← Chapters

ကျုပ် အေးအေးဆေးအေး နေပါရစေ!

Vol. 3 Ch. 43

ကျုပ် အေးအေးဆေးအေး နေပါရစေ!

Vol. 3 Ch. 43

နေသာသော နေ့တစ်နေ့၌ ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ အားကစားကွင်းတွင် ဖြစ်သည်။

P.E ချိန်ဖြစ်သောကြောင့် ယဲ့ဖန်သည် အခြားအတန်းဖော်များနှင့် အတူ ရှိမနေဘဲ တစ်ယောက်တည်း အေးအေးလူလူ လမ်းလျှောက်လျက် ရှိသည်။

ယဲ့ဖန် ကျောင်းလာစရာမလိုသော်လည်း ထူးဆန်းမှုတစ်ခုကြောင့် လာနေရခြင်း ဖြစ်သည်။ ကျောင်းဝန်းအတွင်း နတ်ဆိုးချီဓာတ် တစ်ဟုန်ထိုး စီးဆင်းနေသည်ကို သူ သတိထားလိုက်မိသောကြောင့်ပင်။

နှစ်ရက်ခန့် နှံ့နှံ့စပ်စပ်လိုက်ရှာပြီးနောက် ထိုနတ်ဆိုးချီဓာတ်သည် ကျောင်းအားကစားကွင်းမှ ထွက်ပေါ်နေတာဖြစ်ပြီး အလွန်သန့်စင်သော ချီဓာတ်ဖြစ်သည်ကို ယဲ့ဖန် သိလိုက်ရသည်။

*ကျောင်းအားကစားကွင်းအောက်မှာ နတ်ဆိုးချီဓာတ် အလျှံအပယ် ရှိပုံရတယ်*

ကစားကွင်း၏ ထောင့်တိုင်းကို လိုက်လေ့လာရင်း ယဲ့ဖန် တွေးလိုက်မိသည်။

*ဒါ နတ်ဆိုးမျက်လုံးများလား?*

ယဲ့ဖန် ချက်ချင်းလိုလို စိတ်လှုပ်ရှားလာရသည်။

*အဲ့ဒါသာ တကယ်ပဲ နတ်ဆိုးမျက်လုံးဆိုရင် ငါ လေ့လာခဲ့ရသလောက် အဲ့ထဲက နတ်ဆိုးချီဓာတ်က အတော်သန့်စင်မှာပဲ*

*နတ်ဆိုးမျက်လုံးထဲမှာသာ ငါ ကျင့်ကြံခွင့်ရမယ်ဆိုရင် နတ်ဆိုးချီဓာတ်စုဆောင်းခြင်း ပုံစံထက် ပိုပြီး အစွမ်းထက်မှာပဲ*

မိုးမခပင်ကို ကြည့်လိုက်ရင်း ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်သွားကာ အံ့ဩသွားသည်။ နတ်ဆိုးမျက်လုံးက သူ့ခြေထောက်အောက်တည့်တည့်မှာ ရှိနေတယ်လို့ သူ ခံစားမိနေသည်။

*ဒါ ဒီနေရာပဲ! ဘယ်လောက်ကောင်းလိုက်လဲ*

ယဲ့ဖန် ချက်ချင်း မိုးမခပင်ပေါ် ခုန်တက်လိုက်ကာ သစ်ကိုင်းပေါ်လှဲ၍ မျက်လုံးမှိတ်လိုက်သည်။ မိုးမခပင်၏ သစ်ကိုင်းများကြားမှ သန့်စင်သော နတ်ဆိုးချီဓာတ် အမျှင်ပါးလေးတစ်စုသည် ယဲ့ဖန်၏ ကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွားပြီး သူ၏ ကိုယ်ပိုင်ချီဓာတ်အဖြစ်သို့ ပြောင်းသွားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအားများ တလိပ်လိပ်တိုးလာသည်ကို ယဲ့ဖန် ခံစားလိုက်မိသည်။ ထိုစဉ် ခြေသံတစ်ချို့ကို သူ ကြားလိုက်ရသောကြောင့် နေရာမှာတင် တောင့်ခနဲ ဖြစ်သွားရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကျောင်းသူတစ်ယောက်က သစ်ပင်အောက်ရပ်ကာ ယဲ့ဖန်ကို မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ယဲ့ဖန်… သစ်ပင်ပေါ် ဘာတက်လုပ်နေတာလဲ?"

