← Chapters

ငါသူ့ကို ချစ်မိနေပြီထင်တယ်!

Vol. 5 Ch. 75

ငါသူ့ကို ချစ်မိနေပြီထင်တယ်!

Vol. 5 Ch. 75

မီဒိုကော်ဖီဆိုင်တွင်းတွင် လင်းလင်တစ်ယောက် ဆိုင်ထောင့်နားရှိ ပြတင်းပေါက်နားမှ စားပွဲတွင် ထိုင်နေ၍ ကပ္ပချီနိုတစ်ခွက် သောက်နေသည်။

သူမနှင့်မျက်နှာချင်းဆိုင်တွင် သူမ၏ လက်ထောက် ယွင် ထိုင်နေသည်။

လင်းလန်တစ်ယောက် တွေဝေငေးငိုင်နေ၏။

ဘာရယ်ကြောင့်မှန်းမသိ ပုံရိပ်တစ်ခုက သူမစိတ်ထဲ အမြဲစိုးမိုးနေသည်။

ယဲ့ဖန်!

သူ၏အမည်က သူမဦးနှောက်ထဲ အမြဲ စိုးမိုးနေပြီး မောင်းထုတ်လို့လည်း မရနိုင်ခဲ့ပေ။

"ဥက္ကဋ္ဌ ကျွန်မတို့ အင်ဂျင်အတွက် မူပိုင်ခွင့်မှတ်ပုံတင် တင်ပြီးသွားပင်မယ့် မူပိုင်ရှင်က ဘယ်သူလဲ?"

ယွင်က သူမမျက်မှန်ကို ပင့်တင်လိုက်ရင်း လင်းလန်ကို မေးလိုက်သည်။

အင်ဂျင်၏ မူပိုင်ခွင့်မှတ်ပုံတင်!

ဤအရာသည် ယခုနှစ်အတွင်း လင်းအုပ်စု၏ အရေးအကြီးဆုံး လုပ်ငန်းဖြစ်သည်။

မူပိုင်ခွင့်မှတ်ပုံတင်သည် လင်းအုပ်စု၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၏ စမှတ်ပင် ဖြစ်ကြောင်း လင်းအုပ်စု၏ ဝန်ထမ်းတစ်ယောက်ခြင်းစီက သိနေကြသည်။

မူပိုင်ခွင့်မှတ်ပုံတင်ကို ရလိုက်သည်နှင့် လင်းအုပ်စုသည် ကားထုတ်လုပ်ခြင်းလုပ်ငန်းတွင် ထိပ်ဆုံးသို့ ရောက်ရှိလာနိုင်ပြီး ရောင်းအားလည်း လျင်မြန်စွာ ထိုးတက်လာကာ ကားထုတ်လုပ်ရေး နယ်ပယ်တစ်ခုလုံး၏ အဓိက လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သည်။

ယွင်၏ အမေးကြောင့် လင်းလန်က အသာအယာ ပြုံးကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ယဲ့ဖန်လေ"

*ဟင်*

ယွင် ခေတ္တမျှ ကြောင်သွားကာ ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

"ဥက္ကဋ္ဌလင်း ယဲ့ဖန်က ဘယ်သူလဲ? အဲ့လိုလူမျိုး ကျွန်မတို့ ကုမ္ပဏီမှာ ရှိလို့လား?"

"ထားလိုက်ပါတော့၊ ငါ နောက်မှ သူ့အကြောင်း အသေးစိတ်အချက်အလက်ကို နင့်ဆီ  ပို့လိုက်မယ်။ ဒီမူပိုင်ရှင်က ယဲ့ဖန်တစ်ယောက်တည်းပဲ ဆိုတာကိုတော့ မှတ်ထားပေး"

လင်းလန်၏ လှပသောမျက်ဝန်းလေးများက တံလျှပ်ကဲ့သို့ တလက်လက်တောက်ပနေကာ ထိုနာမည်ကို ခေါ်ဆိုနေရသည်ကိုက သူမအတွက် ပျော်နေပုံ ရသည်။

