← Chapters

ဒါဆိုလည်း သူ့ခြေထောက်ကိုပဲ ချိုးလိုက်တာပေါ့!

Vol. 5 Ch. 72

ဒါဆိုလည်း သူ့ခြေထောက်ကိုပဲ ချိုးလိုက်တာပေါ့!

Vol. 5 Ch. 72

*ငါရှုံးသွားပြီ!*

*ငါရှုံးပြန်ပြီ!*

သခင်လေးထန့်သည် ပြာနှမ်းနေသော မျက်နှာနှင့် ငေးကြောင်ကြောင် ဖြစ်သွားကာ ဖင်ထိုင်လျက် လဲကျသွားသည်။

ယဲ့ဖန်၏ တိုက်ခိုက်မှုက နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည်ဟု သူ ထင်မိသည်။

*တစ်ချက်တည်းနဲ့*

*နောက်တစ်ခါ တစ်ချက်တည်းနဲ့ ဆော်လိုက်ပြန်ပြီ!*

*သူသာ အားကုန်သုံးလိုက်ရင် ဘယ်လိုဖြစ်သွားမှာလဲ?*

ဟိုဟိုဒီဒီ တွေးနေစဉ် သခင်လေးထန့်က ယဲ့ဖန်၏ နောက်ကျောကို ငေးကြည့်ရင် ကြောက်ရွံ့တုန်လှုပ်နေသည်။

ထိုစဉ် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက သွေးအန်လိုက်ပြီး သူ့မျက်နှာက ပြာနှမ်းလာသည်။

သူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများထက် သူ၏ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုက ပို၍ ကြီးမားနေသည်။

ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး သူက ယဲ့ဖန်က ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

"မင်းနိုင်သွားပြီ! ငါ မင်းကို တကယ် စိတ်ရင်းနဲ့ လေးစားမိပါတယ်"

သက်လတ်ပိုင်းအရွယ် လူကြီးက စိတ်တိုနေပုံ မရပေ။

ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားက ပို၍ သာလွန်မှန်း သူ သိသည်။ ယဲ့ဖန်က သူ့ကို အလျော့ပေးထားသည်ကိုလည်း သူ သိသည်။ သို့မဟုတ်ပါက သူ အရိုးကျိုးရုံနှင့် မပြီးဘဲ သေပင်သေသွားလောက်သည်။

ထို့နောက် သူ မနည်းကြိုးစား၍ ဖြည်းဖြည်းချင်း ထလိုက်သည်။ ထို့နောက် သူက ယဲ့ဖန်နား တိုးလာ၍ အရိုအသေပေးကာ

"သက်ညှာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ လူငယ်လေး။ မင်း နိုင်ပါတယ်"

ထို့နောက် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ဒယိမ်းဒယိုင်နှင့် အခန်းထဲမှ မဆိုင်းမတွ ထွက်သွားလေတော့သည်။

ထိုစဉ် သခင်လေးထန့်နှင့် အားဆန်တို့ သက်လတ်ပိုင်းအရွယ် လူကြီး၏ စကားကြောင့် အူကြောင်ကြောင်နှင့် ရပ်ကြည့်နေကြသည်။

*သူက ယဲ့ဖန် နိုင်သွားတယ်လို့ ဝန်ခံပြီး သူ့ကို သက်ညှာပေးတဲ့အတွက် အရိုအသေတောင် ပေးလိုက်သေးတယ်!*

….