ထိုကျောင်းသူသည် အချောအလှလေးဖြစ်သည်။ ဖွံ့ထွားသောခန္ဓာကိုယ်ရှိပြီး သူမ၏ တက်ကြွနေသော မျက်လုံးများက ဖြူစင်ပုံရသည်။ သူမသည် ယောင်နာဟု အမည်ရပြီး ယုဖေးနှင့်အတူ Class 2 Grade 3 ၏ အလှနတ်ဘုရားမလေးတစ်ဦး အဖြစ် တင်စားခြင်း ခံရသည့်သူ ဖြစ်သည်ကို ယဲ့ဖန် မှတ်မိလိုက်သည်နှင့် မျက်မှောင်ကြုတ်မိသွားသည်။

သူမသည် လောဘကြီးသလို လေလုံးထွားပြီး သနားညှာတာမှု ကင်းမဲ့သူ ဖြစ်သည်။

"ဘာကိစ္စလဲ?" ဟု ယဲ့ဖန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူ့စကားကြောင့် ယောင်နာက နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး

"ယဲ့ဖန်… နင် အရင်က ငါ့ကို စိတ်ဝင်စားခဲ့ဖူးတယ်လေ? ငါ နင့်ကို ငြင်းလိုက်လို့ နင် ယုဖေးကို လိုက်ခဲ့တာလေ။ အခု ယုဖေးက နင့်ကို ပစ်သွားပြီဆိုတော့ နင် ငါ့ကို ညစာလိုက်ဝယ်ကျွေးမလား?"

*ညစာလိုက်ကျွေးရမယ်*

ပြီးခဲ့သည့်ရက်ပိုင်းတုန်းက ယဲ့ဖန်က ကျုံးချမ်းနှင့် ကုန်းဝူတို့ကို သင်ခန်းစာပေးလိုက်သည်ကို မြင်လိုက်ရသောကြောင့် ယောင်နာက ယဲ့ဖန်ကို အရင်လာကပ်နေခြင်း ဖြစ်သည်။ ယဲ့ဖန်က အခုတလော အခန်းထဲမှာ နာမည်ကြီးနေသည်မဟုတ်ပါလား?

အရင်ပုံစံအတိုင်းသာဆိုလျင် သူမ ယဲ့ဖန်ရှိရာဘက်ကို ခြေဦးတောင်လှည့်မိမှာ မဟုတ်ပေ။သို့သော် ယဲ့ဖန်က ခေါင်းခါ၍ မျက်လုံးပြန်မှိတ်ကာ အော်ပြောလိုက်သည်။

"ငါ မင်းကို စိတ်မဝင်စားဘူး"

*ဘာ*

ယောင်နာ မျက်နှာ နီရဲသွားသည်။ ယဲ့ဖန်က သူမပေးတဲ့ အခွင့်အရေးကို ဂရုမစိုက်ဘဲ သူမကို ညစာလိုက်ကျွေးဖို့ ငြင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

ယောင်နာက ယဲ့ဖန်ကို စူပုပ်ပုပ်မျက်နှာထားနှင့် ထပ်မေးလိုက်သည်။

"ယဲ့ဖန်… နင် သေချာလား? နင် အရင်က ငါ့ကို သိပ်ချစ်ခဲ့တာလေ။ နင် အခု အခွင့်အရေးကို မယူဘူးဆိုရင် နင် ဘယ်တော့မှ ငါနဲ့ တွဲခွင့်ရမှာ မဟုတ်တော့ဘူး"

ယောင်နာက သူမ၏ ရည်ရွယ်ချက်ကို သိသာအောင် ထုတ်ပြောလိုက်သည်။ သို့သော် သူမစကားကို ကြားသော်လည်း ယဲ့ဖန်က သူမကို တစ်ချက်တောင် မကြည့်ဘဲ တစ်ဘက်လှည့်ကာ ဆက်အိပ်ရန် ပြင်နေသည်။

*သူတောင်းစား*

ယောင်နာ ဒေါသတကြီး အံကို တင်းနေအောင် ကြိတ်ထားမိသည်။ ယောင်နာသည် Class 2 Grade 3 ၏ အလှနတ်ဘုရားမလေးနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ယောကျာ်းလေးများစွာက သူမနှင့် တွဲခွင့်ရဖို့ စိတ်ကူးယဉ်နေကြချိန်တွင် သူမက ယဲ့ဖန်ကို အခွင့်အရေးပေးခဲ့သော်လည်း မမျှော်လင့်ဘဲ ယဲ့ဖန်က သူမကို တစ်ချက်လေးတောင် ငဲ့မကြည့်ပါ။

"ကောင်းပြီလေ ...ယဲ့ဖန်… နင် နောက်မှ နောင်တမရနဲ့"

ယောင်နာက မုန်းတီးနေသော မျက်လုံးများဖြင့် လှည့်ထွက်သွားသည်။ ထို့နောက် သူမ P.E ဆရာဆီသို့ တန်းနေအောင် လျှောက်သွားလိုက်သည်။ ထို့ပြင် သူမက ယဲ့ဖန်ရှိနေသော သစ်ပင်ကို လက်ညှိုးထိုးကာ မဟုတ်တမ်းတရားတွေ ပြောနေတော့သည်။

