← Chapters

ကြီးမြတ်သောနတ်မိစ္ဆာသုံးပါး

Vol. 53 Ch. 733

ကြီးမြတ်သောနတ်မိစ္ဆာသုံးပါး

Vol. 53 Ch. 733

ကြီးမားလှသော တောင်တန်းကြီး ပျက်စီးသွားသည်နှင့်အတူ ကြောက်မက်ဖွယ် အရှိန်အဝါများနှင့် မကောင်းဆိုးဝါး တစ်ကောင်လည်း ထွက်ပေါ်လာသည်။

ထိုမကောင်းဆိုးဝါးသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ကောင်းကင်ထက် ပျံသန်းနိုင်သော အရိုးစု အတောင်ပံကြီးများ ပါရှိသည်။

ဖျက်စီးမရနိုင်လောက်သော ခိုင်ခံ့သော သတ္ထုစက်များမှာလည်း စွမ်းအင်အချို့ကြောင့် အပေါက်ဖြစ်သွားရလေပြီ။

ပိုင်လင်၏ လက်ထဲမှ အဖြူရောင် အလုံးသည် အလင်းများ ဖြာထွက်နေပြီး အန်လင်းတို့အား ကာကွယ်ပေးထားသည်။ ၎င်းတို့သည်လည်း အချိန်ဆွဲမနေပဲ တောင်ခြေဘက်သို့ ပျံဝဲလာလိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်၊ ပိုင်ဖန်းဇယ်နှင့် သွမ့်ဟွမ်းဇီတို့သည်လည်း အတော်ပင် အခြေအနေ ဆိုးနေလေသည်။ ကောင်းကင်နတ်မိမယ် ဖေးရင်၏ နူးညံ့သော ပါးပြင်ပေါ်တွင် ခြစ်ရာတစ်ခု ရှိနေသလို ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ သူမအား ကြည့်ရသည်မှာ စိတ်မကောင်း ဖြစ်ချင်စဖွယ်ပင်။

ပိုင်ဖန်းဇယ်သည်လည်း တုံ့ပြန်ချိန်ပင် မရလိုက်ပဲ သက်တန့်အလင်းများကြောင့် လက်မောင်းတစ်ဖြတ် ပြတ်တောက်သွားခဲ့သည်။

ဟာသမျက်နှာအား စီးနင်းထွက်ပြေးလာသော သွမ့်ဟွမ်းဇီ၏ ခြေထောက်များမှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီ။

ကောင်းကင်ထက်တွင် ရှိနေသော ခေါင်းသုံးလုံး မိစ္ဆာသည် ကြမ်းတမ်းလှသော အရှိန်အဝါများ ထုတ်လွှတ်နေသောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများပင် အသက်ရှူကြပ်လာရသည်။

"ဟူး............ ဟားဟားဟား.......... အပြင်လေ ရှူရတာ တကယ်လက်ဆတ်တာပဲ။"

လူသားခေါင်း ရယ်မောကာ ပြောလိုက်သည်။

"ငါပိတ်မိနေတာ နှစ်တစ်သောင်းကျော်ရှိပြီး နောက်ဆုံးတော့ ဒီကမ္ဘာဆီ ပြန်လာနိုင်ပြီလေ။ ချိပ်စည်းတွေက ကြွပ်ဆတ်လာမယ်တောင် ထင်မထားဘူး။ ဟားဟား........ အရသာရှိတဲ့ အစားအသောက်တွေကို ကြည့်ပါဦး။ ငါတို့ မြန်မြန်ဆန်ဆန် အားဖြည့်လို့ ရပြီပဲ။"

နဂါးခေါင်းလည်း စိတ်ကျေနပ်နေသည်။

"ဒါက ကံတရားပဲ။ ဒီအချိန်မှာ အပြင်ထွက်ရဖို့ ကံပါလို့ ထွက်လာနိုင်ခဲ့တာပဲ။"

ဇာမဏီခေါင်းမှာ ဖြည်းညင်းလေးနက်စွာ စကားဆိုလိုက်သည်။

လူသားခေါင်းသည် ထွက်ပြေးနေသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုကြည့်ကာ မျက်ဝန်းများ မီးဝင်းဝင်းတောက်လာသည်။

"အဲ့ဒါဆို ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေ ကျွန်တော်တို့ရှေ့ ပေါ်လာတာကလည်း ကံတရားပဲမလား။"

"ဒါပေါ့။"

ဇာမဏီခေါင်း ခေါင်းညိတ်ပြလိုက်သည်။

ဝုန်း.........

ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ကီလိုမီတာ တစ်ရာ့ငါးဆယ် ပတ်လည်ရှိ လေထုမှာ ချက်ချင်းဆိုသလို ကျစ်လစ်သိပ်သည်းသွားသည်။

ဇာမဏီခေါင်းသည် တောက်ပနေသော မျက်ဝန်းများကို ဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းများသည် ကီလိုမီတာ ငါးဆယ်အား လွှမ်းခြုံသွားကာ မည်သူမှ လှုပ်ရှားမရတော့ပေ။

ကောင်းကင်နတ်မိမယ် ဖေးရင်၊ ပိုင်ဖန်းဇယ်နှင့် သွမ့်ဟွမ်းဇီတို့သည် လေထဲတွင် တိုးလို့တန်းလန်း ဖြစ်ကုန်သည်။ ထိတ်လန့်ဖွယ် အရှိန်အဝါသည် ၎င်းတို့အားလုံးကို သေခြင်းတရား၏ အငွေ့အသက်များသဖွယ် ဖုံးလွှမ်းသွားလေသည်။

တောင်တန်းကြီးနားတွင် ရှိနေသော စုဝမ်ကျွင်းနှင့် အခြားသူများသည်လည်း ကြောင်အမ်းအမ်းနှင့်ပင် မြေပြင်ပေါ် ဝပ်နေလိုက်ရသည်။

စုချန်းရန်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါနေရလေသည်။

"ကြည့်ရတာ....... ဒီကိုလာဖို့ မသင့်တော်ဘူး ထင်တယ်။"

လျှိုချင်းဟွမ် အသက်ပြင်းပြင်း ရှူလိုက်သည်။

အခုမှ ငနူလေးတွေကို ချနိုင်တဲ့ဟာ မိစ္ဆာသခင်ကြီးနဲ့ တိုက်နေရတော့မှာလား....... F_CK!!!"

လုံကွေးထံမှ ထွက်ပြေးနေသော တာအိုသခင် ယွီလန်သည်လည်း အလန့်တကြား ဖြစ်သွားရသည်။

ငါကတောင်ထဲ ဝင်ပုန်းမလို့လေ......... အခု သူ့မေကြီးတော် တောင်တန်းက ဘယ်ရောက်သွားတာလဲ.........

ပြီးတော့ အဖျက်စွမ်းအား ပြင်းလွန်းတဲ့ အဲ့မကောင်းဆိုးဝါးကရော ဘယ်ကပေါ်လာတာလဲ.......ငါ့ကိုရော ဘာလို့ကြက်သီးထစရာ အပြုံးကြီးနဲ့ ကြည့်နေရတာလဲ.........

တာအိုသခင် ယွီလန်သည် သေချာနေသော သေခြင်းတရားမှ ထွက်ပြေးကာ ပိုမိုသေချာသော သေခြင်းတရား တစ်ခုနှင့် ထိတွေ့မိသွားသလို ခံစားလိုက်ရသည်။

ဗိုလ်ချုပ် လုံကွေးသည် ကြီးမားလှသော မကောင်းဆိုးဝါးအား မြင်လိုက်ရသောအခါ တာအိုသခင် ယွီလန်နောက်သို့ ဆက်မလိုက်တော့ပေ။ ထို့နောက် အနည်းငယ် တွေးတောကာ အဝေးတစ်နေရာသို့ ထွက်ခွာသွားလေသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် မ​ကောင်းဆိုးဝါးထံ မျှားခေါ်လာသော မြေခွေးအိုကြီး ယွီလန်အား ကျိန်ဆဲနေမိသည်။

ကံကြမ္မာသည် တစ်ခါတရံတွင် လွန်စွာဆန်းကြယ်လွန်းလှသည်။ ယခုတွင်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် တောင်တန်းကြီးနားတွင် အတူတကွ စုဝေးမိကာ မကောင်းဆိုးဝါးကြီး၏ အစားအသောက်များ ဖြစ်လာရပေတော့မည်။

စုဝမ်ကျွင်းသည် အကောင်းဆုံး တိုက်ကွက်အား ထုတ်ဖော်ကာ ရွှေရောင်အကာအရံအား တိုက်ခိုက်လိုက်ပါသော်လည်း လှိုင်းမျှသာထပြီး အနည်းငယ်မျှပင် ပေါက်ပြဲမသွားခဲ့ပေ။

သူအလွန် စိတ်မသက်မသာ ဖြစ်သွားသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ယောက်က အဲ့လိုမျိုး တိုက်ခိုက်မှုကို လုပ်နိုင်ပါ့မလား........

ဒီမကောင်းဆိုးဝါးက တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြစ်နေမလား.............

ပိုင်လင်သည် အန်လင်းတို့၏ အရှိန်အဝါများအား ဖုံးကွယ်ပေးကာ တောင်အောက်ခြေသို့ ခေါ်ဆောင်လာခဲ့သည်။ သူမ၏ နည်းလမ်းသည် အမှန်တကယ် အလုပ်ဖြစ်ပုံရပြီး မကောင်းဆိုးဝါးကြီးမှာ ၎င်းတို့အား သတိမထားမိခဲ့ပေ။

"ယီးထဲမှ.........ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့ မိစ္ဆာပါလား။ သောက်ကျိုးနည်း နီကျားကြီးလားဟ။"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ပိုင်လင် မျက်စောင်းထိုးကာ ပြောလိုက်သည်။

"ဒီလိုအချိန်မှာတောင် မျက်နှာပြောင်နိုင်သေးလား။"

"မြွေနက်ဝိဉာဉ်က ဒီမကောင်းဆိုးဝါးကိုလွှတ်ဖို့ ထိန်းချုပ်ခွင့် ပြန်တောင်းတာလား။"

အန်လင်း မေးမြန်းလိုက်သည်။

ပိုင်လင်: "............."

