← Chapters

မယုံနိုင်စရာပဲ!

Vol. 4 Ch. 56

မယုံနိုင်စရာပဲ!

Vol. 4 Ch. 56

*ဘာ!*

လီကျစ်ချမ်း ကြောင်သွားရသလို ဆိုင်ထဲရှိ လူများကြားတွင်လည်း ပွက်လောရိုက်သွားသည်။

ကျန်းရှီမြို့ရဲ့ ထိပ်သီးပုဂ္ဂိုလ်၊ ပိုင်မိသားစုခေါင်းဆောင် ပိုင်ကျန်းခို့က ယဲ့ဖန်ကို အရိုအသေပေးပြီး သူ့အဖေကို ကယ်ပေးဖို့ တောင်းဆိုနေတယ်?

*သူ…သူ ဘာဖြစ်နေတာလဲ?*

အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။ ပိုင်ကျန်းခို့က ကျန်းရှီမြို့၏ မြို့တော်ဝန်ကို သူနှင့် အဆင့်အတန်းတူလောက်ပဲ သဘောထားကာ အရိုအသေ ပေးသူမဟုတ်ပါ။

သို့ဖြစ်ပါလျက် အခု….

လီကျစ်ချမ်း မိုးကြိုးပစ်ခံလိုက်ရသလို ရင်ထဲ လေးလံလာသည်။

*ငါ စကားသွားပြောဖို့တောင် မဖြစ်နိုင်တဲ့ ပိုင်ကျန်းခို့က အခု ငါ အထင်သေးတဲ့ အရှုံးသမားကို အရိုအသေပေးနေတယ်။ သောက်ပဲ…မဖြစ်နိုင်လိုက်တာ!*

လီကျစ်ချမ်း ဆွံ့အသွားပြီးနောက် ပိုင်ကျန်းခို့ဆီ အသည်းအသန် ပြေးလွှားကာ အော်ပြောလိုက်သည်။

"မစ္စတာပိုင်…ခင်ဗျား လူမှားနေတာ ဖြစ်မယ်။ သူက ဒီအတိုင်း ဆင်းရဲတဲ့ အရှုံးသမား ကျောင်းသားတစ်ယောက်ပါ။ သူက ဘယ်လိုလုပ် ခင်ဗျားအဖေကို ကူနိုင်ပါ့မလဲ?"

လီကျစ်ချမ်း ချက်ချင်း ရှင်းပြနေသည်။

သို့သော် သူ့စကားကြောင့် ပိုင်ကျန်းခို့က သူ့ဘက် လှည့်ကြည့်ကာ မေးလိုက်သည်။ "မင်းက ဟုန်ဟိုင်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ လီကျစ်ချမ်းလား?"

ပိုင်ကျန်းခို့၏ မှတ်မိခြင်းခံလိုက်ရသည့်အတွက် လီကျစ်ချမ်းက အသည်းအသန် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ မစ္စတာပိုင်။ ကျွန်တော်တို့ ကုမ္ပဏီက ပိုင်မိသားစုနဲ့ အမြဲ အလုပ်တွဲလုပ်ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးတစ်ကြိမ်တုန်းက တွေ့ခဲ့သေးတယ်လေ"

ထို့နောက် လီကျစ်ချမ်းက ယဲ့ဖန်အား အထင်သေးစွာ ကြည့်ကာ ပြောလိုက်သည်။

"မစ္စတာပိုင်…ခင်ဗျား လူမှားနေတာ ဖြစ်မယ်။ သူက အမဲသားကို ဘယ်လိုစားရမလဲတောင် မသိတဲ့ အရှုံးသမားပါ။ ခင်ဗျား တွေ့ချင်တဲ့ မစ္စတာယဲ့နဲ့ သူ့ကို မှားနေတာထင်တယ်"

သူ့အပြောကြောင့် ပိုင်ကျန်းခို့၏ မျက်နှာ သုန်မှုန်လာကာ "တကယ်လား? ဟဟ..ဒါဆိုလည်း ပိုင်မိသားစုက အခုကစပြီး ဟုန်ဟိုင်ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းထားသမျှကို ဖျက်သိမ်းတယ်"

