ယဲ့ဖန်၏ အဖိုးအခ
Vol. 3 Ch. 44
* ငါ လုံးဝ စိတ်မဝင်စားဘူး… ငါ လုံးဝ စိတ်မဝင်စားဘူး*
ယဲ့ဖန် ပြန်ပြောလိုက်သည့်စကားကြောင့် အားလုံး မှင်တက်သွားရသည်။
ဒီကောင်က ကျောင်းရဲ့ နံပါတ်တစ် အလှလေးနဲ့ ညစာအတူစားဖို့ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်!
*သေလိုက်ပါတော့ကွာ*
*သူ စောက်ရမ်း လွန်သွားပြီ*
*အို ...ဘုရားသခင်…အဲ့ကောင်ကို မသေမချင်း မိုးကြိုးပစ်ချပေးတော်မူပါ*
ယောင်နာသည်လည်း အလွန်ထိတ်လန့်နေသည်။ ပိုင်ယီသည် ကျောင်းသားတိုင်း၏ အလှဆုံး နတ်ဘုရားမလေး ဖြစ်ရုံသာမက ကျောင်းသူတိုင်း၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ ကျောင်းသူတိုင်း သူမပြုမူနေထိုင်သကဲ့သို့ တုပ၍ နေထိုင်ချင်သော မိန်းကလေးမျိုး ဖြစ်သည်။
ထို့ကြောင့် ပိုင်ယီသည် ကျိန်းသေပေါက် ယောင်နာ၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်၏။ သို့သော် ဟိုသကောင့်သားက သူမ၏ အိုင်ဒေါလ်နှင့် ညစာအတူစားရန် လုံးဝစိတ်မဝင်စားဘဲ နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။
*မဖြစ်နိုင်ဘူး…ပိုင်ယီက ဘာလို့ ယဲ့ဖန်ကို ချစ်မိသွားရမှာလဲ? ဒါ လုံးမ မဖြစ်နိုင်ဘူး*
ယောင်နာ လုံးဝ မယုံပါ။ ထို့ပြင် လူအုပ်ကြားထဲမှ ယုဖေးသည်လည်း ခါးသီးစွာ ပြုံးလိုက်မိသည်။
*ပိုင်ယီတောင် သူ့ကို ချစ်မိသွားလောက်အောင် သူက ဒီလောက် ဆွဲဆောင်မှု ရှိလိမ့်မယ်လို့ ငါ မထင်ထားလိုက်မိဘူး*
ယုဖေး ပို၍ ခါးသီးစွာ ပြုံးလိုက်မိသည်။ ပိုင်ယီက ယဲ့ဖန်၏ လက်မောင်းကိုချိတ်ကာ သူမက ယဲ့ဖန်၏ ချစ်သူပါဟု ကျောင်းပေါက်ဝ၌ ပြောခဲ့သည်ကို သူမ အခုထိ မှတ်မိနေသေးသည်။ အခုတော့ ပိုင်ယီပါ အငြင်းခံနေသည်။
*သေစမ်း… ဒီကောင်က ပိုင်ယီရဲ့မျက်နှာကိုတောင် မကြည့်ဘူး*
ပိုင်ယီ စိတ်ဆိုးလွန်း၍ နှုတ်ခမ်းကိုက်ထားမိသည်။ ကျောင်းရဲ့ နံပါတ်တစ် အလှလေး ဖြစ်သော သူမက အခုမှ ပထမဆုံးအကြိမ် ကျောင်းသားတစ်ယောက်ကို ညစာဖိတ်ကျွေးဖူးခြင်း ဖြစ်သည်။ မထင်မှတ်ထားဘဲ သူမ အငြင်းခံလိုက်ရသည်။ ထို့ကြောင့် ပိုင်ယီ အလွန်ဒေါသထွက်နေ၏။
"ယဲ့ဖန်… ငါ နင့်ကို ညစာလိုက်ကျွေးချင်လို့"
ပိုင်ယီက ထိုစကားကိုသာ ထပ်ပြောသည်။ သူမစကားကြောင့် ယဲ့ဖန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ ပိုင်ယီ၏ ရှက်နေသော မျက်နှာလေးကို ကြည့်ပြီး သူ ခါးသက်သက် ပြုံးလိုက်သည်။
"ငါ့ကို ညစာလိုက်ကျွေးချင်တာလား? ဘယ်လောက်ပေးမှာလဲ?"
