← Chapters

နတ်ဆိုးသံတောင်ကြီး

Vol. 4 Ch. 51

နတ်ဆိုးသံတောင်ကြီး

Vol. 4 Ch. 51

*အရိုအသေပေးပါတယ် သခင်ကြီး*

နားကွဲမတတ် အော်သံကို ကြားလိုက်ရပြီးနောက် အားကစားကွင်းတစ်ခုလုံး တိတ်ကျသွားသည်။

Class 2 Grade 3 အတန်းသားများအားလုံး ယဲ့ဖန်ရှေ့ ဒူးထောက်နေသော လူမိုက်များကို ငေးကြည့် နေမိကြသည်။

*သခင်ကြီး?*

*ယဲ့ဖန်က သူတို့ရဲ့ သခင်ကြီးလား?*

"ဒါ… လုံးဝမဖြစ်နိုင်ဘူး"

*အဲ့ဂန်းစတားကြီးက အာဏာရှိတဲ့လူကြီးလေ။ ဘယ်လိုလုပ် သူက ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်ရတာလဲ?*

*မယုံနိုင်စရာပဲ*

ယောင်နာ၏ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့ပြီး ဖြူဖပ်ဖြူရော်ဖြစ်ကာ မှင်တက်နေသည်။

အရင်တုန်းက ယဲ့ဖန်သည် သုံးစားမရသော တရားမဝင်သားမို့ သူမ သူ့အပေါ် တစ်စက်ကလေးမှ စိတ်မဝင်စားခဲ့ပါ။

မကြာသေးခင်ကမှ ယဲ့ဖန်က ကျုံးချမ်းနှင့် ကုန်းဝူတို့ကို အခန်းထဲ သင်ခန်းစာပေးလိုက်သည့်အခါမှ သူမ သူ့အပေါ် မျက်စိကျလာခြင်း ဖြစ်သည်။

သို့သော် သူက လူဆိုးဂိုဏ်းအဖွဲ့ကြီး၏ သခင်ကြီးဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

လူဆိုးဂိုဏ်းခေါင်းဆောင်တိုင်းသည် ရက်စက်ပြီး ရည်မှန်းချက် ပြင်းထန်ကြသောကြောင့် သူတို့က တစ်ယောက်ယောက်ကို သခင်ကြီးအဖြစ် အသိအမှတ်ပြုဖို့ကား လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

သူမ ယဲ့ဖန်အား ညစာလိုက်ကျွေးဖို့ ပြောခဲ့မိသည်ကို ပြန်သတိရမိပြီး ယောင်နာ ရှူးပေါက်ချချင်သလို ဖြစ်လာသည်။

ယုဖေးသည်လည်း လုံးဝ မှင်တက်နေ၏။ သူမပါးစပ်ကို လက်နှင့်အုပ်ကာ ယုဖေးတစ်ယောက် ထိတ်လန့်နေ၏။

"မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး!"

*သူက လူဆိုးဂိုဏ်း ခေါင်းဆောင်တဲ့!*

*ဒီလောက် ဩဇာညောင်းတဲ့လူကို သူ့ကို သစ္စာခံလာအောင် ယဲ့ဖန် ဘယ်လိုလုပ်လိုက်တာပါလိမ့်? ဒါက…*

ဒီလောက် အလားအလာကောင်းသည့် ထိပ်တန်းလူမျိုးကို စွန့်ပစ်ခဲ့မိသည်ကို ယုဖေး ပြန်တွေးမိရင်း ခေါင်းမူး၍ အားပြတ်ကာ လဲကျတော့မလို ဖြစ်လာရ၏။

ယဲ့ဖန်၏ သူရဲဘောကြောင်၍ ကြောက်လန့်တတ်မှုကို ဆင်ခြင်ပေး၍ သူမ သူ့ကို ပစ်ကာ ကျုံးချမ်းကို ရွေးချယ်ခဲ့သည်။

