နတ်ဆိုးနည်းပြ!
Vol. 4 Ch. 46
*၂၁,၃၆၀ ယွမ်!*
ယဲ့ဖန်တောင်းသည့် ပိုက်ဆံက သူတို့မှာ ရှိသည့် ပိုက်ဆံနှင့် ကွက်တိဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက် ကုန်းဝမ် မှင်တက်သွားရသည်။
ယဲ့ဖန်က သူ ပိုက်ဆံ မတောင်းခင် သူ့မှာ ပိုက်ဆံ ဘယ်လောက်ပါလာသလဲဆိုတာ ကြိုသိနေသည်ဟု ကုန်းဝမ် ထင်လိုက်မိသည်။
*မဟုတ်ဘူး… လုံးဝ မဖြစ်နိုင်ဘူး*
ကုန်းဝမ်က ခေါင်းကိုခါကာ ထိုအတွေးကို မေ့ပစ်လိုက်သည်။ ထို့နောက် သူက ပိုက်ဆံကို စားပွဲပေါ် ပစ်တင်လိုက်သည်။
ဖြောင်း!
"ဟေ့ကောင်…မင်း ပိုက်ဆံကို ယူပြီး ဒီနေရာက ထွက်သွားလိုက်တော့"
ကုန်းဝမ် ယဲ့ဖန်ကို ဒီ့ထက်ပို၍ ထပ်မမြင်ချင်တော့။ သူ ပြောလိုက်ပြီးနောက် ယဲ့ဖန်က ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ကောက်ထည့်ကာ ပြုံးလိုက်ပြီး မတ်တပ်ထရပ်ကာ လက်ကို ဆန့်၍ "အချစ်ရေ… သွားကြစို့" ဟု ပြောလိုက်သည်။
ပိုင်ယီ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးမှ ယဲ့ဖန် ပြောလိုက်သည့်စကားကို အထာပေါက်သွားသည်။ ချက်ချင်း ပြုံးလိုက်ပြီး သူမလက်ကို ဆန့်ပေးလိုက်သည်။ သူမလက်ကို ကိုင်၍ ထရန် ပြောလိုက်သည့် သဘောပင်။
*အမ်?*
ကုန်းဝမ် သူ မြင်နေရသည့်မြင်ကွင်းကြောင့် ကြောင်သွားမိသည်။ ထို့နောက် သူ ချက်ချင်း အခြေအနေကို သဘောပေါက်ကာ ဒေါသထွက်သွားသည်။
"ဟေ့ကောင်… ငါ မင်းတစ်ယောက်တည်း ထွက်သွားဖို့ ပြောတာလေ… ပိုင်ယီနဲ့ အတူတူ ထွက်သွားဖို့ ပြောတာမဟုတ်ဘူး။ မင်းက ငါ့ကို လူနုံလို သဘောထားတာလား?"
"လူနုံ?"
ယဲ့ဖန် ကြောင်သွားပြီးမှ လက်ကို ခါကာ တောင်းပန်လိုသည့်မျက်နှာထားနှင့် ပြောလိုက်သည်။
"မဟုတ်ဘူး…မဟုတ်ဘူး..မဟုတ်ပါဘူး…မင်း ငါ့ကို အထင်လွဲနေပြီ။ ငါ မင်းကို ငနုံငအလို သဘောထားတာ မဟုတ်ပါဘူး။ ငါက မင်းကို အရူးလို့ ထင်နေတာ"
….
ယဲ့ဖန်၏ စကားတစ်ဝက်တစ်ပျက်ကို ကြားခါစက ကုန်းဝမ် ကျေနပ်သွားသည်။ သို့သော် နောက်ကြားလိုက်ရသည့်စကားကြောင့် သူ ဒေါသထွက်သွားသည်။ ပိုဆိုးသည်က ယဲ့ဖန်၏ စကားကြောင့် သူ သွေးအန်မိမလို ဖြစ်သွားရသည်။
"ဟူး…တစ်စုံတစ်ယောက်က ဗိုက်ပြည့်သွားရင် လိင်ကိစ္စအကြောင်း အမြဲတွေးမိတယ်တဲ့။ ရှေးလူကြီးတွေ စကားက တကယ် မှန်တယ်။ အစောပိုင်းလေးတင် ငါက ဟိုတယ်မှာ အခန်းတစ်ခန်းလောက် ဘိုကင်လုပ်ဖို့ တွေးနေတာ၊ ဒါပေမယ့် ငါ့မှာ ပိုက်ဆံ မရှိဘူးလေ။ မင်းက ပိုက်ဆံပေးလာတော့ မင်းကျေးဇူးနဲ့ အကောင်းစားဟိုတယ်အခန်းကိုပါ ဘိုကင်လုပ်လို့ရတော့မယ့်အပြင် ကွန်ဒုံးတွေပါ အများကြီး ဝယ်လို့ရသွားပြီ"
ယဲ့ဖန်က ကုန်းဝမ်၏ ပခုံးကို ပုတ်ကာ ကျေးဇူးတင်သောဟန်ဖြင့် "ကိုယ့်လူရေ…ခင်ဗျားက တော်တော် ကြင်နာတတ်တဲ့သူပဲ။ တကယ်ပါ၊ ခင်ဗျားရဲ့ အလှူဒါန မြောက်သွားအောင် ကျုပ် အားကြိုးမာန်တက်နဲ့ စောက်ရမ်းကောင်းတဲ့ အလုပ်တစ်ခုကို ဒီည ကျုပ် လုပ်မှာပါ"
ထွီ!