*ဘာရယ်*
သူ့စကားကြောင့် ပိုင်ယီသာမက အားလုံး မှင်တက်သွားရသည်။ သူတို့ ယဲ့ဖန်ပြောတာကို သဘောမပေါက်ကျချေ။ သူတို့၏ အူကြောင်ကြောင်ပုံကို ကြည့်ပြီး ယဲ့ဖန် ပခုံးတွန့်ကာ ပြောလိုက်သည်။
"မင်း ငါ့ကို ညစာလိုက်ကျွေးချင်ရင် မင်း သေချာပေါက် ပိုက်ဆံပေးရမှာပေါ့။ အချိန်ဆိုတာ ပိုက်ဆံပဲ ဆိုတဲ့စကား ရှိတယ်လေ။ မင်း ငါ့ကို ညစာလိုက်ကျွေးချင်ရင် ငါက မင်းနဲ့ အတူ အချိန်ဖြုန်းပေးရမှာလေ။ မင်း ငါ့ကို ပိုက်ဆံပေးသင့်တာပေါ့"
*ဘာ*
သူ့စကားကြောင့် ပိုင်ယီသာမက အားလုံး မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သကောင့်သား၏ လောဘတကြီးမျက်နှာထားကို ကြည့်ပြီး သူ့စိတ်အခြေအနေက ပုံမှန်လောက်ပါပဲ။ သို့ပင်မယ့် ပိုင်ယီကတော့ သွေးအန်မတတ် ဖြစ်နေသည်။
*သေလိုက်ပါလား*
*ငါက နင့်ကို ညစာလိုက်ကျွေးချင်ရင် နင့်ကို ပိုက်ဆံပေးရမယ်*
*နင် တကယ်ပြောနေတာလား*
*နင် နောက်နေလာလား*
*သူ ဘယ်လိုလုပ် ဒီလောက် အရှက်မရှိရတာလဲ*
ကျောင်းသားအားလုံး ငေးငိုင်သွားရသည်။ တစ်ယောက်ယောက်က ညစာလိုက်ကျွေးချင်ရင် ပိုက်ဆံပေးဖို့ပြောတာကို အခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ပိုဆိုးသည်က များစွာသော ကျောင်းသားတိုင်း စိတ်ကူးယဉ်ကြသည့် ပိုင်ယီကိုမှ သကောင့်သားက….
"နင် ဘယ်လောက်လိုချင်လဲ?"
ပိုင်ယီက သူ့ကို အံကြိတ်၍ မေးလိုက်သည်။
"ဘယ်လောက်လဲ ဟုတ်လား? ခဏလေး… ငါ တွက်ကြည့်လိုက်ဦးမယ်"
ယဲ့ဖန်က လက်ကို ချိုးရေ၍ တွက်နေသည်။
"ညစာက တစ်ခါစားရင် အလွန်ဆုံး မိနစ်လေးဆယ်လောက် ကြာတယ်။ ၁မိနစ်မှာ စက္ကန့်ခြောက်ဆယ်ရှိတာဆိုတော့ ၁စက္ကန့်ကို ၁ ယွမ် နဲ့ စုစုပေါင်း ယွမ် ၂၄၀၀။ ငါတို့က မိတ်ဆွေတွေဆိုတော့ ၁၅% လျော့ပေးမယ်၊ ငါ ယွမ် ၂၀၄၀ ပဲ ယူပါ့မယ်"
*ဖွီ*
ယဲ့ဖန်စကားကြောင့် အားလုံး နင်သွားကြသည်။
*သေစမ်း…၁စက္ကန့်ကို ၁ ယွမ်*
*ထမင်းတစ်နပ်ကို ၂,၀၀၀ ယွမ်*
ကျောင်းသားအားလုံး ဆွံ့အသွားကြသည်။
*မင်းက နတ်ဘုရားမလေးက ညစာစားခွင့်ရတာလေ… ဒါတောင်မှ မင်းက သူ့ဆီက ပိုက်ဆံတောင်းနေသေးတယ်! စောက်ရှက်မရှိလိုက်တဲ့ကောင်!*
ထို့ပြင် ယဲ့ဖန်က ပြုံး၍ ထပ်ပြောလိုက်သည်။
"အိုး… မင်း မမ်ဘာကဒ် လျှောက်ထားလို့လဲ ရတယ်နော်။ မင်း ယွမ် ၁,၀၀၀ ပေးရင် ယွမ် ၃,၀၀၀ ဖိုး လက်ဆောင်ရမယ်။ ငါ့ဝန်ဆောင်မှုက မင်းနဲ့ အဖော်လုပ်ပြီး ထမင်းလိုက်စားပေးတာ၊ အတူ သောက်တာ၊ အိပ်တာနဲ့ ကိုယ်ဝန်စေဖို့အထိ ဝန်ဆောင်မှုပေးမယ်။ မင်း စိတ်ကူးထားတဲ့ အရာအားလုံးကို ငါ ကူပြီး ဖြည့်ဆည်းပေးမယ်။ ဘယ်လိုလဲ။ တွက်ခြေကိုက်တယ်မလား?"