သခင်လေးထန့်နှင့် အားဆန်တို့ အကြီးအကျယ် ထိတ်လန့်လာကြသည်။ ယခု အဖြစ်အပျက်သာ အပြင်သို့ သတင်းပေါက်ကြားသွားလျင် တရုတ်တောင်ပိုင်း တစ်ခုလုံး အံ့ဩသွားပေလိမ့်မည်။

တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးမှာ အသန်မာဆုံးဟု သတ်မှတ်ထားသည့်သူက သူ့ကို သုံးကွက်အကျောပေးထားသည့် လူငယ်လေး တစ်ယောက်ကို ရှုံးသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

*အိပ်မက်နွယ်မြက်ပင်!*

သခင်လေးထန့် စားပွဲပေါ်ရှိ အိပ်မက်နွယ်မြက်ပင်ကို နောင်တတွေနှင့် ကြည့်နေမိသည်။

စန်းပျောင် ရှုံးသွားစဉ်က သူ ကောင်းကင်ဘုံ အဝါရောင် အမြစ်ကို ဆုံးရှုံးခဲ့သည်။

ယခု သက်လတ်ပိုင်းအရွယ် လူကြီးကပါ ရှုံးသွားသည့်အခါမှာတော့ သူ အိပ်မက်နွယ်မြက်ပင်ကိုပါ ဆုံးရှုံးလိုက်ရပြန်သည်။

ထိုဆေးပင်များကို အမည်မသိ အရေးကြီးပုဂ္ဂိုလ်အား လက်ဆောင်ပေးရန် စီစဉ်ထားသော်လည်း အခုတော့ သူ သူများကို ပေးလိုက်ရလေပြီ။

သခင်လေးထန့်၏ မျက်နှာက ဖြူရော်နေကာ အသည်းအသန် မတ်တပ်ထရပ်ပြီး ယဲ့ဖန်အား ပြောလိုက်သည်။

"ယဲ့ဖန်…ကျုပ် မင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိတယ်"

သခင်လေးထန့်က ယဲ့ဖန်အား မျက်နှာလိုမျက်နှာရ ပြုံးပြလိုက်သည်။

သူ့စကားကြောင့် ယဲ့ဖန် ကြောင်သွားပြီးမှ သူ့ဘက် ပြန်လှည့်ကာ မသိမသာ ပြုံး၍ မေးလိုက်သည်။

"ဘာကိစ္စလဲ? ပြောလေ!"

"အာ…အဲ့ဒီ အိပ်မက်နွယ်မြက်ပင်နဲ့ ကောင်းကင်ဘုံ အဝါရောင် အမြစ်က ကျုပ်အတွက် သိပ် အသုံးဝင်တာ။ ခင်ဗျား ကျုပ်ကို ပြန်ရောင်းပေးပါလား?"

သခင်လေးထန့် အရမ်းကို အရှက်ရနေသည်။ သို့သော် သူ ယဲ့ဖန်နှင့် ချိုချိုသာသာ စကားပြောရန် လိုအပ်နေသည်။ ထို့အတွက်ကြောင့်လည်း သူ စိတ်ပျက်နေရသည်။

သူ့စကားကြောင့် ယဲ့ဖန် ခဏမျှ ကြောင်သွားပြီး သခင်လေးထန့်အား ဖျတ်ခနဲ ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ခင်ဗျားရဲ့ မျိုးရိုးနာမည်က ဘာလဲ?"

*ဘာ?*

သခင်လေးထန့် နားဝေတိမ်တောင် ဖြစ်သွားသည်။ သူ့မျိုးရိုးနာမည်နှင့် ဆေးပင်တို့ မည်သို့မည်ပုံ ဆက်စပ်နေကြောင်း သူ စဉ်းစား၍မရပေ။

ဇဝေဇဝါဖြစ်နေသော်လည်း သခင်လေးထန့်က ပြန်ပြောလိုက်သည်။

"ကျုပ်က ရှုထန့်ပါ"

*ရှု?*

သူ့မျိုးရိုးနာမည်ကို ကြားပြီးနောက် ယဲ့ဖန်သည် မြေခွေးတစ်ကောင်က ကြက်တစ်ကောင်ကို ခိုးဆွဲတော့မည့်ဟန်ဖြင့် ဝမ်းသာအားရ ပြုံးလိုက်သည်။

