သူ ... သူ ဘယ်လိုလုပ်လိုက်တာလဲ!
Vol. 5 Ch. 69
*ကျုပ် ခင်ဗျားကို တစ်ကွက်တည်းနဲ့ မှောက်သိပ်လိုက်လို့ရတယ်!*
ယဲ့ဖန်၏ အပြောကြောင့် အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေပြီးမှ ပွက်လောရိုက် သွားသည်။
"ဘုရားရေ…သူ ဘာပြောလိုက်တာ? အဲ့ကောင် တော်တော် စိတ်ကြီးဝင်နေတာပဲ။ သူ သေချင်နေပြီနဲ့ တူပါရဲ့"
"မင်း တော်တော် အကြောက်တရား ကင်းတာပဲ။ စန်းပျောင် တရုတ်ပြည်တောင်ပိုင်းမှာ နာမည်ကြီးနေတုန်းက သူ သဲတွေနဲ့ ကစားနေတုန်းပဲ ရှိဦးမှာကို"
"ဟုတ်ပါ့ကွာ..အဲ့ကောင်တော့ သေပြီပဲ။ သူ စန်းပျောင်ကို သွားမဆွသင့်ဘူး"
"….."
ထိုစဉ် အခန်းထဲမှ လူပေါ်ကြော့ သူဌေးသားများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။
"အဲ့လူက တရားမဝင် MMA ပြိုင်ပွဲက သူလေ…သူက တရုတ်ပြည်တောင်ပိုင်းက မြို့ ၁၇မြို့က လာတဲ့ ပြိုင်ဘက်တွေကို သတ်ပစ်ခဲ့တာ"
*ဒါပေမယ့် ယဲ့ဖန်ကတော့ ငယ်ပြီးတော့ ပိန်ပိန်လေး။ သူ ဘယ်လိုလုပ် စန်းပျောင်ကို တစ်ကွက်တည်းနဲ့ နိုင်အောင် တိုက်နိုင်ပါ့မလဲ? ဒါ လုံးဝ မဖြစ်နိုင်တာကြီးကို*
အခြားသူများသာမက ထောင့်နားမှ ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကပါ ယဲ့ဖန်၏ စကားကြောင့် မသိမသာ ပြုံးသွားသည်။
"ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်တဲ့ လူတွေက အမြဲ မကြောက်တတ်ပါလား? အဲ့ကောင်လေး စန်းပျောင်ရဲ့ တိုက်ကွက် ၃ကွက်ကို ခံယူနိုင်ဖို့ မဖြစ်နိုင်ဘူး"
သက်လတ်ပိုင်းအရွယ် လူကြီးက အထင်သေးစွာ ရယ်မောလိုက်သည်။
ထို့နောက် သူက ရန်ပွဲအား စိတ်မဝင်စားတော့ဘဲ ရန်ပွဲ၏ ရလဒ်ကို သိနေသည့်ဟန်ဖြင့် ဆက်မကြည့်ဘဲနေကာ သူ၏ အဖိုးတန်အရက်ကိုသာ ဆက်၍ သောက်နေတော့သည်။
စန်းပျောင် အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတယ်…. တော်လိုက်တဲ့ကောင်ပါလား…. တရုတ်ပြည်တောင်ပိုင်း မြို့ ၁၇မြို့က တရားမဝင် MMA ကစားသမားတွေတောင် မင်းလောက် ဘဝင်မမြင့်ဘူး"
စန်းပျောင်က ယဲ့ဖန်အား ရက်စက်သည့်အကြည့်ဖြင့် ကြည့်ကာ
"ဒီလိုဆိုတော့လည်း သွားသေလိုက်ပေါ့ကွာ"
ထိုသို့ပြောပြီး စန်းပျောင်က ဒုံးကျည်သဖွယ် ယဲ့ဖန်ထံသို့ ခုန်ဝင်လာသည်။
လေထဲ၌ ရှိနေစဉ် သူ၏ တစ်ပတ်လည် ကန်ချက်ကို ထုတ်ဖော်လိုက်သည်။
"သွားသေလိုက်တော့"
ထိုကန်ချက်သည် ပြင်းထန်၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုကန်ချက်ကို မြင်ပြီး လူပေါ်ကြော့ သူဌေးသားတိုင်း ဘေးသို့ အလျင်အမြန် ခုန်ရှောင်လိုက်ကြသည်။
ထိုကန်ချက်နှင့်သာ ထိမိလျင် သူတို့၏ အူတွေတောင် အပြင်ကို ထွက်လာလောက်သည်။
သို့သော် နောက်ထပ်ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် သူတို့ အကြီးအကျယ် အံ့အားသင့်သွားကြသည်။
ယဲ့ဖန်က စန်းပျောင်၏ ကန်ချက်ကို မမြင်သလိုနှင့် ရပ်မြဲတိုင်း ရပ်နေသည်။
….
လေထဲမှ ကန်ချက်ကို ကြည့်ပြီး အခန်းထဲရှိ လူတိုင်းနီးပါး မှင်သက်နေကြသည်။
"အဲ့ကောင် အကြောက်လွန်ပြီး တုပ်တုပ်တောင် မလှုပ်ရဲတော့တာလား? သူ ဘာလို့ မရှောင်တာလဲဟ?"