ယဲ့ဖန်စကားက ကုန်းဝမ်ကပဲ သူ့ကို ဘောက်ဆူးပေးသလို ဖြစ်နေပြန်သည်။
*သေလိုက်ပါတော့ကွာ*
*မင်းလိုကောင်ကများ ငါ့ပိုက်ဆံကို သုံးပြီး အကောင်းစားဟိုတယ်ခန်း ငှားရဲတယ်ပေါ့*
*ပြီးတော့ ဘာတဲ့… ကျုပ် အားကြိုးမာန်တက်နဲ့ စောက်ရမ်းကောင်းတဲ့ အလုပ်တစ်ခုကို ဒီည ကျုပ် လုပ်မှာပါတဲ့*
*-ီးပဲ*
"ခွေးမသား"
ယဲ့ဖန်ကို ကျိန်ဆဲရင်း ကုန်းဝမ် မျက်နှာကြီး ပြာနှမ်းလာသည်။ သူ ပိုစိတ်ဆိုးရသည့်အကြောင်းကတော့ ပိုင်ယီက ယဲ့ဖန်၏ စကားများကို ငြင်းဆန်ခြင်း အလျင်းမရှိသည့်အချက်ပင်။
*ဒါဆို ငါ့ရဲ့နတ်ဘုရားမလေးက တကယ်ပဲ ဒီကောင်နဲ့ ဟိုတယ်ခန်း ငှားမလို့လား*
*သေစမ်း*
"မင်းတော့ သေချင်နေတာပဲ"
ကုန်းဝမ်က ချက်ချင်းဆိုသလို ယဲ့ဖန်၏ ခေါင်းကို အားနှင့် ပိတ်ထိုးလိုက်သည်။ ဒီ့ကောင့်ခေါင်းကို သူ စုတ်ပြတ်သွားအောင် ထိုးနှက်ပစ်ချင်နေပြီ ဖြစ်သည်။
ဖြန်း!
သို့သော် သူ ယဲ့ဖန်ကို မထိုးမိဘဲ ယဲ့ဖန်ကသာ သူ့ကို အားနှင့် ရိုက်လိုက်သဖြင့် သူ ဒယီးဒယိုင် ဖြစ်သွားရသည်။ ကုန်းဝမ် မျက်နှာက ချက်ချင်း ယောင်ကိုင်းလာကာ ပါးစပ်မှလည်း သွေးစအချို့ အန်ထွက်လာသည်။
"ခွေးမသား…မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့?"
ကုန်းဝမ် ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်နေသည်။
"မဟုတ်ဘူး ...မဟုတ်ဘူး… အထင်မလွဲပါနဲ့"
ယဲ့ဖန် လက်တခါခါနှင့် ပြုံးကာ အသည်းအသန် ရှင်းပြလိုက်သည်။
"ရူးကြောင်ကြောင် ယင်ကောင်တစ်ကောင် မင်းမျက်နှာနား ပျံနေတာကို ငါ မြင်လိုက်လို့ပါ။ အဲ့ဒါကြောင့် ငါယင်ကောင်ကို ရိုက်လိုက်တာပါ"
*ရူးကြောင်ကြောင် ယင်ကောင်*
*ဒီကောင်တော့ ငါ့ကို လာပတ်နေတာပဲ*
ကုန်းဝမ် သွေးအန်လိုက်မိသည်။ ထို့နောက် သူ့လူနှစ်ယောက်ကို အသားကုန် အော်လိုက်သည်။ "မင်းတို့က ဘာရပ်ကြည့်နေတာလဲ? အဲ့ကောင်ကို ဝင်ဆော်ပါလား!"
ကုန်းဝမ် အော်လိုက်သောကြောင့် သူ့လူနှစ်ယောက်က ယဲ့ဖန်ထံသို့ ချက်ချင်း ပြေးဝင်သွားသည်။
ဖြန်း! ဖြန်း! ဖြန်း!
