← Chapters

ငါတို့နှစ်ယောက်ကြားက ရန်ကြွေးတွေ ပြီးဆုံးဖို့ အချိန်တန်ပြီ

Vol. 5 Ch. 61

ငါတို့နှစ်ယောက်ကြားက ရန်ကြွေးတွေ ပြီးဆုံးဖို့ အချိန်တန်ပြီ

Vol. 5 Ch. 61

*ကုန်းယွင်ဖေး!*

ကုန်းယွင်ဖေးကို မြင်လိုက်ရသည်နှင့် ယဲ့ဟူတစ်ယောက် ခေါင်းမွှေးထောင်လာသလို ခံစားလိုက်ရသည်။

ကုန်းယွင်ဖေးသည် အညှာအတာ ကင်းမဲ့ပြီး ရက်စက်တတ်ကြောင်း သူ သိထားသည်။

သူ့ကို ဆန့်ကျင်သည့်သူတိုင်း တစ်စစီ ဖြစ်သွားကြတာချည်းပင်။

*ငါ လင်းလန်ကို ပြန်ပေးဆွဲခဲ့တာကို သူ သိသွားပြီထင်တယ်*

ယဲ့ဟူ သွေးခဲမတတ် ခံစားလိုက်ရကာ အော်ပြောလိုက်သည်။

"ကုန်း ... ကုန်းယွင်ဖေး ... မင်း ဒီကို ဘာလာလုပ်တာလဲ?

သူ၏ အသွင်အပြင်သည် ဖြူဖျော့၍ ရန်လိုဟန် ပေါက်နေသော်လည်း သူ့စိတ်ထဲတွင် ကြောက်ရွံ့နေသည်။

သူ့စကားကြောင့် ကုန်းယွင်ဖေးက လှောင်ရယ်လိုက်မိပြီး "ဘာလဲ ... ယဲ့ကလန် ရဲ့ ဒုတိယသခင်လေးက ငါ့ကို ကြောက်နေတာလား?"

သူက အခန်းထဲရှိ ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီးနောက် သူ့လက်ထဲတွင် သူ့လက်သည်းတွေကို သန့်ရှင်းရာတွင် သုံးလေ့ရှိသည့် ရွှေရောင်ဓားမြှောင်တစ်ချောင်း ပေါ်လာသည်။

"လင်းလန်က ငါ့ရဲ့သတို့သမီးလောင်းပဲ။ ဒါကို ယဲ့ကလန်ရဲ့ ဒုတိယသခင်လေးက လင်းလန်ကို ၂ခါတောင် ပြန်ပေးဆွဲခဲ့တဲ့အတွက် သေသင့်နေပင်မယ့် လောလောဆယ် ကျုပ်တို့မှာ ဘုံရန်သူ ရှိနေသေးတယ်"

*ဟမ်?*

*ဘုံရန်သူ?*

ယဲ့ဟူ ခေတ္တမျှ ကြောင်သွားပြီးမှ ကုန်းယွင်ဖေးကို စိုက်ကြည့်ကာ

"ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ...ကုန်းယွင်ဖေး"

ကုန်းယွင်ဖေးက ယဲ့ဟူအား ကြည့်ကာ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး

"ခင်ဗျား မျက်လုံးထဲမှာ ခင်ဗျားရဲ့ အစ်ကိုကြီး ယဲ့လုံတစ်ယောက်တည်းကိုပဲ ကလန်ရဲ့ဆက်ခံသူအဖြစ် ခံယူထားမှန်း ကျူပ်သိတယ်... အဲ့ဒါကြောင့် ယဲ့ဖန်ကို ခင်ဗျား သတ်ချင်နေတာမလား...  အဲ့သုံးစားမရတဲ့ကောင်ကို ကျုပ် သတ်ချင်စိတ်ပေါက်လာအောင်လို့ ခင်ဗျား လင်းလန်ကို ပြန်ပေးဆွဲခဲ့တာမလား"

ကုန်းယွင်ဖေးက ဘယ်အရာမှ သူ့မျက်စိအောက်က ဘယ်အရာမှ မလွတ်နိုင်သလို ကျောချမ်းဖွယ် အကြည့်များဖြင့် ကြည့်နေသည်။

"စိတ်မကောင်းစရာက....ခင်ဗျားက ယဲ့ဖန်ကြောင့် ခဏခဏ ခံနေတာပဲ"

"ဒါပေမယ့် အခု ယဲ့ဖန်ကို သေချာပေါက် အသေသတ်နိုင်မယ့် အခွင့်အရေး ရလာပြီလေ"

*ဘာရယ်*

*သူ အားလုံးကို သိနေတာပါလား!*

ကုန်းယွင်ဖေးက သူ့အကြံအစည်အကြောင်း ဂဃနဏ သိနေမည်ဟု မထင်ထားသဖြင့် ယဲ့ဟူ စိတ်လှုပ်ရှားလာသည်။

ထို့ကြောင့် ယဲ့ဟူက ကုန်းယွင်ဖေးအား ကြောက်လန့်တကြား မေးလိုက်သည်။ "ဆက်....ဆက်ပြောပါဦး..ဘယ်လို အခွင့်အရေးမျိုးလဲ?"

