← Chapters

အဲ့ခွေးကောင်တော့ သေပြီသာမှတ်!

Vol. 5 Ch. 67

အဲ့ခွေးကောင်တော့ သေပြီသာမှတ်!

Vol. 5 Ch. 67

ထင်ထားသည့်အတိုင်းပင် ဖန့်ယင်း စကားဆုံးသည်နှင့် အခန်းထဲရှိ သူများအားလုံးက ယဲ့ဖန်အား မလိုတမာ အကြည့်များဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် သခင်လေးထန့်၏ မျက်နှာက နီရဲနေကာ ယဲ့ဖန်အား အလွန် ဝန်တိုမုန်းတီးသည့်အကြည့်ဖြင့် ကြည့်နေသည်။

"ဖန့်ယင်း…ဒီလို ဆင်းရဲတဲ့ရည်းစားအတုကို မင်း ဘယ်က ရှာလာတာလဲ?"

သခင်လေးထန့်က ယဲ့ဖန်အား အထင်သေးစွာကြည့်ရင်း မေးလိုက်သည်။

သပ်ရပ်သန့်ရှင်းပုံပေါက်သော်လည်း ဒုတိယမျိုးဆက် လူငယ်များနှင့် ယှဉ်လျင် ယဲ့ဖန်သည် ပို၍ ဆင်းရဲပုံ ပေါက်သည်။

သူ့စကားကြောင့် ယဲ့ဖန်က မျက်လုံးကို အသာမှေး၍ ကြည့်လိုက်သည်။ အစတုန်းက သူ ပြဿနာမတက်ချင်၍ သူက ဖန့်ယင်း၏ ကျောင်းသားပါဟု ပြောရန် ကြံနေခဲ့သည်။

သို့သော် သခင်လေးထန့်၏ ရွဲ့တဲ့တဲ့အမေးကြောင့် ယဲ့ဖန် ချက်ချင်း သရော်ပြုံး ပြုံးလိုက်ကာ ဖန့်ယင်းအား လှမ်းဖက်၍ ပြောလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ဖန့်ယင်းရဲ့ ချစ်သူပါ"

….

သူ့စကားကြောင့် အခန်းထဲရှိ လူပေါ်ကြော့ သူဌေးသားလေးများ ပွက်လောရိုက်သွားသည်။

အများစုက သခင်လေးထန့်အား လှမ်းကြည့်ကာ ပွဲကြီးပွဲကောင်း ကြည့်ရပြီဟု ထင်လိုက်ကြသည်။

ယဲ့ဖန်က ဖန့်ယင်း၏ ခါးကို ဖက်ထားလိုက်မည်ဟု မထင်ထားခဲ့သဖြင့် သခင်လေးထန့်၏ မျက်နှာက မဲမှောင်နေသည်။

သူ၏ နတ်ဘုရားမလေးက ဆင်းရဲသားတစ်ယောက်၏ ရင်ခွင်ထဲ ရောက်နေသည်ကို သူ့မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့နေရသည့်အတွက် သူ့မျက်နှာထားက တင်းလာသည်။

ဖန့်ယင်းတောင်မှ ခဏမျှ ကြောင်သွားသေးသည်။

ယဲ့ဖန်၏ လက်ကြီးက သူမခါးနားတစ်ဝိုက် စမ်းတဝါးဝါးလုပ်နေသည်ကို ခံစားမိလိုက်သည့်အတွက် ဖန့်ယင်းမျက်နှာလေး ချက်ချင်း နီမြန်းလာသည်။

*ယုတ်မာလိုက်တာ..သူတောင်းစားကောင်*

ဖန့်ယင်းက ယဲ့ဖန်ကို သူမချစ်သူအဖြစ် ဟန်ဆောင်ပေးစေချင်သည်။ သူက သူ့ဆရာမ၏ အမိန့်ကို နာခံရမည်ဖြစ်သော်လည်း သူမကို မလေးမစားနှင့် ထိတွေ့ကိုင်တွယ်စရာမလိုပါ။

သို့သော် ယဲ့ဖန်က ချက်ချင်း သူမကို ဆွဲဖက်လိုက်သည့်အတွက် ဖန့်ယင်း ရှက်သွေးဖြန်းလာရသည်။

သူမ ရုန်းရန် ကြိုးစားလိုက်သည့်အခါတွင် ယဲ့ဖန်၏ ခပ်တိုးတိုးအသံကို ကြားလိုက်ရသည်။

"တကယ့်ချစ်သူတွေလို ဖြစ်စေချင်ရင် ခင်ဗျား ကျွန်တော်နဲ့ ရေလိုက်ငါးလိုက် နေပေးမှ ရမယ်"