*ဘာ!*

ပိုင်ကျန်းခို့ စကားကြောင့် လီကျစ်ချမ်း သွေးပျက်သွားသည်။

*အကျိုးတူ ပူးပေါင်းထားသမျှကို ဖျက်သိမ်းမယ်?*

*အာ…*

"မစ္စတာပိုင်..ဘာလို့ ဒီလိုလူတစ်ယောက်အတွက် အခုလို လုပ်ရတာလဲ? သူက အရှုံးသမားပါ..ဘာကြောင့် သူက…"

လီကျစ်ချမ်း မယုံနိုင်ပါ။

သို့သော် သူ့စကားကြောင့် ပိုင်ကျန်းခို့ လွန်စွာ ဒေါသထွက်သွားလေ၏။

"မင်း သေလိုက်တော့…ရဲတင်းလွန်းတယ်။ မင်းက မစ္စတာယဲ့ကို ခဏခဏ စော်ကားရဲတယ်ပေါ့?"

ထို့နောက် ပိုင်ကျန်းခို့က လက်ဝှေ့ယမ်းလိုက်ကာ သူ့သက်တော်စောင့်တွေကို အမိန့်ပေးလိုက်သည်။ "သူ့ကို အပြင်ထုတ်ပြီး လွှင့်ပစ်လိုက်ကြ"

"ဟုတ်ကဲ့ ဆရာ"

သူ၏ သက်တော်စောင့်တွေက လီကျစ်ချမ်း၏ ပခုံးကို ဆွဲကာ ဆိုင်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။

ထိုအခါမှသာ ပိုင်ကျန်းခို့ လူမှားနေခြင်း မဟုတ်သည်ကို သူ သိလိုက်ရသည်။ သူက အမှန်ကို ယဲ့ဖန်ရဲ့ အကူအညီကို တောင်းနေတာပဲ!

"ဒါ..လုံးဝ မဖြစ်နိုင်ဘူး"

ပိုင်ကျန်းခို့ အကူအညီတောင်းခံနေသည့် ယဲ့ဖန်အား သူ စော်ကားမိသည်ကို သတိပြုလိုက်မိပြီး လီကျစ်ချမ်း သေးထွက်ကျချင်သလို ဖြစ်လာသည်။ ပိုဆိုးသည်က ပိုင်မိသားစုက ဟုန်ဟိုင်ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းထားသမျှကို ဖျက်သိမ်းတော့မည် ဖြစ်သည်။

လီကျစ်ချမ်း အော်ငိုလေတော့သည်။

…..

လီကျစ်ချမ်း ထွက်သွားပြီးနောက် တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။

"ခင်ဗျားအဖေရဲ့ ရောဂါက ဆိုးရွားလာတယ်မလား?" ဟု ယဲ့ဖန်က ပိုင်ကျန်းခို့အား တည်ငြိမ်စွာ မေးလိုက်သည်။

ပိုင်ကျန်းခို့ အလေးအနက်ထား၍ ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ညနှင်းဆီကနေ အန်ကယ်လ်ကျုံး ပြန်လာပြီးတော့ ကျုပ်တို့ အဖေ့ကို ခင်ဗျားပြောတဲ့အတိုင်း ချက်ချင်း ရေချိုးစေခဲ့ပါတယ်။ အားလုံး အဆင်ပြေလာပင်မယ့် လွန်ခဲ့တဲ့ ၁နာရီလောက်က ကျုပ်အဖေရဲ့ ရောဂါ ရုတ်တရက် ပိုဆိုးလာတယ်။ သူ…သူ ဒီညတောင် မကျော်နိုင်မှာကို စိုးရိမ်မိတယ်"

