အပိုင်း(၄၂၃)
Vol. 29 Ch. 423
ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ကစကားပြောနေသကဲ့သို့ ဖိနှိပ်နေသောလေထိုမှာ အနည်းငယ်ကောင်းမွန်လာသည်။ထို့နောက်သူတို့နှစ်ဦးသာ သေခြင်းတားမြစ်နယ်မြေ၏ အနက်ပိုင်းထဲသို့ဆက်လက်ဝင်ရောက်သွားကြသည်။ သူတို့နှစ်ယောက်လုံးကံကောင်းနေသည်လည်းဖြစ်ကောင်းဖြစ်နေနိုင်သည်။လမ်းတစ်လျှောက်တွင်သူတို့အလောင်း နှစ်လောင်းအားထပ်မံ၍တွေ့ခဲ့ရသည်။ဤအလောင်းနှစ်လောင်းမှာလည်းပကတိအတိုင်း ခြေရာလက်ရာမပျက်ရှိနေသည်။သို့သော် သူတို့၏ ဝိညာဉ်များကတော့ ကွဲကြေပျက်ဆီးနေသည်။သို့သော်ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ကတော့ ဤနေရာသို့ရောက်ရှိပြီးသည့်နောက်တွင်ပင် အဆင်ပြေနေဆဲဖြစ်သည်။
ရှစ်ဖုန့်ကလည်း ဘာကိုမှအလာဟဿမဖြစ်စေရဟူသော အခြေခံစည်းမျဉ်းအတိုင်းလိုက်နာခဲ့သည်။သူကအလောင်းနှစ်ခုအားခြောက်သွေ့သွားသည်အထိသွေးများစုပ်ယူခဲ့ပြီး သေခြင်းတားမြစ်နယ်မြေအတွင်း ပို၍ထိတ်လန့်ဖွယ်ကောင်းသော ခြောက်သွေ့နေသည့်အလောင်းနှစ်ခုကိုချန်ရစ်ထားခဲ့သည်။သို့သော် ဤအလောင်းနှစ်ခုသေဆုံးခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူတို့ သေဆုံးသည့်အချိန်တွင်ထုတ်လုပ်ပေးသောသေခြင်းစွမ်းအင်တို့မှာလည်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“အား”
ရုတ်ခြည်းဆိုသလို အမျိုးသမီးတစ်ယောက်၏ ဝမ်းနည်းဖွယ် စူးစူးဝါးဝါးအော်ဟစ်သံက သူတို့နှစ်ဦး၏ဘေးဘက်မှထွက်လာပြီး ယင်းကသူတို့၏ ရုတ်တရက် တုန်လှုပ်သွားစေသည်။
“ဒါက”
“သေစမ်း”
ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့တစ်ချိန်တည်းတွင်အော်ပြောလိုက်ကြသည်။သူတို့နှစ်ယောက်လုံးရှစ်ဖုန့်၏ ညာလက်ဖဝါးအားကြည့်လိုက်သည်။အစောပိုင်းက ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်မှာ တိတ်တဆိတ်ဖျက်ဆီးခံလိုက်ရသည်။၎င်းမှာရှစ်ဖုန့်၏လက်ဖဝါးအတွင်းအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။