*ဘုရားရေ*
သူမကို ပေါက်ပန်းလေးဆယ် လျှောက်ပြောနေသော ယဲ့ဖန်ကို ပိုင်ယီ ကြည့်နေမိသည်။ သူမ သူ့မျက်ခွက်ကို ပိတ်ပိတ်ထိုးချင်စိတ် ပေါက်လာရုံသာမက ခေါင်းကို ဖြတ်ပြီး ဦးနှောက်ကိုပါ ထုတ်ပစ်ချင်လာသည်။
သူမ ကြားခဲ့ရသည့်စကားများကို သူမ မယုံနိုင်သေးပါ။ အထူးသဖြင့် သူက သူမကို အဖော်လုပ်ပြီး အတူအိပ်ကာ ကိုယ်ဝန်ရအောင် လုပ်ပေးမည်ဟူသော စကားပင်။
"သူတောင်းစား…"
ပိုင်ယီ သူ့ကို ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်ချင်သည်။ သို့သော် ကျောင်းသားတော်တော်များများက သူမကို ကြည့်နေသဖြင့် သူမ သည်းခံလိုက်ရသည်။
ပိုင်ယီ ဒေါသအိုး ပေါက်ကွဲလာသည်။ ယဲ့ဖန်ကို ခဏမျှ စိုက်ကြည့်နေပြီးမှ ယဲ့ဖန်ကို သူမ အရှုံးပေးလိုက်ရသည်ကို လက်ခံလိုက်ရတော့သည်။
သူမ အိတ်ထဲမှ ပိုက်ဆံအထပ်လိုက်ကို ယူကာ ယဲ့ဖန်အား ပစ်ပေးလိုက်သည်။ ယဲ့ဖန်က လက်ထိပ်ကို တံတွေးဆွတ်ကာ ပိုက်ဆံကို ထိုင်ရေနေသည်။ သူ ရေလို့ပြီးသွားသည့်အခါ သုန်မှုန်နေသော မျက်နှာနှင့် အော်ပြောလာသည်။
"ယွမ် ၄၀ လိုနေသေးတယ်"
ပိုင်ယီ ဆွံ့အသွားရသည်။ သူမ မတတ်သာဘဲ
"ငါနင့်ကို အကြွေး ယွမ် ၄၀ ပေးစရာ ရှိတယ်လို့ မှတ်ထားလိုက်ဟာ"
"ပြီးရော…မင်းကတိ မင်းတည်နော်၊ မဟုတ်လို့ကတော့ မင်းကို ဖင်ပိတ်ကန်ပစ်မှာ"
ယဲ့ဖန် ချက်ချင်း ဘောပင်ကို ထုတ်ကာ ဘောင်းဘီအိတ်ထဲမှ မှတ်စုစာအုပ် အသေးလေးကို ထုတ်ကာ တစ်ခုခုကို အသည်းအသန် ရေးမှတ်နေသည်။ ပိုင်ယီ ဒေါသတကြီးနှင့် သူ့ကို မေးလိုက်သည်။
"နင် ဘာတွေရေးနေတာလဲ?"
"ခဏလေး… ငါမှတ်ထားမှဖြစ်မယ်။ မဟုတ်ရင် ငါ မေ့သွားလိမ့်မယ်"
ဟု ယဲ့ဖန် ပြန်ပြောလိုက်ရင်း လက်ခါပြလိုက်သည်။
"ဟူး… အခုနောက်ပိုင်း ပိုက်ဆံ ရှာရတာ တယ်ခက်တာကိုး… ဒီ ယွမ် ၄၀ နဲ့ဆို ငါ ယုဖေးကို ၂ကြိမ်၊ ၃ကြိမ်လောက် သုံးလို့ရတယ်။ ငါ ဘယ်တော့မှ မေ့လို့မဖြစ်ဘူး ။ ငါ ဒါကို လုံးဝ မေ့လို့မဖြစ်ဘူး"
ဖွီ!
