← Chapters

သူ အရမ်း လွန်သွားပြီ!

Vol. 4 Ch. 54

သူ အရမ်း လွန်သွားပြီ!

Vol. 4 Ch. 54

*ဘာ…ဘာလို့ ငါက ငိုနေတာလဲ? ငါ မငိုချင်ဘူး။ ငါ မငိုချင်ဘူး! ဒါပေမယ့် ငါ့မျက်နှာမှာ ဘာလို့ မျက်ရည်တွေ ရှိနေရတာလဲ?*

လီကျစ်ချမ်းက ဝန်မခံချင်သော အမူအရာဖြင့် ညည်းညူလိုက်သည်။

သူ ယဲ့ဖန်၏ စန္ဒရားသံကြောင့် မငိုလိုပါ။ သို့ပင်မယ့် သူကိုယ်တိုင် မထိန်းနိုင်ဘဲ ငိုနေမိသည်။

ဖန့်ယင်း၏ လှပသော မျက်နှာလေးတွင် မျက်ရည်များဖြင့် ပြည့်နေပြီး သူမကိုယ်တိုင် ဇဝေဇဝါ ဖြစ်နေသည်။

"ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးကို ကြုံတွေ့နေရတဲ့ ယောကျ်ားတစ်ယောက် သူချစ်ရတဲ့ အမျိုးသမီးနဲ့ သူ့ညီအစ်ကိုတွေကို လွမ်းဆွတ်နေတာကို ငါမြင်နေရတယ်… ဒါ အရမ်း ခံစားရတာပဲ"

"ဒါစိတ်ဝိညာဉ်တီးလုံးပဲ! ဘုရားရေ! သူ..သူက စိတ်ဝိညာဉ်တီးလုံးကို တီးနေတာ! ဒီလူ…" ချင်ရွှယ်၏ မျက်လုံးလှလှလေးတွင် မျက်ရည်များနှင့် ပြည့်နှက်နေပြီး သူမကိုယ်တိုင်လည်း မယုံနိုင်သလို ဖြစ်နေသည်။

သူတို့သုံးယောက်သာမက ဆိုင်ထဲရှိ သူများအားလုံး ဤဂီတသံထဲ နစ်မြုပ်နေကြသည်။

ဂီတသံက သူတို့၏ ဘဝ၊ သူတို့၏ ကမ္ဘာကဲ့သို့ ခံစားပြီး ဂီတသံနှင့်အတူ ငိုကြ၊ ရယ်ကြသည်။

သီချင်းသံ ပြီးဆုံးသွားသည်နှင့် စားသောက်ဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။

ဆိုင်တွင်းရှိ လူတိုင်းက ယဲ့ဖန်အား ငေးမောကြည့်ကာ ငြိမ်နေကြ၏။

ယဲ့ဖန်က သူ တစ်ခုခုလုပ်မိသွားသည်ဟု မှတ်ကာ ရှက်ရှက်နှင့် ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။ "အာ…ကျွန်တော့်သီချင်းက တစ်ခုခုများ မှားနေလို့လား?"

တည်ငြိမ်နေသော ကန်ရေပြင်သို့ ကျောက်ခဲ ပစ်ချလိုက်သည့်အလား ယဲ့ဖန်၏ စကားကြောင့် စားသောက်ဆိုင်တွင်းရှိ လူများအားလုံး အသိစိတ်ပြန်ဝင်လာပြီး မတ်တပ်ထရပ်ကာ အသည်းအသန် လက်ခုပ်ဩဘာတီးလိုက်ကြသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

လူတိုင်းက လက်ခုပ်တီးရင်း ယဲ့ဖန်အား လေးစားစွာ ကြည့်နေကြသည်။

"မိုက်လိုက်တာ! ဘယ်လောက်တောင် နားထောင်ကောင်းလိုက်သလဲ! ငါ့စိတ်ဝိညာဉ်က ဂီတသံနဲ့အတူ ကခုန်နေသလိုပဲ!"