ကျယ်လောင်ပြီး ပြတ်သားသော ရိုက်သံများက အခန်းတွင်း ပဲ့တင်ထပ်သွားသည်။
၃မိနစ်ခန့်ကြာသွားပြီးနောက် ကုန်းဝမ်နှင့် သူ့လူနှစ်ယောက် ထိုးကြိတ်နေရာမှ ရပ်လိုက်သည်။
သူတို့၏ခေါင်းတွေလည်း ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေပြီး ပါးစပ်မှ သွေးများ စီးကျနေသေးသည်။ သုံးယောက်စလုံး လှောင်ပြောင်ခံရသလို ခံစားရပြီး ဒေါသထွက်နေကြသည်။
ယဲ့ဖန်က သူ့လက်ကို သုတ်လိုက်ရင်း ရေရွတ်လိုက်သည်။ "ဟူး… အခုတလော ရူးကြောင်ကြောင်ယင်ကောင်တွေ ပေါလာပါလား..သူတို့ကြောင့် ငါ့လက်တောင် ညစ်ပတ်ကုန်ပြီ"
ထို့နောက် ယဲ့ဖန်က ထိုသူသုံးယောက်အား စိုက်ကြည့်ကာ ပြုံး၍ "ကဲ…အခု ကျုပ် ခင်ဗျားတို့ မျက်နှာပေါ်က ယင်ကောင်တွေကို သတ်ပြီးပြီဆိုတော့ သွားလိုက်ပါဦးမယ်..နောက်မှ တွေ့ကြတာပေါ့"
ယဲ့ဖန်က ပိုင်ယီ၏ လက်မောင်းအား ဖက်ကာ ကန်တင်းထဲမှ ထွက်သွားတော့သည်။ ပိုင်ယီ ဆွံ့အသွားရသည်။
ယဲ့ဖန်၏ အန္တရာယ်ရှိသော အပြုံးကို ကြည့်ရင်း သူ့ကို မကောင်းဆိုးဝါးဟုတောင် သူမ ထင်လာမိသည်။
သူ့ကို ဆန့်ကျင်သည့် မည်သူမဆို အရှက်တကွဲနှင့် နာကျင်ရပေလိမ့်မည်။ ထို့နောက် ပိုင်ယီ ကျိတ်၍ ဆုံးဖြတ်ချက် ချလိုက်မိသည်။ *အခုကစပြီး ပိုင်မိသားစုကော ငါရော ဒီလူကို ဘယ်လိုနည်းနဲ့မှ စိတ်ကွက်အောင် လုပ်လို့ မဖြစ်ဘူး? ဘာလို့လဲဆိုတော့… ဒီလူက သူ့ရန်သူတွေအတွက် အိပ်မက်ဆိုး ဖြစ်ပြီး သူ့မိတ်ဆွေတွေအတွက် နတ်ဘုရား ဖြစ်နေလို့ပဲ*
ယဲ့ဖန်နှင့် ပိုင်ယီတို့ ထွက်သွားသည်ကို ကြည့်ကာ ကုန်းဝမ်တစ်ယောက် အံကိုကြိတ်ပြီး စားပွဲကို လက်သီးနှင့် ထိုးလိုက်မိသဖြင့် သွေးများ ပန်းထွက်လာသည်။
"ခွေးသူတောင်းစား"
ကုန်းဝမ် ဒေါသူပုန် ထနေလေပြီ။ အခုလေးတင် ကုန်းဝမ် တစ်ယောက် အရှက်ကွဲကာ သူ့ပိုက်ဆံပါ ဆုံးသွားသဖြင့် မည်မျှ ရှက်ဖို့ ကောင်းလိုက်သနည်း?
