ပညာရှင်များ စုဝေးခြင်း
Vol. 65 Ch. 896
နှစ်ရက်ကြာပြီးနောက် ကျန်းရီသည် ကောင်းကင်သင်္ဘောပေါ်သို့ တက်လိုက်၏။ သူသည် ရှောင်ယွီ၊ ရှောင်ထျန်းနှင့် ဟူတန်နီတို့ကို နှုတ်မဆက်ဘဲ တိတ်တဆိတ် ထွက်လာခဲ့ခြင်းပင်။ ဝမ်းနည်းစွာ ခွဲခွာရခြင်းမျိုးကို သူ သဘောမကျပေ။ ဝမ်းနည်းမှုအစား အမှတ်ရမှုအချို့ကိုသာ သူ ချန်ထားခဲ့လိုသည်။
ထိုနှစ်ရက်အတွင်း ကျန်းရီသည် ဟူတန်နီနှင့် အကြိမ်ဒါဇင်ကျော် လိင်ဆက်ဆံခဲ့၏။ သို့သော် အကြိမ်တိုင်းတွင် သူ တစ်နာရီမခံဘဲ ပြီးသွားသည်ချည်းသာ။ သူ ထိုသို့ပြီးသွားခြင်းမှာ တောင့်မခံနိုင်၍ မဟုတ်ပေ။ အမှန်တွင် သူသည် ထိုနယ်ပယ်တွင် ‘ပညာရှင်’တစ်ယောက်ဖြစ်၏။ သူ့အတွက် အကြိမ်တိုင်း နှစ်နာရီကြာအောင် တောင်ခံရန် ပြဿနာမရှိပေ။ လိပ်ပြာကကွက်က အလွန်အံ့အားသင့်ဖွယ်ကောင်းလွန်း၏။ သူ ထိုမျှအချိန်ကြာကြာတောင့်ခံနိုင်ခြင်းမှာ သူ့ခန္ဓာကိုယ်က နဂါးညှိုးရော်မြက်ပင်၏ သန့်စင်မှုကို ခံထားရ၍ဖြစ်သည်။
“ဆင့်ကဲပြောင်းလဲသွားတဲ့ ဝိညာဉ်ဓားဆယ့်နှစ်ချောင်းရဲ့ အစွမ်းက ဘယ်လိုနေမလဲ မသိဘူး”
သင်္ဘောအခန်းထဲတွင် ထိုင်နေသော ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားတွင် လင်းလက်လာပြီး ရွှေရောင်ဝိညာဉ်ဓားဆယ့်နှစ်ချောင်း ပျံထွက်လာကာ သူ့ကို ခပ်ဖြည်းဖြည်း လှည့်ပတ်နေလေသည်။ သူသည် ဝိညာဉ်ဓားများပေါ်ရှိ မရေမတွက်နိုင်သော သင်္ကေတပုံသဏ္ဌာန်လေးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေ၏။ ထိုဓားများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်တုန်သွားစေနိုင်ပေသည်။
ကျန်းရီနှင့် ဟူတန်နီတို့သည် ပြီးခဲ့သော နှစ်ရက်အတွင်း အကြိမ်ဒါဇင်ကျော် လိင်ဆက်ဆံခဲ့၏။ လိပ်ပြာသခင်မမျိုးနွယ်သည် ယောက်ျားတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သော ခန္ဓာကိုယ်နှင့် နည်းလမ်းများ ပိုင်ဆိုင်ပေသည်။ သို့သော် လိပ်ပြာသခင်မမျိုးနွယ်သည် စွမ်းအင်စုစည်းရန် အချိန်များစွာ လိုအပ်၏။ ထို့ကြောင့် ကျန်းရီသည် ဝိညာဉ်ဓားဆယ့်နှစ်ချောင်းကိုသာ ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။
“အို့ ဟုတ်သား...”
