← Chapters

မယုံနိုင်စရာပဲ!

Vol. 5 Ch. 65

မယုံနိုင်စရာပဲ!

Vol. 5 Ch. 65

*ဘာ!*

မာစတာလင်၏ နှုတ်ဆက်စကားကြောင့် ယဲ့ဖန့်ချန်နှင့် ကျန်သော ယဲ့ကလန်သားများ အားလုံး လုံးဝ မှင်တက်သွားကြသည်။

*မာ…မာစတာ?*

*တရုတ်ပြည်ရဲ့ အတော်ဆုံး စန္ဒရားပညာရှင်ဖြစ်ပြီးတော့ လင်ကလန်ရဲ့ ခေါင်းဆောင်က ယဲ့ဖန်ကို မာစတာလို့ ခေါ်တယ်?*

*မ…မဖြစ်နိုင်ဘူး!*

ယဲ့ကလန်သားများအားလုံး သွေးပျက်သွားကြသည်။

ကျန်းရှီမြို့၌ ယဲ့ဖန့်ချန်နှင့် ခြေရာတူသည့် ပုဂ္ဂိုလ်တစ်ယောက်က အသုံးမကျတဲ့ကောင်ကို ဆရာအဖြစ် ခေါ်လိမ့်မည်ဟု သူတို့ မယုံနိုင်ကြပေ။

*မ…မယုံနိုင်စရာပဲ!*

လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။

မာစတာလင် ပေါ်လာမည်ဟု မထင်ထားသဖြင့် ယဲ့ဖန်တောင် ကြောင်သွားရသည်။

"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ?"

ယဲ့ဖန်က မာစတာလင်ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

သို့သော် မာစတာလင်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး ပြန်ပြောလာသည်။

"မာစတာ…ကျုပ် ဒီကို တစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ ကြည့်လိုက်ပါဦး"

မာစတာလင်က အိမ်ပေါက်ဝကို လက်ညှိုးထိုးပြသည်။

ပို၍ ကျယ်လောင်သော ခြေသံများနှင့်အတူ အဖိုးအိုတစ်ယောက် သက်တော်စောင့်တစ်စုနှင့်အတူ အိမ်ပေါက်ဝသို့ ရောက်လာသည်။

ထိုသူအား မြင်လိုက်သည်နှင့် ယဲ့ဖန့်ချန် ကတုန်ကယင် ဖြစ်လာကာ နားဝေတိမ်တောင် လေသံဖြင့် မေးလိုက်သည်။

"မစ္စတာရှု…ဘာလို့..ဒီကို လာတာလဲခင်ဗျ?"

*မစ္စတာရှု?*

ယဲ့ဖန့်ချန်၏ အမေးကို ကြားသော်လည်း ထိုအဘိုးအိုက မသိချင်ယောင်ဆောင်ကာ ယဲ့ဖန်ရှေ့သို့ သူ့လူများနှင့် သွားကာ "အရိုအသေပေးပါတယ်..ဆရာ" ဟု နှုတ်ဆက်လိုက်လေသည်။

….

သူ့စကားကြောင့် ယဲ့ကလန်တစ်ခုလုံး ပွက်လောရိုက်သွားလေတော့သည်။

ရှုကွမ်းသည် တရုတ်အမျိုးသားတိုင်းရင်းဆေးသိပ္ပံအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌ ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ဆရာဝန်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

ထို့ပြင် သူသည် တရုတ်နိုင်ငံ တောင်ပိုင်းတစ်ခုလုံးကို အုပ်စိုးသည့် ရှုကလန်၏ ကလန်ခေါင်းဆောင်လည်း ဖြစ်နေသေးသည်။

ယဲ့ဖန့်ချန်တောင်မှ သူ့ကို တရိုတသေနှင့် မစ္စတာဟု ခေါ်ရသည်။ သို့သော် ရှုကွမ်းက ယဲ့ဖန်ကို ဆ..ဆရာဟု ခေါ်လိုက်သည်တဲ့လား!