"သူ သေချင်နေတာပဲ…လုံးဝကို သူ့သေတွင်း သူတူးနေတာ..စန်းပျောင်ရဲ့ တစ်ပတ်လည်ကန်ချက်က သူ့အရိုးတွေကို ကျိုးသွားနိုင်စေတယ်"
"သူတော့ သွားပြီပဲ..အဲ့ကောင် သေတော့မှာပဲ"
ထိုမြင်ကွင်းကို ကြည့်ပြီး သူဌေးသားများက အားမလို အားမရဟန်ဖြင့် ခေါင်းခါလိုက်ကြသည်။ သူတို့သည် ယဲ့ဖန်က စန်းပျောင်၏ အဟန့်ကောင်းသော အပြုအမူကြောင့် ကြောက်ပြီး လှုပ်တောင်မလှုပ်ရဲတော့ဟု ထင်လိုက်ကြသည်။
ဖန့်ယင်းသည်လည်း ယဲ့ဖန် ထိုကန်ချက်ကို မမြင်ဘူးဟု ထင်ကာ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
"ယဲ့ဖန်…ရှောင်လိုက်လေ…"
ဖန့်ယင်း စိုးရိမ်တကြီးနှင့် ယဲ့ဖန်ကို အလျင်အမြန် သတိပေးလိုက်သည်။
သို့ပင်မယ့် သခင်လေးထန့်နှင့် အားဆန်တို့က ကျေနပ်အားရစွာ ပြုံးနေကြသည်။
"သူတော့ သေပြီပဲ…ဟဟ…အဲ့ကောင်က အရူးပဲ။ စန်းပျောင်က သူ့ကို တစ်ချက်တည်းနဲ့ သတိလစ်သွားအောင် လုပ်လို့ရတယ်"
စန်းပျောင်၏ ကန်ချက်ကို ကြည့်ရင်း သူတို့နှစ်ယောက် ပျော်နေကြသည်။ ယဲ့ဖန်၏ အရိုးကျိုးသံကို ကြားရဖို့ သူတို့ မစောင့်နိုင်ကြတော့ချေ။
…
ထိုစဉ် စန်းပျောင်၏ ခြေထောက်က ယဲ့ဖန်၏ ပခုံးနား နီးကပ်လာသည်။ စန်းပျောင်၏ ခြေထောက်က သူနှင့် ၅ စင်တီမီတာအကွာကို ရောက်လာသောအခါ ယဲ့ဖန် လှုပ်ရှားလာသည်။
လေတိုးသံနှင့်အတူ ယဲ့ဖန်က လျှပ်စီးသဖွယ် လျင်မြန်စွာဖြင့် စန်းပျောင်၏ ခြေထောက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
အုန်း!
အားလုံး အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စန်းပျောင် အကြီးအကျယ် ထိတ်လန့်သွားသည်။
ထို့နောက် ပြင်းထန်သော အားတစ်ခုက သူ၏ခြေထောက်သို့ တိုးဝင်လာသည်ကို ခံစားလိုက်မိသည့်အခိုက်မှာပင် သူ့အရိုး ကျိုးသွားပြီး ကြိုးပြတ်သွားသော စွန်သဖွယ် နောက်သို ၃၊၄ မီတာခန့် လွင့်ထွက်သွားသည်။
စားပွဲတွေ၊ ခုံတွေနှင့် ဝင်တိုက်မိပြီးမှ စန်းပျောင် လဲကျသွားသည်။
သခင်လေးထန့်နှင့် အားဆန်တို့ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြသည်။
ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး ရုတ်တရက် ထခုန်ကာ စန်းပျောင်၏ ခန္ဓာကိုယ်အား သေချာစိုက်ကြည့်ကာ တုန်လှုပ်သွားသည်။
"ခြေထောက်က အား…သူ့လက်သီးက စန်းပျောင်ရဲ့ ခြေထောက်က အားကို ယူပြီး သုံးလိုက်တာပဲ! သူ စန်းပျောင်ဆီကနေ အားကို ယူလိုက်တာ! သူ ဘယ်..ဘယ်လိုလုပ်လိုက်တာလဲ?"
