← Chapters

ကျေးဇူးပြုပြီး ပိုင်မိသားစုကို ကယ်တင်ပေးပါ ... မစ္စတာယဲ့!

Vol. 4 Ch. 59

ကျေးဇူးပြုပြီး ပိုင်မိသားစုကို ကယ်တင်ပေးပါ ... မစ္စတာယဲ့!

Vol. 4 Ch. 59

"မင်းက မျိုးမပွားနိုင်တဲ့သူ ဖြစ်ရမယ်"

ယဲ့ဖန်စကားကြောင့် ပိုင်ကန်းတစ်ယောက် ကြမ်းပြင်ပေါ်သို့ မယုံနိုင်သည့်အမူအရာဖြင့် တုန်ယင်စွာ လဲကျသွားသည်။

"မဖြစ်နိုင်ဘူး..မင်းက ဘာလို့ အဲ့လိုတပ်အပ်ပြောနိုင်ရတာလဲ… မဖြစ်နိုင်ဘူး"

ကြမ်းပြင်ပေါ် ထိုင်ရက်သားနှင့် ပိုင်ကုန်း၏ မျက်နှာက ဖြူရော်နေသည်။

*ဒါ သူ့နှလုံးသားထဲမှာ စွဲထင်နေတဲ့ စိတ်ဝေဒနာ ဒဏ်ရာပဲ*

ယဲ့ဖန်ပြောလိုက်သော အကြောင်းကို သူ့အဘိုး၊ အဖေနှင့် သူ့အစ်မ ပိုင်ယီမှ လွဲ၍ အခြားမည်သူမျှ မသိပေ။

သို့သော် ယဲ့ဖန်က ဒါကို လူကြားထဲ ထုတ်ပြောလာတော့ ပိုင်ကုန်းတစ်ယောက် သောကရောက်ကာ ဝမ်းနည်းပူဆွေးလာသည်။

အဘိုးအိုနှင့် ပိုင်ကျန်းခို့တို့၏ မျက်နှာက ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

"မျိုးဆက် ၆ဆက်မြောက်မှာ ပိုင်မိသားစုက မျိုးမပွားနိုင်တော့ဘူး…."

အဘိုးအိုက သက်ပြင်းရှည်ကြီးချလိုက်ကာ ပိုင်ကန်းအားကြည့်ကာ "ငါ့အဘေးကနေ စလိုက်မယ်ဆိုရင် ပိုင်ကန်းက လက်ရှိ ၆ဆက်မြောက် မျိုးဆက်ပဲ။ ဒါ…ဒါတကယ်ပဲ ပိုင်မိသားစုရဲ့ ကျဆုံးခန်းများလား?"

အဘိုးအို၏ စကားကြောင့် တစ်ခန်းလုံး ငြိမ်သက်သွားသည်။

*တကယ်ကြီးလား!*

*ဒါမှန်နေတာလား!*

ပိုင်မိသားစုဝင်တိုင်း ထိတ်လန့်သွားကြသည်။

*အံ့ဩစရာပဲ!*

ပိုင်ယီ၏ လှပသော မျက်နှာလေးသည်လည်း ဖြူရော်နေသည်။ သူမ၏ မောင်လေးက မျိုးဆက် မပြန့်ပွားနိုင်သောသူ ဖြစ်နေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။

ယဲ့ဖန်သာ သတိမပေးလျင် သူမလည်း သတိထားမိလိမ့်မည် မဟုတ်ပါ။

ထိုစဉ် အဘိုးအိုက ကုတင်ပေါ်မှ ထလာကာ ယဲ့ဖန်ရှေ့ ဒူးထောက်လိုက်ပြီး "မိတ်ဆွေလေး…ကျေးဇူးပြုပြီး ပိုင်မိသားစုကို ကယ်တင်ပေးပါ"

အဘိုးအို၏ စကားကြောင့် အခန်းထဲရှိ လူတိုင်း မှင်တက်သွားသည်။ ထို့နောက် ပိုင်ကျန်းခို့၏ မျက်နှာသည် ပြာမွဲမွဲဖြစ်လာကာ ယဲ့ဖန်ရှေ့ ဒူးထောက်လိုက်ပြီး "ကျေးဇူးပြုပြီး ပိုင်မိသားစုကို ကယ်တင်ပေးပါ၊ မစ္စတာယဲ့"

ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းလိုက်တဲ့ မြင်ကွင်းပါလိမ့်။

ကျန်းရှီတစ်မြို့လုံး၌ နံပါတ်တစ် မိသားစုဖြစ်သည့် ပိုင်မိသားစုဝင်က လူတစ်ယောက်ရှေ့မှာ ဒူးထောက်နေသည်။

ဒီသတင်းသာ အပြင်ကို ပြန့်သွားခဲ့လျင်တော့ ခဏလေးနှင့် နာမည်ကြီးသွားနိုင်သည်။

ဤမြင်ကွင်းကို ကြည့်ရင်း ရှုကွမ်း မနည်းတံတွေးမြိုချလိုက်ပြီး ယဲ့ဖန်အား အားကျသလို ကြည့်လိုက်သည်။

သူ့အတွက်တော့ သူ့သခင်လေးသည် ဘုန်းတန်ခိုးကြီးမားသော နတ်ဘုရားပင် ဖြစ်သည်။

အလွန်တရာ တည်ကြည်သော အမူအရာနှင့် ယဲ့ဖန်သည် လက်ကို လှုပ်ကာ "ထပါ" ဟု ပြောလိုက်သည်။

ထို့နောက် ယဲ့ဖန်က ဆရာဝန်ကြီးအား "ရေနွေးကို ဇလုံတစ်ခုနဲ့ ယူလာခဲ့" ဟု ပြောလိုက်သည်။

*အမ်?*

ယဲ့ဖန် ဘာလို့ ဒီလိုပြောမှန်း ရှုကွမ်း နားမလည်ပါ။ သို့သော်လည်း သူက တရိုတသေနှင့် ခေါင်းညိတ်ကာ အခန်းတွင်းမှ လျင်မြန်စွာ ထွက်သွားသည်။

သိပ်မကြာခင်မှာပဲ ရေပူထည့်ထားသော ဇလုံတစ်လုံးနှင့် သူ ပြန်ရောက်လာသည်။

အဘိုးအို၊ ပိုင်ကျန်းခို့၊ ပိုင်ကန်းနှင့် ပိုင်ယီတို့က ယဲ့ဖန်တစ်ယောက် ဘယ်လိုဘယ်နည်းနှင့် မျက်လှည့်ပြသလိုမျိုး ပိုင်မိသားစုအား ထပ်မံ၍ ကယ်တင်ဦးမည်နည်းဟု စိတ်အားတက်ကြွစွာ ကြည့်နေကြသည်။

သို့သော် ယဲ့ဖန်၏ အပြုအမူကြောင့် အားလုံး အံ့အားသင့်သွားသည်။

ထိုင်ခုံ၌ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး ယဲ့ဖန်က ဖိနပ်နှင့် ခြေအိတ်ကို ချွတ်လိုက်သဖြင့် ရုတ်တရက် အခန်းတွင်း၌ ချဉ်စုတ်စုတ်အနံ့တစ်ခု ပေါ်ပေါက်လာသည်။

"အဟမ်း…အဟမ်း…နည်းနည်းတော့ နံမယ်ဗျ…အားနာပါတယ်"

….

ယဲ့ဖန်စကားကြောင့် ပိုင်မိသားစုဝင်တိုင်း ကြောင်သွားသည်။ ထို့နောက် ယဲ့ဖန်က သူ့ခြေထောက်ကို ရေဇလုံထဲ နစ်ကာ ခြေဆေးလိုက်သည်။

ယဲ့ဖန် ခြေထောက်ဆေးပြီးသွားသည်နှင့် ရေဇလုံထဲရှိ ရေများအားလုံး မည်းညစ်သွားသည်။

*စောက်ကျိုးနည်း!*

*ခင်ဗျား ခြေထောက်မဆေးတာ ဘယ်လောက်တောင်ကြာနေပြီလဲ?*

ပိုင်မိသားစုဝင်တိုင်း ဆွံ့အသွားကြသည်.။

ထိုစဉ် ယဲ့ဖန်က ပိုင်ကန်းအား ပြုံး၍ လက်ယက်ခေါ်လိုက်သည်။ "ဒီကိုလာဦး"

ပိုင်မိသားစုဝင်တိုင်းသည် ယဲ့ဖန်က ပိုင်ကန်းအား ကယ်တင်ပေးတော့မည်ဟု ထင်လိုက်ပြီး မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာသည်။

ပိုင်ကန်းသည်လည်း စိတ်လှုပ်ရှားလာသည်။

သေခါနီးဖြစ်နေသည့် သူ့အဖိုးအား ယဲ့ဖန် ကယ်တင်နိုင်သည်ကို မြင်ခဲ့ရသည့်အတွက် ပိုင်ကန်းသည် ယဲ့ဖန်အား နတ်ဘုရားဟု ထင်မှတ်လာသည်။

ထို့ကြောင့် သူ၏ မျိုးဆက်မပြန့်ပွားနိုင်သည့်ရောဂါကို ကုသနိုင်တော့မည်ကို တွေးမိပြီး ပိုင်ကန်းတစ်ယောက် မျက်နှာ နီမြန်းလာသည်။

"မစ္စတာယဲ့!"

ပိုင်ကန်းတစ်ယောက် ယဲ့ဖန်အား အရိုအသေပေးကာ ခေါ်လိုက်သည်။

ယဲ့ဖန်က အသိအမှတ်ပြုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ မည်းနက်နေသောရေဇလုံကို လက်ညှိုးထိုးပြကာ "သောက်လိုက်"ဟု ပြောလိုက်သည်။

*ဘာ?*

ပိုင်ကန်း မျက်ခုံးပင့်သွားကာ မည်းနက်နေသော ရေဇလုံကို တစ်ချက်ကြည့်ကာ မယုံနိုင်သလို ပြောလိုက်သည်။ "မစ္စတာ… မစ္စတာယဲ့..ခင်ဗျား ဘာပြောလိုက်တာလဲ?"

"မင်းရဲ့ မျိုးဆက်မပြန့်ပွားနိုင်တဲ့ ရောဂါ ပျောက်ချင်ရင် သောက်လိုက်"

ယဲ့ဖန်က ပခုံးတွန့်ကာ ပြောင်စပ်စပ်နှင့် ပြောလိုက်သည်။

ဂလု!

ယဲ့ဖန်စကားကြောင့် ပိုင်ကန်း တံတွေးကို မနည်းမြိုချကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ ထို့နောက် သူ့မိသားစုဘက် လှည့်ကာ အကူအညီရလိုရငြား လှမ်းကြည့်လိုက်သည်။

သို့သော် အားလုံးက တစ်ဘက်လှည့်ကာ မမြင်ချင်ယောင်ဆောင်ထားကြသည်ကို သူ တွေ့လိုက်ရသည်။

ပိုင်ကန်း ငိုချင်လာသည်။

သို့သော် ယဲ့ဖန်က သူ့အဖိုးကို ပါးရိုက်ကာ ကုသပေးခဲ့သည်ကို သတိရမိပြီး မည်းနက်နေသောရေက သူ့ရောဂါအား ကုသပေးနိုင်သည်ဟု သူ သတိပြုလိုက်မိသည်။

ပိုင်ကန်း ချက်ချင်း မျက်လုံးအရောင်တောက်လာသည်။

မျိုးဆက်မပြန့်ပွားနိုင်သည်ထက်စာလျင် မည်းနက်နေသော ရေဇလုံထဲက ရေကို သောက်ရခြင်းက အသေးအမွှားကိစ္စပင်။

ချက်ချင်းကို ပိုင်ကန်းက ထိုရေဇလုံကို ကောက်ယူကာ သောက်လိုက်သည်။

စသောက်လိုက်သည်နှင့် ချဉ်စုတ်စုတ်အရသာကြောင့် ပိုင်ကန်း မျက်နှာမဲ့သွားသည်။ သို့သော် ခါးသက်သက် ခံစားလိုက်ရပြီးနောက်ပိုင်း အရသာရှိသလိုလို၊ ချိုသလိုလို ခံစားလိုက်ရသည့်အတွက် ပိုင်ကန်း မျက်လုံး အရောင်တောက်လာသည်။

ထို့နောက် အားလုံး၏ တအံ့တဩ အကြည့်အောက်မှာပင် ပိုင်ကန်းက သုံးရက်လောက် ရေငတ်နေသလို အငမ်းမရနှင့် ခပ်မြန်မြန် သောက်နေသည်။