လက်မခံနိုင်လောက်စရာပင် ဖြစ်သည်။

မာစတာလင်က ယဲ့ဖန်၏ ဇဝေဇဝါအကြည့်ကို သတိပြုမိပြီး ယဲ့ဖန်အား တီးတိုးပြောလိုက်သည်။

"ဆရာ…ခင်ဗျားတော့ မသိလောက်ပင်မယ့် ရှုကွမ်းက နာမည်ကြီး ဆရာဝန်တစ်ယောက်တင် မကသေးဘူး၊ တရုတ်နိုင်ငံ တောင်ပိုင်းတစ်ခုလုံးကို အုပ်စိုးတဲ့ ရှုကလန်ရဲ့ ကလန်ခေါင်းဆောင်လေ။ ကျန်းရှီမြို့မှာ သူနဲ့ ခြေရာတိုင်းနိုင်တာဆိုလို့ ပိုင်ကလန်က အဘိုးကြီးပဲ ရှိတယ်"

*အိုး?*

ယဲ့ဖန် ချီတုံချတုံ ဖြစ်နေပြီးမှ သူ့တပည့်အိုကြီးကို ကြည့်လိုက်သည်။ ရုတ်တရက် ပိုင်ကလန်မှ အဘိုးကြီးက သူ့အား ရှုကွမ်း၏ နောက်ခံက သာမန်မဟုတ်ဟု သတိပေးခဲ့သည်ကို သူ သတိရလိုက်သည်။

*ကျုပ် နားလည်ပြီ!*

ယဲ့ဖန်ကို နှုတ်ဆက်ပြီးနောက် ရှုကွမ်းက ယဲ့ဖန့်ချန်အား ဒေါသတကြီး အော်လိုက်သည်။

"မစ္စတာယဲ့… ယဲ့ကလန်က ဒီနေ့ နှစ်စဉ်စုဝေးပွဲ ကျင်းပတယ်လို့ ကျုပ် ကြားရတယ်။ တစ်ယောက်ယောက်က ကျုပ်ဆရာကို ရည်ရွယ်တိုက်ခိုက်မယ်ဆိုတာကို သိရလို့ ကျုပ် ဒီကို ကျုပ်လူတွေနဲ့ အမြန်ဆုံး ရောက်လာရတာပဲ"

ရှုကွမ်းမျက်နှာက မဲမှောင်လာကာ ပြင်းထန်သော လေသံနှင့် ထပ်ပြောလိုက်သည်။ "ကျုပ်ဆရာကို တစ်ယောက်ယောက်က သတ်ရဲလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး … သိပ်ကောင်းတယ် … ယဲ့ကလန် … မင်းတို့က ငါ့ဆရာကို သတ်ရဲမှတော့ ဒါ ငါ့ကို သတ်လိုက်တာနဲ့ အတူတူပဲ … ယဲ့ကလန်က ရှုကလန်ကို စစ်ကြေညာချင်တာလား?"

ရှုကွမ်းက မျက်နှာသေဖြင့် မေးလိုက်သဖြင့် ယဲ့ကလန်သားများအားလုံး ကြောက်လန့်လာကြသည်။

ရှုကလန်သည် တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးကို အစိုးရသည့် ကလန်ဖြစ်သည်၊ သို့ပင်မယ့် ကျန်းရှီမြို့ကတော့ တရုတ်ပြည်တောင်ပိုင်းမှ မြို့ကလေးတစ်မြို့သာ ဖြစ်သည်။

ယဲ့ကလန်နှင့် ရှုကလန်သည် မည်သို့မျှ မနှိုင်းယှဉ်အပ်သည့် အရာနှစ်ခု ဖြစ်သည်။

*စစ်ကြေညာတယ်?*

*ဒါကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲလေ!*

ယဲ့ကလန်သားတိုင်း ခန္ဓာကိုယ် တောင့်တင်းလာကြသည်။

သုံးစားမရသည့် တရားမဝင်သားက သူ့နောက်ကွယ်၌ ဤမျှ အင်အားကြီးသည့် နောက်ခံမျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

ယဲ့ဖန့်ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤသည်ကား သူ ထင်ထားသည်ထက် ပိုနေသည် မဟုတ်ပါလား။

သို့သော် အံ့ဩမှုက ဤမျှနှင့် မကုန်သေးချေ။ နောက်ထပ် ခြေသံများနှင့်အတူ စိတ်လှုပ်ရှားနေသော ယဲ့ကလန်သားများ၏အကြည့်အောက်တွင် လူအိုကြီးပိုင်နှင့် ပိုင်ကျန်းခို့နှင့် ပိုင်မိသားစု၏ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သော အခြားသူများ ရောက်လာကြသည်။