"ဟုတ်တယ်၊ တအားကောင်းတယ်။ ငါ ဂီတပွဲတွေ အများကြီးသွားဖူးပင်မယ့် ဒီစန္ဒရားသံက ငါကြားဖူးသမျှ၊ နားထောင်ခဲ့သမျှထဲမှာ အကောင်းဆုံးပဲ"

…

အားလုံးက အရူးအမူး လက်ခုပ်တီးနေကြသည်။ လက်ခုပ်တီးလို့၍ သူတို့ လက်တွေ နီရဲလာသော်လည်း သူတို့က ဂရုမစိုက်ဘဲ ယဲ့ဖန်ကိုသာ ဆက်၍ ချီးကျူးထောပနာ ပြုချင်နေကြသည်။

ယဲ့ဖန်က ဖန့်ယင်း၊ ချင်ရွှယ်နှင့် လီကျစ်ချမ်းတို့ထံသို့ အသာပြုံး၍ လျှောက်လာနေသည်။

ဖန့်ယင်းနှင့် ချင်ရွှယ်တို့က မတ်တပ်ထရပ်ကာ ယဲ့ဖန်အား သဘောကျစွာ လက်ခုပ်တီးနေကြသ်ည။

လီကျစ်ချမ်းတစ်ယောက်သာ စိတ်ပျက်လက်ပျက်နှင့် "ဟွန်း… ကံကောင်းလို့ပါကွာ" ဟု ခပ်တိုးတိုး ရေရွတ်နေသည်။

လီကျစ်ချမ်းက ထိုင်နေရာကနေ ယဲ့ဖန်အား အလွန်မုန်းတီးဟန်ဖြင့် ကြည့်နေသည်။

အစောပိုင်းတုန်းက ယဲ့ဖန် သူ့ကိုယ်သူ အရူးလုပ်နေတာကို သူ မြင်ချင်နေသော်လည်း မထင်မှတ်ထားပဲ ယဲ့ဖန်သည် ကောင်းမွန်စွာ စန္ဒရားတီးနိုင်ပြီး ချီးကျူးခံလိုက်ရသည်။ ထို့ကြောင့်ပင် လီကျစ်ချမ်းက မကျေမချမ်းနှင့် ဒေါသထွက်နေရခြင်း ဖြစ်သည်။

ထိုစဉ် ညင်သာသော ခြေသံတစ်ချို့ကို သူတို့ ကြားလိုက်ရသည်။

"အဲ့ဒါ မာစတာလင်ပဲ!"

"ဆရာ!"

ဖန့်ယင်းနှင့် ချင်ရွှယ်တို့ အလန့်တကြား ဖြစ်သွားကြသည်။

မာစတာလင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ကို  ပြန်ကြည့်လိုက်မိရင်းနှင့် ရုတ်တရက် သူတို့ တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။ "ယဲ့ဖန်က ဂီတမှာ ပါရမီပါတာကို သိသွားလို့ မာစတာလင်က သူ့တပည့်အဖြစ် အသိအမှတ်ပြုချင်လို့ လာပြောတာလား?"

ဖန့်ယင်းနှင့် ချင်ရွှယ်သာမက လီကျစ်ချမ်းပါ ထိုသို့တွေးလိုက်မိသည်။ ထို့ကြောင့် ယဲ့ဖန်က ကံကောင်းလွန်းသည်ဟု သူ ဆက်၍ စောဒကတက်မိသည်။

အားလုံး တိတ်ဆိတ်နေစဉ် မာစတာလင်က စကားစလိုက်သည်။ "သခင်လေး…ကျုပ်က လင်ချန်ဖုန်းပါ။ တရုတ်နိုင်ငံ စန္ဒရားအဖွဲ့ရဲ့ ဥက္ကဋ္ဌပါ။ ကျုပ် အရဲစွန့်ပြီး တောင်းဆိုချင်တာ တစ်ခုရှိပါတယ်။ သခင်လေး လက်ခံမယ်လို့ ကျုပ် မျှော်လင့်ပါတယ်"