သို့သော် အခုတော့ ယဲ့ဖန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကာ၊ လွှမ်းမိုးနိုင်စွမ်း ရှိလာပြီး ရက်စက်ကာ အင်မတန် ရက်စက်သော လူဆိုးဂိုဏ်းခေါင်းဆောင်ကိုပင် သူ့ကို သစ္စာခံလာအောင် လုပ်နိုင်နေပေသည်။

ထို့ကြောင့် ကျုံးချမ်းက အသုံးမလိုတော့ပေ။

"ငါ…ငါ ဘာတွေ လုပ်ခဲ့မိတာလဲ"

ယုဖေး ထိုင်ငိုချင်လာသည်။ သူမ အလွန် နောင်တရနေ၏။

ယုဖေးနှင့် ယောင်နာသာမက ကုန်းဝမ်နှင့် သူ့လူနှစ်ယောက်ပါ သူရဲသဘက်ကို မြင်လိုက်ရသလို ကြောင်တတ်နေရသည်။

"ငါ စိတ်ချောက်ချားနေတာ ဖြစ်မယ်။ ငါ စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှား ဖြစ်နေတာဖြစ်မယ်"

ကုန်းဝမ် သူ မြင်နေရသည့်အရာအား မယုံနိုင်သလို ခေါင်းတခါခါ ဖြစ်နေသည်။

ထိုစဉ် ဂိုဏ်းခေါင်းဆောင်က ယဲ့ဖန်အား ရိုသေစွာ ပြောလာသည်။ "သခင်ကြီး… ကျွန်တော့်ညီလေး သံတောင်ကြီးက သခင်ကြီးကို စော်ကားမိမှန်း ကျွန်တော် မသိလိုက်လို့ပါ။ သူ့ကို ဒီတစ်ခါလောက်ပဲ ညှာတာပေးပါ"

ထိုသို့ပြောပြီး သံလက် ဝံပုလွေရိုင်းက ခါးကို မတရားကိုင်းကာ အရိုအသေပေးလိုက်သည်။

ဒူးထောက်နေသည့် သူ့အစ်ကိုကြီးအား ကြည့်ကာ နတ်ဆိုးနည်းပြ မယုံနိုင်စွာဖြင့် တဆတ်ဆတ်တုန်နေ၏။

"အစ်ကိုကြီး… ဘာ…ဘာလုပ်နေတာလဲ? အဲ့ကောင်လေးက ကျွန်တော့်ကို ကျိုးပဲ့သွားအောင် လုပ်တာလေ! ဘာလို့ သူ့ရှေ့ ဒူးထောက်နေတာလဲ? အစ်ကိုကြီးက ကျန်းရှီမြို့ရဲ့ လူဆိုးဂိုဏ်းတွေကြားမှာ ဩဇာအညောင်းဆုံးနဲ့ ကျန်းရှီမြို့ မြောက်ပိုင်းရဲ့ နံပါတ်တစ်… ဝံပုလွေရိုင်းလေ… အစ်ကိုကြီး…"

နတ်ဆိုးနည်းပြ တအံ့တဩနှင့် မေးလိုက်သည်။

သူ့စိတ်ထဲတွင် သူ့အစ်ကိုကြီးသည် ကျန်းရှီမြို့မြောက်ဘက်ခြမ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရား ပင်။

သို့သော် အခု သူ့အစ်ကိုကြီးက သူ့ရန်သူဖြစ်သည့် ကျောင်းသားတစ်ယောက်ရှေ့တွင် ဒူးထောက်နေသည်က မယုံနိုင်စရာပင်။

"ဒီကောင်လေး?"

ထိုနာမ်စားကြောင့် ဝံပုလွေရိုင်း ပူပန်သွားသည်။

ဖြန်း!