"ကောင်းပြီလေ..ခင်ဗျားရဲ့ မျိုးရိုးနာမည်က ရှုဆိုတော့ ကျုပ် ဒီဆေးပင်တွေကို တစ်ပင် ၅၀ မီလီယံ ယွမ် နဲ့ နှစ်ပင်ပေါင်းကို ၁၀၀ မီလီယံ နဲ့ ပြန်ရောင်းပေးမယ်"

*ချီးပဲကွာ!*

ယဲ့ဖန်က သူ့ကို ပြန်ရောင်းမည်ဟု ပြော၍ သူ ဝမ်းသာလုံးဆို့သွားသော်လည်း ဈေးနှုန်းကို ကြားပြီး သူ သတိလစ်မတတ် ဖြစ်သွားရသည်။

*သေလိုက်ပါတော့ကွာ!*

*လွန်လွန်းတယ်!*

ဤဆေးပင်နှစ်ပင်က ရှားပါးသောလည်း နှစ်ပင်ပေါင်း တန်ဖိုးက ၁၀ မီလီယံ RMB နီးပါးလောက်သာ ရှိသည်။

*ဒါကို ဒီကောင်က ယွမ် ၁၀၀ မီလီယံ တောင်းနေတယ်?*

*ဒီကောင် ငါ့ကို မွဲတေအောင် လုပ်နေတာပဲ!*

သခင်လေးထန့်၏ မျက်နှာက နီရဲနေကာ ယဲ့ဖန်အား ဒေါသတကြီးစိုက်ကြည့်ပြီး

"ယွမ် ၁၀၀ မီလီယံ လား! ကောင်းပြီ… ကျုပ်ပေးမယ်"

သူ့အတွက် ယွမ် ၁၀၀မီလီယံ ကို သိမ်းထားခြင်းထက် ထို အရေးကြီးပုဂ္ဂိုလ်အား မျက်နှာလုပ်နိုင်ဖို့က ပို၍ အရေးကြီးသည်။

သခင်လေးထန့်က ဘဏ်ကဒ်တစ်ကဒ်ကို ဆွဲထုတ်ကာ ခါးသက်စွာ ပြုံး၍ ယဲ့ဖန်အား ပေးလိုက်သည်။

"ဒီ ဘဏ်ကဒ်ထဲမှာ ယွမ် ၁၀၀ မီလီယံ ပါတယ်။ ဒါ ကျုပ် နှစ်ပေါင်းများစွာ ကျုပ်တို့မိသားစုပိုင်လုပ်ငန်းတွေကို စီမံခန့်ခွဲရင်း ကျုပ် စုထားခဲ့တာတွေပဲ"

သူ့စကားကြောင့် ယဲ့ဖန်က ကဒ်ကို ချက်ချင်း ဆွဲယူလိုက်သည်။

ယဲ့ဖန် ကဒ်ကို ဆွဲကိုင်လိုက်သည်နှင့် သခင်လေးထန့် ရင်တုန်လာသည်။

*ဒါ ငါပိုင်သမျှ အကုန်ပဲ။ ဒါကို ဒီကောင်က ခဏလေးနဲ့ ရသွားပြီ*

သခင်လေးထန့် ယဲ့ဖန်အား အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆွဲဖြဲပစ်ချင်နေသည်။

ထိုစဉ် တံခါးဖွင့်သံ  ထွက်ပေါ်လာပြီး လူတစ်စု ဝင်ရောက်လာသည်။ ဝင်လာသည့်သူတိုင်းက ကျန်းရှီမြို့၏ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်သည်ကို တွေ့လိုက်ရသည့်နောက် အခန်းထဲရှိ သူများအားလုံး ထိတ်လန့်သွားကြသည်။

…

လူပေါ်ကြော့ သူဌေးသားတိုင်း မှင်တက်နေကြသည်။

သခင်လေးထန့်တောင်မှ ခဏလောက် ကြောင်သွားရသည်။

သို့သော် ထိုလူစုကြားမှ အဘိုးအိုတစ်ယောက်ကို သူ မြင်လိုက်ပြီးနောက် ဝမ်းသာပြီး နှုတ်ဆက်လိုက်သည်။

"အဘိုး…ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ? အဘိုး ဟိုအရေးကြီးပုဂ္ဂိုလ်နဲ့ သွားမတွေ့ဘူးလား?"