ချီလင်ဘုရင်မှာသူ၏ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် ဝိညာဉ်တစ်ခု၏အသံအားကြားနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်ဤတစ်ကြိမ်တွင်တော့ သူကြားနိုင်ခဲ့သည်။
စူးစူးဝါးဝါးအော်ဟစ်သံများပျောက်ကွယ်သွားသည့်တိုင် သူတို့နှစ်ဦးသားမှာရှစ်ဖုန့်၏ လက်ဖဝါးအား ဗလာနတ္ထိစိုက်ကြည့်နေမိကြဆဲဖြစ်သည်။ခဏကြာပြီးနောက် ဤမှုန်မှိုင်းပြီး ထူးဆန်းနေသာ နေရာမှာထပ်မံ၍တိတ်ဆိတ်သွားသည်။ ၎င်းမှာ ထိတ်လန့်ဖွယ်ကောင်းအောင်ဆိတ်ငြိမ်နေခြင်းပင်ဖြစ်သည်။
ခဏကြာပြီးနောက်တွင်ချီလင်ဘုရင်ကမေးလိုက်သည်။
“သခင်လေးဖုန့် အဲ့တာ ဖျောင်ရွှယ်ယွဲ့ရဲ့ ဝိညာဉ်လား..ဖျက်ဆီးခံလိုက်ရတာလား”
“ဟုတ်တယ်..”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“အဲ့တာထက်ပိုတာက ဒီသခင်လေးရဲ့ဝိညာဉ်စွမ်းအင်နဲ့ ဒီသခင်လေးဘာစွမ်းအင်လှိုင်းကိုမှ လုံးဝမခံစားမိခဲ့တာပဲ..ဖျောင်ရွှယ်ယွဲ့ဝိညာဉ်က ဒီအတိုင်းဖျက်ဆီးခံလိုက်ရတာ”
ယင်းမှာဖျောင်ရွှယ်ယွဲ့ပြောခဲ့သလိုပင်ဖြစ်သည်။သေခြင်းတားမြစ်နယ်မြေအတွင်းသင့်အနေဖြင့် ဘာတွေဖြစ်ပျက်သွားသည်ဆိုသည်အားသိလိမ့်မည်မဟုတ်ပေ။သင့်အနေဖြင့် ဒီအတိုင်း ဘာအသံမှထွက်ခြင်းမရှိဘဲသေသွားရလိမ့်မည်ဖြစ်သည်။
“အဲ့စွမ်းအားက ငါ့ဆီမှာရှိနေတဲ့အရာကိုတောင်ဖျက်ဆီးနိုင်စွမ်းရှိရင် ငါ့ရဲ့ဝိညာဉ်ကလည်း ငါအစောပိုင်းကတွေ့ခဲ့ရတဲ့ အလောင်းကောင်လိုမျိုး ဒါမှမဟုတ် ဖျောင်ရွှယ်ယွဲ့လိုမျိုး ဖျက်ဆီးခံရလိမ့်မယ်…”
ဤအချင်းအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏ အမူအယာမှာ ပို၍ပို၍ လေးနက်လာသည်။ သေခြင်းတရားက သူ့အနောက်သိုသ့ အချိန်မရွေး လိုက်လာလိမ့်မည်ကို သူခံစားရသည်ဖြစ်သည်။
“ဖျောင်ရွှယ်ယွဲ့ရဲ့ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီ ..ဒါဆို ဒီသခင်လေးတို့အနေနဲ့ ဝူရှန့်ပိတ်မိနေတဲ့ နေရာကိုဘယ်လိုမျိုးရှာရမတော့မလဲ..”
ထို့နောက်ချက်ချင်း ပို၍စိတ်ပူစရာကောင်းသော ပြဿနာများကတစ်ခုပြီးတစ်ခုနောက်ဆက်တွဲလိုက်ပါလာသည်။
သေခြင်းတားမြစ်နယ်မြေအတွင်းတွင် ထူထဲသော မြူများရှိသည်ဖြစ်သည်။ဤနေရာကမည်မျှကြီးမားသည် သို့မဟုတ် ယွဲ့ဝူရှန့်တစ်ယောက်မည့်သည့်နေရာတွင်ရှိသည်ကို မည်သူကမျှမသိကြချေ။
