← Chapters

မင်း အပြစ်ကျူးလွန်ခဲ့သလား?

Vol. 5 Ch. 63

မင်း အပြစ်ကျူးလွန်ခဲ့သလား?

Vol. 5 Ch. 63

ပြင်းထန်တယ်!

ရက်စက်တယ်!

ယဲ့ဖန်၏ လှုပ်ရှားမှုများကြောင့် အားလုံး သွေးပျက်သွားကြသည်။

သတ္တိကြောင်သော တရားမဝင်သားက ဒီလောက် ရက်စက်ပြင်းထန်တတ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပါ။

ကြမ်းပြင်ပေါ်မှာ ခွေးသေတစ်ကောင်လို လဲနေသည့် ယဲ့လင်၏ ပုံစံက အသတ်ခံရဖို့ စောင့်နေရသည့် ဝက်တစ်ကောင်နှင့် တူလှသည်။

သူ၏ ခြေလက်အင်္ဂါအားလုံး ကျိုးကြေနေပြီဖြစ်သည်။

ထို့နောက် ယဲ့ဖန်က "ကျုပ် လူတွေကို ဘယ်လို အနာတရဖြစ်အောင် လုပ်တတ်လဲဆိုတာ ပြရတာပေါ့"

ဂလု!

ယဲ့ဖန်ကိုကြည့်ပြီး ယဲ့မော့ မနည်းကို တံတွေးမြိုချလိုက်ရပြီး သူ့တစ်ကိုယ်လုံး ကြယ်သီးတဖြန်းဖြန်း ထလာသည်။

သူ့ကလန်က အမြဲနှိပ်စက် အနိုင်ကျင့်နေသည်ကို ခံနေရသည့်သူက ဒေါသထွက်လာသောအခါ အရူးတစ်ယောက်ထက်တောင် ပို၍ ကြောက်ဖို့ကောင်းနေသေးသည်။

"ခွေးမသား…"

ယဲ့ယွင်ရှန်၏ မျက်နှာကြီး ဖွေးစုတ်လာကာ ယဲ့ဖန်အား မဖော်ပြနိုင်လောက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ယဲ့ဖန်! မင်း…မင်း မိသားစုဝင်တွေရှေ့မှာ သူကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့…မင်းအပြစ်ကို မင်း ဝန်ခံမလား?"

ယဲ့ယွင်ရှန် အရမ်း ဒေါသထွက်နေသည်။

ယဲ့ဖန်က သူ့မျက်စိရှေ့မှာတင် ယဲ့လင်ကို ကျိုးကန်းအောင် လုပ်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။

ယဲ့ဖန်၏ ရက်စက်သော အပြုအမူက သူ့ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။

ဒီလောက် ရက်စက်ကြမ်းကြုတ်သူမျိုး အရင်က သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ယဲ့ဖန်က ယဲ့လင်၏ ခြေလက်အင်္ဂါကို ထမင်းစားရေသောက်သလို တည်တည်ငြိမ်ငြိမ်နှင့် ကျိုးခဲ့သည်လေ။

*မင်းအပြစ်ကို မင်း ဝန်ခံမလား?*

ယဲ့ဖန်က ယဲ့ယွင်ရှန်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။

"ယဲ့လင်က ကျုပ်ကို အကြောင်းမရှိ အကြောင်းရှာပြီး ချောက်ချခဲ့တယ်၊ ဒါကကော သူ အပြစ်ကျူးလွန်ခဲ့တာ မဟုတ်ဘူးလား?"

"ခင်ဗျား ဘာမှ မစစ်ဆေးဘဲ ကျုပ်ကို တန်းဆူပူမာန်မဲခဲ့တယ်။ ခင်ဗျားကကော အပြစ်ကျူးလွန်ခဲ့တာ မဟုတ်ဘူးလား?"

"ကျုပ် ယဲ့လင်ကြောင့် ချောက်ချခံနေရတုန်းက ယဲ့မော့ တစ်ယောက်ပဲ ကျုပ်အတွက် ဝင်ပြောပေးခဲ့တယ်။ အခြားသူတွေကကော အပြစ်ကျူးလွန်ခဲ့ကြတာ မဟုတ်ဘူးလား?"

….