ကုန်းယွင်ဖေးက ရက်စက်စွာ ပြုံး၍ "ဒီအခွင့်အရေးက ခင်ဗျားအတွက် အံကိုက်ပဲ။ ဒါပေမယ့် ကျုပ် ခင်ဗျားဆီက ငှားစရာ တစ်ခုရှိတယ်"

*ဟင်?*

ယဲ့ဟူ စိတ်ထဲထင့်လာကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

"မင်း...မင်းက ဘာလိုချင်တာလဲ?"

"မင်းရဲ့လက်!"

ထိုသို့ ပြောပြီး ရွှေရောင်အလင်းတန်း ၂တန်း ဖျတ်ခနဲ ပေါ်လာပြီး သူ့လက်နှစ်ဘက် လေပေါ်မြောက်တက်သွားသည်ကို ယဲ့ဟူ မြင်လိုက်ရလေတော့သည်။

ထို့နောက် သူ့ဒဏ်ရာမှ သွေးများက ရေတံခွန်သဖွယ် ဒလဟော စီးကျလာတော့သည်။

"အား...."

စူးရှသော နာကျင်မှုကြောင့် ယဲ့ဟူ ကျယ်လောင်စွာ ထအော်လိုက်မိသည်။ ကုန်းယွင်ဖေးသည် မိစ္ဆာတစ်ကောင်ပါလား။

ယဲ့ဟူတစ်ယောက် နာကျင်မှုကြောင့် တုန်ယင်နေသည်ကို ကြည့်ပြီး ကုန်းယွင်ဖေး ပို၍ ရက်စက်စွာ ပြုံးလိုက်မိသည်။

ယဲ့ဟူ၏ ပါးကို သူ၏ အေးစက်နေသော လက်များဖြင့် ပုတ်ကာ နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။

"ယဲ့ကလန်က ဒုတိယသခင်လေး  ...  ဒါ မျက်လုံးတစ်လုံးအတွက် တစ်လုံးပဲ။ မနက်ဖြန် ယဲ့ကလန်ရဲ့ နှစ်စဉ်တွေ့ဆုံပွဲမှာ မင်းလက်နှစ်ဘက်က ယဲ့ဖန်ကြောင့် ပြတ်သွားတယ်လို့ ပြောလိုက်ရင် မင်း သူ့ကို သတ်လို့ရပြီ"

စကားအနည်းငယ်ပြောပြီးနောက် ကုန်းယွင်ဖေး ပြတင်းပေါက်ဘက်သို့ လျှောက်သွားကာ ညအမှောင်တွင် ပျောက်ကွယ်သွားလေတော့သည်။

.....

နောက်တစ်နေ့ မနက်တွင် နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလာသည်။

မိုးမခသစ်ပင်ပေါ်တွင် ယဲ့ဖန်သည် မျက်လုံးမှိတ်ကာ နတ်ဆိုးမျက်လုံးမှ နတ်ဆိုးချီဓာတ်များကို စုပ်ယူနေသည်။

နတ်ဆိုးချီဓာတ်များသည် ချွေးပေါက်များမှ တစ်ဆင့် ကိုယ်တွင်းသို့ စီးဝင်လာကာ သူ၏ နတ်ဆိုးခွန်အားများကို တိုးပွားလာစေသည်။

နောက်ကျိနေသော ချီဓာတ်များကို အပြင်သို့ ထုတ်လွှတ်လိုက်ပြီးနောက် ယဲ့ဖန် မျက်လုံးဖွင့်လိုက်သည်။

*နတ်ဆိုးမျက်လုံးထဲက နတ်ဆိုးချီဓာတ်က သိပ်ကိုသန့်စင်တာပဲ။ အထဲမှာ နတ်ဆိုးပုံဆောင်ခဲ ရှိကိုရှိလိမ့်မယ်။ စိတ်မကောင်းစရာက အခုလက်ရှိအချိန်မှာ အဲ့ဒီပုံဆောင်ခဲကို ငါ ရအောင်ယူလို့ မရသေးဘူး*

ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။

*အဲ့ဒီ ပုံဆောင်ခဲကိုသာ ရမယ်ဆိုရင် ငါ နတ်ဆိုးခွန်အားစုစည်းခြင်း ပစ္စည်းကို ပြုလုပ်ဖို့ လွယ်ကူပြီး ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်နိုင်မှာ*