ဖျောင်ရွှယ်ယွဲ့၏ အဆိုအရ ယွဲ့ဝူရှန့်မှာ အစီအရင်တစ်ခုအတွင်းတွင်ပိတ်မိနေခြင်းဖြစ်သည်။သို့သော် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ ထူထဲသိပ်သည်းသော မြူများ ၊အပျက်အစီးများနှင့် အလောင်းကောင်သုံးခုအား ဖြတ်ကျောက်လာပြီးသည့်အချိန်အထိ ဘာအစီအရင်ကိုမှ ပက်ပင်းကြုံတွေ့ရခြင်းမရှိသေးပေ။
“သခင်လေးဖုန့် သခင်လေး ပြဿနာတစ်ခုကိုသတိထားမိလား”
ချီလင်ဘုရင်က ရှစ်ဖုန့်အားမေးလိုက်သည်။
ချီလင်ဘုရင်၏စကားအားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းခါယမ်းလိုက်ပြီး သူ့အားမေးလိုက်သည်။
“ခင်ဗျားဘာကိုသတိထားမိလဲ”
“ယထျာဘူတာကျကျပြောရမယ်ဆိုရင် နှစ်ပေါင်းများစွာအတွင်း သေခြင်းတားမြစ်နယ်မြေထဲမှာ မရေတွက်နိုင်လောက်အောင်များပြားတဲ့လူတွေသေဆုံးခဲ့ကြတယ်..ဒါပေမဲ့ ဒီဘုရင်တို့တွေဝင်ရောက်ခဲ့ပြီးတဲ့နောက် ဒီဘုရင်တို့နဲ့ အတူတူဝင်ရောက်ခဲ့တဲ့ ကျင့်ကြင့်သူ အလောင်းသုံးလောင်းကိုသာ ဒီဘုရင်တို့မြင်တွေ့ခဲ့ရတယ်… ဒီဘုရင်တို့အနေနဲ့ ယခင် သေဆုံးသွားခဲ့သူတွေရဲ့ ဘာအလောင်းကိုမှမြင်တွေ့ရခြင်းမရှိဘူး.. အဲ့အလောင်းတွေဘယ်ကိုရောက်ရှိသွားသလဲဆိုတာကိုလည်း ဒီဘုရင်တို့မသိဘူး”
ချီလင်ဘုရင်က ရှစ်ဖုန့်အား ဖြည်းဖြည်းချင်းပြောပြသည်။
သေခြင်းတားမြစ်နယ်မြေအတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်လေ ပို၍ထူးဆန်းမှုကိုသူတို့ခံစားရလေဖြစ်သည်။ ဘာကိုမှသူတို့ရှာတွေ့ခြင်းမရှိရုံသာမက ဤနေရာကထူးဆန်းပြီး သဘာဝနှင့် ယုတ္တိမညီမှုတို့ကို လည်းခံစားရလေဖြစ်သည်။ သေခြင်းတားမြစ်နယ်မြေအတွင်းရှိနေသောအရာက ဘာဆိုသည်အားသူတို့အနေဖြင့် တကယ့်ကို ပုံဖော်နိုင်ခြင်းမရှိပေ။
“သခင်လေးဖုန့်..ကြည့်လိုက်”
သို့သော် ဤအခိုက်အတန့်တွင် ချီလင်ဘုရင်က အလန့်တကြားအော်ပြောလိုက်သည်။ သူ၏ ညာခြေထောက် ညာဘက်အရှေ့တွင် ကျောက်စရစ်ခဲများ၏အောက်ဘက်၌ လက်သီးဆုပ်အရွယ် ငွေကျောက်တုံးတစ်တုံးက ရှိနေသည်ကို သူရုတ်တရက်တွေ့လိုက်ရသည်။
“ဟားဟား..အဲ့တာငွေကျောက်တုံးပဲ.. ဟုတ်တယ်..အဲ့တာငွေကျောက်တုံးပဲဖြစ်ရမယ်..”