ဝံပုလွေရိုင်းက နတ်ဆိုးနည်းပြအား အားနှင့် ရိုက်လိုက်ကာ အော်လိုက်သည်။ "သံတောင်ကြီး… မင်း ငါတို့သခင်ကြီးကို မလေးစားဘူးဆိုရင် မင်းက ငါ့ညီဖြစ်နေရင်တောင် ငါ မင်းကို သတ်ရလိမ့်မယ်"

သူ၏ အသံသည် အင်မတန်အေးစက်နေကာ နတ်ဆိုးနည်းပြအား စူးစူးရဲရဲ စိုက်ကြည့်နေသည်။

သူ့အစ်ကိုကြီးသည် နှစ်ပေါင်းများစွာ ကြာပြီးမှ ယခု ပထမဆုံးအကြိမ် ရိုက်လိုက်ခြင်း ဖြစ်သည်။

*ဒါ…*

နတ်ဆိုးနည်းပြ တစ်ခုခုကို  သဘောပေါက်လိုက်ပြီး တစ်ခဏမျှ ကြောင်သွားရသည်။ ထို့နောက် သူက ယဲ့ဖန်အား မယုံနိုင်သလို လှမ်းကြည့်ကာ မေးလိုက်သည်။

"အစ်ကိုကြီး… သူက အစ်ကိုကြီးပြောတဲ့ လူကြီးဆိုတာလား?"

ဒီရက်ပိုင်းအတွင်း သူ့အစ်ကိုကြီးက ကျန်းရှီမြို့၏ ပုဂ္ဂိုလ်ကြီးတစ်ယောက်နဲ့ သိကျွမ်းလာကြောင်း ကြွားဝါနေခဲ့၏။

သူက နတ်ဆိုးနည်းပြအား ကျောင်းတွင် နေခိုင်းကာ ထိုပုဂ္ဂိုလ်နှင့် မိတ်ဆက်ပေးရန် ပြင်ထားသည်။

*အဲ့ပုဂ္ဂိုလ်က ကျောင်းသားတစ်ယောက်တဲ့လား?*

"မ… မဖြစ်နိုင်ဘူး"

သူ့ညီလေး၏ ထိတ်လန့်တကြား ဖြစ်သွားသော အမူအရာကို ကြည့်ကာ သံလက် ဝံပုလွေရိုင်းက ခေါင်းညိတ်၍ တလေးတစားနှင့် ပြောလိုက်သည်။ "အမှန်ပဲ။ သူက ငါ့ရဲ့ သခင်ကြီးပဲ။ ကျန်းရှီမြို့ရဲ့ ထိပ်သီးပုဂ္ဂိုလ် အားလုံးရဲ့ အရှင်သခင်ပဲ"

*ဘာရယ်!*

ဝံပုလွေရိုင်း၏ စကားကြောင့် နတ်ဆိုးနည်းပြ၊ ကုန်းဝမ်နှင့် အခြားသော Class 2 Grade 3 အတန်းသားများအားလုံး အံ့အားသင့်သွားကြသည်။

"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး! သူက သုံးစားမရတဲ့ တရားမဝင်သားလေ။ သူက ဘယ်တော့မှ အရှင်သခင် မဖြစ်နိုင်ဘူးသလို အဲ့လို ဖြစ်လာဖို့လည်း အရည်အချင်း မမှီဘူး!"

ထိုစဉ် ကုန်းဝမ်က အသိစိတ်လွတ်ကာ မယုံသင်္ကာနှင့် ထအော်လိုက်သည်။

"သူက ယဲ့မိသားစုက စွန့်ပစ်ထားတဲ့ သုံးစားမရတဲ့ တရားမဝင်သားမှန်း လူတိုင်း သိတယ်။ ဝံပုလွေရိုင်း… ခင်ဗျား သူ လှည့်စားတာ ခံနေရတာနေမှာ။ သူ ခင်ဗျားကို လှည့်စားနေတာ"