သူ ခံခဲ့ရတာတွေအတွက် ပြန်လက်စားချေလို့ရပြီဟု တွေးကာ သခင်လေးထန့် ပျော်ရွှင်နေသည်။

*အဘိုး?*

သူ့စကားကြောင့် အခန်းထဲရှိ လူပေါ်ကြော့ သူဌေးသားတိုင်း အံ့ဩသွားကြသည်။

*သခင်လေးထန့်ရဲ့ အဘိုးက တရုတ်ပြည်တောင်ပိုင်းမှာ အာဏာရှိတဲ့ လူ မဟုတ်လား?*

အခန်းတွင်းရှိ သခင်လေးများအားလုံး ရင်သက်ရှုမော ဖြစ်သွားကြသည်။

ဒီလောက် ကြောက်ခမန်းလိလိ လူတန်းကြီးကို ကြည့်ပြီး သူတို့ သွေးပျက်လာကြသည်။

သခင်လေးများက ယဲ့ဖန်အား သနားသလို ကြည့်လာကြသည်။

*သူ ခုနလေးတင် သခင်လေးထန့်ကို အရှက်ခွဲပြီး မွဲတေသွားအောင် လုပ်လိုက်တာ အခု သခင်လေးရဲ့ အဘိုးက ဒီကို ရောက်လာပြီဆိုတော့ ယဲ့ဖန်တော့ သေမှာပဲ*

အားဆန်သည်လည်း ကြောက်လန့်လွန်း၍ ဘောင်းဘီထဲ သေးပေါက်ချမတတ် ဖြစ်လာသည်။

"ဟီးဟီး…ဟေ့ကောင်.. မင်းတော့ သေပြီပဲ..မင်းက တစ်ခုခု ထူးဆန်းသလို ဖြစ်လဲ ဘာအရေးလဲ.. မင်း သန်မာတဲ့သူ ၁ယောက် ၂ယောက်လောက်တော့ ချနိုင်ပင်မယ့် ၁၀ယောက်၊ အယောက် ၁၀၀ ဆိုရင်ရော ချနိုင်ပါ့မလား? အဲ့လူစုထဲမှ တရုတ်ပြည်တောင်ပိုင်း တစ်ခုလုံးကို ဩဇာညောင်းတဲ့ သူ ပါတဲ့အပြင် ကျန်တဲ့သူတွေက ကျန်းရှီမြို့မှာ အာဏာရှိတဲ့ သူတွေပဲ! မင်းတော့ ကြွပြီပဲ!"

ယဲ့ဖန်၏ သနားစဖွယ် အဖြစ်ကို ခန့်မှန်းမိသည့်အလား အားဆန် ကျေနပ်အားရနေသည်။

ထင်သည့်အတိုင်းပင် သခင်လေးထန့်က သူ့အဘိုးအား စကားစလိုက်သည်။

"အဘိုး..ကျွန်တော် အဘိုးမှာတဲ့အတိုင်း ဆေးပင် ၁၀ပင် ယူလာခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အဲ့လူ အနိုင်ကျင့်တာ ခံလိုက်ရတယ်ဗျ။ သူက စန်းပျောင်နဲ့ မစ္စတာထူကို ဒဏ်ရာရသွားအောင် လုပ်တဲ့အပြင်ကိုမှ ကျွန်တော့်ဆီက ပိုက်ဆံ ယွမ် ၁၀၀ မီလီယံ တောင် တောင်းသွားသေးတယ်ဗျ"

သခင်လေးထန့်က ယဲ့ဖန်ကို အံကို ကြိတ်၍ အလွန်မုန်းတီးသည့်ဟန်ဖြင့် ကြည့်ရင်း ထပ်ပြောလိုက်သည်။