ယဲ့ဖန်၏ မေးခွန်းသုံးခုက မာန်ပါလှသည်။

မေးခွန်းတစ်ခုဆီတိုင်းက ယဲ့ယွင်ရှန်အား နောက်ဆုတ်ဆုတ်သွားစေသည်။

မေးခွန်းသုံးခုကို ကြားပြီးနောက် ယဲ့ယွင်ရှန်၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်လာကာ သူ့နဖူးတွင်လည်း ချွေးစို့လာသည်။

ဘာရယ်ကြောင့်မှန်းမသိ ယဲ့ဖန်က မုန်ယိုနေသော သားရဲတစ်ကောင်နှင့် တူသည်ဟု ယဲ့ယွင်ရှန် ခံစားမိသည်။ သူ ဆက်ပြောလျင် သူ အသက်ရှိတော့မည် မဟုတ်ဟုလည်း ခံစားနေရသည်။

….

ယဲ့ဖန်၏ စူးရှသောအကြည့်အောက်တွင် ယဲ့ယွင်ရှန်တစ်ယောက် ဝရုန်းသုန်းကားဖြစ်နေသည်။

"တော်လောက်ပြီ"

ယဲ့ယွင်ရှန် ပြဿတက်နေချိန်တွင် ယဲ့ဖန့်ချန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

အဓိကခုံတွင်ထိုင်နေသော ယဲ့ဖန်ချန်သည် မုတ်ဆိတ်ဖြူများနှင့် အိုမင်းနေပုံရသော ဂုဏ်သိက္ခာရှိသည့် သူတစ်ယောက် ဖြစ်သည်။

သူက ယဲ့ဖန်အား တအံ့တဩကြည့်နေမိသည်။

သူမြေးနှင့် နောက်ဆုံးတစ်ကြိမ် တွေ့ပြီးနောက်ပိုင်း သူ့မြေး အရင်ကနှင့် မတူတော့တာကို သူ သတိထားမိသည်။

"ယဲ့ဖန် …. အဲ့ကိစ္စကို ခဏထားလိုက်ဦး။ ငါတို့ မင်းရဲ့ ဖြေရှင်းချက်ကို လိုအပ်တဲ့နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"

ယဲ့ဖန့်ချန်က ထိုသို့ ပြောပြီး ယဲ့ဖန်အား စိတ်ရှုပ်စွာ ကြည့်နေသည်။ အမှန်တော့ သူ ယဲ့ဖန်ကို တအား ဂရုစိုက်သည်။

ယဲ့ဖန်အား ယဲ့ကလန်၏ တရားဝင်မိသားစုဝင်အဖြစ် ကြေညာချင်ပြီး သူ့နေရာကိုတောင်မှ ဆက်ခံစေချင်သေးသည်။

သို့သော် ထိုသို့ သူ မည်မျှပင် လုပ်ချင်နေသော်လည်း ဒါကို ကန့်ကွက်သည့်သူများစွာ ရှိနေခဲ့သည်။

ယဲ့ဖန်ချန်က သက်ပြင်းချကာ မေးလိုက်သည်။ "ယဲ့ဖန် … မင်း မနေ့ညက ဘယ်မှာ ရှိနေတာလဲ?"

*မနေ့ညက?*

ယဲ့ဖန် ကြောင်သွားပြီးမှ မျက်လုံးကို မှေး၍ "အိမ်မှာလေ" ဟု ပြန်ပြောလိုက်သည်။

"အိမ်မှာ?"

ယဲ့ဖန့်ချန်၏ ဒုတိယသားဖြစ်သူ ယဲ့ယွင်ဟိုင်က ယဲ့ဖန်ကို ကြည့်ကာ မေးလိုက်သည်။ "ဒါကို သက်သေခံပေးမယ့်သူ ရှိသလား?"

*အမ်?*

ယဲ့ဖန်မျက်နှာက သုန်မှုန်လာကာ

"ကျုပ်နဲ့နေတဲ့သူကို မေးကြည့်ပါလား?"