ထို့နောက် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ယဲ့ဖန်အား လေးနက်စွာ စိုက်ကြည့်နေသည်။
သူ ယဲ့ဖန်အား ယခုမှ ပထမဆုံးအကြိမ် သေချာလေ့လာမိခြင်း ဖြစ်သည်။
ယဲ့ဖန်ကို သေချာ လေ့လာလိုက်သည့်အခိုက်တွင် ယဲ့ဖန်၏ ခြေလှမ်းတိုင်းက စကြဝဠာအတွင်းမှ ရောက်ရှိလာပြီး အဆုံးမရှိသော အင်အားကို သယ်ဆောင်ထားသည်ကို သူ သတိပြုမိသွားသည်။
ထို့ကြောင့် ထိုသက်လတ်ပိုင်းအရွယ် လူကြီး ထိတ်လန့်သွားသည်။
*စန်းပျောင် ရှုံးသွားပြီပဲ*
မည်သူမျှ မယုံနိုင်ကြချေ။
စန်းပျောင်သည် တရုတ်ပြည်တောင်ပိုင်းရှိ မြို့ ၁၇မြို့မှ လာသော တရားမဝင် MMA ပြိုင်ပွဲဝင်များကို သတ်ပြီး ပြိုင်ဘက်ကင်းလာသည့်သူ ဖြစ်သည်။ ဒါတောင်မှ သူက ယဲ့ဖန် တစ်ချက်ထိုးတာကို ခံလိုက်ရပြီး ရှုံးသွားရသည်။
*မ…မဖြစ်နိုင်ဘူး!*
တစ်ခန်းလုံး ဆူညံသွားသည်။
သူ၏ မူမမှန်စွာ လိမ်နေသော ခြေထောက်များအရ သူ့ခြေထောက်က သွင်သွင်ကျိုးသွား ပြီ ဖြစ်သည်။
စန်းပျောင် အံကို တင်းတင်းကြိတ်ကာ နာကျင်မှုကို တင်းခံနေသည်။ သို့သော်လည်း သူ၏ နဖူးမှ ချွေးများက ရေလို ပေါက်ပေါက်ကျနေသည်။
"မ…မဖြစ်နိုင်ဘူး! သူ ဘယ်လိုလုပ် ငါ့ကို နိုင်သွားတာလဲ?"
စန်းပျောင်က သုန်မှုန်နေသောမျက်နှာပေးနှင့် သွေးဆာနေသော မျက်လုံးများနှင့်ကြည့်ကာ ကြုံးဝါးနေသည်။
လူပေါ်ကြော့ သူဌေးသားလေးများကလည်း ဒေါသတကြီး အော်ဟစ်နေကြသည်။ သူတို့က သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကို မယုံသင်္ကာဖြစ်ကာ ဆက်တိုက် ကိုယ့်မျက်လုံးကိုယ် ပွတ်နေကြသည်။
ဖန့်ယင်းတောင်မှ သူမ၏ လှပသော နှုတ်ခမ်းလေးကို ကာ၍ တအံ့တဩနှင့် ယဲ့ဖန်ကို ကြည့်နေသည်။
"ကျုပ် ဒီကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ယူလိုက်ပြီ"
အခြားသူများက သူ့ကို ဇဝေဇဝါဖြင့် ကြည့်နေစဉ် ယဲ့ဖန်က ကောင်းကင်ဘုံ အဝါရောင်အမြစ်ကို ပြုံး၍ ယူလိုက်သည်။
သူက နှုတ်ခမ်းတွန့်၍ ပြုံးလိုက်ပြီး ယင်ကောင်တစ်ကောင်ကို ရိုက်လိုက်ရသည့်ဟန်ဖြင့် "ကျုပ်ပြောပါတယ်၊ ကျုပ် စိတ်မဝင်စားဘူးဆိုတဲ့ အကြောင်းကိုလေ"
*ချီးပဲကွာ!*
သူ့စကားကြောင့် အခန်းထဲရှိ သူများအားလုံး ဆွံ့အသွားသည်။
*လူတစ်ယောက်ကို လက်သီးတစ်ချက်ထဲနဲ့ လွင့်ထွက်သွားအောင် လုပ်ပြီးတာတောင် သေနာကောင်က စိတ်မဝင်ဘူးလို့ပဲ ပြောရတယ်လို့*
*စောက်..စောက်ရမ်းကို မောက်မာတာပဲ*
ထို့နောက် ယဲ့ဖန်က ဖန့်ယင်းဘေးသို့ ပြန်သွားကာ ထုံးစံအတိုင်း သူမကို ပခုံးတွန့်ပြပြီး "ကျုပ် သူ့ကို တလေးတစားနဲ့ ဆက်ဆံပါ့မယ်လို့ ကျုပ် ပြောခဲ့တယ်မလား..တွေ့တယ်မလား…ကျုပ် ခင်ဗျားကို မညာဘူးနော်"
ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။
သူ့စကားကြောင့် သခင်လေးထန့်နှင့် အားဆန်တို့ သွေးအန်မတတ် ဖြစ်သွားကြသည်။
*သူက စန်းပျောင်ကို တလေးတစား ဆက်ဆံတယ် ဟုတ်စ?*
*လဲသေလိုက်ပါလား…ခင်ဗျား သူ့ခြေထောက်ကို ချိုးလိုက်ပြီးတာတောင်မှ သူ့ကို တလေးတစား ဆက်ဆံတယ်လို့ ပြောရဲသေးတယ်လား?*
ဖန့်ယင်းက ယဲ့ဖန်အား ဆွံ့အစွာ ငေးမောကြည့်နေသည်။ သူမတို့ အတူရှိနေသည့်အချိန်တိုင်း သူက သူမကို ပို၍ ပို၍ အံ့ဩစရာတွေကိုသာ ယူဆောင်လာပေးနေသည် ဟု သူမ တွေးနေမိသည်။