ပိုင်ကျန်းခို့ ဝမ်းနည်းပူဆွေး နေပုံရသည်။

သူ့ဖခင်သည် ပိုင်မိသားစု၏ အဓိကထောက်တိုင် ဖြစ်သည်။ သူက သေသွားခဲ့လျင် ပိုင်မိသားစု အခြေအနေ ဆိုးရွားလာနိုင်သည်။ ထို့ကြောင့် ယဲ့ဖန်အပေါ် မျှော်လင့်ချက်အားလုံး ပုံအပ်ထားခြင်း ဖြစ်သည်။

ပိုင်ကျန်းခို့က ယဲ့ဖန်အား နောက်တစ်ကြိမ် အရိုအသေပေးကာ ပြောလိုက်သည်။ "မစ္စတာယဲ့… ကျေးဇူးပြုပြီး ကျုပ်အဖေကို ကယ်ပေးပါ"

ပိုင်ကျန်းခို့နှင့် အတူပါလာသည့် သူများကလည်း ယဲ့ဖန်အား အရိုအသေပေးကာ "ကျေးဇူးပြုပြီး ကျုပ်တို့အဘိုးကို ကယ်ပေးပါ ယဲ့ဖန်" ဟု ပြိုင်တူ ပြောလိုက်ကြသည်။

ဆိုင်တွင်းရှိ သူများအားလုံး၊ အထူးသဖြင့် ချင်ရွှယ်ပါ အံ့အားသင့်သွားကြသည်။

သူ့ဖခင်က ကင်ဆာရောဂါကြောင့် သေလုမြောပါး ဖြစ်နေမှန်း ချင်ရွှယ် သိသည်။ ဟွာထို့တောင် သူ့ကို မကယ်နိုင်ချေ။

*ဒါပေမယ့် ဘာလို့ ပိုင်မိသားစုက ယဲ့ဖန်ကို တအား ယုံကြည်နေတာလဲ? ဒါ မယုံနိုင်စရာပဲ*

ယဲ့ဖန် သူ့လက်ချောင်း ထည့်ကာ ဆေးထားသည့်ခွက်ကို ကြည့်ကာ ချင်ရွှယ် ခပ်တိုးတိုး ပြောလိုက်မိသည်။ "ဒီရေက တကယ်ပဲ နတ်ဆိုးခြင် အဆိပ်ကို ဖြေနိုင်နေရင်ကော?"

ချင်ရွှယ် ပထမဆုံးအကြိမ် ဆေးဝါးသိပ္ပံအပေါ် ဝေခွဲမရ ဖြစ်နေသည်။

"သွားကြတာပေါ့"

ကြည့်နေသူများ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ယဲ့ဖန်က ခေါင်းကို အသာညိတ်ကာ ပိုင်ကျန်းခို့တို့ အဖွဲ့နှင့်အတူ ဆိုင်ထဲမှ ထွက်လာသည်။

ဇိမ်ခံကား ၃စီး ထွက်သွားသည်နှင့် ချင်ရွှယ်က ဖန့်ယင်းအား အလန့်တကြား ပြောလာသည်။ "ဖန့်ယင်း.. ငါသွားတော့မယ်"

ထိုသို့ပြောပြီး ချင်ရွှယ်က ရေခွက်ကို ယူကာ ခပ်သုတ်သုတ် ထွက်သွားသည်။

နာရီဝက်ကြာသောအခါ ကျန်းရှီမြူနီစီပယ် လူထု ဆေးရုံ၏ ဓာတ်ခွဲခန်း၌ ရလဒ်တစ်ခု ထွက်လာလေသည်။

"ငါတို့ လုပ်နိုင်ပြီ! ဒါတကယ်ပဲ နတ်ဆိုးခြင်ရဲ့ အဆိပ်ကို ဖြေနိုင်တာပဲ!...မယုံနိုင်စရာပဲ!"