*မာစတာလင်က ယဲ့ဖန်ကို သူ့တပည့်ဖြစ်ဖို့ ပြောချင်နေတာပဲ*

ဖန့်ယင်းက ချင်ရွှယ်ကို တစ်ချက်လှမ်းကြည့်ကာ သူတို့ထင်မြင်ချက်က မှန်နေပြီဟု တွေးလိုက်ကြသည်။

သို့သော် မာစတာလင် ဆက်ပြောလိုက်သည့်စကားကြောင့် ဖန့်ယင်းကော ချင်ရွှယ်ပါ အလန့်တကြား ဖြစ်သွားသည်။

"အဲ…မင်းကို ကျုပ် ဆရာတင်ချင်လို့ပါ ရမလား?"

မာစတာလင်က ယဲ့ဖန်က မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။

*ဘာရယ်!*

ဖန့်ယင်း၊ ချင်ရွှယ်နှင့် လီကျစ်ချမ်းတို့ မှင်တက်သွားကြသလို စားသောက်ဆိုင်ထဲရှိ လူတိုင်းလည်း ထိတ်လန့်သွားကြသည်။

*တရုတ်နိုင်ငံရဲ့ အတော်ဆုံး စန္ဒရားပညာရှင်က လူငယ်လေးတစ်ယောက်ကို ဆရာတင်ချင်နေတယ်?*

*မ…မဖြစ်နိုင်ဘူး!*

လူတိုင်း အခုလေးတင် ကြားလိုက်ရသည့်စကားကို သံသယဝင်လာကြသည်။ သူတို့အားလုံး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်နေကြ၏။

"သခင်လေး…မင်းရဲ့ စန္ဒရားသံက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက် ရောက်နိုင်တယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေးပေးပါ။ ကျေးဇူးပြုပြီး ကျုပ်ကို ခင်ဗျားတပည့်အဖြစ် လက်ခံပေးပါ"

မာစတာလင်က လေးစားစွာနှင့် ရှင်းပြပြီးနောက် ယဲ့ဖန်အား အရိုအသေ ပေးလိုက်သည်။ စားသောက်ဆိုင်တစ်ဆိုင်လုံး ပွက်လောရိုက်သွားလေ၏။

*ဘုရားရေ! တရုတ်နိုင်ငံရဲ့ အတော်ဆုံးစန္ဒရားပညာရှင်နဲ့ တရုတ်နိုင်ငံ စန္ဒရားအဖွဲ့အစည်း ဥက္ကဋ္ဌက လူငယ်လေးကို သူ့ဆရာအဖြစ် တင်ချင်တယ်…. မယုံနိုင်စရာပဲ*

သူတို့အားလုံး ယဲ့ဖန် လက်ခံလိုက်မည်ဟု ထင်လိုက်ကြသည်။ ထို့ပြင် တရုတ်နိုင်ငံရဲ့ အတော်ဆုံးစန္ဒရားပညာရှင်ကို တပည့်အဖြစ် လက်ခံလိုက်တာက ယဲ့ဖန်အတွက် ဂုဏ်ယူစရာ ကိစ္စပင်။

ချင်ရွှယ် မသိမသာ နှုတ်ခမ်းမဲ့သွားသည်။ မာစတာလင်က သူမဆရာဖြစ်သည်၊ အကယ်၍ ယဲ့ဖန်ကသာ မာစတာလင်ရဲ့ ဆရာဖြစ်လာမည်ဆိုလျင် ချင်ရွှယ်က ယဲ့ဖန်ရဲ့ မြေးတပည့် ဖြစ်လာပေတော့မည်။

မြေးတပည့်ဆိုသည့် အကြောင်းကို သူမ တွေးလိုက်မိတိုင်း ယဲ့ဖန်၏ ဖြူစင်သော မျက်နှာကို ကြည့်ကာ ချင်ရွှယ် ငိုချင်လာသည်။

"ကျုပ် စိတ်မကောင်းပါဘူး၊ ခင်ဗျားက ကျုပ်တပည့်ဖြစ်ဖို့ အရည်အချင်း မမှီဘူး"