"မင်းတစ်ယောက်တည်းပဲ နေတာလေ"

ယဲ့ယွင်ဟိုင်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ သို့သော် ဖြေပြီးပြီးချင်း သူ မျက်နှာပျက်သွားသည်။

ယဲ့ဖန်က တစ်ယောက်တည်းနေသူမို့ သူ့မေးခွန်းက အဓိပ္ပာယ်မရှိတော့။

ထို့ကြောင့် ယဲ့ယွင်ဟိုင်တစ်ယောက် အိုးတိုးအန်းတန်း ဖြစ်သွားရသည်။

သို့သော် သူက ခပ်တည်တည်နှင့် ဆက်ပြောလိုက်သည်။ "ယဲ့ဖန်…မင်းက တစ်ယောက်တည်းနေတာဆိုတော့ မနေ့ညက မင်းအိမ်မှာ ရှိတာကို ဘယ်သူမှ သက်သေမခံပေးနိုင်ဘူး။ ဒါကမင်းအိမ်မှာ ရှိချင်ရှိမယ်၊ မရှိချင်မရှိဘူးဆိုတဲ့ သဘောပဲ။ အဲ့ဒါကြောင့် မင်းစကားတွေက မယုံကြည်ရဘူး"

ယဲ့ယွင်ဟိုင်၏စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်ကာ "ခင်ဗျား ဘာပြောချင်တာလဲ?"

*ငါဘာပြောချင်တာလဲ ဟုတ်လား?*

သူ့စကားကြောင့် ယဲ့ယွင်ရှန် ချက်ချင်း ခုံမှ ထရပ်ကာ ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက်ထိုး၍

"မင်းကိုယ်မင်း ပြန်မေးကြည့်ပါလား! မနေ့ညက ဘာလို့ ဆေးရုံကို ခိုးဝင်ပြီး ငါ့သားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရတာလဲ? မင်း သူ့လက်တွေကိုတောင် ခုတ်လိုက်သေးတယ်လေ!"

*ဘာ!*

ယဲ့ယွင်ရှန်၏ စကားကြောင့် ယဲ့မော့ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

သို့သော် ယဲ့ဖန်ကတော့ ယခင်အတိုင်း တည်တည်ငြိမ်ငြိမ်နှင့် မျက်လုံးကို မှေး၍ ကြည့်နေသည်။

ထိုစဉ် ယဲ့ယွင်ရှန်က လက်ဝှေ့ယမ်းက "ယဲ့ဟူကို အထဲခေါ်လာခဲ့" ဟု အော်လိုက်သည်။

ယဲ့ယွင်ရှန် စကားအဆုံး၌ ယဲ့ကလန်၏ လူငယ်တစ်ချို့က ဝှီးချဲတစ်စီးကို ခန်းမထဲသို့ အလျင်အမြန် တွန်းလာသည်။

ဝှီးချဲပေါ်တွင် လုံးဝကို ကျိုးကန်းနေသော လူတစ်ယောက် ရှိသည်။

ထိုသူကား ယဲ့ဟူပင်။

ခြေထောက်များ ကျိုးနေပြီး လက်များလည်း မရှိတော့။ ယဲ့ဟူပုံစံက လူမမာလို ဖြူရော်နေကာ ပတ်တီးများမှ သွေးများလည်း စိမ့်ထွက်နေသည်။

သို့သော် ယဲ့ဟူက ယဲ့ဖန်ကို မြင်သည်နှင့် မကြည်သလို ကြည့်ကာ ကြောက်စရာကောင်းအောင် ထအော်တော့သည်။

"အဲ့ကောင်ပဲ။ ကျွန်တော့်အခန်းထဲ ခိုးဝင်ပြီး ကျွန်တော့်ကို သတ်ချင်နေတာ အဲ့ကောင် ယဲ့ဖန်ပဲ။ သူ့ဓားချက်ကို ကျွန်တော် လက်နဲ့ ခုခံလိုက်လို့ ကျွန်တော့်လက်နှစ်ဘက်လုံးကို ဆုံးရှုံးလိုက်ရတာ"

ယဲ့ဟူ၏ လေသံက စူးစူးဝါးဝါးနှင့် သူနှင့် ယဲ့ဖန်ကြားက ရန်ကြွေးကို ဘယ်တော့မှ မေ့နိုင်ဟန် မရပေ။

"မြန်မြန် ... သူ့ကို မြန်မြန် သတ်လိုက်ကြပါ။ ကျွန်တော် ခံစားနေရတာတွေအတွက် လက်စားချေဖို့ သူ့ကို သတ်ပေးကြပါ"

ယဲ့ဟူ၏ သနားကမား ပုံစံက ယဲ့ကလန်သားတိုင်းအား မခံမရပ်နိုင် ဖြစ်လာစေသည်။

သူတို့အားလုံးက ယဲ့ဖန်အား အရှင်လတ်လတ် အရေခွံဆုတ်ချင်သလို ဒေါသတကြီး ကြည့်နေကြသည်။

ဤသည်ကို ကြည့်ပြီး ယဲ့ဖန် မျက်မှောင်ကြုတ်လာကာ မျက်လုံးကလည်း ရေခဲတမျှ အေးစက်လာသည်။

"စိတ်ဝင်စားစရာပဲ! စိတ်ဝင်စားစရာပဲ!"

