← Chapters

မင်းတို့ သူ့ကို အဲ့ကနေ ဆွဲထုတ်လို့ မရစေရဘူး!

Vol. 4 Ch. 49

မင်းတို့ သူ့ကို အဲ့ကနေ ဆွဲထုတ်လို့ မရစေရဘူး!

Vol. 4 Ch. 49

"ရောက်လာမှတော့ မပြန်ပါနဲ့ဦးလား"

ယဲ့ဖန်၏ အေးတိအေးစက်သံကြောင့် ကုန်းဝမ်နှင့် သူ့လူနှစ်ယောက် ကတုန်ကယင် ဖြစ်သွားကြသည်။

သူတို့ တောင့်တောင့်ကြီးနှင့် နောက်လှည့်လိုက်သောအခါ သူတို့ကို ပြုံး၍ ကြည့်နေသည်။

သူ၏အပြုံးသည် ငယ်ပေါင်းရင်းချာ သူငယ်ချင်းများကို ပြုံးပြနေသကဲ့သို့ နွေးထွေးလှသည်။ သို့သော် ကုန်းဝမ်နှင့် သူ့လူနှစ်ယောက် စိတ်ထဲတွင်မူ ထိုအပြုံးသည် သေမင်းကို ရန်စမိသကဲ့သို့ နတ်ဆိုး၏ ရက်စက်သော အပြုံးနှင့် မထူးမခြားနားပင်။

"ယဲ့ဖန်…ငါတို့…ငါတို့ အခုလေးတင် ဒီရောက်လာတာ။ ငါတို့ မင်းကို မနှောင့်ယှက်တော့ပါဘူး။ ငါတို့ မင်းကို မနှောင့်ယှက်တော့ပါဘူး။ ငါတို့ သွားတော့မယ်နော်"

ကုန်းဝမ်က အားတင်းကာ ပြုံး၍ ပြောလိုက်ပြီး ထွက်ပြေးရန် ကြံလိုက်သည်။

"မင်းတို့က သွားတော့မလို့လား? နေပါဦး… မလောပါနဲ့"

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တိုးလာကာ ကုန်းဝမ်အား သူငယ်ချင်းအရင်းအား ဖက်သကဲ့သို့ ပခုံးဖက်လိုက်သည်။

"သွားကြစို့…မင်းကို ငါက ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမလို့"

ထို့နောက် ယဲ့ဖန်က ကုန်းဝမ်အား အားကစားကွင်းအလယ်သို့ ခေါ်လာကာ နတ်ဆိုးနည်းပြရှေ့၌ ရပ်လိုက်သည်။ ထိုအခါမှသာ နတ်ဆိုးနည်းပြ၏ သနားစဖွယ်အဖြစ်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

မြေကြီးပေါ်တွင် သွေးသံရဲရဲနှင့် လူတစ်ယောက် လဲနေ၏။ သူ၏ အရိုးများ ကျိုးကြေနေကာ မြေကြီးပေါ်၌ မလှုပ်မယှက် ရှိနေ၏။

နာကျင်မှုကြောင့် သူသည် တုန်ယင်ကာ ပဲစေ့ခန့်ရှိသော ချွေးသီးချွေးပေါက်များ ကျနေသေးသည်။

သူ သေချင်လှသော်လည်း သေလို့မရပေ။

ကုန်းဝမ် အေးခဲသွားသလို ခံစားလိုက်ရသည်။

*တ….တယ်…ရက်..ရက်စက်လိုက်တဲ့ကောင်ပါလား*

ဒီလူက ဖြူစင်ဟန်ပေါက်သော်လည်း ကျား သို့မဟုတ် ဝံပုလွေကဲ့သို့ ရက်စက် ကြမ်းကြုတ်လှသည်ကို ကုန်းဝမ် သိလိုက်ရသဖြင့် မျက်ခုံးလှုပ်လာသည်။

"သခင်လေးကုန်း… ခင်ဗျား သူ့ကို သိလား?" ယဲ့ဖန်က နတ်ဆိုးနည်းပြကို လက်ညှိုးထိုးပြကာ ပြုံး၍ မေးလိုက်သည်။

သူ့စကားကြောင့် ကုန်းဝမ် တစ်ကိုယ်လုံး တုန်ယင်သွားကာ လက်တခါခါနှင့် ပြန်ပြောလိုက်သည်။

"ဟင့်အင်း… ငါသူ့ကို မသိဘူး! သခင်လေးယဲ့… ငါ… ငါသူ့ကို တကယ်မသိတာပါ"

"အိုး? တကယ်လား?"