သူမ၏ ဥက္ကဋ္ဌက လူတစ်ယောက်အပေါ် ဒီလောက် အာရုံစိုက်နေတာမျိုးကို ယွင် တစ်ခါမျှ မမြင်ခဲ့ဖူးပါ။ ထို့ကြောင့်ပင် သူမ ယဲ့ဖန်ဟူသော အမည်ကို ပိုပို၍ စိတ်ဝင်စားလာမိသည်။

"ဥက္ကဋ္ဌ ကျွန်မတို့ရဲ့ ပထမဆုံး ပြိုင်ကားအတွက် နာမည် စဉ်းစားပြီးသွားပြီလား?"

ဤဈေးသက်သာသော ပြိုင်ကားသည် သေချာပေါက်ကို ကမ္ဘာတစ်ဝှမ်းလုံး၌ နာမည်ကြီးလာပေလိမ့်မည်။

ပထမဦးဆုံးသော ဈေးသက်သာသည့် ပြိုင်ကား၏ အမည်သည် နှစ်ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်တစ်ခုလုံးတိုင်အောင် ကမ္ဘာပေါ်တွင် လွှမ်းမိုးနိုင်ပေလိမ့်မည်။

ယွင်၏ အမေးကြောင့် လင်းလင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဖန်ဟိုစ့် ၁"

*ဖန်*

*လာပြန်ပြီ ဒီဖန်ပဲ*

ဒီ ဖန်ဟို့စ်ဆိုသည့်နာမည်ကလည်း ယဲ့ဖန်နှင့် သေချာပေါက် တစ်မျိုးတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု ယွင် အလိုလိုသိနေသည်။

သို့မဟုတ်ပါက ဒီ့ထက်ကောင်းသည့်နာမည်ကို သူမ ပေးမှာ သေချာသည်။

ထို့ကြောင့် ယွင်တစ်ယောက် ယဲ့ဖန်ဟူသော ကောင်လေးကို ပို၍ သိချင်လာသည်။

လင်းလန်နောက်သို့ နှစ်အတော်ကြာ လိုက်ခဲ့ပြီးနောက် လင်းလန် တစ်စုံတစ်ယောက်ကို ဤမျှ အလေးထား တွေးတောနေသည်ကို မြင်ရသည်မှာ ဒါ ပထမဆုံး အကြိမ်ဖြစ်သည်။

*သူ့နာမည်ကို မူပိုင်ခွင့်ပိုင်ရှင်အဖြစ် ထားတဲ့အပြင်ကိုမှ တစ်ကမ္ဘာလုံးမှာ ကျော်ကြားလာမယ့် ပြိုင်ကားကိုလည်း သူ့နာမည်ပါအောင် မှည့်လိုက်သေးတယ်*

*ဒါ…. အံ့ဩစရာပဲ*

လင်းလန်က စကားလမ်းကြောင်းလွှဲ၍ ယွင်ကို မေးလိုက်သည်။ "ယွင် ယောကျ်ားလေးတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားရလဲ?"

*အမ်*

ကျန်းရှီမြို့၏ နံပါတ်တစ် အလှပိုင်ရှင် ဥက္ကဋ္ဌက ဤကဲ့သို့သော မေးခွန်းမျိုး မေးလာလိမ့်မည်ဟု သူမ မထင်ထားခဲ့သဖြင့် ယွင် ကြောင်သွားရှာသည်။

*ဥက္ကဋ္ဌ တစ်ယောက်ယောက်ကိုများ ချစ်မိနေတာလား?*

ယွင် မှင်တက်မိသွားသည်။

လင်းလန်သည် ကျန်းရှီမြို့၏ အလှဆုံး ဥက္ကဋ္ဌတစ်ယောက်ဖြစ်သည်။ သူမ၏ သတို့သားလောင်းက ကုန်းယွင်ဖေး ဖြစ်နေသော်လည်း ထိုသူနှင့် သူမ တစ်ခါမှ ချိန်းမတွေ့ဖူးသလို သူ့ကို နှစ်သက်ခြင်းလည်း မရှိပါ။