သူ အလွန်မုန်းတီးသော သူ၏ ရန်သူက ကျန်းရှီမြို့ မြောက်ပိုင်းဒေသ၏ အရှင်သခင် ဖြစ်လာပြီး ဝံပုလွေရိုင်း၏ သခင်ကြီးပါ ဖြစ်လာသည်ကို ကုန်းဝမ် လက်မခံနိုင်ပေ။

ယဲ့ဖန်၏ လှည့်ကွက်များကို သူ ဖော်ထုတ်ပစ်ချင်နေသည်။ သို့မှသာ လူတိုင်းက ယဲ့ဖန်၏ သရုပ်မှန်ဖြစ်သော  ယဲ့မိသားစု၏ သုံးစားမရသော တရားမဝင်သားမှန်း ရှင်းလင်းစွာ သိလာမည်ဖြစ်သည်။

သို့သော် ကုန်းဝမ်၏ စကားကြောင့် အားကစားကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

သံလက် ဝံပုလွေရိုင်းနှင့် လူမိုက် ၃၀ကျော်ခန့်က ကုန်းဝမ်အား ပြိုင်တူ စိုက်ကြည့်နေကြသည်။

"မင်း ငါ့သခင်ကြီးကို စော်ကားတာက သေမင်းကို လက်ယက်ခေါ်နေတာနဲ့ အတူတူပဲ"

သံလက် ဝံပုလွေရိုင်း၏ လေသံက ပို၍ မာလာကာ "သူ့လျှာကို ဖြတ်ပစ်လိုက်"

ဝံပုလွေရိုင်း၏ အမိန့်ကြောင့် လူမိုက်နှစ်ယောက်သည် ဒူးထောက်နေရာမှ ထကာ ကုန်းဝမ်ထံ လျှောက်သွားလိုက်သည်။

ထို့နောက် အားကစားကွင်းတစ်ခုလုံးအား စူးရှသော အော်သံတစ်ခုက ဖုံးလွှမ်းသွားလေသည်။

သွေးသံရဲရဲ အဖြစ်အပျက်က လူတိုင်းအား သွေးပျက်သွားစေသည်။

သို့သော် ယဲ့ဖန်ကတော့ အေးအေးလူလူနှင့် မသိသလိုပင်။

သူက နတ်ဆိုးနည်းပြအား ကြည့်ကာ "မင်း တော်တော် ကံကောင်းတယ်။ အစက မင်းရဲ့ မိုက်မိုက်ရိုင်းရိုင်း စကားတွေကြောင့် ငါ မင်းအလောင်းကို အားကစားကွင်းထဲမှ ပြထားမလို့ စဉ်းစားနေတာ။ ဒါပေမယ့်လည်း ဝံပုလွေရိုင်းက မင်းအစ်ကို ဖြစ်နေတော့ ငါ မင်းကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်"

ထိုအခါမှသာ ဝံပုလွေရိုင်း သက်ပြင်းချနိုင်တော့သည်။

"ဝံပုလွေရိုင်း.. သူ့အရိုးတွေ နဂိုအတိုင်း ဖြစ်အောင် ပြန်လုပ်ပေးလိုက်ပါဦး" ဟု ယဲ့ဖန်က ခပ်အေးအေးနှင့် ပြောလိုက်သည်။

သူ့စကားကြောင့် ဝံပုလွေရိုင်းက ခေါင်းညိတ်ကာ နတ်ဆိုးနည်းပြ၏ ကျိုးနေသော အရိုးများအား ညင်သာစွာ ပုတ်လိုက်သည်။

ဖြောင်းခနဲ အသံတစ်ချက်နှင့်အတူ နတ်ဆိုးနည်းပြ နာကျင်စွာ အော်ဟစ်လိုက်သည်။

သူ့အရိုးအားလုံး ပြန်ဆက်သွားပြီးနောက် ဝံပုလွေရိုင်းက သူ့နဖူးမှ ချွေးကိုသုတ်ကာ နတ်ဆိုးနည်းပြအား လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။