ယဲ့ဖန်က ပြောင်စပ်စပ်မျက်နှာပေးနှင့် အသာပြုံးပြီး "ဒါဆို ဘာလို့ သူက ခင်ဗျားက သူ့ကို ခိုင်းလို့ ကျုပ်ကို ကျိုးပဲ့သွားအောင် သူ လုပ်ရတာပါလို့ ဘာလို့ ပြောတာပါလိမ့်?"

*ဘာရယ်!*

ကုန်းဝမ်မျက်နှာ ချက်ချင်း ဖြူစုတ်လာကာ ဒေါသထွက်လာသည်။

"အဓိပ္ပာယ်မရှိလိုက်တာ! သခင်လေးယဲ့…. ဒါ သေချာပေါက် ညစ်ထားတာဗျ။ ကျုပ် သူ့ကို လုံးဝ မသိသလို သူ့ကို ခင်ဗျားအပေါ် အဲ့လိုကိစ္စမျိုး လုပ်ဖို့ တစ်ခါမှ မပြောဖူးဘူး။ သူ ကျုပ်ကို ချောက်ချနေတာ"

ကုန်းဝမ်၏ အသည်းအသန် ငြင်းနေသော ပုံကို ကြည့်ပြီး ယဲ့ဖန် ပို၍ ပြောင်စပ်စပ် ဖြစ်လာသည်။

"ကိစ္စမရှိပါဘူး။ သခင်လေးကုန်းက သူ့ကို သွေးထိုးခဲ့ရင်လည်း ဒါက ဘာမှမဖြစ်ပါဘူး"

ထိုသို့ ပြုံး၍ ပြောလိုက်ပြီးနောက် ယဲ့ဖန်က Class 2 Grade 3 အတန်းသားများကို မေးလိုက်သည်။ "မင်းတို့ သခင်လေးကုန်းကို သိလား?"

သူ့စကားကြောင့် ကုန်းဝမ် ယုန်တစ်ကောင်လို ကြောက်ဒူးတုန်လာသည်။ ယဲ့ဖန်သည် ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်လှပေသည်။

"အင်း… ငါတို့ သူ့ကို သိတယ်" ဟုအတန်းသားများအားလုံး ပြိုင်တူပြောလိုက်ကြသည်။

ကုန်းဝမ်သည် Class 2 Grade 3 အတန်းထဲမှ သခင်လေးတစ်ယောက် ဖြစ်သလို ကုန်းဝူ၏ အစ်ကိုလည်း ဖြစ်သည်။ ဒါကြောင့် သူ့အား လူတိုင်း သိကြသည်။

သူတို့ ပြန်ဖြေလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ "သခင်လေးက ပါရမီလည်း ရှိသလို ချောလည်းချောတယ်။ အဲ့ဒါ ဘာကြောင့်လဲ မင်းတို့ သိလား?"

*ဘာကြောင့်လဲ ဟုတ်လား?*

*ရုပ်ချောတာက အကြောင်းပြချက် လိုလို့လား?*

မည်သူမျှ ယဲ့ဖန် ခင်းနေသောအကွက်ကို နားမလည်သလို သူ ပြောတာကိုလည်း မရှင်းကြချေ။ သူတို့က ခေါင်းသာ ခါပြလိုက်ပြီး ယဲ့ဖန် ရှင်းပြသည်ကို စောင့်နေကြသည်။

သို့သော် ယဲ့ဖန် ရှင်းပြတာကို နားထောင်ပြီးနောက် အားလုံး ပင့်သက်ရှိုက်သွားကြသည်။

"သခင်လေးကုန်းက ဘာလို့ ရုပ်ချောတာလဲဆိုတော့… သူ့မိဘတွေ သူ့ကို ဖန်တီးတုန်းက မှားယွင်းတဲ့ အမူအရာကြောင့် သူက ဒီလို လှပတဲ့ မတော်တဆမှုလေးတစ်ခု ဖြစ်လာရတာပဲ"