ငွေကျောက်တုံးအား မြင်တွေ့ရချိန်တွင် ချီလင်ဘုရင်မှာ အသက်ကယ်ကောရိုးတစ်မျှင်အား တွေ့လိုက်ရသကဲ့သို့ဖြစ်ပုံပေါ်နေသည်။ သူ၏ညာလက်ကုတ်အဖြစ်ဖြင့် ဆန့်ထုတ်လိုက်ပြီး ငွေကျောက်တုံးအား ပိနေသော အကျိုးအပဲ့ ကျောက်များမှာ ရုတ်ခြည်းအစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ထို့နောက်တွင် ငွေကျောက်တုံးက ချီလင်ဘုရင်၏လက်ဖဝါးထံသို့ ပျံသန်းလာသည်။
ချီလင်ဘုရင်၏မျက်နှာထက်တွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခုရရှိနှင့်နေပြီဖြစ်သည်။ဤအခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံးက ရုတ်ခြည်းပေါ့ပါးလာသည်။
ငွေကျောက်တုံးက သူနှင့်နီးသည်ထက်နီးကပ်လာသည်ကိုကြည့်ရင်း ချီလင်ဘုရင်က သူ၏ ညာလက်သည်းအား ဆုပ်လိုက်သည်။ သို့သော် သူ့ထံသို့ပျံသန်းလာနေသော ငွေကျောက်တုံးမှာရုတ်တရက် သူ၏လက်ဖဝါးထံမှသွေဖည်သွားပြီး အပေါ်သို့ပျံတက်သွားသည်။
ဤအချိန်တွင် အဝါရောင်ပုံရိပ်တစ်ခုက ချီလင်ဘုရင်၏အထက်တွင်ပေါ်လာသည်။ သူက သူ၏လက်အားဆန့်ထုတ်လိုက်ပြီး ငွေကျောက်တုံးကိုဆုပ်ကိုင်လိုက်သည်။
“ဟားဟား ကောင်းတယ်..ကောင်းတယ်..ကောင်းတယ်ကွာ..ငွေကျောက်တုံးပဲ..ဟားဟား..ဟားဟားဟား”
ဟက်ဟက်ပက်ပက်အူလှိုက်သဲလိုက် ရယ်မောသံတစ်ခုက အပေါ်မှထွက်ပေါ်လာသည်။ ထို့နောက် အဝါရောင်ပုံရိပ်ကလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ရှေ့တွင်ဆင်းလက်လိုက်သည်။
“မင်းကတော့သေချင်နေတာပဲ”
အဝါရောင်ပုံရိပ်က ငွေကျောက်တုံးအားလုယူလိုက်သည်ကိုတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာက ရုတ်ခြည်းပြောင်းလဲသွားသည်။သူ၏မျက်နှာထက်တွင် ဒေါတို့ဖြင့်ပြည့်နှက်နေ၏။ သူ၏လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တစ်ခုကို ပုံဖော်လိုက်ပြီး သူ၏ညာလက်ဖဝါးအားတွန်းထုတ်လိုက်သည်။ အဖြူရောင်လက်ဖဝါးပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ လက်ဖဝါးထံမှပျံသန်းထွက်လာပြီး အဝါရောင်ပုံရိပ်ထံသို့ ပေါက်ကွဲဝင်ရောက်သွားသည်။
“ငရဲဘုံကိုးခု အကြွင်းမဲသတ်ဖြတ်ခြင်းဆီးလ်”
“ဟမ့်”
သူတို့၏ရှေ့တွင်ရှိနေသောအဝါရောင်ပုံရိပ်က ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အားကျောပေးထားသည်။ သူ၏ခန္ဓာကိုယ်ပုံပန်းသွင်ပြင်မှတစ်ဆင့် သူကအဝါရောင်ဝတ်ရုံအတွင်းမှဖက်တီးတစ်ယောက်ဖြစ်သည်ကို မြင်နိုင်သည်ဖြစ်သည်။ သူ၏နောက်ကျောဘက်၌ မျက်လုံးများပါရှိသကဲ့သို့ ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းဆီးလ်အား အာရုံခံမိသောအခါတွင် အထင်သေးစွာဖြင့် နှာခေါ်င်းရှုံ့လိုက်သည်။
“မင်းတို့ က ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်ကျင့်ကြံသူနှစ်ယောက်သက်သက်ပဲ..ငါ့ရှေ့မှာမင်းတို့က ငါ့ကို ဒုက္ခပေးနိုင်မယ်များထင်နေတာလား..မင်းတို့ကတော့သေချင်နေတာပဲ”