ယဲ့ဖန် စကားကြောင့် ယုဖေး ဒယီးဒယိုင်ဖြစ်ကာ လဲကျမလို ဖြစ်သွားသည်။
*ဒီအကောင်စုတ်ကတော့…*
တစ်ယောက်ယောက်က သူမကို စော်ကားမော်ကား ပြောဆိုလိမ့်မည်ဟု ယုဖေး မထင်ထားခဲ့မိသဖြင့် ဒေါသတကြီးနှင့် အံကို ကြိတ်နေသည်။ သူမ လောင်ချာနှင့် အပစ်ခံလိုက်ရသလို သွေးစိမ်းရှင်ရှင် ထွက်နေသည်ဟု ခံစားလိုက်မိသည်။
ထိုစဉ် စာရင်းမှတ်လို့ ပြီးသွားသဖြင့် ယဲ့ဖန် သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ပိုင်ယီကို ပြုံး၍ ပြောလိုက်သည်။
"သွားကြစို့…အလှနတ်ဘုရားမလေးရေ… အခု မင်းက ပင်လယ်သမုဒ္ဒရာထဲက အကောင်တွေ၊ နဂါးခေါင်းတို့၊ ဖီးနစ်ငှက်ရဲ့ အမြှီးတို့ လိုချင်တယ်ဆိုရင်တောင် ငါ မင်းနဲ့အတူ လိုက်ရှာပေးမှာပါ"
သူ့စကားကြောင့် ပိုင်ယီ မသိမသာ နှုတ်ခမ်းမဲ့လိုက်မိသည်။ သူမတော့ ညစာစားပြီးတာနှင့် မွဲတေသွားတော့မလို ခံစားလိုက်မိသည်။ ထို့ကြောင့် သူ့ကို ညစာလိုက်ကျွေးမည်ဟု ပြောမိသည်ကို နောင်တပင်ရချင်သလိုလို ဖြစ်လာသည်။
သူတို့နှစ်ယောက် ထွက်သွားသည်နှင့် အားကစားကွင်းတစ်ခုလုံး တိတ်ကျသွားသည်။
Class 2 Grade 3 အတန်းသားများအားလုံး တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင်နှင့် ကြည့်နေမိသည်။ ထို့နောက် အားလုံး ပွတ်လောရိုက်သွားသည်။
…..
"သေစမ်း… နတ်သမီးလေးပိုင်က ယဲ့ဖန်ကို ညစာလိုက်ကျွေးဖို့ ပြောလိုက်တာလား? ဒါ…ဒါ လုံးဝ မဖြစ်နိုင်ဘူး"
"ဘုရားရေ…သူက တကယ့်ကို အာဂလူပဲ…သူက တကယ့်ကို အရှက်မရှိတဲ့သူတွေရဲ့ ဘိုးဘေးကြီး ဖြစ်သင့်တယ်"
"ဘုရားသခင်…ကျေးဇူးပြုပြီး အဲ့နတ်ဆိုးကို အဝေးကို ခေါ်ဆောင်သွားပြီး နတ်ဘုရားမလေးကို ပြန်ခေါ်လာပေးပါ"
…
ကျောင်းသားတိုင်း သူတို့ နတ်ဘုရားမလေးက ယဲ့ဖန်၏ ဖမ်းစားခြင်း ခံလိုက်ရသဖြင့် အော်ဟစ် ငိုကြွေးနေချိန်တွင် ကျောင်းသူများက ယဲ့ဖန်ကို အားကိုးချင်နေကြသည်။
ယဲ့ဖန်က သူတို့အိုင်ဒေါလ်၏ ညစာဖိတ်ကျွေးခြင်း ခံရလောက်အောင် မြင့်မြတ်တယ်ဟု ထင်နေကြသည်၊ ခဏလေးအတွင်းမှာပင် ယဲ့ဖန်သည် ကျောင်းသူတိုင်း၏ အမျိုးသားအိုင်ဒေါလ် ဖြစ်လာတော့သည်။