*မြတ်စွာဘုရား!*

ထိုအချိန်တွင် ယဲ့ကလန်သားများအားလုံး ကျင်းတူး၍ ပုန်းချင်စိတ် ပေါက်နေကြသည်။

သူတို့ အကြီးအကျယ် ဒုက္ခရောက်ပြီမှန်း သိလိုက်ကြသည်။ ကျန်းရှီမြို့၌ အင်အားအကြီးဆုံး ပိုင်ကလန်ပါ ရောက်လာခဲ့သည် မဟုတ်ပါလား?

*မယုံနိုင်စရာပဲ*

သူတို့ ထင်ထားသည့်အတိုင်းပင် ပိုင်ကလန်မှ လူများက ဝင်လာသည်နှင့် ယဲ့ဖန်ကို အရိုအသေပေးကာ "နှုတ်ဆက်ပါတယ် မစ္စတာယဲ့" ဟု သံပြိုင် နှုတ်ဆက်ကြသည်။

*မ…မဖြစ်နိုင်ဘူး*

ပိုင်ကျန်းခို့သည် ကျန်းရှီမြို့၌ ထိပ်သီးပုဂ္ဂိုလ်ဖြစ်သည်။ သူ ခြေတစ်ချက်ဆောင့်လိုက်သည်နှင့် ကျန်းရှီ တစ်မြို့လုံး ပြားပြားဝပ်သွားရသည်။

မြို့၏ အရာရှိများနှင့်ပင် ခြေရာတိုင်းနိုင်သည့် ဂုဏ်သိက္ခာရှိသောသူက မည်သူ့ကိုမျှ ဦးမညွှတ်ဟု ကြားဖူးကြသည်။ သို့ဖြစ်ပါလျက်..သူ..သူက ယဲ့ဖန်ကို ဦးညွှတ်ကာ မစ္စတာယဲ့ဟုပင် ခေါ်နေသေးသည်။

*မ…မယုံနိုင်စရာပဲ!*

ယဲ့မော့ မှင်တက်သွားရသည်။

ယဲ့ဖန် ထိခိုက်ဒဏ်ရာ ရမည်ကို စိုးရိမ်သဖြင့် သူ ဒီစုဝေးပွဲသို့ ယဲ့ဖန်အား မလာစေချင်ခဲ့ပါ။

သို့သော်လည်း ယဲ့ဖန်၌ ဤမျှ အင်အားတောင့်တင်းသောသူများ ရှိနေလေသည်။

ထိပ်သီးပုဂ္ဂိုလ်များကို ကြည့်ရင်း ယဲ့မော့တစ်ယောက် ထိတ်လန့်မှုကြောင့် မူးဝေလာရသည်။

*သူ…သူ ဘယ်တုန်းက ဒီလိုလုပ်လိုက်တာပါလိမ့်….*

ယဲ့မော့က ယဲ့ဖန်အား တအံ့တဩနှင့် ကြည့်နေရင်း ယဲ့ဖန်သည်လည်း ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာပြီမှန်း ယဲ့မော့ နားလည်လိုက်သည်။

ယဲ့မော့သာမက ယဲ့ကလန်သားများအားလုံး ထိတ်လန့်နေကြသည်။

အထူးသဖြင့် ယဲ့ဖန်ကို နှိပ်စက်ခဲ့သည့် ကလန်သားများ ကြောက်သေးတဖြန်းဖြန်းနှင့် ဖြစ်နေကြသည်။ သူတို့ကို ယဲ့ဖန် ပြန်ပြီး ကလဲ့စားချေမည်ကို လန့်နေကြသည်။

သူတို့ကို သတ်ချင်လျင် ယဲ့ဖန်က ပါးစပ်ကလေး တစ်ချက်ဟလိုက်ရုံနှင့် ပြီးနေသည်လေ။

ထို့ကြောင့် ယဲ့ကလန်သားအများစုက ထွက်ပြေးရန် လမ်းစရှာနေကြသည်။

ယဲ့ယွင်ရှန်နှင့် ယဲ့ယွင်ဟိုင်တို့တောင် ကြယ်သီး တဖြန်းဖြန်းထနေကြသည်။

သူတို့၏ လူမှုရေးအဆင့်အတန်းအရ သူတို့သည် ပိုင်ကျန်းခို့ထက် ပို၍ နိမ့်ကျသည်။ သို့သော် ပိုင်ကျန်းခို့ကတော့ ယဲ့ဖန်ကို မစ္စတာယဲ့ဟု ခေါ်နေသည်။