ကုန်းယွင်ဖေးသည် သူမဘဝထဲသို့ တစ်ခါမှ ဝင်ရောက်လာခြင်း မရှိသလို သူမနှလုံးသားထဲသို့လည်း မစိုးမိုးနိုင်ခဲ့ချေ။

*ဘယ်လို ကံကောင်းတဲ့ ယောကျ်ားမျိုးက ဘယ်လောက် ချောမောနေလို့ ကျန်းရှီမြို့ရဲ့ အလှဆုံးဥက္ကဋ္ဌရဲ့ နှလုံးသားကို သိမ်းပိုက်သွားနိုင်တာလဲ?*

ယွင် အံ့ဩနေသော်လည်း  ပြုံး၍ ပြန်ဖြေလိုက်သည်။

"တကယ်လို့ တစ်ယောက်ယောက်ကို ရှင် ချစ်မိသွားပြီဆိုရင် ရှင့်စိတ်ထဲမှာ သူက စိုးမိုးနေလိမ့်မယ်။ သူတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရှင် အမြဲ အမှတ်ရနေလိမ့်မယ်။ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ သူရဲ့ လှုပ်ရှားပြုမူပုံတွေ၊ သူ့ရဲ့အပြုံး၊ သူ့ရဲ့ အမူအရာ အဲ့လိုမျိုးတွေကအစ အသေးစိတ် မှတ်မိနေလိမ့်မယ်"

ယွင်၏ မျက်လုံးက အလွန်တရာ ဆွဲဆောင်မှု ရှိနေကာ ထပ်ပြောလိုက်သည်။

"သူက ရှင့်စိတ်ကို လုံးဝ စိုးမိုးနေပြီဆိုရင်တော့ ဂုဏ်ယူပါတယ်… ရှင် သူ့ကို လုံးဝချစ်မိနေပြီ"

*ငါ့စိတ်ထဲမှာ စိုးမိုးနေတယ်*

*သူ့ကို လုံးဝချစ်မိနေပြီ*

သူမ စကားကြောင့် လင်းလန်ရင်ထဲ တုန်လှုပ်လာကာ မခို့တရို့လေး ပြုံးလိုက်မိသည်။

"ငါ သူ့ကို ချစ်မိနေပြီနဲ့ တူပါရဲ့"

လင်းလန် သူမကိုယ်သူမ နှစ်ကြိမ်သာ အတူရှိနေဖူးသည့်သူကို ချစ်မိသွားမိလိမ့်မည်ဟု မထင်ထားလိုက်မိပါ။

လင်းလန် ခါးသီးစွာ ပြုံးလိုက်မိပြီး ထပ်မေးလိုက်သည်။

"ငါ သေသွားရင် ဘယ်လိုလုပ်မလဲ?"

*ဘယ်လို*

ယွင် ထိတ်လန့်သွားကာ

"ဥက္ကဋ္ဌ ရှင် ဘာတွေ ပြောနေတာလဲ? ရှင်က ဘာလို့ သေရမှာလဲ? ရှင်က ဒီလောက် ငယ်ရွယ်ပြီး လှနေသေးတာ။ လင်းအုပ်စုကိုတောင် ရှင့်လက် ရှင့်ခြေနဲ့ တည်ထောင်ခဲ့တာလေ။ ရှင်က ကမ္ဘာပေါ်က အမျိုးသမီးတိုင်းအတွက် စံပြပုဂ္ဂိုလ်ပါ"

ယွင်၏ အမြင်တွင် လင်းလန်သည် ကမ္ဘာပေါ်တွင် အလှဆုံး အမျိုးသမီး ဖြစ်ကာ အလုပ်လုပ်နိုင်စွမ်း ရှိသော အမျိုးသမီးလည်း ဖြစ်သလို သူမနှင့် ကမ္ဘာပေါ်ရှိ များစွာသော အမျိုးသမီးထုတို့၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။