*ဘာရယ်?*

*သူ့မိဘတွေ သူ့ကို ဖန်တီးတုန်းက လုပ်လိုက်မိတဲ့ မှားယွင်းတဲ့ အမူအရာကြောင့်?*

*လှပတဲ့ မတော်တဆမှု?*

ဒီလို အထူးတဆန်းပြောကာ စော်ကားမော်ကား ပြောဆိုမှုမျိုးကို သူတို့ ပထမဆုံးကြားဖူးခြင်း ဖြစ်သောကြောင့် သူတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

ထို့အပြင်…

"အစတုန်းက သူ့အဖေက သူ့ကို နံရံကို မပစ်ခဲ့လိုက်လို့ အခုလို အမှားမျိုး ဖြစ်လာတာ..ဒါပေမယ့် ကိစ္စမရှိပါဘူး။ ပြီးခဲ့တာတွေကလည်း ပြီးပြီဆိုတော့ ကျုပ်က သူ့အဖေအစား အဆုံးသတ်ပေးလိုက်ပါ့မယ်"

ယဲ့ဖန်က ပြုံးကာ "ငါ သခင်လေးကုန်းကို နံရံဆီ ပစ်ပေါက်လိုက်မယ်။ မင်းတို့တွေ သူ့ကို ဆွဲထုတ်လို့တောင် ရမှာ မဟုတ်ဘူး"

*ဘာ!*

ကုန်းဝမ်နှင့် ကျန်သူများအားလုံး ကြောင်သွားကြသည်။

ယဲ့ဖန်ပြောတာကို နားလည်လိုက်သည့်အခိုက်မှာပင် ယဲ့ဖန်က ကုန်းဝမ်အား ဖမ်းဆွဲ၍ အားကစားကွင်းနံရံဆီသို့ ပစ်ပေါက်လိုက်သည်ကို သူတို့ မြင်လိုက်ကြရ လေတော့သည်။

ဘန်း ဟူသော အသံနှင့်အတူ ကုန်းဝမ်တစ်ယောက် နံရံဆီသို့ ပစ်ပေါက်ခံလိုက်ရသဖြင့် နံရံပေါ်၌ ကားယားကြီးဖြစ်နေသည်။

ကုန်းဝမ် ပါးစပ်မှလည်း သွေးအန်လာပြီး ကုန်းဝမ်တစ်ယောက် သတိလစ်သွားလေတော့သည်။

….

….

ထိုအခါမှသာ ကြည့်နေသူများအားလုံး ယဲ့ဖန်ပြောသည့် ကုန်းဝမ်ကို ဆွဲထုတ်လို့တောင် မရစေရဘူးဟူသည့် စကားကို သဘောပေါက်သွားလေတော့သည်။

လူတစ်ယောက်ကို အမှိုက်အိတ်လိုမျိုး အသာလေး ပစ်ပေါက်နိုင်သည့် ယဲ့ဖန်၏ ခွန်အားကား ကြောက်မက်ဖွယ် ကောင်းလှ၏။

ပို၍ သနားစရာကောင်းသည့် အချက်ကား ယဲ့ဖန်က ကုန်းဝမ်အဖေ၏ အိပ်မက်အား ဖြည့်ဆည်းပေးလိုက်သည်ဟူသည့် အချက်ပင်။

ဤသည်ကို ကြည့်ကာ ကုန်းဝမ်၏ လူနှစ်ယောက် ဖင်ထိုင်ရက် လဲကျမတတ်ဖြစ်သွားကြသည်။ ထို့နောက် သူတို့ ထွက်ပြေးရန် ကြံလိုက်ကြသည်။

သို့သော် ယဲ့ဖန်၏ လက်ကြီးနှစ်ဘက်က သူတို့ကို လှမ်းဆွဲကာ နံရံသို့ ပစ်ပေါက်လိုက်ပြန်သည်။

နံရံ၌ လူသုံးယောက် ကပ်နေရှာသည်။ ဤသည်ကို ကြည့်ကာ အားကစားကွင်းထဲရှိ သူများအားလုံး တိတ်ကျသွားသည်။

လူတိုင်းက ယဲ့ဖန်က တိုင်ရယ်နိုဆောရပ်စ်များလားဟု ထင်နေကြသည်။

ယဲ့ဖန်၏ ရက်စက်မှုကို ကြည့်ပြီး အားလုံး ကြောက်လာကြသည်။

မြေကြီးပေါ်၌ လဲကျနေသော နတ်ဆိုးနည်းပြသည်လည်း တုန်လှုပ်နေသည်။

ယဲ့ဖန်က လူသုံးယောက်ကို နံရံသို့ ပစ်ပေါက်လိုက်သော်လည်း နံရံက ပြိုကျမသွားသေးပေ၊ ဒါကို ကြည့်လျင် ယဲ့ဖန် သူ့ခွန်အားကို မည်မျှ အတိအကျ ထိန်းချုပ်နိုင်သည်ဆိုတာ ပေါ်လွင်နေသည်။

