်။ဘာအစွမ်းအတက်အကျမှလည်းရှိနေခြင်းမရှိပေ။

“ဟားဟား..သေခြင်းတားမြစ်နယ်မြေကို သေခြင်းတားမြစ်နယ်မြေလို့ခေါ်တာဘာမှ အံ့ဩစရာမရှိဘူး..စွမ်းအားကြီး သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်တောင်မှ အရမ်းကိုနားလည်ရခက်စွာနဲ့သေဆုံးသွားခဲ့တယ်..

ချီလင်ဘုရင်မှာ အပျက်အစီးများအတွင်း လဲလျောင်းနေသော မံမီရုပ်အလောင်းအားကြည့်၍ ခါးသပ်စွာပြုံးလိုက်သည်။

ထို့နောက်ချီလင်ဘုရင်မှ အလောင်းထံမှ အကြည့်ကိုအဝေးသို့လွှဲလိုက်ပြီးရှစ်ဖုန့်ထံပြန်လှည့်လိုက်သည်။သူကပြောလိုက်သည်။

“သခင်လေးဖုန့်  ခရီးဆက်ကြရအောင် …အကယ်၍ဒီအရှင် သေရမယ်ဆိုရင်တောင် အံ့ဖွယ်လက်နက်တစ်ခုကိုရှာတွေ့တာ ဒါမှမဟုတ် အံ့ဖွယ်ပညာရပ်တစ်မျိုးကိုကိုင်ဆောင်ထားတာမျိုးဖြစ်ချင်မိတယ်”

ချီလင်ဘုရင်မှာ အမြဲတမ်းလိုလိုသူ့ကိုယ်သူ ဒီအရှင်ဟုရည်ညွှန်းလေ့ရှိသူဖြစ်သည်။ သို့သော် ယခုအခါတွင်သူ့အနေဖြင့် အကြောင်းပြချက်မရှိသေဆုံးရမည်ဖြစ်သောကြောင့်  ရှစ်ဖုန့်ရှေ့တွင် ဘာကိုမှထပ်ပြီးဂရုစိုက်နေခြင်းမရှိတော့ချေ။ သူကစတင်၍သူ့ကိုယ်သူ “ဒီအရှင်”     ဟုသုံးနှုန်းလိုက်သည်။

ချီလင်ဘုရင်၏စကားအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်က ပြောလိုက်သည်။

“အကယ်၍ ခင်ဗျားသေသွားခဲ့ပြီး ဒီသခင်လေး ဒီနေရာကနေအသက်ရှင်လျက်ပြန်ထွက်သွားနိုင်ခဲ့ရင်  ဒီအံ့ဖွယ်ပညာရပ်ကို ခင်ဗျားအတွက်ခင်ဗျားအုပ်ဂူမှာ မီးရှို့ပေးမယ်…ဟော့ဒီငရဲဘုံကိုးခု ပညာရပ်ဆိုရင်ရောလုံလောက်လား”

ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ချီလင်ဘုရင်ကရယ်မောပြီးပြောလိုက်သည်။

“ဟားဟား လုံလောက်တာပေါ့ …တကယ်ကိုလုံလောက်တာပေါ့..ဒါက ဟိုးအရင်တုံးက  အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ငရဲဘုံကိုးခု ဧကရာဇ် မသေဆုံးခင် ဖန်တီးခဲ့တဲ့ပညာရပ်ပဲဟာ အကယ်၍ ဒီအရှင်သေဆုံးသွားပြီးရင်တော့ ဒီအရှင်ရဲ့ အုပ်ဂူပေါ်မှာ အဲ့တာရှိနေခဲ့ရင် ဒီဘုရင်အနေနဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနိုင်ပြီ”

ဆက်ရန်……..

ဘာသာပြန်သူ -ARISE

All Chapters