*အင်?*

ယဲ့ဖန်စကားကြောင့် ဖန့်ယင်း ခေတ္တမျှ ကြောင်သွားပြီးနောက် ဆက်ရုန်းရန် မကြိုးစားတော့ပေ။

ထိုအခါ ယဲ့ဖန်က ပြီတီတီအပြုံးနှင့် ပြောလိုက်သည်။

"ကျုပ်တို့ အတူနေတာ ပထမဆုံးနှစ်ပတ်လည်နေ့ ဖြစ်တဲ့အတွက် ကျုပ် သူနဲ့ အိမ်မှာ အမှတ်တရအဖြစ် ကုတင်ပေါ်မှာ အကြိမ် ၃၀၀ ရာလောက် နေဖို့ စီစဉ်ထားပင်မယ့် သူမ ရိုက်တာကိုပဲ ခံလိုက်ရတယ်။ ဒီအတွက် စိတ်မကောင်းဘူးဗျာ"

ယဲ့ဖန်က ပြုံး၍ပြောလိုက်သော်ငြားလည်း သူ့စကားက သခင်လေးထန့်နှင့် ဖန့်ယင်းအတွက်တော့ သူ့စကားက အကြိမ် ၁၀,၀၀၀လောက် ဖြတ်ရိုက်လိုက်သလိုပင်၊ ထို့ကြောင့် သူတို့ သွေးအန်မတတ်ပင် ဖြစ်သွားရသည်။

*သူတို့နှစ်ယောက် အတူတူနေတဲ့ ပထမဆုံး နှစ်ပတ်လည်နေ့?*

*အမှတ်တရအဖြစ်နဲ့ သူမနဲ့ အကြိမ် ၃၀၀လောက် အတူတူ နေမယ်?*

*ခွေးသူတောင်းစား*

ဖန့်ယင်း ဒေါသထွက်နေသောကြောင့် သူမ၏ ရင်အစုံက နိမ့်ချည် မြင့်ချည်နှင့် ဖြစ်နေသည်။ နီမြန်းနေသော မျက်နှာနှင့် အံကို တင်းတင်းကြိတ်ကာ သူမ သူ့အား အသေကိုက်သတ်ချင်နေလှသည်။

*ဒါ ဟန်ဆောင်နေတာလေ… ဒီလောက်အထိ လုပ်ဖို့ လိုလို့လား?*

ဖန့်ယင်း အနေအထားက တောင့်တောင့်ကြီး ဖြစ်နေသော်လည်း သူမက ပျော်ချင်ယောင် ဆောင်နေသည်။

သူမ၏ အမူအရာက ယဲ့ဖန်စကားကို ဝန်ခံနေသလို ရှိသည်။ ထို့ကြောင့် သခင်လေးထန့်၏ မျက်နှာက ဝက်အသည်းလို နီလာလေသည်။

"အိုကေလေ ... ကိစ္စလေးကို ပြန်ဆက်ကြတာပေါ့ …ကျုပ်တို့ အကြင်နာပေးဖို့ ထောင့်တစ်ခုခုလောက် ရှာလိုက်ဦးမယ်ဗျို့"

ယဲ့ဖန်က အခြားသူများ၏ အတွေးကို ဂရုမစိုက်ဘဲ ချက်ချင်း ဖန့်ယင်းလက်ကို ဆွဲကာ မှောင်ရိပ်ကျသည့်ထောင့်တစ်ခုသို့ ဆွဲခေါ်သွားသည်။

သူ၏ စိတ်လှုပ်ရှားနေသော ပုံအရ ရှက်စရာကောင်းသည့် တစ်စုံတစ်ရာကို ပြုလုပ်ချင်နေမှန်း သိသာလှသည်။

ဒေါသထွက်လွန်းနေသည့် သခင်လေးထန့်သည် သူ့လက်ကို တင်းတင်းဆုပ်လိုက်ရာ လက်ထဲမှ ဝိုင်ခွက်ကို အားနှင့် ခွဲလိုက်မိသည်။

"ခွေးသူတောင်းစား"

သခင်လေးထန့်သည် အံကို တင်းတင်းကြိတ်နေကာ မျက်လုံးများကလည်း ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။

ထိုစဉ် ကျိုးကန်းနေသည့် ဆံပင်အဝါရောင်နှင့် ယောကျ်ားလေးတစ်ယောက်က သခင်လေးထန့်ဆီ လျှောက်လာကာ ပြောလိုက်သည်။ "သခင်လေးထန့်…ကျွန်တော် အဲ့ကောင်ကို သိတယ်"