အကုန်သောက်ပြီးသွားမှ စိတ်ကျေနပ်သလိုမျိုး လေချဉ်တက်လိုက်သည်။

*ဘာလားဟ!*

ပိုင်ကန်းတစ်ယောက် မည်းနက်နေသောရေကို ဆက်တိုက်သောက်နေသည်ကို ကြည့်ပြီး ပိုင်မိသားစုဝင်တိုင်း အာစေးမိနေသည်။

"ဟင်း… ငါ့ကို ဘောပင်ပေး"

ပိုင်ကန်း အကုန်သောက်သည်ကို ကြည့်ပြီး ယဲ့ဖန် မထိတထိပြုံးလိုက်ကာ ဆရာဝန်ကြီးထံမှ ဘောပင်ကို ယူကာ အမွေအနှစ်စာအုပ်ကို ပြုပြင်ပေးလိုက်သည်။

ထို့နောက် ဘောပင်အား ဆရာဝန်ကြီးအား ပြန်ပေးလိုက်ကာ "အဘိုးကြီး..ကျုပ် ဒီစာအုပ်ရဲ့ လျှို့ဝှက်နည်းလမ်းကို ပြင်ပေးလိုက်ပြီ။ ကျုပ်ပြင်ထားတဲ့အတိုင်း ကျင့်ကြံမယ်ဆို ဘယ်ပိုင်မိသားစုဝင်မှ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမှာမဟုတ်ဘူး"

*ဘာ!*

ပိုင်ကန်း ကြောင်သွားပြီးမှ ယဲ့ဖန်အား ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မစ္စတာယဲ့… ခင်ဗျားပြောချင်တာက ခင်ဗျား ပြင်ထားတဲ့အတိုင်း ကျင့်စဉ်ကို မကျင့်ကြံဘူးဆိုရင် ကျုပ်ရဲ့ မျိုးဆက်မပြန့်ပွားနိုင်တဲ့ရောဂါက မကုသနိုင်ဘူးလား? ဒါဆို ဘာလို့ ခင်ဗျား ကျုပ်ကို မည်းနက်နေတဲ့ရေတွေကို သောက်ခိုင်းရတာလဲ?"

*မည်းနက်နေတဲ့ရေ?*

ယဲ့ဖန်က ခေါင်းကိုကုတ်ကာ ခပ်ရှက်ရှက်ပြုံးကာ "ဘာမှတော့ မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားကို ကြည့်မရလို့ အဲ့လို သောက်ခိုင်းလိုက်တာ"

…..

ယဲ့ဖန်စကားကြောင့် ပိုင်ကန်း ဒယိမ်းဒယိမ်နှင့် လဲကျသွားလေတော့သည်။

*သေစမ်း..ဒီကောင် သက်သက်မဲ့ လုပ်တာပဲ*

*ရိုးရိုး မည်းနက်နေတဲ့ရေတွေကိုး…ငါကဆေးမှတ်နေတာ*

*ကလိမ်ကကျစ်ကောင်…*

ထိုရေကို သောက်ခဲ့သည်ကို ပြန်တွေးမိတိုင်း ပိုင်ကန်း သွေးအန်ချင်လာသည်။

ပိုင်ယီနှင့် ပိုင်ကျန်းခို့တို့သည်လည်း အာစေးသလို ဖြစ်နေပြီး "ဒီလူက သာမန်မဟုတ်ဘူး" ဟု တွေးလိုက်မိကြသည်။

*သူ စော်ကားမော်ကားလုပ်နေတယ်လို့ ထင်နေတဲ့အချိန်တုန်းက သူ တကယ် ကုပေးနေတာ*

*သူ့ခြေထောက်ဆေးထားတဲ့ရေက မျိုးဆက်မပြန့်ပွားနိုင်တာကို ကုသပေးနိုင်တယ် ထင်တဲ့အချိန်ကျတော့…အာ..ထားလိုက်ပါတော့လေ*

အခန်းထဲရှိလူတိုင်း မျက်ရည်ဝဲလာသည်။

ထိုစဉ် အဘိုးအို ရုတ်တရက် ထပြောလိုက်သည့်အတွက် လူတိုင်း သူ့ကို အာရုံစိုက်မိသွားသည်။ အဘိုးအိုက "မယုံနိုင်စရာပဲ…လုံးဝကို မယုံနိုင်စရာပဲ"

All Chapters