← Chapters

ဒါဆိုလည်း သွားသေလိုက်တော့!

Vol. 5 Ch. 70

ဒါဆိုလည်း သွားသေလိုက်တော့!

Vol. 5 Ch. 70

*ငါ ကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ပြန်ရမှ ဖြစ်မယ်!*

သခင်လေးထန့်သည် ယဲ့ဖန်လက်ထဲမှ ကောင်းကင်ဘုံ အဝါရောင်အမြစ်အား နီရဲနေသော မျက်လုံးများဖြင့် ကြည့်ကာ အံကို ကြိတ်၍ ရေရွတ်လိုက်သည်။

သူ့အဖိုး၏ အမိန့်အရ ဒီနေ့ သူတွေ့ရမည့် အရေးကြီးပုဂ္ဂိုလ်အား ထိုကောင်းကင်ဘုံ အဝါရောင်အမြစ် လက်ဆောင်ပေးရမှ ဖြစ်မည်။

အရင်တုန်းက သူသည် စန်းပျောင်က ယဲ့ဖန်အား နိုင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်ခဲ့သည်။ ထို့ပြင် သူသည်လည်း ကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ဆုံးရှုံးစရာမလိုဘဲ ဒီသကောင့်သားအား ဖန့်ယင်းအနားမှ မောင်းထုတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း ဒီသကောင့်သားက စန်းပျောင်အား တစ်ချက်တည်းနှင့် အလဲထိုးနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

*ငါ ကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ပြန်ရမှ ဖြစ်မယ် မဟုတ်လို့ကတော့ ဟိုအရေးကြီး ပုဂ္ဂိုလ်က ငါ့ကို အထင်အမြင် သေးသွားနိုင်တယ်*

သခင်လေးထန့်သည် ထောင့်နားမှ ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကို စိုက်ကြည့်ကာ ထိုသူထံသို့ လျှောက်သွားသည်။

အခြားသောသူဌေးသားလေးများက သခင်လေးထန့်၏ ဒေါသထွက်နေသော မျက်နှာကြောင့် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။

အားလုံး၏ အလွန်အံ့အားသင့်နေသော အကြည့်များအောက်တွင် သခင်လေးထန့်က ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးရှေ့ ဒူးထောက်ကာ တောင်းဆိုလိုက်သည်။ "စီနီယာ…ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ"

*ဘာလဲဟ!*

သခင်လေးထန့်၏ အပြုအမူကြောင့် အားလုံး အံ့ဩသွားကြသည်။

ဘယ်သူမှ ဒီဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကို သတိမထားမိကြသလို သူ ဝင်လာသည်ကိုလည်း မမြင်လိုက်မိကြပါ။

*အဲ့လူက သူတောင်းစားနဲ့ တူတယ်*

သို့သော် တရုတ်ပြည်တောင်ပိုင်း၏ ဒုတိယမျိုးဆက်ဝင် ဖြစ်သည့် သခင်လေးထန့်က ဒီဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးရှေ့ ဒူးထောက်ကာ သူ့အကူအညီကို တောင်းခံနေသည်။ ဒါ လုံးဝကို မယုံနိုင်စရာပင် ဖြစ်သည်။

…

ချက်ချင်းပင် အခန်းထဲရှိ သူဌေးသားများက ထိုဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ ပုံစံအစစ်အမှန်ကို ဆွေးနွေးနေကြသည်။

ထို့နောက် စန်းပျောင်က မနည်းကုန်းရုန်းထကာ သူ၏ အနွှာခံထားရသော ကိုယ်ကြီးကို မနည်းဆွဲကာ ထိုဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးရှေ့သို့ လာနေသည်ကို အားလုံး မြင်လိုက်ကြသည်။ ထို့နောက် စန်းပျောင်က ထိုသူရှေ့ ဒူးထောက်ကာ

"ဆရာ…ကျေးဇူးပြုပြီး ကျွန်တော် စော်ကားခံခဲ့ရတာအတွက် လက်စားချေပေးပါ"

….