*ဟမ်?*

သူ့စကားကို သခင်လေးထန့် စိတ်ဝင်စားသွားကာ ပြန်မေးလိုက်သည်။ "ငါ့ကို သူ့နောက်ခံ အသိုင်းအဝိုင်းအကြောင်း ပြောပြစမ်း"

"သခင်လေးထန့်…. လွန်ခဲ့တဲ့ရက်တွေတုန်းက ကျွန်တော့်ညီနဲ့ ကျွန်တော်တို့နှစ်ယောက် ကျွန်တော်တို့ Lamborghini ကားနဲ့ မြို့ပတ်မောင်းနေတုန်း ဗန်ကားတစ်စီးရဲ့ ကျောတာကို ခံလိုက်ရတယ်။ အဲ့ကားထဲမှာ ဟိုကောင်နဲ့ ခပ်လန်းလန်း ကောင်မလေးတစ်ယောက် ရှိနေတာ"

ထိုဆံပင်အဝါရောင်နှင့် ယောကျ်ားလေးသည် ယဲ့ဖန်၊လင်းလန်တို့နှင့် ကားမောင်းပြိုင်ခဲ့သည့် အားဆန် ဖြစ်သည်။

သခင်လေးထန့် ကျန်းရှီမြို့သို့ လာမည်ဟု သတင်းကြားသဖြင့် သူ ကပ်ဖားရပ်ဖားလုပ်ရန် ဆေးရုံမှ ချက်ချင်းဆင်းလာခြင်း ဖြစ်သည်။

ဆေးရုံမှ ဆင်းလာသည်နှင့် ယဲ့ဖန်နှင့် ဆုံလိမ့်မည်ဟု အားဆန် မထင်ထားခဲ့ပေ။

သူ၏ နာကျင်နေသော ခြေထောက်အကျိုးကို ကြည့်ရင်း အားဆန် ချက်ချင်း မုန်းတီးစိတ်ဝင်လာသည်။

"ဗန်ကား? ခပ်လန်းလန်းကောင်မလေး?" သူ့စကားကြောင့် သခင်လေးထန့် ဒေါသထွက်သွားသည်။ ယဲ့ဖန်က ဖန့်ယင်းအပြင် အခြားမိန်းမတစ်ယောက်နှင့် တွဲခုတ်နေလို့ သူ မမျှော်လင့်ထားခဲ့ပေ။

"မင်း သေချာလား?"

သခင်လေးထန့်က အားဆန့်အား စိုက်ကြည့်ကာ မေးလိုက်သည်။

အားဆန် ဖြူစုတ်နေသော မျက်နှာထားနှင့် ကတုန်ကယင်ဖြစ်နေကာ "လုံးဝကို သေချာပါတယ်။ သူ ပြာပုံအဖြစ် ရောက်သွားတောင် ကျွန်တော် သူ့ကို မှတ်မိပါတယ်။ ကျွန်တော့် ခြေထောက်ကို ချိုးသွားတာ သူပဲ"

အားဆန်သည် သခင်လေးထန့်အား နောက်ကြောင်းပြန်ပြောပြရင်း ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို အမှတ်ရသွားသလို ဖြစ်ကာ "သခင်လေးထန့်..အဲ့ကောင်ကို အထင်တော့မသေးနဲ့ဗျ..သူ စိတ်ဆိုးတဲ့အချိန်ဆို လုံးဝ ကြောက်ဖို့ကောင်းတာတွေပဲ လုပ်တတ်တယ်။ သူက ဘေ့စ်ဘောတုတ်ကိုတောင် ပေါင်ဒါမှုန့်ဖြစ်သွားအောင် လုပ်နိုင်တယ်"

အားဆန် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။ ထိုအရာသည် သူ့တစ်သက်တာတွင် ကြုံခဲ့ရသည့် ကြောက်စရာအကောင်းဆုံး အရာပင် ဖြစ်သည်။

"ဘေ့စ်ဘောတုတ်ကို အမှုန့်ဖြစ်သွားအောင် လုပ်နိုင်တယ်?"

သခင်လေးထန့် ကြောင်သွားပြီးမှ လှောင်ရယ်လိုက်သည်။

ထို့နောက် သူတို့အခန်းတွင်းမှ သက်တော်စောင့်တစ်ယောက်ကို အချက်ပြ၍ လှမ်းခေါ်လိုက်ကာ

"စန်းပျောင်…မင်း သူ့ကို မင်းအစွမ်းတွေ သိအောင် ပြလိုက်"

"ဟုတ်ကဲ့ပါ..သခင်လေး"

သူ့စကားကို ကြားပြီး အနက်ရောင်ဝတ်စုံနှင့် လူမိုက်က ရိသလိုလို ပြုံးလိုက်ကာ အစွန်းခံ သံမဏိပြားကို ကိုင်၍ ဆွဲဆုတ်လိုက်သည်။

ကျိုးပဲ့သံများနှင့်အတူ စန်းပျောင်က သံမဏိပြားအား အားနှင့် တစ်စစီ ဆွဲစုတ်လိုက်သည်။

ထို့ပြင် သူသည် အပိုင်းအစတစ်ခုချင်းဆီကို လက်သီးနှင့် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဖြောင်း! ဖြောင်း!