"စုစုပေါင်း အရိုး ၁၃၂ ချောင်း ကျိုးနေတယ်။ ၁၅ ချောင်းက တော်တော်ကို နက်တယ်၊ ၁ မီလီမီတာလောက်သာ ထပ်ထိသွားမယ်ဆို မင်း သေနေတာကြာပြီ"

*ဘာ!*

သူ့အစ်ကိုကြီး ပြောလိုက်သော စကားကြောင့် သံတောင်ကြီး တုန်လှုပ်သွားသည်။

*ဒါဆို ငါသေစေနိုင်လောက်တဲ့ ဒဏ်ရာပေါင်း ၁၅ခု ရထားပြီးတော့ တစ်ခုချင်းစီက ၁ မီလီမီတာလောက်သာ ထပ်နက်မယ်ဆို ငါသေနေလောက်ပြီပေါ့*

*ယဲ့ဖန် ငါ့ကို တကယ်ကြီး ညှာထားတာပါလား*

ယဲ့ဖန်သည် သူ၏ ခွန်အားနှင့် အရိုးအကြောများကို တိကျစွာ ထိန်းချုပ်နိုင်သည်ကို သိလိုက်ရသည့်နောက် သံတောင်ကြီးက ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

သို့သော် သူ့အရိုးများ ပြန်ဆက်သွားသော်လည်း သူ ဒုကိ္ခတ ဖြစ်နေဦးမည်ကို သတိပြုလိုက်မိပြီး သံတောင်ကြီး ချက်ချင်းဆိုသလို ဝမ်းနည်းလာသည်။

ထိုစဉ် လက်ဖဝါးတစ်ဖက်က သံတောင်ကြီးရှေ့ ပေါ်လာသည်။

ယဲ့ဖန် လက်ဖဝါးဖြန့်လိုက်သောအခါ အနီရောင်ဆေးလုံးတစ်လုံး ပေါ်လာပြီး "သောက်လိုက်"ဟု ပြောလိုက်သည်။

*ဟမ်?*

ယဲ့ဖန်ကို ကြည့်ပြီး သံတောင်ကြီး ဇဝေဇဝါ ဖြစ်သွားသည်။

*ဆေးလုံးနဲ့တော့ တူတာပဲ*

ယဲ့ဖန်က ဘာလို့ သူ့ကို ဒါကို သောက်ခိုင်းတာလဲဆိုတာကို သံတောင်ကြီး နားမလည်ပါ။

သို့သော် ဝံပုလွေရိုင်းက ဝမ်းပန်တသာနှင့် ပြောလိုက်သည်။ "ဟေ့ကောင်… မင်း ဘာကြည့်နေတာလဲ? ငါတို့သခင်ကြီးက မင်းကို ကယ်နေတာလေ! မင်း ကံကောင်းတာပဲ!"

*ဘာ?*

*ငါ့ကို ကယ်တာ?*

သံတောင်ကြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်ကာ ကြောင်သွားသည်။

သူက ဒုကိ္ခတဖြစ်နေသည်မို့ ဆေးလုံးလေးတစ်လုံးက သူ့ကို ပြန်ကောင်းအောင် လုပ်ပေးနိုင်လိမ့်မည်ဟု သူ မထင်ပါ။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး!*

သို့သော် ဒီအနီရောင်ဆေးလုံးသည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်၏ သွေးကို အသုံးပြုပြီး ယဲ့ဖန် ဖော်စပ်ထားသည့် နတ်ဆိုးပြန်လည်ရှင်သန်ဆေးလုံးမှ အကြွင်းအကျန် ဖြစ်သော ဆေးဖြစ်သည်ကို သံတောင်ကြီး မသိပါ။

သံတောင်ကြီး မယုံကြည်သော်လည်း ယဲ့ဖန်၏ အမိန့်ကို မလွန်ဆန်ရဲသောကြောင့် ထိုဆေးကို ယူကာ မျိုချလိုက်သည်။