သို့သော် အခုတလော သူမ လေးစားရသည့် လင်းလန်တစ်ယောက် ဘာတွေ ဖြစ်နေသလဲ သူမ နားမလည်နိုင်ပါ။

အခုတလော လင်းလန် ဘာလို့ လွမ်းမောတသသလိုမျိုး ဖြစ်နေရသလဲ သူမ နားမလည်နိုင်ပါ။

ယွင်၏ စကားကြောင့် လင်းလန် ခေါင်းကို အသာခါကာ ငြိမ်ကျသွားသည်။

လင်းလန်၏ အမြဲ သူမ၏ အလိုလိုသိနေသော စိတ်ကို ယုံသည်။

အခုတလော သူမ မုန်တိုင်းတစ်ခု လာတော့မည်ဟု ခံစားနေရကာ သူမ ရင်တွေ လေးလံနေသည်။

ထိုမုန်တိုင်းအတွင်း သူမ သေသွားနိုင်သည်ဟု ထင်နေသည်။

….

ကော်ဖီဆိုင်မှ ထွက်လာပြီးနောက် သူမ ကုမ္ပဏီသို့ တန်းမပြန်ဘဲ အင်ပါယာဟိုတယ်သို့ သူမ၏ Porsche တံဆိပ် ကားကို မောင်း၍သွားလိုက်သည်။

ခမ်းနားထည်ဝါသော နံပါတ် ၁၈၁၈ အခန်း၏ တံခါးဖွင့်လိုက်ပြီး သူမ အခန်းထဲ ဖြည်းဖြည်းချင်း ဝင်လာသည်။

အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး ကြမ်းပြင်ကို ငေးကြည့်နေကာ ယဲ့ဖန်နှင့် ပထမဆုံးအကြိမ် အတူတူနေခဲ့သည်ကို အမှတ်ရလာပြီး သူမ မျက်ရည်ကျလာသည်။

သို့သော်လည်း သူမ ပြုံးနေဆဲပင်။

တစ်ယောက်ယောက်သာ သူမကို မြင်လျင် သေချာပေါက် ပူဆွေးသွားပေလိမ့်မည်။

"ဒီနေရာမှာကတည်းက ကျွန်မ ရှင့်ကို စချစ်မိတာနဲ့ တူပါရဲ့ ..."

ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပင် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်၊ ဒါကျွန်မရဲ့ ပထမဆုံး အကြိမ်ပါပဲ"

ဒီအခန်းထဲမှာ ဖြစ်ပျက်ခဲ့သည့်အရာများကို သူမ အသေးစိတ်မှတ်မိလာသည်။

သူ့ရဲ့ လျှို့ဝှက်ချက်တွေ

သူ့ရဲ့ ထိတ်လန့်စရာကောင်းသည့်အရာတွေ

သူနဲ့ ပတ်သက်သမျှ အရာအားလုံး သူမ စိတ်ထဲ အသစ်တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာသည်။

လင်းလန် ဟိုတယ်အခန်းထဲမှ ပြန်ထွက်လာပြီး တံခါးပြန်ပိတ်သည့်အခါတွင်လည်း မျက်ရည် ကျလာပြန်သည်။

"အလှပဆုံးသော ဆုံစည်းခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်"

….