အစွန်းခံ သံမဏိပြားတစ်ခုလုံး ဘောလုံးကဲ့သို့ ဖြစ်သွားပြီး သူ လက်ပြန်ဖြန့်လိုက်သည့်အခါတွင် အစွန်းခံသံမဏိပြားက လုံးဝကို ပျော့နေကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

…

အားဆန် လုံးဝကို သွေးပျက်သွားသည်။

*ဒီလူက ယဲ့ဖန်ထက် ပိုကြောက်ဖို့ ကောင်းတာပဲ*

*စန်းပျောင်?*

ရုတ်တရက် အနက်ရောင်ဝတ်စုံနှင့် လူမိုက်ကို ကြည့်ပြီး အားဆန် ကြောက်လန့်လာကာ ကတုန်ကယင်ဖြင့် မေးလိုက်သည်။

"သခင်လေးထန့်..သူ..သူက လွန်ခဲ့တဲ့ သုံးနှစ်လောက်က တရုတ်ပြည်တောင်ပိုင်းက MMA ပွဲတစ်ခုလုံးကို ကြောက်လန့်စေခဲ့တဲ့ အဲ့စန်းပျောင်လား?"

ကျန်းရှီမြို့သည် တရုတ်ပြည်တောင်ပိုင်းရှိ မြို့လေးတစ်မြို့သာ ဖြစ်သည်။

တရုတ်ပြည်တောင်ပိုင်း၏ တရားမဝင် MMA ပြိုင်ပွဲသည် ကျန်းရှီမြို့ရှိ MMAထက် ပို၍ ကြောက်လန့်ဖွယ် ကောင်းသည်။

လွန်ခဲ့သည့်သုံးနှစ်က ရက်စက်သည့် MMA ကစားသမား တစ်ယောက် တရုတ်ပြည်တောင်ပိုင်း၏ တရားမဝင် MMA ပြိုင်ပွဲတွင် ပေါ်လာခဲ့သည်။ ထိုသူ၏ နာမည်မှာ စန်းပျောင် ပင် ဖြစ်သည်။

ထိုစဉ်အခါက သူသည် တရုတ်ပြည်တောင်ပိုင်းရှိ မြို့ ၁၇မြို့မှ ကစားသမားကို သတ်ဖြတ်၍ အနိုင်ယူခဲ့ပြီး MMA ပြိုင်ပွဲလောကတစ်ခုလုံးတွင် နာမည်ရလာခဲ့သည်။

သို့သော် နောက်ပိုင်း စန်းပျောင်သည် တရားမဝင် MMA ပြိုင်ပွဲလောကမှ ထွက်သွားခဲ့သည်။ သူ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း ဘယ်သူမှ မသိကြချေ။

ထိုရက်စက်သော တရားမဝင် MMA ကစားသမားက သခင်လေးထန့်၏ လူမိုက်ဖြစ်နေလိမ့်မည်ဟု အားဆန် မည်သည့်အခါတုန်းကမျှ ထင်မထားခဲ့ပါ။

အားဆန်၏ မှင်သက်နေသော မျက်နှာကို ကြည့်ပြီး သခင်လေးထန့်က ရက်စက်စွာ ပြုံး၍ အားဆန်အား မေးလိုက်သည်။ "စန်းပျောင်သာ အဲ့ခွေးကောင်နဲ့ ချမယ်ဆို ဘယ်သူနိုင်မယ် ထင်လဲ?"

"ကောင်းတာပေါ့ဗျာ..သိပ်ကောင်းတာပေါ့" အားဆန်က စိတ်လှုပ်ရှားလွန်း၍ ပီတိဖြစ်ကာ ဘောင်းဘီထဲတောင် သေးပေါက်ချချင်နေသည်။

"ဟဟ…အဲ့ခွေးကောင်တော့ သေပြီသာမှတ်ပဲ..သူက သခင်လေးထန့်ရဲ့ မိန်းကလေးကို ထိရဲမှတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲလေ"

ထို့နောက် အားဆန်က သခင်လေးထန့်အား ယဲ့ဖန်နှင့် ဖန့်ယင်းတို့ ရပ်နေသည့် ထောင့်သို့ ခေါ်သွားသည်။

All Chapters