ယဲ့ဖန်က ပုံမှန်မဟုတ်သော အပြုံးမျိုးနှင့် သူတို့ ဘယ်လိုအကွက်တွေ ဆက်ရွှေ့မလဲဆိုတာကို သိချင်စိတ်ဖြင့် ကြည့်နေသည်။

"ယဲ့ဖန်…မင်း အပြစ်ကျူးလွန်ခဲ့သလား?"

ယဲ့ယွင်ရှန်က ယဲ့ဖန်အား အပိုင်းပိုင်း ဖြတ်တော့မလို နာကြည်းစွာ ကြည့်နေသည်။

အခုမှပဲ ဘာကြောင့် ယဲ့ယွင်ရှန်က သူ့ကို အရမ်း မုန်းတီးကာ ယဲ့လင်က သူ့ကို ချောက်ချတာကို ကူညီပေးနေသည်ကို နားလည်လိုက်သည်။ သူက သူ့သားအတွက် လက်စားချေချင်နေတာကိုး။

ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး "ခင်ဗျား မှားနေပြီ။ သူ့ကို ကျုပ်က သတ်ချင်နေတာ မဟုတ်ဘူး။ သူက ကျုပ်ကို သတ်ချင်နေတာ"

*ဘာရယ်!*

ယဲ့ဖန်စကားကြောင့် ယဲ့ကလန်သားများ ငေးငိုင်သွားပြီးမှ ယဲ့ဖန်က စောဒကတက်ချင်နေသေးသည်ဟု ထင်ကာ ဒေါပွလာကြသည်။ ထို့ကြောင့် အားလုံးက ယဲ့ဖန်အား ကျိန်ဆဲလေတော့သည်။

ယဲ့ဖန်ကတော့ သူတို့ ထင်မြင်ချက်တွေကို အရေးမစိုက်ဘဲ ယဲ့ဟူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"အရင်တုန်းက ယဲ့ဟူက ကျုပ်ကို သတိလစ်အောင် လုပ်ပြီး လင်းလန်ကို ဆေးခတ်ခဲ့တယ်။ ပြီးတော့ ကျုပ်တို့ကို တစ်ခန်းတည်း အတူတူထားပြီး အကွက်ချ ကြံစည်ခဲ့တယ်။ သူက ကုန်းယွင်ဖေး ကျုပ်ကို သတ်တာကို လိုချင်နေတာ"

"အဲ့ဒါပြီးတော့ သူက လူတစ်ချို့ကို လင်းလန်ကို ပြန်ပေးဆွဲခိုင်းပြီး ကျုပ်မရှိတုန်း သူမကို ကျုပ်အခန်းထဲ ထားခိုင်းခဲ့တယ်။ သူက အဲ့လူတွေကို လင်းလန်ကို မုဒိန်းကျင့်ပြီးမှ သတ်ခိုင်းခဲ့တယ်။ ဒါမှ ကျုပ်ကို ထောင်ချောက်ဆင်လို့ ရမှာပေါ့"

"ပြောပါဦး .. အပြစ်ကျူးလွန်တာ သူလား ကျုပ်လား?"

….

သူ့စကားကြောင့် ယဲ့ကလန်သား အများစုက ယဲ့ဖန်က ယဲ့ဟူကို ထောင်ဖမ်းချင်၍ အကွက်ချနေသည်ဟု ထင်ကာ ကျိန်ဆဲကြပြန်သည်။

ယဲ့ဟူက မျက်နှာနီမြန်းနေကာ ဒေါသတကြီး ကြုံးဝါးသည်။

"ယဲ့ဖန်..မင်းက ငါ့ကို အပြစ်ရှာနေတာလား? မင်းပြောတာကို သက်သေပြဖို့ သက်သေရှိလို့လား?"