စန်းပျောင်၏ စကားကြောင့် တစ်ခန်းလုံး ဆူညံသွားသည်။

*ဆရာတဲ့ဟ!*

*ဒီ သက်လတ်ပိုင်းအရွယ် သူတောင်းစားကြီးက စန်းပျောင်ရဲ့ ဆရာတဲ့! မယုံနိုင်စရာကြီး!*

တစ်စက္ကန့်မျှ အကြာမှာပင် တစ်ခန်းလုံး တိတ်ကျသွားကာ အခြားသူဌေးသားများက ထို ထူးဆန်းသည့် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးကို စိုက်ကြည့်နေကြသည်။

*အင်အားကြီးတဲ့သူပဲ!*

ထို ထူးဆန်းသည့် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက အင်အားကြီးသောသူ တစ်ယောက်ဟု သူတို့ မှတ်ချက်ချလိုက်ကြသည်။

ထိုစဉ် ထိုဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက သူ၏ လက်ကျန် အရက်ပုလင်းကို ကောက်မော့လိုက်ကာ ပါးစပ်ထောင့်မှ အရက်များကို သုတ်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း စကားစလိုက်သည်။

"ဒီလောက် စွမ်းတဲ့သူမျိုး ကျန်းရှီမြို့မှာ ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး..အံ့ဩစရာပဲ"

ထိုသို့ ပြောပြီး သူက ရုတ်တရက် ထရပ်ကာ ယဲ့ဖန်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ အော်ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ကျုပ် လက်ရည်စမ်းပါရစေ"

တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေသည့် မျက်လုံးများနှင့် သူက ခြေဆောင့်နင်းလိုက်ပြီး လှစ်ခနဲ ပြေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ယဲ့ဖန်၏ မျက်စိရှေ့မှ သူ ပျောက်သွားသည်။

ဖြောင်း! ဖြောင်း!

သက်လက်ပိုင်းအရွယ် လူကြီး ခဏမျှ ပြေးလိုက်ပြီးနောက် ကျန်ရှိနေသော သူ၏ ချီဓာတ်များက စားပွဲပေါ်ရှိ လက်ကျန်ပုလင်းများကို ပေါက်ကွဲသွားစေသည်။

…

*သူက ပုလင်းခွံတွေကို သူ့ရဲ့ လက်ကျန်ချီဓာတ်နဲ့ တစ်စစီဖြစ်အောင် ပေါက်ကွဲစေလိုက်တယ်.... ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ခွန်အားလဲ!*

သူတို့ မြင်တွေ့လိုက်ရသည့်အရာကြောင့် အားလုံး ထိတ်လန့်သွားကြသည်။

သူတို့၏ စိတ်ထဲတွင် ထိုသက်လတ်ပိုင်းအရွယ် လူကြီးသည် နတ်ဘုရားသဖွယ် ထင်မှတ်နေကြသည်။

သူဌေးသားတိုင်းက ယဲ့ဖန်ကို သနားသလို ကြည့်လိုက်ကြသည်။

အစောပိုင်းတုန်းက သူတို့ ယဲ့ဖန်ကို အသန်မာဆုံးဟု ထင်မှတ်ထားပင်မယ့် တကယ်တော့ သူ့ထက် သန်မာသည့်သူက ရှိနှင့်ပြီးသား ဖြစ်နေသည် မဟုတ်ပါလား။

သူတို့က ထို ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက စန်းပျောင်ထက် ပို၍ သန်မာလိမ့်မည်ကို သူတို့ သိလိုက်သည်။

*ယဲ့ဖန်တော့ သေပြီပဲ*

သခင်လေးထန့်က ပျော်ရွှင်စွာ ပြုံး၍ ယဲ့ဖန်ဆီ အသည်းအသန် လျှောက်လာကာ

"ယဲ့ဖန်…ကျုပ်တို့ ထပ်လောင်းရအောင်လေ..ဘယ်လိုသဘောရလဲ?"