ယဲ့ဖန်စကားကြောင့် အားလုံး ထိတ်လန့်သွားသည်။

*ငြင်း…ငြင်းလိုက်တာလား?*

*မဖြစ်နိုင်ဘူး!*

ယဲ့ဖန်က မာစတာလင်၏ တောင်းဆိုချက်ကို ငြင်းလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိကြပါ။ ထို့ပြင် ဒီလောက် ခပ်ကြမ်းကြမ်း ပြန်ငြင်းလိမ့်မည်ဟုလည်း မထင်ထားကြချေ။

*သေစမ်း…သူ အရမ်း လွန်သွားပြီ!*

"ခင်ဗျားက အရမ်း အသက်ကြီးနေပြီ ပြီးတော့ ခင်ဗျားရဲ့ စွမ်းအင်ကလည်း ကုန်ခါနီးနေပြီ။ ခင်ဗျား သာမန်လို ဖြစ်လာပြီး ဘယ်လိုမှ တိုးတက်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားရဲ့ လက်ကို လျှော့ထားပြီး စန္ဒရားထက်  တေးသွားကို ပိုအာရုံစိုက်မယ်ဆို ခင်ဗျား နည်းနည်းတော့ တိုးတက်လာနိုင်တယ်"

ယဲ့ဖန်က မာစတာလင်အား စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

*စန္ဒရားထက်  တေးသွားကို ပိုအာရုံစိုက်ရမယ်!*

မာစတာလင် ဉာဏ်အလင်း ရသွားကာ တက်ကြွလာသည်။

"ကျုပ် နားလည်သွားပြီ…ဟားဟား…ကျုပ် နောက်ဆုံးတော့ နားလည်သွားပြီ"

မာစတာလင်က ယဲ့ဖန်အား ကျေးဇူးတင်သည့် အမူအရာနှင့် ကြည့်ကာ အရိုအသေပေး၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းရဲ့ အကြံပေးချက်အတွက် ကျေးဇူးတင်ပါတယ်….သခင်လေး! ကျုပ်က  ဉာဏ်ထိုင်းပင်မယ့်လည်း ဒီနေ့ကစပြီး မင်းက ကျုပ်ဆရာ ဖြစ်သွားပါပြီ"

ထို့နောက် မာစတာလင်က စားသောက်ဆိုင်ထဲမှ ထွက်သွားသည်။

ဆိုင်ထဲရှိ လူတိုင်း ထပ်မံ၍ ထိတ်လန့်သွားကြပြန်သည်။ အားလုံးကလည်း ယဲ့ဖန်အား လေးစားအားကျစွာ ကြည့်လိုက်မိကြသည်။

ယဲ့ဖန်သည် မာစတာလင်အား သိမ်ငယ်စွာဖြင့် အရိုအသေပေးလာအောင် လုပ်နိုင်သည့် ပထမဆုံးသူပင် ဖြစ်သည်။ ဒီသတင်းသာ အပြင်ကို ပျံ့သွားပါက တစ်တိုင်းပြည်လုံး အကြီးအကျယ် အံ့အားသင့်သွားကြပေလိမ့်မည်။

ဖန့်ယင်းနှင့် ချင်ရွှယ်တို့ ယဲ့ဖန် ပြောင်မြောက်စွာ စန္ဒရား တီးတတ်လိမ့်မည်ဟု မထင်ထားသဖြင့် ခါးသီးစွာ ပြုံးလိုက်မိသည်။

ဖန့်ယင်းစိတ်ထဲတွင် ယဲ့ဖန်သည် ပဟေဠိပုစ္ဆာတစ်ပုဒ်လိုပင်။ သူက အရမ်း ထူးခြားဆန်းကြယ်သည်။

ချင်ရွှယ်သည်လည်း ဤညစာစားပွဲမှ ဆရာဘိုးဘိုး ရလာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အောင့်သက်သက်နှင့် ပြုံးလိုက်မိသည်။

All Chapters