မောက်မာပြီး ကြီးစိုးသောအသံတစ်ခုထွက်ပေါ်လာသကဲ့သို့ အဝါရောင်ဝတ်ရုံနှင့်ဖက်တီး၏ အဝါရောင်ပုံရိပ်က ရုတ်တရက်ဖျက်ခနဲလှုပ်ရှားသွားသည်။ သူကရှစ်ဖုန့်နှင့်အခြားတစ်ယောက်ဘက်သို့လှည့်လိုက်ပြီး လက်ဖဝါးတစ်ခုကိုပစ်လွှတ်လိုက်သည်။ သူကသူ၏လက်ဖဝါးကြီးသက်သက်အား သူ့ထံသို့ ပေါက်ကွဲဝင်ရောက်လာသေ အဖြူရောင်လက်ဖဝါးပုံရိပ်ထံသို့ပစ်သွင်းလိုက်ခြင်းဖြစ်သည်။
“ဘန်း”
ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်ရုတ်ခြည်း ဖက်တီး၏မျက်နှာထက်ရှိ အထင်သေးသော အမူအယာတို့က သိသိသာသာကိုပြောင်းလဲသွားသည်။ သူက အံ့အားသင့်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ထို့နောက်ဖက်တီး၏ လက်ဖဝါးပုံရိပ်မှာ ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းဆီးလ်၏အောက်တွင်ကွဲကြေသွားသည်။ သူ၏ပုံရိပ်မှာသူ၏ခြေထောက်တို့က အပျက်အစီး များအတွင်းသုံးမီတာမှလေးမီတာကြားထဲအထိမရောက်မီ အထိ အဆက်မပြတ်နောက်သို့ဆုတ်ခွာသွားသည်။ထို့နောက်မှသာ သူ၏ကိုယ်အားအတင်းအကျပ်ရပ်တန့်လိုက်ရသည်။
“ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တစ်ယောက်ရဲ့စွမ်းအား”
ရပ်တန့်သွားသောဖက်တီးမှာ အော်ပြောလိုက်သည်။ဖက်တီး၏ပုံစံမှာ အသက်သုံးဆယ်အတွင်းအရွယ်ခန့်ရှိပြီး သူ၏ ကျင့်ကြံမှုက ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်အဆင့်သို့ရောက်ရရှိနေပြီဖြစ်သည်။
သို့သော် သူက ရှစ်ဖုန့်၏ ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းအစီအရင်အားသူ၏ သတ်ဖြတ်ခြင်းတိုက်ခိုက်မှုဖြင့်င ရင်ဆိုင်ခဲ့သည္။ သူ၏ခွန်အားအပြည့်အားသူအသုံးမပြုခဲသော်လည်း သုံးမီတာလေးမီတာအထိသူဆုတ်ခွာသွားရဆဲဖြစ်သည်။ ၎င်းချပြခဲ့သောစွမ်းအားက သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်များစွာကွာခြားခြင်းမရှိပေ။
ထို့ကြောင့်ရှစ်ဖုန့်အားသူကြည့်ချိန်တွင် အံ့အားသင့်မှုတို့ဖြစ်နေသည်။ ကြယ်တစ်ပွင့်သူတောင်စင်နယ်ပယ်တစ်ယောက် က တကယ်ကြီး ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားမျိုး ထုတ်ဖောက်တိုက်ခိုက်နိုင်နေသည်။ ယင်းမှာ
ဤကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတွင် စွမ်းအားကြီးသိုင်းပညာရပ် သို့မဟုတ် ကျင့်ကြံခြင်းပညာရပ်တို့ရှိနေပြီး အဆင့်မြင့်မားသောသူတစ်ယောက်ကို ပင်စိန်ခေါ်နိုင်စွမ်းရှိသည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။
“ဟမ့်”
ရှစ်ဖုန့်တွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေပြီး သူ့ရှေ့တွင်ရှိနေသာ ဖက်တီးအား အေးစက်စွာကြည့်၍ ပြောလိုက်သည်။
“ငွေကျောက်တုံးကို ပေးစမ်း..မဟုတ်ရင် မင်းကိုယ်က မင်းရဲ့သွေးတွေကိုပဲစုပ်ယူပြီး မင်းရဲ့ခန္ဓာကိုယ်ကိုချန်ထားပေးမယ်..မဟုတ်ရင် အရိုးတောင်မကျန်ပဲဖြစ်နေမယ်”
ဆက်ရန်…..
ဘာသာပြန်သူ- ARISE