ရုတ်တရက် P.E ဆရာက ယဲ့ဖန်ဆီသို့ ဒေါသတကြီး လှမ်းလာနေသည်။ ထိုအဖြစ်အပျက်ကို အတန်းသားအားလုံး သတိထားမိသွားသည်။

P.E ဆရာ၏ ရက်စက်သော မျက်နှာထားနှင့် သစ်ပင်ပေါ်၌ အိပ်ပျော်နေသော ယဲ့ဖန်ကိုကြည့်ပြီး သူတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရပြီဟု တွေးလိုက်ကြသည်။

"ယဲ့ဖန်က ယောင်နာ စိတ်ခုသွားအောင် တစ်ခုခုလုပ်လိုက်တဲ့ပုံပဲ။ မစ္စတာယောင်က ယောင်နာရဲ့ဦးလေးလေ။ ငါတော့ ယဲ့ဖန် ဒုက္ခရောက်တော့မယ်လို့ ထင်နေတယ်"

"အိုက်ယား … မစ္စတာယောင်က သူ့တူမကို အရမ်းကာကွယ်ပေးတယ်လို့ နာမည်ကြီးတယ်ဟ။ အရင်တစ်ခါတုန်းက ယောင်နာ သွေးထိုးလိုက်လို့ သူ့ဦးလေးက အတန်းသားတစ်ယောက်ကို ဆော်လိုက်လို့ အဲ့တစ်ယောက် သွေးပါအန်သွားတယ်ကွ"

"မိုက်တယ်ကွာ…ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတော့မယ်"

အတန်းသားအားလုံးက တိုးတိုးတိတ်တိတ်နှင့် တွတ်ထိုးနေကြသည်။ ယဲ့ဖန်တော့ အဆော်ခံရပြီဟု သူတို့ မှတ်နေကြ၏။

သစ်ပင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသော ယဲ့ဖန်ကို ကြည့်ပြီး ယောင်နာ အားရပါးရ ပြုံးလိုက်မိသည်။

"ဟွန့်…သူတောင်းစား…ငါ့ကိုယ် လျစ်လျူရှုပြီး နင့်ဘာသာနင် လူကြားထဲ ဟိတ်ဟန်ထုတ်နေလို့ရမလား? ကြည့်ကြသေးတာပေါ့"

အားလုံး၏အကြည့်အောက်မှာပင် မစ္စတာယောင်က မိုးမခပင်အောက် ရောက်လာကာ အော်လိုက်သည်။

"ဟေ့ကောင်..ထစမ်း..ထ..မြန်မြန်"

မစ္စတာယောင်က မိုးမခပင်၏ ပင်စည်ကို ဆက်တိုက် ပုတ်နေသည်။ ယဲ့ဖန် မျက်မှောင်ကြုတ်လျက်သားနှင့် နောက်တစ်ခါ မျက်လုံးဖွင့်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ?"

ယဲ့ဖန်၏ လေသံက မစ္စတာယောင်အပေါ် လေးစားမှုမရှိမှန်း သိသာလှသည်။

ယဲ့ဖန်စကားကြောင့် မစ္စတာယောင် ပို၍ ဒေါသထွက်လာသည်။ ထို့ကြောင့် သူက ယဲ့ဖန်ကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"မင်း… အဲ့ပေါ်က အခုချက်ချင်း ဆင်းလာခဲ့။ အခု ဆင်းလာခဲ့စမ်း"

*ဟမ်*

ယောင်ကျန့်စကားကြောင့် ယဲ့ဖန်၏ မျက်လုံးက အေးစက်သွားကာ ထိတ်လန့်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်ဖော်လိုက်ရင်း ပြန်အော်လိုက်သည်။

"ကျုပ် အေးအေးဆေးဆေး နေပါရစေ"

ယဲ့ဖန်အော်သံကြောင့် ယောင်ကျန့် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဒုန်း!

ယောင်ကျန့် ငေးကြောင်ကြောင်ဖြစ်သွားသည်။ ထိုအချိန်အတွင်းမှာပဲ သစ်ပင်ပေါ်၌ ရှိနေသော လူငယ်လေးမှာ လူမဟုတ်ဘဲ သရဲတစ္ဆေသာ ဖြစ်မည်ဟု သူ ထင်လိုက်မိသည်။

ယဲ့ဖန်၏ ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ် လွှမ်းမိုးခြင်းကို ခံလိုက်ရသည်နှင့် ယောင်ကျန့်တစ်ယောက် အေးခဲသွားကာ ယဲ့ဖန်ကိုပင် မကြည့်ရဲတော့ချေ။ ထို့ပြင် သူ့နဖူးတွင် ချွေးစို့လာကာ နောက်ကျောတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေပြီး နောက်တစ်ခါ ထပ်စကားပြောမိလျင် သူ အသတ်ခံရလောက်သည်ဟုပင် ထင်မိနေသည်။

ဂလု!