ယဲ့ဟူက သရော်သည့်ဟန်ဖြင့် "မင်းစကားတွေအားလုံးက အလိမ်အညာတွေချည်းပဲ၊ ဒါပေမယ့် ငါ့စကားတွေကို ငါ့ဒဏ်ရာတွေက သက်သေခံနေတာလေ"

ယဲ့ဟူက ယဲ့ဖန်၌ မည်သည့်သက်သေမှ မရှိဟု သေချာပေါက်တွက်ကာ ညစ်ပတ်စွာ ပြုံးလိုက်သည်။

ယဲ့ဖန်က ယဲ့ဟူကို ကြည့်ကာ ထပ်မံ၍ လှောင်ရယ်လိုက်ပြီး "သက်သေလား? ငါ့သက်သေက မင်းပါးစပ်ထဲမှာပဲလေ!"

*ဘာရယ်?*

အားလုံးကြောင်သွားပြီးမှ ယဲ့ဖန် ရူးနေပြီဟု ထင်လိုက်ကြသည်။

*သက်သေက ယဲ့ဟူပါးစပ်ထဲမှာ ရှိတယ်?*

*မင်း နောက်နေတာလား?*

ယဲ့ကလန်သားတိုင်းက ယဲ့ဖန်ကို ရူးနေပြီဟု ထင်ကာ အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

ထိုစဉ် ယဲ့ဖန်မျက်လုံးမှ ခရမ်းရောင် အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။

….

စက္ကန့်ပိုင်းအတွင်းမှာတင် ယဲ့ဟူတစ်ယောက် မိုးကြိုးပစ်ချခံလိုက်သလို ဖြစ်ကာ လဲကျမလို ဖြစ်သွားသည်။

"မင်း ငါ့ကို ဘယ်လို ထောင်ချောက်ဆင်လဲဆိုတာကို ငါ့ကို ပြောပြပါဦး"

ယဲ့ဖန်က ယဲ့ဟူအား တည်ငြိမ်စွာ မေးလိုက်သည်။

ယဲ့ကလန်သားတိုင်းက ယဲ့ဖန်တော့ စိတ်လွတ်သွားပြီဟု ထင်ကာ အထင်သေးသလို ကြည့်နေကြသည်။

ထိုစဉ် ယဲ့ဟူက တောင့်ခနဲ ဖြစ်သွားကာ သူပြောလိုက်သော စကားများကြောင့် အားလုံး ထိတ်လန့်သွားသည်။

"ငါ အဲ့နေ့က မင်းကို သတိလစ်အောင်လုပ်ပြီး လင်းလန်ကို ဆေးခပ်ဖို့ လူတစ်ယောက် ခိုင်းခဲ့တယ်"

ယဲ့ဟူက ငေးငိုင်နေကာ ဖြည်းဖြည်းချင်း ပြောလာသည်။

သူ့စကားကို ကြားကာ ယဲ့ကလန်သားတိုင်း မယုံသင်္ကာဖြစ်သွားကြသည်။

*မဖြစ်နိုင်ဘူး!*

*ယဲ့ဟူက ဘယ်လိုလုပ် အဲ့လိုပြောရတာလဲ!*

ယဲ့ဖန်၏ မေးခွန်းကို ယဲ့ဟူ ဖြေလိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြချေ။

*စိတ်ညှို့လိုက်တာပဲ!*

ယဲ့ဖန်၏ စိတ်ညှို့တာကို ယဲ့ဟူ ခံလိုက်ရမှန်း သိသာလှသည်။

သို့သော် သူတို့ သူ့ကို မတားနိုင်သဖြင့် ဒီအတိုင်း ငြိမ်၍ နားထောင်နေရသည်။

ယဲ့ဖန့်ချန်၊ ယဲ့ယွင်ရှန်နှင့် ယဲ့ယွင်ဟိုင်တို့၏ မျက်နှာက မကျေမနပ်ဖြစ်နေဟန် ပေါက်သည်။

"ခွေးမသား…ဘယ်လိုလုပ် ယဲ့ဟူက ပေါ်တင် ပြောနေရတာလဲ?"

ယဲ့ဟူ၏ စကားများကြောင့် ယဲ့ဖန့်ချန်၏ မျက်နှာက ပြာနှမ်းလာကာ ယဲ့ယွင်ရှန်အား စိုက်ကြည့်၍ အော်လိုက်သည်။

"ယွင်ရှန်….နားထောင်…မင်းရဲ့သားတော်မောင် ဘာလုပ်ခဲ့သလဲဆိုတာကို နားထောင်နေစမ်း!"