ကျန်းရီသည် အတွေးတစ်ခု ရလိုက်၍ ဝိညာဉ်ဓားများကို ထိန်းချုပ်ကာ အလျင်မြန်ဆုံးအရှိန်ဖြင့် အခန်းထဲတွင် လှည့်ပတ်ပျံသန်းစေလိုက်လေသည်။ ရလဒ်က သူ၏စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။ ထိုဝိညာဉ်ဓားဆယ့်နှစ်ချောင်း၏ အမြန်နှုန်းက ယခင်ကထက် နှစ်ဆပိုမြန်လာသည်။ သူ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ မဟုတ်လျှင် ထိုဝိညာဉ်ဓားများက အခန်းအပြင်ဘက်သို့ ပျံထွက်သွားပေလိမ့်မည်။
“အရှိန်တောင် မြန်လာရင် စွမ်းအားကလည်း သေချာပေါက် နှစ်ဆတိုးသွားမှာပဲ။ လိပ်ပြာသခင်မမျိုးနွယ်က အဲ့လောက်ဆန်းကြယ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး”
ကျန်းရီ ခံစားချက်များနှင့် သက်ပြင်းချလိုက်သည်။ ထိုစဉ် သူ၏မျက်လုံးများ တောက်ပလာပြီး သူ ရေရွတ်လိုက်သည်။
“လိပ်ပြာသခင်မမျိုးနွယ်က ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်မျိုးထဲက နံပါတ်(၅)မလား။ အဓိပ္ပာယ်က အဆင့်ပိုမြင့်တဲ့ မျိုးနွယ်တွေက ပိုပြီးတောင် ဆန်းကြယ်မယ်ပေါ့လေ။ နံပါတ်(၁) နတ်မိမယ်သခင်မမျိုးနွယ်က ဘယ်လိုနေမလဲ”
“မင်း ဘာတွေ တွေးနေတာလဲ။ ကျန်းရီ မင်း အရှေ့ဘက် တောင်ဝင်နယ်မြေကိုလာတာ စော်ကြောင်ရအောင်လား”
ကျန်းရီသည် သူ၏စိတ်ထဲတွင် အနှောင့်အယှက်ဖြစ်ဖွယ် အတွေးများ ပေါ်လာသဖြင့် သူ့ခေါင်းသူ ရိုက်ကာ သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်လေသည်။ အမှန်တွင် သူသည် မိန်းမများနှင့် များစွာရင်းရင်းနှီးနှီး မနေသင့်ပေ။
ကျန်းရီသည် ဟူတန်နီအပေါ်တွင် မည်သည့်အကြံမှမရှိခဲ့ဘဲ ဟူတန်နီ၏ မြူဆွယ်မှုများကိုပင် အကြိမ်များစွာ ငြင်းပယ်ခဲ့ပေသည်။ သို့သော် နောက်ဆုံးတွင်မူ သူက သူမနှင့် လိင်ဆက်ဆံခဲ့မိသည်သာ။ ဟူတန်နီက သူ့ကို တာဝန်မယူခိုင်းပေ။ ထို့ပြင် ချီထျန်းချန်က အရာအားလုံးကို ဂရုစိုက်မည်ဖြစ်သည်။ သို့သော် သူ့ရင်ထဲတွင် စိုးရိမ်မှုအချို့ရှိနေသေးပေသည်။
“ကျင့်ကြံရမယ်... ကျင့်ကြံရမယ်”
ကျန်းရီ ထရပ်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။ ဤနေရာမှနေ၍ ဗုဒ္ဓဧကရာဇ်မြို့သို့ရောက်ရန် ခြောက်လကျော် ကြာပေလိမ့်မည်။ သူသည် ထိုအချိန်များကို ဖြုန်းတီးပစ်မည် မဟုတ်ပေ။ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးခြင်း၏ ကောင်းကွက်တစ်ခုမှာ လမ်းတစ်လျှောက်တွင် သူ ကျင့်ကြံနိုင်ခြင်းပင်။
“အဆတစ်ရာ လျှို့ဝှက် ကျင့်ကြံခြင်းအခန်း၊ နှစ်ဝက်...”