ထို့နောက် သူ့ရှေ့မှ လူငယ်လေးက သူ ထင်တာထက် ပို၍ ကြောက်စရာကောင်းသည်ကို သူ သိလိုက်သည်။

"ကြည့်ရတာ ငါ့အစ်ကို တစ်ယောက်ပဲ သူ့ကို ချနိုင်မယ်နဲ့ တူတယ်"

နတ်ဆိုးနည်းပြ မျက်လုံးမှိတ်ထားလိုက်သည်။

သူ့အစ်ကိုသည် ငယ်စဉ်ကတည်းက သူ၏ စံပြပုဂိ္ဂုလ်ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက် ကျန်းရှီမြို့ကို ရောက်လာပြီးနောက် သူ့အစ်ကိုသည် အင်နှင့်အားနှင့် လွှမ်းမိုးနိုင်စွမ်း ရှိလာပြီး ကျန်းရှီမြို့၌ ဩဇာညောင်းသည့်သူတစ်ဦး ဖြစ်လာခဲ့သည်။

သူ့အစ်ကိုက ဩဇာညောင်းသည့်သူတစ်ဦး ဖြစ်လာကြောင်း သူ သိရသောအခါ သူ့အစ်ကိုသည် နောင်တွင် ဒီ့ထက်ပို၍ ကျော်ကြားလာမည်ဖြစ်ကြောင်း သူ သိလိုက်သည်။

သူ့အစ်ကိုက ဒီနေ့ကျောင်းလာပြီး သူ့ကို လူကြီးတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးထားသည်။

*သူ ရောက်လာခါနီးပြီ*

"ကောင်စုတ်လေး…မင်းက တယ်ဟုတ်ပါလား။ အဲ့တော့ကော ဘာဖြစ်လဲ? ဘာဖြစ်ဖြစ် မင်း ငါ့အစ်ကိုရှေ့ ရောက်ရင် ဒူးထောက်ရမှာပဲ"

နတ်ဆိုးနည်းပြက ယဲ့ဖန်အား ကြမ်းတမ်းစွာ စိုက်ကြည့်ပြီးနောက် မျက်လုံးပြန်မှိတ်ကာ သူ့အစ်ကို ရောက်လာသည်ကို ငြိမ်၍ စောင့်နေလိုက်သည်။

….

အချိန် အတော်ကြာပြီးနောက်

ဘယ်သူမှ နတ်ဆိုးနည်းပြ၊ ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်ကို ကုသပေးရန် တုတ်တုတ်တောင် မလှုပ်ရဲကြပေ။

ကုန်းဝမ်သည်လည်း ပြန်သတိရလာပြီ ဖြစ်သည်။ ထို့အပြင် သူ၏အရိုးသည်လည်း ဆယ်ချောင်းမက ကျိုးနေသည့်အပြင် သူ နံရံမှ တစ်လက်မမှ ရုန်းမရသဖြင့် အော်သာငိုလိုက်မိသည်။

သူ၏ ငိုသံကို ကြားလိုက်ရပြီးနောက် သစ်ပင်ပေါ် ပြန်တက်အိပ်နေသော ယဲ့ဖန်အား အတန်းသားများအားလုံး ကြောက်ရွံ့လေးစားလာကြသည်။

P.E ချိန်ကုန်သွားပြီးနောက် အားကစားကွင်းအပြင်မှ ခြေသံအချို့ကို ကြားလိုက်ရသည်။ အားလုံး ကြောင်တက်သွားကြလေ၏။

ထို့နောက် အနက်ရောင်အဝတ်အစားများ ဝတ်ထားသော လူတစ်စု အားကစားကွင်းထဲ ဝင်လာသည်ကို သူတို့ မြင်လိုက်ကြရသည်။

ထိုလူစု၏ ခေါင်းဆောင်ကို မြင်လိုက်ရပြီးနောက် နတ်ဆိုးနည်းပြ တက်ကြွသွားရသည်။

နောက်ဆုံးတော့ သူ့အစ်ကိုကြီး ရောက်လာချေပြီ။

All Chapters