"အစ်ကိုဝမ် ...ဒီကောင်က နည်းနည်းတော့ ထူးဆန်းတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဝူလေး သူနဲ့ ရန်ဖြစ်ပြီး မန္တန်နဲ့ ပြုစားခံလိုက်ရသလိုမျိုး မြေကြီးပေါ် ဒူးထောက်ကျသွားတယ်တဲ့" သူ့လူတစ်ယောက်က ကုန်းဝမ်ကို ပြောလိုက်သည်။ ဝူလေးဆိုတာက ကုန်းဝူကို သူ ပြောနေခြင်း ဖြစ်သည်။
"ငါလည်း ဝူလေးဆီကနေ ဒီကောင်က စိတ်ညှို့တာ ကျွမ်းတယ်လို့ ပြောတာ ကြားဖူးတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က သူ့အကွက်ထဲ ဝင်မိပြီး လူကြားထဲ ဒူးထောက်လိုက်ရတယ်တဲ့"
ကုန်းဝူသည် ကုန်းဝမ်၏ ညီငယ်လေး ဖြစ်သည်။
"စိတ်မကောင်းစရာပဲ ... ဝူလေး ပျောက်နေတာ ၂ရက်ရှိပြီ။ မဟုတ်ရင် သူ ငါတို့နဲ့ပေါင်းပြီး အဲ့ကောင်ကို သင်ခန်းစာ ဝိုင်းပေးပြီး ငါတို့ သိက္ခာပြန်ဆယ်လို့ ရပြီ"
ကုန်းဝမ်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ထို့နောက် သူက တအံ့တဩနှင့် မေးလိုက်သည်။ "ဟ…ဒီမနက်ပိုင်း Class 2 Grade 3 အတန်းက P.E ချိန် ရှိတယ်မလား?
"ဟုတ်တယ် ... မစ္စတာယောင်က အခုထိ အားကစားကွင်းထဲမှာ ရှိနေသေးတယ်"
သူ့လူတစ်ယောက်က ပြန်ပြောသည်။
သူ့စကားကြောင့် ကုန်းဝမ်က ပီတိဖြစ်သွားသော မျက်နှာနှင့် "P.E ချိန်လား? ကောင်းတယ်… သိပ်ကောင်းတယ်။ ဒီကောင် သေချာပေါက် အားကစားကွင်းထဲ ပြန်သွားမှာပဲ။ နတ်ဆိုးနည်းပြဆီ ငါ့နာမည်နဲ့ ဆက်သွယ်လိုက်"
*ဘာ*
ကုန်းဝမ်၏ အမိန့်ကို ကြားပြီး သူ့လူနှစ်ယောက် ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်သွားသည်။
*နတ်ဆိုးနည်းပြ*
ထိုစကားကို ကြားပြီး သူ့လူနှစ်ယောက် ရင်တုန်လာသည်။
*အဲ့နည်းပြက နတ်ဆိုးလိုပဲ*
စာရင်းများအရ ထိုနတ်ဆိုးနည်းပြက ပြီးခဲ့သည့် ၃နှစ်အတွင်း ကျန်းရှီ မြူနီစီပယ် စီနီယာ အလယ်တန်းကျောင်းတွင် စကားနားမထောင်သော ကျောင်းသား ၃၅ ယောက်၊ တက်တက်ကြွကြွ မရှိသော သူ ၇၁ ယောက်နှင့် P.E ဆရာ ၈ ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့ဖူးသည်။
ထိုနတ်ဆိုးနည်းပြက ကျောင်းစည်းကမ်းတွေကို လတိုင်းနီးပါး ချိုးဖောက်လေ့ရှိသည်။
သို့သော် သူ၏ နောက်ခံအသိုင်းအဝိုင်းကြောင့် သူ မကြာခဏ ပြဿနာရှာတတ်သော်လည်း အလုပ်ထုတ်ခြင်း မခံရပေ။
ထို့ပြင် ထိုနတ်ဆိုးနည်းပြ၏ နှိပ်စက်ခြင်းကို ခံရသည့်သူတိုင်း စိတ်ကျန်းမာရေး အခြေအနေ တော်တော်လေး ဆိုးရွားသွားသည်။
နတ်ဆိုးနည်းပြသည် ကျန်းရှီ မြူနီစီပယ် စီနီယာ အလယ်တန်းကျောင်း၏ မဖြစ်မနေ ရှောင်ကိုရှောင်ရှားရမည့် သူ ဖြစ်သည်။
ထိုနတ်ဆိုးနည်းပြ၏ ဆိုးဝါးစွာ နှိပ်စက်ခြင်း ခံခဲ့ရသည့်ကို သတိရမိပြီး ကုန်းဝမ်၏ လူနှစ်ယောက်သည် မျက်နှာ ဖြူရော်လာကာ ကတုန်ကယင်နှင့် ပြောလာသည်။
"အစ်ကို…ဝမ်..ခင်ဗျား အတည်ပြောနေတာလား? သူ စိတ်ဆိုးသွားရင် တစ်ယောက်ယောက် သေသွားလိမ့်မယ်နော်"
*တစ်ယောက်ယောက် သေသွားမှာလား*
ကုန်းဝမ်က ရက်စက်သော အမူအရာနှင့် ပြန်ပြောလိုက်သည်။ "အဲ့ဒါမျိုးပဲ ငါ လိုချင်တာ။ ငါ အဲ့ကောင်ရဲ့သွေးနဲ့ ငါ အရှက်ရခဲ့တာတွေကို ဆေးကြောပစ်ရမယ်"