ကျန်းရီသည် လျှို့ဝှက် ကျင့်ကြံခြင်းအခန်း၏ ကြီးကြပ်သူကို ရှာပြီး ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းပေးလိုက်လေသည်။ ကြီးကြပ်သူသည် ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး တံဆိပ်ပြားတစ်ပြား ထုတ်လိုက်၏။
“အရှင်... အရှင်က တစ်ခါတည်း ကောင်းကင်ကျောက်တုံး သန်းတစ်သောင်း သုံးတဲ့အတွက် ထန်မျိုးနွယ်ရဲ့ စည်းမျဉ်းအရ ရွှေဖြူတံဆိပ်ပြားတစ်ပြား ရပါတယ်။ ဒီတံဆိပ်ပြားနဲ့ဆိုရင် နောက်ကျ အရှင် ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောတွေကို စီးတဲ့အခါ ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရပါလိမ့်မယ်... ကျင့်ကြံခြင်းအခန်းတွေအတွက်က နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေး ရပါမယ်”
“ပစ္စည်းကောင်းပဲ”
ကျန်းရီ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ ထိုတံဆိပ်ပြားနှင့်ဆိုလျှင် သူ မြို့တော်များရှိ ထန်မျိုးနွယ်၏ အဆတစ်ထောင် လျှို့ဝှက် ကျင့်ကြံခြင်းအခန်းများသို့ သွားသောအခါ ကောင်းကင်ကျောက်တုံးများစွာ သက်သာသွားပေလိမ့်မည်။ နဂါးညှိုးရော်မြက်ပင်က သန့်စင်ပေးထားသော သူ၏ခန္ဓာကိုယ်နှင့် အဆတစ်ထောင် လျှို့ဝှက် ကျင့်ကြံခြင်းအခန်းတို့ ပေါင်းလိုက်လျှင် သူ၏ကျင့်ကြံနှုန်းက အဆတစ်သောင်း ပိုမြန်သွားမည်ဖြစ်သည်။ သို့ဆိုလျှင် သူသည် သူ၏ကျန်ကြယ်စက်လုံးများကို ပြောင်းလဲနိုင်ပေလိမ့်မည်။ သူ၏အတွင်းအားအဆင့်ကလည်း နတ်ဘုရားတစ်ပိုင်းအဆင့်သို့ အလွယ်တကူ ရောက်သွားပေလိမ့်မည်။
ကျန်းရီသည် လျှို့ဝှက် ကျင့်ကြံခြင်းအခန်းအတွင်းသို့ ဝင်လိုက်ပြီးနောက် စွမ်းအင်ဆေးလုံးအချို့ကို သောက်လိုက်ပြီး အခန်းအောင်း ကျင့်ကြံလိုက်လေသည်။ သူသည် ကောင်းကင်ဖျက်မီးကို ဆက်ကျင့်ကြံလိုက်ပြိး ဝိညာဉ်လေများကို ဖယ်ရှားနိုင်မည့် လေဓာတ်တာအိုပုံသဏ္ဌာန်ကို လေ့လာလိုက်သည်။
***
ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောက အလွန်လုံခြုံသဖြင့် ခရီးလမ်းတစ်လျှောက် ချောမွေ့နေခဲ့သည်။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် ထန်မျိုးနွယ်သည် အသုံးအဆောင်များ ပြုလုပ်သည့်အပိုင်းတွင် နံပါတ်(၁)မျိုးနွယ် ဖြစ်ပေသည်။ ထို့ပြင် ထန်မျိုးနွယ်သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကဲ့သို့ မျိုးနွယ်ကြီးများ များစွာနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိ၏။ ထန်မျိုးနွယ်ကိုယ်တိုင်ကလည်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်များထက် မနိမ့်သော မျိုးနွယ်ကြီးတစ်ခု ဖြစ်သည်။ သူတို့တွင် ပညာရှင်များ မရေမတွက်နိုင်အောင်ရှိ၍ ထန်မျိုးနွယ်ကို စော်ကားဝံ့သူသည် ကိုယ့်သေတွင်းကိုယ်တူးခြင်း ဖြစ်ပေလိမ့်မည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လအနည်းငယ် ကုန်ဆုံးသွား၏။ ကျန်းရီသည် ကျင့်ကြံနေသဖြင့် တစ်လလောက်သာ ကုန်ဆုံးသေးသည်ဟု ခံစားနေရ၏။ သို့သော် ကြီးကြပ်သူက အချိန်ပြည့်ပြီဖြစ်ကြောင်း သူ့ထံ အသံလှမ်းပို့လွှတ်လိုက်ပေသည်။
“အင်း... ငါ့ရဲ့ ဆဋ္ဌမမြောက် ကြယ်စက်လုံးက ငါးပုံတစ်ပုံ ပြည့်သွားပြီ။ ပြီးတော့ ငါ့အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် တတိယအဆင့်ကို ရောက်နေလောက်ပြီ”
ကျန်းရီသည် သူ့ကိုယ်သူ ပြန်အာရုံခံကြည့်ရင်း အလွန်ကျေနပ်နေ၏။ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ပြီးလျှင် အဆင့်ထက်တက်အောင် ကျင့်ကြံနိုင်ရန် အလွန်ခက်ခဲပေသည်။ သာမန်မျိုးနွယ်လေးများမှ သိုင်းသမားများဆိုလျှင် ကောင်းကင်ဧကရာဇ် ပထမအဆင့်မှနေ၍ တတိယအဆင့်သို့ ရောက်အောင် နှစ်ပေါင်းဒါဇင်ကျော် ကျင့်ကြံရပေလိမ့်မည်။ သို့သော် ကျန်းရီသည် တစ်နှစ်မပြည့်ခင်မှာပင် အဆင့်တက်နိုင်ခဲ့သဖြင့် သူ၏ကျင့်ကြံနှုန်းက အလွန်မြန်သည်ဟု ဆိုနိုင်၏။
သို့သော် ကျန်းရီ၏ ကျင့်ကြံနှုန်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများနှင့်တော့ မယှဉ်နိုင်သေးပေ။ ကျန့်ဝူယင်းသည် အသက်(၁၂)နှစ်၊ (၁၃)နှစ်သာ ရှိသေးသော်လည်း သူ၏တာအိုပုံသဏ္ဌာန်နှင့် ကျင့်ကြံခြင်းအဆင့်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်ကြီးများ၏ များပြားသော အရင်းအမြစ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
ခြောက်လကြာပြီးနောက်တွင် ကောင်းကင်ဖျက်မီးကလည်း ထပ်မံတိုးတက်ခဲ့၏။ သို့သော် ဝိညာဉ်လေးများကို ဖယ်ရှားပေးနိုင်သည့် လေဓာတ်တာအိုပုံသဏ္ဌာန်က လုံးဝမတိုးတက်လာခဲ့ပေ။ ကျန်းရီ၏ သံနက်ဓား၊ သံနက်ချပ်ဝတ်နှင့် မီးတိမ်သံချပ်ကာတို့ကလည်း ဝိညာဉ်မချိတ်ဆက်နိုင်ခဲ့ချေ။
ကျန်းရီသည် အတုအယောင် နတ်ဘုရား အသုံးအဆောင်များနှင့် ဝိညာဉ်ချိတ်ဆက်ရန် လုံးဝလက်လျှော့ထားပြီးဖြစ်၏။ ထိုအပိုင်းက ကံတရာအပေါ်တွင်သာ မူတည်ပေသည်။ အကယ်၍ သူသာ ကံကောင်းလျှင် တစ်လ၊ နှစ်လအတွင်း ဝိညာဉ်ချိတ်ဆက်နိုင်ပေလိမ့်မည်။ သို့သော် သူ ကံဆိုးပါက တစ်ဘဝလုံး ဝိညာဉ်ချိတ်ဆက်နိုင်မည် မဟုတ်ပေ။
ကျန်းရီ သက်ပြင်းချလိုက်ပြီး အတွေးများ ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူ ကြီးကြပ်သူကို ကြည့်၍ မေးလိုက်၏။
“ဒီနေရာက ဘယ်နေရာလဲ။ ဗုဒ္ဓပုံတူမြို့ကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
“အရှင့်ကို တင်ပြပါတယ်...”