ထိုစဉ် ခြေသံတစ်ချို့ ကြားလိုက်ရသည်။ ယဲ့ဖန် ခေတ္တမျှ တွေဝေသွားပြီးနောက် လှည့်ကြည့်လိုက်သောအခါ ယဲ့ကလန်၏ တိုက်ရိုက်မျိုးဆက်များထဲမှာ တစ်ယောက်ဖြစ်သော ယဲ့မော့ဆိုသည့် လူငယ်လေးကို တွေ့လိုက်ရသည်။

ယဲ့ဖန်၏ မှတ်ဉာဏ်များအရ အခြားယဲ့ကလန်ဝင်များထက်စာလျင် ယဲ့မော့က သာမန်ထက် ပို၍ သဘောကောင်းသည်။ ယဲ့မော့သည် ယခင်က သူ့ကို လှောင်ပြောင်ခဲ့ခြင်း မရှိသည့် ယဲ့မိသားစုဝင် တစ်ယောက် ဖြစ်သည်။

ထို့နောက် ယဲ့ဖန်က အသာပြုံး၍ ယဲ့မော့အား စကားလှမ်းပြောလိုက်သည်။ "ယဲ့မော့....မင်း ဒီကို ဘာလို့လာတာလဲ?"

ပိန်ပါးပါး ပုပြတ်ပြတ်နှင့် ယဲ့မော့က ယဲ့ဖန်အား ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ယဲ့မော့က စကားစလိုက်သည်။ "ယဲ့ဖန်...ငါတို့ ဒီနေ့ ယဲ့ကလန်ရဲ့ နှစ်စဉ်စုဝေးပွဲ ကျင်းပမှာ"

*ယဲ့ကလန်ရဲ့ နှစ်စဉ်စုဝေးပွဲ?*

ထို့နောက် တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် နှစ်စဉ်စုဝေးပွဲအား ယဲ့မိသားစုဝင်တိုင်း တက်ရောက်ရသည်ကို သူ အမှတ်ရလိုက်သည်။

တရားမဝင်သား ဖြစ်သော်လည်း ယဲ့ဖန် ထိုပွဲကို မဖြစ်မနေ တက်ရောက်ရမည်။ သို့သော် သူ သွားသည့်အခါတိုင်း အမြဲ လှောင်ပြောင်သရော်ခြင်း ခံရသည်။

"ယဲ့ဖန် .... ငါပြောတာ နားထောင်... မင်း လုံးဝ မလာသင့်ဘူး" ဟု ယဲ့မောက မျက်နှာသေဖြင့် ပြောလာသည်။

ယဲ့မော့ စကားကြောင့် ယဲ့ဖန် တွေဝေသွားကာ ပြန်မေးလိုက်သည်။

"ဘာလို့လဲ?"

"ငါ ရှင်းပြလို့ မရဘူး .. ဒါပေမယ့် ငါ ပြောတာကို ယုံကြည်ပေးပါ...မင်း လုံးဝ မလာသင့်ဘူး"

ယဲ့မော့ကို ကြည့်ရတာ ရှက်နေသည့်ပုံပင်။ သူ့မှာ တွေးပူစရာတွေ အများကြီး ရှိနေပုံ ရသည်။

ထိုစဉ် ခက်ထန်သော စကားသံကို ကြားလိုက်ရပြီး ယဲ့မော့ တုန်ယင်လာသည်။

"ယဲ့မော့...မင်း ဒီမှာ ဘာလုပ်နေတာလဲ?"

မိုးမပင်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာနေသော ကောင်လေးတစ်ယောက်ကို ယဲ့ဖန် မြင်လိုက်ရသည်။ ထိုသူ၏ မျက်လုံးက ရေခဲတမျှ အေးစက်နေ၏။

*ယဲ့လင်!*

*ယဲ့ဟူရဲ့ နာမည်ကြီး လက်ပါးစေတွေထဲကတစ်ယောက်!*

*ယခင်တုန်းကလည်း ယဲ့ဖန်ကို သူ အညှာအတာမရှိ နှိပ်စက်ခဲ့ဖူးတာပဲ*

ယဲ့လင်ကို မြင်လိုက်ရသည်နှင့် ယဲ့မော့ ကြောက်လန့်တကြား ဖြစ်လာသည်။

"အဟက်....ယဲ့မော့...မင်း ပါးစပ်ပိတ်နေသင့်တယ်"