"အဘိုး ရောက်လာပြီဆိုတော့ ကျွန်တော် ခံခဲ့ရတာတွေအတွက် လက်စားပြန်ချေပေးပါ"

သခင်လေးထန့်၏ အပြောကြောင့် အဘိုးအို၏ နဖူးမှ သွေးကြောတွေ ထောင်လာကာ သူ့မျက်နှာက မည်းမှောင်လာသည်။ သူ၏ ဒေါသကို ထိန်းချုပ်ထားရင်း သူ မေးလိုက်သည်။

"ထန့်လေး..မင်းကို ဂြိုဟ်မွှေတာ ဘယ်သူလဲ?"

"သူက ယဲ့ဖန်တဲ့..ဟိုထောင့်နားကကောင်လေ"

သခင်လေးထန့်က ဝမ်းသာအားရ ပြုံး၍ ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။

ယဲ့ဖန်ကို မြင်လျင်မြင်ချင်းမှာပဲ အဘိုးအို မျက်ခုံးပင့်သွားသည်။ ထို့နောက် သူက ဒေါသကို ထိန်းထားလျက်ဖြင့် သခင်လေးထန့်ကို ပြုံး၍ မေးလိုက်သည်။

"ထန့်လေး..မင်း သူ့ကို ဘယ်လိုရှင်းထုတ်ဖို့ စီစဉ်ထားလဲ ပြောစမ်းပါဦး?"

"သူ့ကို ဘယ်လိုရှင်းထုတ်မလဲ?'

သခင်လေးထန့် ကြောင်သွားပြီးမှ ရက်စက်ကြမ်းကြုတ်သည့် အကြည့်တို့ဖြင့် ပြန်ဖြေလိုက်သည်။

"အဘိုး..တစ်ယောက်ယောက်ကို သူ့ခြေထောက် သွားချိုးခိုင်းလိုက်! ဟုတ်တယ်..သူ့ခြေထောက်ကို ချိုးပစ်ရမယ်"

*သူ့ခြေထောက်ကို ချိုးပစ်မယ်?*

အဘိုးအိုက သုန်မှုန်သွားကာ နာကျင်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ…ဒါဆိုလည်း သူ့ခြေထောက်ကို ချိုးလိုက်ကြတာပေါ့"

အဘိုးအို ပြန်ပြောလိုက်သောစကားကြောင့် အားလုံး ထိတ်လန့်သွားကာ ယဲ့ဖန်ကို အင်မတန် သနားသည့်ဟန်ဖြင့် ကြည့်လိုက်မိကြသည်။

*မင်းက တစ်ခုခု ထူးဆန်းနေသလို ဖြစ်နေတော့ရော ဘာအရေးလဲ။ မင်း ခြေထောက်တွေက ကျိုးတော့မှာပဲလေ*

အားဆန် ပျော်လွန်းသဖြင့် ထခုန်မိမတတ် ဖြစ်နေသည်။

အရင်တုန်းက ယဲ့ဖန်က သူ့ခြေထောက်ကို ချိုးခဲ့သည်။ တစ်ယောက်ယောက်က ယဲ့ဖန်ခြေထောက်ကို ချိုးတော့မှာကို သူ ကြည့်ခွင့်ရသည့်အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာစရာ ကောင်းလှသည်။

ထိုစဉ် ကျယ်လောင်သော ဂျွတ်ခနဲ မြည်သံကြီးကြောင့် အားလုံး တောင့်ခနဲ ဖြစ်သွားကြသည်။

အသံလာရာသို့ အလျင်အမြန် ကြည့်လိုက်မိပြီးနောက် အားလုံး မှင်တက်သွားသည်။

*သူ့ခြေထောက်ကို ချိုးခိုင်းတာလေ!*

*ဒါပေမယ့် ဘာလို့ သခင်လေးထန့်ရဲ့ ခြေထောက်က ကျိုးသွားရတာလဲ?*

All Chapters