ကြီးကြပ်သူက တလေးတစား ပြောလိုက်၏။
“ကျွန်တော်တို့ အခု ဗုဒ္ဓဒေသရဲ့ အလယ်ပိုင်းကို ရောက်နေပါပြီ။ ဗုဒ္ဓပုံတူမြို့ကို ရောက်ဖို့ ဆယ်ရက်ပဲ လိုပါတော့တယ်။ ဗုဒ္ဓဧကရာဇ်မြို့ကို ရောက်ဖို့ဆိုရင်တော့ ရက်နှစ်ဆယ်လောက် လိုပါသေးတယ်”
“အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံခြင်းအခန်းထဲမှ ထွက်သွားလိုက်၏။ သူ၏မျက်လုံးများက အကာအရံကိုဖောက်၍ အောက်ဘက်ရှိ တောင်တန်းများကို ကြည့်လိုက်၏။ သူ အတန်ငယ် ရင်တုန်သွားသည်။ သူသည် ယခင်က ရီဖျောင်ဖျောင်မှာ ရီမျိုးနွယ်မှဟု တွေးခဲ့ပြီး သူ ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်နိုင်ရန် နှစ်ပေါင်းဒါဇင်ကျော် လိုလိမ့်ဦးမည်ဟုလည်း တွေးခဲ့ပေသည်။ နှစ်အနည်းငယ်အတွင်းမှာပင် ဗုဒ္ဓဧကရာဇ်မြို့သို့ သွားနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ သို့သော် ယခုတွင် သူသည် ဗုဒ္ဓဒေသ၏ ကောင်းကင်ထဲတွင် ရပ်နေပေပြီ။
“သခင်မလေးရီချန်... မင်း အဆင်ပြေနေရဲ့လား”
ကျန်းရီသည် ခရမ်းရောင်ဆံပင်နှင့် သခင်မလေးကို အမှတ်ရလိုက်သောအခါ နှုတ်ခမ်းစေ့လိုက်၏။ သူသည် သူမနှင့် တွေ့လိုနေသလို သူမနှင့်တွေ့ရမည်ကိုလည်း ကြောက်နေပေသည်။ ရီချန်က သူ့ကို ကယ်တင်ခဲ့သော ကျေးဇူးရှင်ဖြစ်သည်။ သို့သော် သူသည် အပြစ်သားကျွန်းသို့ ဝင်ခဲ့ပြီး အောင်းလုနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိနေ၍ ယခုတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရန်သူများ ဖြစ်နေပေပြီ။ ထို့ကြောင့် သူသည် မည်သည့်မျက်နှာဖြင့် ရီချန်ကို တွေ့ရမည်ကို မသိဖြစ်နေခြင်းပင်။
“တကယ်လို့ ရီချန်က ငါ ဘယ်သူဆိုတာကို သိသွားရင် သူ ငါ့ကို လိုက်သတ်မှာလား”
ကျန်းရီ မသိပေ။ သူ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး သူ့အခန်းထဲသို့ ဝင်သွားလိုက်သည်။ သူသည် ဗုဒ္ဓဧကရာဇ်မြို့သို့ မသွားဝံ့သဖြင့် ဗုဒ္ဓပုံတူမြို့တွင် ဆင်းရမည်ဖြစ်သည်။ ယခုဆိုလျှင် ဗုဒ္ဓဧကရာဇ်မြို့ထဲ၌ ပညာရှင်များ စုဝေးနေလောက်ပြီဖြစ်သည်။ ထို့ပြင် မြို့တစ်ခွင်လုံးတွင် သခင်လေးများ ခြေချင်းလိမ်နေပေလိမ့်မည်။ သူသာ ထိုသို့သွားလျှင် သေချာပေါက် သူ့ကိုယ်သူ ဖော်မိသွားမည်ဖြစ်သည်။
***
ဝှစ်...