သူ့ဖခင်၏ အပြစ်တင်သံကြောင့် ယဲ့ယွင်ရှန် ဒေါသထွက်လာသည်။ ယဲ့ဟူက ဒီလောက် ရူးမိုက်သည့် ကိစ္စများကို လျှို့ဝှက်ပြီး လုပ်ထားခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့သလို ဒီလိုလုပ်ထားတာကို ဝန်ခံလိမ့်မည်ဟုလည်း သူ မထင်ထားခဲ့ပေ။

"မနေ့ညက ကုန်းယွင်ဖေး ကျွန်တော့်အခန်းထဲ ခိုးဝင်လာပြီး ကျွန်တော့်လက်တွေကို ဖြတ်သွားတယ်။ သူက ကျွန်တော် ယဲ့ဖန်ကို ထောင်ချောက်ဆင်ပြီး ယဲ့ကလန်ရဲ့ အာဏာနဲ့ ယဲ့ဖန်ကို သတ်လိုက်တာကို လိုချင်နေတာ"

ယဲ့ဟူက သူလုပ်ခဲ့သမျှ အပြစ်တွေကို ဝန်ခံလာသည်။

ဖျောက်!

ယဲ့ဖန် လက်ဖျောက်တီးလိုက်သည်နှင့် ယဲ့ဟူ၏ ငေးငိုင်နေသည့်ပုံစံက ချက်ချင်း ပျောက်ကွယ်သွားသည်။

"ငါ…ငါ ဘာဖြစ်သွားတာလဲ? မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ?"

ယဲ့ဟူ တွေဝေနေပြီးမှ ယဲ့ဖန့်ချန်အား ငိုကြွေး၍ တိုင်တန်းလိုက်သည်။

"ဖိုးဖိုး … အဲ့ကောင်ကို မြန်မြန် သတ်လိုက်ပါတော့။ မနေ့ညက သူ ကျွန်တော့်ကို သတ်ချင်နေတာ။ ကျွန်တော့်လက်က သူ့ကြောင့် ပြတ်သွားရတာပါ။ ဒါတွေအားလုံးက သူ့အမှားတွေပါ"

ယဲ့ဟူပုံစံက နာနာကြည်းကြည်းဟန်ပေါက်နေပြီး ခုနက ဘာဖြစ်ခဲ့သလဲဆိုတာကိုလဲ သိပုံမရပေ။ သူက ယဲ့ဖန်အား တစ်စီဖြစ်အောင် လုပ်ရန် မစောင့်နိုင်တော့ချေ။

သို့သော် ယဲ့ဟူ၏ စကားကြောင့် ယဲ့ကလန်သားများအားလုံး ဒေါသ ပေါက်ကွဲလာသည်။

"ငါက မင်းကို သတ်ချင်တယ်?"

ထိုစဉ် ယဲ့ဖန်က ယဲ့ဖန်အား ကြမ်းတမ်းစွာ စိုက်ကြည့်၍ သူ့ဆီ လျှောက်လာသည်။ "တကယ်က..ငါကလူတွေကို အမြဲ ဒီလိုပဲ သတ်လေ့ရှိတာ"

ယဲ့ဖန်က ယဲ့ဟူရှေ့သို့ လျှပ်တပြက် ရောက်လာကာ ယဲ့ဟူ၏ လည်ပင်းကို ကိုင်ကာ မလိုက်သည်။

"မင်း…မင်း"

ယဲ့ဟူ လန့်သွားသည်။

ယဲ့ဖန်က ကလန်သားတိုင်း၏ ရှေ့မှာ သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့။

ယဲ့ဟူ အသက်ရှူမရ ဖြစ်လာကာ မျက်လုံး ပြူးထွက်လာသည်။

သူ ထိတ်လန့်ကြောက်ရွံ့နေသည်။

သူက ယဲ့ဖန်အား နတ်ဆိုးဟု ထင်မြင်လာသည်။ ယဲ့ဖန်အား ခွင့်လွှတ်ပေးရန် တောင်းပန်ချင်နေသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ယဲ့ဟူ၏ မျက်လုံးက ငြိမ်သက်သွားလေတော့သည်။

All Chapters