ချင်ရွှယ် ထိတ်လန့်တကြား အော်လိုက်သည်။

ဘေးရှိ ဆေးဝါးကျွမ်းကျင် ပညာရှင်များကလည်း ဝိုင်း၍ ကြည့်နေသည်။

"ကောင်းလိုက်တာ…နောက်ဆုံးတော့ ငါတို့ အဆိပ်ဖြေလို့ ရပြီ"

ဆေးဝါးကျွမ်းကျင် ပညာရှင်များက ချင်ရွှယ်အား အားတက်သရော မေးလာကြသည်။ "ဆေးရုံအုပ်ချင်..ဒီရေခွက်ကို ခင်ဗျား ဘယ်က ရလာတာလဲဗျ? အံ့ဩဖို့ကောင်းလိုက်တာ! ဒါက နတ်ဆိုးခြင်အဆိပ်ကို ဖြေနိုင်တယ်…မယုံနိုင်စရာပဲ"

"ဟုတ်တယ်…ဒီခွက်ထဲက ရေကြောင့် ကျုပ်တို့ နတ်ဆိုးခြင်အဆိပ်အတွက် ဆေးထုတ်လို့ ရပြီ။ တစ်ကမ္ဘာလုံးက ဆေးပညာအသိုင်းအဝိုင်းတိုင်းတော့ ထိတ်လန့်သွားတော့မှာပဲ"

"ဟားဟား…တရုတ်ပြည်ကို တစ်ကမ္ဘာလုံး လေးစားလာတော့မယ်။ နိုင်ငံခြားသိပ္ပံပညာတွေကတောင် ဒါကို မဖြေရှင်းနိုင်တာကို ကျုပ်တို့ဆေးရုံက လုပ်နိုင်တယ်ဆိုတော့ ဘယ်လောက်တောင် ကောင်းလိုက်လဲ"

…

ဆေးဝါးကျွမ်းကျင် ပညာရှင်များအားလုံး ဝမ်းသာနေကြသည်။

သို့သော် သူတို့၏ စိတ်လှုပ်ရှားနေသော အမူအရာကြောင့် ချင်ရွှယ် နဝေတိမ်တောင် ဖြစ်လာသည်။

ဒီရေခွက်ထဲကရေက ယဲ့ဖန်လက်ဆေးထားတဲ့ရေဆိုတာ သူမပဲ သိတာလေ!

"ဒီလူကတော့…"

ယဲ့ဖန်လက်ဆေးထားတဲ့ရေက တစ်ကမ္ဘာလုံးရဲ့ ဆေးဝါးပြဿနာကို ဖြေရှင်းလိုက်နိုင်သည့်အတွက် ချင်ရွှယ် မယုံနိုင်သလို ဖြစ်နေကာ ရင်လည်း ခုန်နေသည်။

*မယုံနိုင်စရာပါပဲလား!*

…..

တစ်ချိန်တည်းမှာပင် ပိုင်မိသားစုအိမ်တော်၌ ပိုင်ကျန်းခို့၊ ပိုင်ယီ၊ အန်ကယ်လ်ကျုံးနှင့် အခြားပိုင်မိသားစုဝင်များက ကုတင်တစ်လုံး၏ ဘေး၌ အလွန်ပူဆွေးသော အမူအရာနှင့် ရပ်နေကြသည်။

သူတို့ရှေ့ရှိ ကုတင်ပေါ်တွင် အဘိုးအိုတစ်ယောက်သည် မျက်လုံးများ ပိတ်ထားလျက် ပြာနှမ်းနေသောမျက်နှာနှင့် ခပ်တောင့်တောင့်ကြီး လှဲနေ၏။

သူ၏ အသက်ရှူသံက အလွန်အားပျော့နေသည်။ ကုတင်ရှေ့ရှိ လူငယ်လေးတစ်ယောက်က ယဲ့ဖန်အား ဒေါသတကြီး အော်ဟစ်နေသည်။

"ဟေ့ကောင်…မင်းပြောတဲ့အတိုင်း ငါ့အဘိုးကို ကုလိုက်တာ..သူသာ သေလို့ကတော့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်"