သခင်လေးထန့်က အိပ်မက်နွယ်မြက်ပင်ကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး "မင်း သူ့ကို နိုင်အောင်တိုက်နိုင်ရင် ဒီအိပ်မက်နွယ်မြက်ပင်ကို မင်း ရမယ်။ မင်း ရှုံးရင်တော့ ကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ပြန်ပေးရမယ့်အပြင် ဖန့်ယင်းနားကလည်း တစ်သက်လုံး ထွက်သွားရမယ်"

ဒီတစ်ခါ သခင်လေးထန့်က ပို၍ လောင်းကြေးတန်ဖိုးကို မြှင့်လိုက်သည်။

ကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ပြန်ယူရန် သူ ဆုံးဖြတ်ထားသည်။

သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်လုံးအား တည့်တည့်ကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ခင်ဗျားက သန်မာသားပဲ"

ယဲ့ဖန်၏ စကားကြောင့် သူဌေးသားများအားလုံး တက်ကြွလာသည်။ ယဲ့ဖန်က သူ့ကိုယ်သူ သန်မာကြောင်း ဝန်ခံထားသော်လည်း ဒီဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက သူ့ထက် ပိုသန်မာသည်ကို သူ သိနေတာပဲ။

သို့သော် ယဲ့ဖန် ဆက်ပြောလိုက်သည့်စကားကြောင့် အားလုံး အံ့ဩသွားကြသည်။

"ဒါပေမယ့် သာမန်ပါပဲ"

*ဘာ!*

*ခင်ဗျားက သန်မာပင်မယ့် သာမန်ပဲ!*

*ဒီကောင် ဘာကိုမှ မကြောက်တတ်တာလား?*

….

သူဌေးသားများအားလုံး ယဲ့ဖန် စိတ်လွတ်သွားပြီဟု ထင်လိုက်ကြသည်။

*ဒီသက်လတ်ပိုင်းအရွယ် လူကြီးက ပုလင်းခွံတွေကိုတောင် သူ့ရဲ့ လက်ကျန်ချီဓာတ်နဲ့ ပေါက်ကွဲအောင် လုပ်နိုင်တာကို ဘယ်လိုလုပ် ယဲ့ဖန်က သူ့ထက် ပိုသန်မာမှာလဲ?*

*ဒါ ရူးနေလို့ပဲ ဖြစ်မယ်!*

*ယဲ့ဖန် မွေးကတည်းက ကျင့်စဉ် ကျင့်ကြံမယ်ဆိုရင်တောင် သူ ဘယ်တော့မှ ဒီသက်လတ်ပိုင်းအရွယ် လူကြီးကို မမှီနိုင်ပါဘူး*

"ဒါပေမယ့် ဒီကောင်က ဆက်ပြီး ဘဝင်မြင့်နေတော့ ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ*

လူတိုင်းက ယဲ့ဖန်အား အရူးကို ကြည့်သလို ကြည့်နေကြသည်။

ဖန့်ယင်းတောင်မှ သူ့ကို စိတ်ပူလာသည်။

"ဒီကောင်က ဟိတ်ဟန်မထုတ်ဘဲ မနေတတ်ဘူးပဲ.."

ဖန့်ယင်း အာစေးမိနေသည်။

ယဲ့ဖန်၏ စကားကြောင့် သက်လတ်ပိုင်းအရွယ် လူကြီးက အရိုးကွဲမတတ် အေးစက်သော ရယ်သံကြီးဖြင့် ရယ်ချလိုက်သည်။

"ကောင်လေး..မင်းထက် သာတဲ့သူက အမြဲ ရှိနေမှာပဲ။ မင်း ထင်သလို မင်းက သန်မာမယ်လို့ မျှော်လင့်ပါတယ်"

ထို့နောက် သက်လတ်ပိုင်းအရွယ် လူကြီးက စန်းပျောင်အား တစ်ချက်ကြည့်ကာ ပြုံး၍ "မင်းက ငါ့တပည့်ကို တစ်ချက်တည်းနဲ့ နိုင်တယ်လို့ ပြောခဲ့တယ်မလား..အဲ့ဒါကြောင့် ငါလည်း မင်းကို တစ်ချက်တည်းနဲ့ ပွဲသိမ်းပေးမယ်"