ဆယ်ရက်က ရုတ်ခြည်း ကုန်ဆုံးသွား၏။ ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ တစ်ယောက်တည်း ပျံဆင်းသွားပြီး ဗုဒ္ဓပုံတူမြို့ဆိုသော အလယ်အလတ်အရွယ် မြို့ဆီသို့ ဦးတည်သွားလိုက်သည်။ အပြစ်ဆေးကြောဒေသသည် ဗုဒ္ဓပုံတူမြို့နှင့် ဗုဒ္ဓဧကရာဇ်မြို့အကြားတွင် တည်ရှိ၏။ သူသည် အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်၍ မီးမြွေသစ်ခွကို မယူခင် အရင်ဆုံး မြို့ထဲတွင် သတင်းအချက်အလက်များ စုဆောင်းရမည်ဖြစ်သည်။
ကျန်းရီသည် မြို့ဝင်ကြေး ကောင်းကင်ကျောက်တုံး တစ်ထောင်ကျော်ပေးပြီးနောက် မြို့ထဲသို့ ဝင်လိုက်၏။ ယခုတွင် သူသည် တောင့်တင်းသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အဖြစ် ရုပ်ဖျက်ထား၏။ ထို့ပြင် သူသည် လေးလံသော ချပ်ဝတ်တစ်ထည်ကိုလည်း ဝတ်ဆင်ထားပေသည်။ သူ၏အပေါ်ယံအင်အားမှာ ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့်တွင် ဖြစ်၏။
ကျန်းရီသည် တည်းခိုရန် တည်းခိုခန်းတစ်ခန်းကို ရှာလိုက်ပြီး သူ ခြံဝန်းထဲတွင် မထိုင်ခင် အစိမ်းရောင်ပုလဲအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်လေသည်။
တစ်နာရီကြာပြီးနောက် အရိပ်တစ်ခုသည် အတွင်းသို့ ဖျတ်ခနဲဝင်လာပြီး ကျန်းရီနှင့် စကားပြောလိုက်၏။ သူတို့၏ လျှို့ဝှက်အချက်ပြစကားများကို တိုက်ဆိုင်စစ်ဆေးပြီးနောက် အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားက ကျန်းရီကို သတင်းအချက်အလက်များပေးကာ တည်းခိုခန်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။
ကျန်းရီသည် ခြံဝန်း၏ အကာအရံကို နှိုးလိုက်ပြီး အခန်းထဲသို့ဝင်၍ သတင်းအချက်အလက်များကို ဂရုတစိုက် ကြည့်လိုက်သည်။ သတင်းအချက်အလက်များကို ဖတ်ပြီးနောက် သူ လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏မျက်ဝန်းများထဲတွင်လည်း သတ်ဖြတ်လိုသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ သူ့ကိုယ်သူ ပြောလိုက်၏။
“နောက်တစ်လနေရင် အပြစ်ဆေးကြောဒေသကို ဖွင့်မှာလား။ ဒီတစ်ခေါက် မိတ်ဆွေဟောင်းတွေအများကြီး ရောက်လာပါလား..ဟမ်.. ရှီးဖေး၊ ကျန့်ဝူယင်း၊ ထူလုံ၊ ယဉ်ရို့ပင်း၊ လင်းချီကျန့်၊ လင်းရှီယာ့၊ ဝူနီ၊ ကျီထင်ယွီ... မင်းတို့အကုန်လုံး ဒီမှာပေါ့လေ။ သူတို့ အပြစ်ဆေးကြောဒေသထဲကို ဝင်ကြမှာလား။ သူတို့သာ ဝင်မယ်ဆိုရင်တော့ ပျော်စရာကောင်းတော့မှာပဲ”