ထိုကောင်လေးသည် ပိုင်ကျန်းခို့၏သား၊ ပိုင်ယီ၏ မောင် ပိုင်ကန်းဖြစ်သည်။

သူ၏ ဒေါသတကြီးပုံအရ သူသည် ယဲ့ဖန်အား အရမ်း ရွံမုန်းနေပုံရသည်။

ထို့ပြင် အဖြူရောင်ဝတ်စုံနှင့် ဆရာဝန်ကြီးတစ်ယောက်က ယဲ့ဖန်အား သုန်မှုန်စွာ ကြည့်ကာ

"လူငယ်လေး…မင်း သက်သက်မဲ့ ဒုက္ခပေးနေတာလား? ဒီအဘိုးကြီးက ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒဏ်ရာရပြီး ဝေဒနာ ခံစားနေရတာ။ သူ့သွေးကြောတွေက မစီးဆင်းနိုင်တော့ဘူး။ ဒါကို ၃ရက်လောက် ခွေးသွေးတွေနဲ့ ရေချိုးခိုင်းတော့ သူ့ချီဓာတ်က သူ့အရိုးထဲကို စိမ့်ဝင်လာပြီ။ သူ သေဖို့သေချာသလောက်ပဲ"

သူ့မုတ်ဆိတ်က ဒေါသကြောင့် တုန်ယင်နေသည်။ "မင်းက လူသတ်သမားပဲ"

သူ့ရဲ့ အပြစ်တင်သော စကားကို ကြားသော်လည်း ယဲ့ဖန်က တည်ငြိမ်ဆဲပင်။ "ခင်ဗျား ပြောတာမှန်တယ်"

*ဘာ!*

ယဲ့ဖန်က ဆရာဝန်ကြီးပြောတာကို သဘောတူတာလား? ပိုင်မိသားစုဝင်တိုင်း ကြောင်သွားသည်။

"ဒီအဘိုးကြီးက ဒဏ်ရာကြောင့် ဝေဒနာ ခံစားနေရတာ ကြာပြီ၊ သူ့သွေးကြောတွေက မစီးဆင်းနိုင်တော့ဘူး။ ခွေးသွေးနဲ့ ရေချိုးလိုက်တော့ ရောဂါက ပိုဆိုးသွားတာပေါ့"

…..

ယဲ့ဖန်စကားကြောင့် ပိုင်မိသားစုဝင်တိုင်း၏ မျက်နှာက ဖြူရော်လာသည်။

ယဲ့ဖန် ဒီလိုဖြစ်လာမှန်း ရိပ်မိနေလိမ့်မယ် သူတို့ မထင်ထားခဲ့ပါ။

ပိုင်ယီနှင့် အန်ကယ်လ်ကျုံးတို့ မျက်နှာပျက်လာသည်။

ယဲ့ဖန်စကားကို အဘိုးအို မငြင်းဆန်ပါက ဒီလောက် မြန်မြန်ကြီး အခြေအနေ ဆိုးလာမည်မဟုတ်ပါ။

"သူ့ချီဓာတ်တွေက အရိုးထဲ စိမ့်ဝင်နေပြီ။ သူ့အင်္ဂါတွေကလည်း ဆုတ်ယုတ်နေပြီ။ သူက မကြာခင် သေမှာပဲ" ယဲ့ဖန်က အဘိုးအို၏ မျက်နှာကို တစ်ချက်ကြည့်ကာ ပြုံး၍ "မဆိုးဘူး…မဆိုးပါဘူး" ဟု ပြောလိုက်သည်။

*ဘာရယ်!*

ပိုင်မိသားစုဝင်များ ဒေါပွလာသည်။

*အဘိုးက သေတော့မှာကို ဒီကောင်က မဆိုးပါဘူး လာလုပ်နေတယ်?*

…

ပိုင်မိသားစုဝင်တိုင်း သူတို့ ယဲ့ဖန်ဆီက အကူအညီတောင်းတာ မှားပြီဟု တွေးလိုက်မိသည်။

ထို့ပြင် ယဲ့ဖန်၏ နောက်ထပ်လုပ်လိုက်သော အပြုအမူက ပိုင်မိသားစုဝင်တိုင်းကို ဒေါသထွက်သွားစေသည်။

ဖြောင်း!

ယဲ့ဖန်က အားနှင့် အဘိုးအို၏ မျက်နှာကို ရိုက်လိုက်လေသည်။

All Chapters