ယဲ့ယွင်ရှန်နှင့် ယဲ့ယွင်ဟိုင်တို့က ယဲ့ဖန်အား တအံ့တဩနှင့် ကြည့်ကာ သူတို့၌ မည်သည့်ပါဝါမှ မရှိတော့တာကို သတိပြုမိလိုက်သည်။

"မစ္စတာယဲ့….ယဲ့ကလန်က အဆန်းပဲဗျ"

ကျန်သူများအားလုံး မှင်တက်နေချိန်တွင် အဘိုးအိုပိုင်က ယဲ့ဖန့်ချန်နား ကပ်လာကာ စိတ်မကြည်သလို မျက်နှာထားဖြင့် ပြောလာသည်။

သူ့စကားကြောင့် ယဲ့ဖန့်ချန် ခါးသီးစွာ ပြုံးလိုက်ရင်း ကပျာကယာ ပြန်ဖြေလိုက်သည်။

"အစ်ကိုကြီးပိုင်..ခင်ဗျား ဒီအခြေအနေကို အထင်လွဲနေတယ်နဲ့ တူပါရဲ့ဗျာ… ခင်ဗျား ထင်သလို မဟုတ်ပါဘူး"

ယဲ့ဖန့်ချန် အရမ်း တုန်လှုပ်နေ၏။

ရှုကွမ်းနှင့် အဘိုးအိုပိုင်တို့သည် သူ့ထက် ပို၍ ဂုဏ်သိက္ခာရှိသောသူများ ဖြစ်ကြသည်။ ယဲ့ကလန်အနေနှင့်ကော သူ့အနေနှင့်ပါ ထိုသူနှစ်ယောက် စိတ်ကွက်အောင် မလုပ်ရဲပါ။

သို့သော် အဘိုးအိုပိုင်က သူ့စကားအား မကြားချင်ယောင်ဆောင်ကာ ပိုင်ကလန်သားများအားလုံးကို လှည့်ကြည့်ရင်း

"ကျန်းရှီမြို့ကို နှစ်ပေါင်းများစွာ စိုးမိုးထားပြီးတဲ့နောက် ငါ…ပိုင်ရှောင်က ဘယ်တော့မှ ကိုယ့်ကတိကိုယ် မဖျက်တတ်ဘူး။ ဒီနေ့ ငါမင်းတို့ကို ပြောထားမယ်၊ မိတ်ဆွေလေး ယဲ့ဖန်က ငါ့အသက်သခင် ကျေးဇူးရှင်ဖြစ်သလို ပိုင်ကလန်တစ်ခုလုံးရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်။ တစ်ယောက်ယောက်က ယဲ့ဖန်ကို အနိုင်ကျင့်မယ်ဆိုတာနဲ့ ငါရော ပိုင်ကလန်တစ်ခုလုံးကပါ ငါတို့အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် အဲ့လူကို ရအောင်သတ်ရမယ်"

အဘိုးအိုပိုင်၏ ပြတ်သားသော ကတိစကားကြောင့် ယဲ့ကလန်သားတိုင်း ဇောချွေးပြန်လာသည်။

*မြတ်စွာဘုရား!*

ယဲ့ဖန်က သူ့ကို ကာကွယ်ပေးရန်အတွက် ပိုင်ကလန်တစ်ခုလုံး သူတို့အသက်ကိုပါ စွန့်လွှတ်နိုင်သည်အထိ သိမ်းသွင်းနိုင်လိမ့်မည်ဟု သူတို့ မထင်ထားကြချေ။

ယဲ့ဖန်က ဒီလောက် ဩဇာညောင်းတဲ့သူများကို သူတို့ဆန္ဒရှိ၍ ဖြစ်စေ အတင်းအကျပ်လုပ်ယူပြီး ဖြစ်စေ သိမ်းသွင်းနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

*မယုံနိုင်စရာပါပဲလား!*

All Chapters