ယဲ့လင်က ယဲ့မော့အား ဝါးစားမတတ် ကြည့်လိုက်ပြီးမှ ယဲ့ဖန်ကို ကြည့်၍ "ဟီးဟီး...ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်းမှာ မင်း ဒီလောက် နာမည်ကြီးမယ်လို့ ငါ မထင်ထားဘူး။ ကျောင်းသားတစ်ယောက်ကို မင်းအကြောင်း မေးလိုက်တာနဲ့ မင်းရှိမယ့်နေရာကို တန်းပြောတာပဲ"

ယဲ့လင်သည် အထင်သေးသည့်စိတ်ကို ဖုံးမရသည့်ဟန်ဖြင့် လှောင်ရယ်ကာ "သွားကြစို့..ယဲ့ဖန်.... ကလန်ခေါင်းဆောင်က မင်းကို အပါခေါ်ခဲ့ဖို့ မှာလိုက်တယ်...ကျန်တဲ့ ယဲ့မိသားစုဝင်တွေ အကုန်ရောက်နေပြီ။ သူတို့ မင်းကို စောင့်နေကြတယ်"

ယဲ့လင်က ပြောင်စပ်စပ် မျက်နှာပေးနှင့် ကြည့်နေပြန်သည်။

*ယဲ့မိသားစုဝင်တွေ အကုန် ရောက်နေပြီ?*

ယဲ့ဖန်က မျက်လုံးကို အသာမှေး၍ "ယဲ့ဟူရော?" ဟု မေးလိုက်သည်။

*ဟမ်?*

ယဲ့ဖန်၏ စကားကြောင့် ယဲ့မော့နှင့် ယဲ့လင် မျက်နှာပျက်သွားသည်။

"ဒါပေါ့...အစ်ကိုယဲ့ဟူလည်း ရောက်နေပြီ"

ယဲ့လင်က ညစ်ပတ်စွာ ပြုံးလိုက်သည်။

သူ့စကားကြောင့် ယဲ့ဖန် သစ်ပင်ပေါ်မှ ခုန်ကျလိုက်ပြီး သူ့မျက်လုံးမှ အေးစက်စက် အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။

ထို့နောက်

"သွားကြစို့.... တော်တော်တောင် ကြာနေပြီပဲ...ငါတို့နှစ်ယောက်ကြားက ရန်ကြွေးတွေ ပြီးဆုံးဖို့ အချိန်တန်ပြီ" ဟု ယဲ့ဖန်က ပြောလိုက်သည်။

*ဘာရယ်!*

ယဲ့ဖန် ရှေ့က အရင်ထွက်သွားတာကို ကြည့်ပြီး ယဲ့မော့နှင့် ယဲ့လင်တို့ ကြောင်သွားသည်။

ယဲ့လင်က အထင်သေးသလို ကြည့်ကာ ယဲ့ဖန်နောက်က လိုက်သွားပြီး သူတို့နောက်၌ ယဲ့မော့က စိုးရိမ်တကြီး လိုက်လာသည်။

ယဲ့ဖန်၊ ယဲ့မော့နှင့်ယဲ့လင်တို့ ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်းမှ ထွက်လာကြသည်။

သူတို့ လမ်းမပေါ်သို့ လျှောက်လာကြပြီး နောက်ဆုံး လမ်းတစ်ခုကို ဖြတ်ပြီးနောက် ယဲ့လင်သည် ရုတ်တရက် နံရံနှင့် ခေါင်းကို ဝင်တိုက်လိုက်သည်။

ဘန်း!

ယဲ့လင်၏ ဦးခေါင်းက နီရဲလာသည်။

ထူးဆန်းစွာပင် ပျာယာခတ်နေရမည့်အစား ယဲ့လင်က သဘောတကျ ပြုံးနေသည်။

ယဲ့ဖန်ကို စိုက်ကြည့်ပြီးနောက် ယဲ့ကလန်၏ တံခါးပေါက်သို့ လျင်မြန်စွာ ဝင်သွားသည်။

ကျန်းရှီမြို့၏ ပထမတန်းစားကလန်များဖြစ်သော ပိုင်ကလန်နှင့် ကုန်းကလန် ပြီးလျင် ယဲ့ကလန်သည် ထိပ်ဆုံး၌ ရှိနေသည့် ဒုတိယတန်းစား ကလန်တစ်ခု ဖြစ်သည်။

အိမ်တော်သည် ခမ်းနားပြီး မျက်စိပသာဒ ဖြစ်လှသည်။

သို့သော် ရုတ်တရက် ယဲ့လင်က လွန်စွာ ထိတ်လန့်နေသည့် အမူအရာဖြင့် အခြား ယဲ့မိသားစုဝင်များ အော်ဟစ်၍ အကူအညီ တောင်းလိုက်သည်။

"ကူညီကြပါဦး..ကယ်ကြပါဦးဗျာ....ယဲ့ဖန် ကျွန်တော့်ကို ရိုက်နေလို့ပါ"

All Chapters