*ငါ မင်းကို တစ်ချက်တည်းနဲ့ ပွဲသိမ်းပေးမယ်!*

သက်လတ်ပိုင်းအရွယ် လူကြီး၏ လေသံက ပို၍ ဘဝင်မြင့်ပုံပေါက်သည်။ သူ့တပည့် အရှုံးအတွက် သူ လက်စားပြန်ချေချင်နေသည်။

သက်လတ်ပိုင်းအရွယ် လူကြီးက ယဲ့ဖန်ပြောခဲ့သည့်စကားကို ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

သခင်လေးထန့်၊ စန်းပျောင်၊ အားဆန်နှင့် အခြားသူဌေးသားများ ရွှင်မြူးလာကြသည်။

ဒီ ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက လုံးဝ ဒေါသထွက်နေကာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးဆပ်စေချင်နေမှန်း သူတို့ သဘောပေါက်လိုက်ကြသည်။

သို့သော် သူ့စကားကြောင့် ယဲ့ဖန်က ကြောက်မသွားဘဲ အသည်းအသန် လက်ခါပြကာ ပြုံး၍ ပြောလာသည်။ "မဟုတ်ဘူး…မဟုတ်ဘူး..မဟုတ်သေးဘူး.. ခင်ဗျားက သူ့ဆရာဆိုတော့ ကျုပ် ခင်ဗျားကို လေးစားရမှာပေါ့"

ထိုသို့ပြောပြီး ယဲ့ဖန်က အသာပြုံး၍

"အခုလေးတင် ကျုပ် သူ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူလာဆိုတော့ အခု ကျုပ် ခင်ဗျားကို သုံးကွက် အကျောပေးပါ့မယ်"

*ဘာ!*

ယဲ့ဖန်၏ စကားကြောင့် သခင်လေးထန့်နှင့် အခြားသူများအားလုံး ဒေါသထွက်သွားကြသည်။

*မောက်မာလိုက်တာ!*

*ရဲတင်းလွန်းတယ်!*

*သူက စန်းပျောင်ကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်!*

*သူက စန်းပျောင်ရဲ့ ဆရာကို သုံးကွက် အကျောပေးတယ်!*

*ဒါ စောက်ရမ်း စောက်ကြောပြောင်လွန်းတယ်!*

*ဒါတောင် စောက်ရှက်မရှိ သူက စန်းပျောင်ရဲ့ ဆရာကို ချီးကျူးတဲ့အနေနဲ့ သုံးကွက် အကြောပေးတယ် ဆိုပဲ*

*မြတ်စွာဘုရား!*

*သူ့ရဲ့ စကြဝဠာတစ်ခုလုံးစာလောက် ရှိတဲ့ ပြိုင်ဘက်ကင်း အတ္တဆန်တဲ့ အကြည့်ကို ကြည့်ပါဦး…လုံးဝကို အံ့ဩစရာပဲ*

ဖန့်ယင်းတောင်မှ သူ့ကို သည်းမခံနိုင်တော့ပေ။ ယဲ့ဖန်ကို ကြောင်တောင်တောင်နှင့် ငေးကြည့်နေရင်း သူတော့ သင်ခန်းစာ ပေးခံရသင့်သည်ဟု ခံစားလိုက်မိသည်။

"ကောင်းတယ်! သိပ်ကောင်းတယ်! ဆယ်စုနှစ် ၃စုစာလောက် နေလာပြီးတဲ့နောက် ကျုပ် လူအမျိုးမျိုး တွေ့ခဲ့ဖူးတယ်! ဒါပေမယ့် မင်းကတော့ မင်းရဲ့ ဘဝင်မြင့်တဲ့ အပြုအမူ၊ အပြောအဆိုတွေကြောင့် ငါ့ကိုယ်ငါ ဉာဏ်နိမ့်တယ်လို့ ခံစားမိအောင် လုပ်နိုင်တဲ့ ပထမဆုံးသူပဲ!"

ထို ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက အားရပါးရအော်ရယ်ကာ သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာပြိး "ဒီလိုဆိုမှတော့ သေပေတော့" ဟု ပြောလိုက်သည်။

All Chapters