ထိုအနီရောင်ဆေးလုံးကို သောက်လိုက်ပြီးသည်နှင့် များပြားသောစွမ်းအင်များက သူ့ကိုယ်တွင်း ပျံ့နှံ့လာသည်။

ဖြောင်းခနဲ အသံများ ထွက်ပေါ်လာပြီးနောက် နာကျင်မှုကြောင့် သံတောင်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

သူ့အရိုးတွေ ထပ်ကျိုးသွားသလို သူ ခံစားလိုက်ရပြီး ပြင်းထန်သောနာကျင်မှုကြောင့် သူ သတိလစ်မတတ် ဖြစ်နေသည်။

နာကျင်မှုများ ပျောက်ကွယ်သွားပြီးနောက် သံတောင်ကြီး၏ တစ်ကိုယ်လုံး ချွေးများနှင့် ရွှဲနစ်နေ၏။

သို့သော် သူ့အရိုးများအားလုံး ပြန်ဆက်နေသည်ကို သူ သတိထားလိုက်မိသည်။ နာလန်ပြန်ထူသည့် အချိန်က မြန်လွန်းလှသည့်အတွက် သံတောင်ကြီး အကြီးအကျယ် ထိတ်လန့်သွားသည်။

"ငါ့…ငါ့လက်တွေ! ငါ့ခြေထောက်! မ…မဖြစ်နိုင်ဘူး!"

သံတောင်ကြီး သူ့လက်မောင်း သူ ပြန်မြှောက်ကြည့်လိုက်သည့်အခါတွင် ဆစ်ခနဲ နာကျင်သွားပြီးနောက် အားအင်များ လက်မောင်းတစ်လျှောက် စီးဆင်းနေသလို ခံစားလိုက်ရသည်။

သံတောင်ကြီးသည် နဂါးတစ်ကောင်ကဲ့သို့ အဆုံးမရှိသော ခွန်အားများနှင့် အားအင် သန်မာလာတော့သည်။

*ဘုရားရေ! မယုံနိုင်စရာပဲ! လုံးဝ မယုံနိုင်စရာပဲ!*

သံတောင်ကြီး အားရဝမ်းသာနှင့် မတ်တပ်ထရပ်လိုက်သည်။

သူ လုံးဝ ပြန်ကောင်းလာသည်မှာ သေချာသည့်အပြင် အရင်ကထက် ပို၍ အားအင်ပြည့်ဝလာသည်ဟုပါ ခံစားလိုက်ရသည်။

သံတောင်ကြီးက ယဲ့ဖန်အား နတ်ဘုရားတစ်ပါးအား ကြည့်သကဲ့သို့ ကြည့်နေမိသည်။

*သူက ငါ့ကို သေနိုင်လောက်တဲ့ ဒဏ်ရာ ၁၅ခုနဲ့ ငါ့ကို အသက်ရှင်နေအောင် လုပ်နိုင်တယ်!*

*သူ ငါ့ကို ပြန်ကုပေးပြီးတော့ ပိုပြီး သန်မာလာအောင် လုပ်ပေးတယ်!*

*သူက…သူက နတ်ဘုရားနဲ့ သရဲသဘက် ပေါင်းစပ်ထားတဲ့သူပဲ ဖြစ်ရမယ်!*

ယဲ့ဖန်၏ ခွန်အားကို သတိပြုမိပြီးနောက် သံတောင်ကြီးသည် ယဲ့ဖန်အား နတ်ဘုရားကဲ့သို့ သတ်မှတ်ကာ ကြောက်ရွံ့လေးစားလာသည်။

ထို့ကြောင့် သံတောင်ကြီးသည် ချက်ချင်း ဒူးထောက်၍ ယဲ့ဖန်အား အရိုအသေပေးကာ "လေးစားပါတယ် သခင်ကြီး" ဟု ပြောလိုက်လေတော့သည်။

All Chapters