အင်ပါယာ ဟိုတယ်မှ ထွက်လာပြီးနောက် လင်းလန် ဆင်ခြေဖုံး ရပ်ကွက်ဘက်သို့ မောင်းလာခဲ့သည်။

ယဲ့ဖန်၏ ခြံအပြင်ဘက်၌ ရပ်လိုက်ပြီး ရှေးဟောင်းသစ်ပင်များကို ကြည့်ရင်း လတ်ဆက်သော လေထုကို ရှုရှိုက်လိုက်ပြီး ငှက်ကလေးများ၏ တေးသံသာများကို ခံစားနေစဉ် လင်းလန် ပြုံးလိုက်မိသည်။

သူ၏ နေအိမ်ခြံဝန်းတွင် သူ၏ အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။

ထိုအငွေ့အသက်ကပဲ သူမကို အမှတ်ရစေသည်။

"ဒီနေရာမှာ ရှင် ကျွန်မကို ကယ်ခဲ့သလို ဒီနေရာမှပဲ ကျွန်မ ရှင့်ကို ထပ်ချစ်မိသွားပြန်တယ်"

လင်းလန် အရူးလို ငိုလိုက်ရယ်လိုက် ဖြစ်နေသည်။

သူမ ယောကျ်ားတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ မထင်ထားမိသလို ဤမျှ ချစ်နေမိလိမ့်မည်ဟုလည်း မထင်ထားခဲ့မိချေ။

သူမက သူနှင့် နှစ်ကြိမ်သာ ဆုံတွေ့ဖူးသည်လေ။

"ရှင် ကျွန်မကို ဒီနေရာမှာ လတ်ဆတ်တဲ့လေကို ရှူလို့ဆိုပြီး ပိုက်ဆံ ယွမ် ၁၀၀  ချက်ချင်းတောင်းခဲ့ဖူးတယ်နော်"

လင်းလန် ပြုံးသွားသည်။

ထိုနေ့က အဖြစ်အပျက်ကို သတိရမိပြီး သူ ဘယ်လောက် အရှက်မရှိသလဲဆိုတာကို ပြန်အမှတ်ရပြီး အရူးတစ်ယောက်လို ဖြူစင်စွာ ပြုံးမိပြန်သည်။

"ကျွန်မ ဒီမှာ ၅၅ ကြိမ် အသက်ရှူခဲ့တာဆိုတော့ စုစုပေါင်း ယွမ် ၅,၅၀၀ ပေးရမှာပေါ့"

လင်းလန် ပိုက်ဆံ တစ်အုပ်ကို ထုတ်လိုက်သည်။ ထိုပိုက်ဆံသည် စုစုပေါင်း ယွမ် ၁၀,၀၀၀ တန်ဖိုးရှိသည်။ ထိုပိုက်ဆံအား ယဲ့ဖန်၏ ခြံဝန်းမှ အိမ်တံခါးတွင် ထားခဲ့သည်။

"ဒီမှာ ပိုက်ဆံ ယွမ် ၁၀,၀၀၀  ပိုတာ သိမ်းထားလိုက်တော့၊ ဒါ ဥက္ကဋ္ဌ ဆုချတာလို့ သဘောထားလိုက်ပေါ့"

လင်းလန် ချိုသာစွာ ပြုံး၍ ဆိုကာ ကားထဲ ပြန်ဝင်လိုက်သော်လည်း မျက်ရည်များက ကျဆင်းလာပြန်သည်။

….

ယဲ့ဖန်၏ အိမ်ကို သွားလည်ပြီးနောက် သူမတို့ ဗန်ကားနှင့် မောင်းခဲ့သည့်နေရာတစ်လျှောက်သို့ သူမကားနှင့် မောင်းလာခဲ့သည်။

သူမတို့ မတော်တဆ ကားတိုက်မလို ဖြစ်ခဲ့သည့်လမ်း!

အလွန်အင်မတန် အန္တရာယ် များသည့် ထောင့်ချိုးကွေ့!

ကြောက်လန့်ဖွယ်ကောင်းသော V ပုံသဏ္ဌာန် ကွေ့!

နေရာတစ်ခုချင်းစီက လင်းလန်၏ အလှပဆုံးသော အမှတ်တရများကို သယ်ဆောင်လာသည်!

အဘယ်ကြောင့်ဆိုသော် ထိုအမှတ်တရများတွင် သူပါဝင်နေသည်မဟုတ်ပါလား!

All Chapters