ယောင်ကျန့် မနည်းကို တံတွေးမြိုချလိုက်ပြီး သရဲကို မြင်လိုက်ရသကဲ့သို့ ပျာယာခတ်နေသော မျက်နှာနှင့် နောက်လှည့်ကာ ဒယိမ်းဒယိုင် လျှောက်၍ ထွက်သွားသည်။ ဤသည်ကို ကြည့်ပြီး အားလုံး အံ့အားသင့်သွားကြသည်။

….

*ဘာလို့ မစ္စတာယောင်က စကားလေးတစ်ခွန်းထဲနဲ့ ကြောက်သွားရတာလဲ*

ကြည့်နေကြသည့်သူအားလုံး မယုံနိုင်သလို ဖြစ်နေကြသည်။

စိတ်ဆတ်သော ယောင်က ကျောင်းသားတစ်ယောက်၏ "ကျုပ် အေးအေးဆေးဆေး နေပါရစေ" ဟု ပြောလိုက်သော စကားကြောင့် ကြောက်လန့်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။

ယောင်နာသည်လည်း မယုံနိုင်သလို ဖြစ်နေရှာ၏။ ထို့ကြောင့် သူမ သူမဦးလေးဆီသွား၍ ဘာဖြစ်ခဲ့သလဲဟု မေးရန် ဟန်ပြင်လိုက်စဉ်တွင် ကျောင်းသားများ၏ တအံ့တဩအော်လိုက်သံကို ကြားလိုက်ရသည်။

"ကြည့်စမ်း! အဲ့ဒါ ပိုင်ယီပဲ ! ဘုရားရေ… နတ်ဘုရားမလေး လှမ်းလာနေသလိုပါပဲလား"

"သေစမ်း… အဲ့ဒါ ပိုင်ယီပဲ! ငါ့ရဲ့နတ်ဘုရားမလေး! သူမက သိပ်လှတာပဲ"

"ကျန်းရှီမြူနီစီပယ် စီနီယာ အလယ်တန်းကျောင်းရဲ့ နံပါတ်တစ် အလှဘုရင်မ လို့ ခေါ်ထိုက်ပါပေတယ်။ အာ…ငါ နှာခေါင်းသွေးလျှံနေပြီဟ"

….

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးကို သူတို့အားလုံး ကြည့်နေကြသည်။

ရင်ဖိုကာ နီရဲနေသော မျက်နှာများနှင့် သူတို့အားလုံး အလှဆုံး နတ်ဘုရားမဟု သတ်မှတ်ထားသည့် မိန်းမပျိုလေးကို ကြည့်နေကြသည်။

လှပသော သူမ၏ ခြေထောက်လေးကို သူမ အသာလှမ်းလိုက်တိုင်း ပန်းချီကားထဲက နတ်သမီးလေး လူ့လောကထဲ ရောက်လာသလိုပင်။

အားလုံး၏ မှင်တက်နေသော အကြည့်အောက်မှာပင် ပိုင်ယီက မိုးမခပင်အောက် ရပ်လိုက်ကာ ယဲ့ဖန်ကို မော့ကြည့်ပြီး ချစ်စဖွယ်ပြုံးပြီး ပြောလိုက်သည်။

"ယဲ့ဖန်… ငါနဲ့အတူ ညစာလိုက်စားပါလား? ငါ ဒကာခံမယ်လေ"

*ဘာ*

ပိုင်ယီ၏စကားကြောင့် အားကစားကွင်းထဲရှိ ကျောင်းသားများအားလုံး မှင်တက်သွားရသည်။ ထို့နောက် ယောကျ်ားလေးတိုင်း ကိုယ်စီကိုယ်စီ အသည်းကွဲသွားရလေတော့သည်။

ဖြောက်!

ဖြောက်!

သူတို့၏ နတ်ဘုရားမလေးက အခြားယောကျ်ားလေးတစ်ယောက်ကို ညစာစားရန် ဖိတ်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပါ။ ထိုစဉ် ယဲ့ဖန် ပြန်ပြောလိုက်သည့် စကားကြောင့် ယောကျ်ားလေးတိုင်း သွေးအန်တော့မလို ဖြစ်သွားကြသည်။

"ငါ လုံးဝ စိတ်မဝင်စားဘူး"

All Chapters