"ဟုတ်ပါပြီ။ သူမက မကောင်းဆိုးဝါးကို ထိန်းချုပ်မှာမလား။ အခု ဘာလုပ်နေလဲ။ အစ်မကြီးပိုင်လည်း သူမဆီ ထိန်းချုပ်ခွင့် လွှဲပေးပြီးပြီမလား။"

အန်လင်း စကားဆက်လိုက်သည်။

"သူမက မန္တာန်တစ်ခုခု ပြင်ဆင်နေတာ ဖြစ်မှာပေါ့။"

ပိုင်လင် ရှင်းပြလိုက်သည်။

"ဒီမကောင်းဆိုးဝါးနဲ့ ပက်သတ်တဲ့ အချက်အလက်တချို့ ငါ့ဆီမှာ ရှိတယ်။ ဒါက ဇာမဏီသုတေသနဋ္ဌာနရဲ့ တာအိုပေါင်းစည်းခြင်းအဆင့် စမ်းသပ်ချက် ကျရှုံးထားတဲ့ ကြီးမြတ်သောနတ်မိစ္ဆာသုံးပါးပဲ။ နတ်ဇာမဏီရယ်၊ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နဂါးရယ်နဲ့ အစစ်အမှန် နတ်ဘုရားရယ်ရဲ့ သွေးမျိုးဆက်တွေကိုပေါင်းပြီး ဖန်တီးထားတာ။ ဒါပေမယ့် စမ်းသပ်ချက် မအောင်မြင်ပဲ မကောင်းဆိုးဝါး ဖြစ်လာပြီး အမြဲတမ်း သွေးရူးသွေးတန်း ဒေါသထွက်နေလို့ ဒီနေရာမှာ ချိပ်ပိတ်ထားရတာပဲ။"

"ဝါး......."

တုန်းကော် အလွန်အမင်း အံ့အားသင့်သွားသည်။

"တာ....... တာအိုပေါင်းစည်းခြင်းအဆင့် သတ္တဝါတွေကိုတောင် ဖန်တီးနိုင်တာလား။"

အန်လင်းနှင့် တပိုင်သည်လည်း မျက်လုံးအပြူးသား ဖြစ်နေကြသည်။ အန်လင်း တွေဝေစွာ ပြောလိုက်သည်။

"လက်ခြောက်ဖက်ရှိတဲ့ မိစ္ဆာကောင်အကြောင်း ရှန့်ယင်လည်း ပြောပြဖူးတယ်။ အဲ့မိစ္ဆာကလည်း ခရမ်းကြယ်စင်ရဲ့ တာအိုပေါင်းစည်းခြင်းအဆင့် စမ်းသပ်ချက် ကျရှုံးထားတဲ့ကောင်ပဲ။"

"အိုး....... ခရမ်းကြယ်စင်သမိုင်းရဲ့ အမည်းစက်တွေပေါ့လေ။ လက်ခြောက်ဖက်မိစ္ဆာက ဒီကုန်းမြေကို တော်တော်ဒုက္ခပေးခဲ့တယ်။ ငါလည်း တကယ်ကို စိတ်မကောင်းပါဘူး......ဟူး......"

ပိုင်လင် အားတုံ့အားနာဖြစ်ကာ သက်ပြင်းချလိုက်သည်။

အန်လင်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ ခရမ်းကြယ်စင်သည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

စမ်းသပ်ချက် မအောင်မြင်သော သတ္တဝါတစ်ကောင်သည်ပင် ဂြိုလ်မွှေနိုင်လွန်းသည်။

ယခုတွင်လည်း နောက်ထပ်မိစ္ဆာတစ်ကောင် ရှိနေလေပြီ။

သူတို့ဆီမှာ မိစ္ဆာဘယ်လောက်တောင် ရှိနေတာလဲ........

ပိုင်လင် စကားဆက်လိုက်သည်။

"မြွေနက်ဝိဉာဉ်က တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဆိုပေမယ့် ကြီးမြတ်သောနတ်ဆိုးမိစ္ဆာသုံးပါးကို ဖိအားပေးပြီး မဖိနှိပ်ချင်ဘူးလေ။ နောက်ပိုင်းလေ့လာရေးတွေအတွက် သူတို့ကို ဒီတောင်မှာ ချိပ်ပြန်ပိတ်ထားချင်တာ။"

အန်လင်း ခေါင်းကုတ်လိုက်သည်။

"ဒီကမ္ဘာက အစ်မကြီးပိုင်ရဲ့ အပိုင်ဖြစ်တော့မှာလေ။ သူမက အဲ့မကောင်းဆိုးဝါးကို ဘယ်လိုလေ့လာမှာလဲ။"

ပိုင်လင်မှာ လက်သီးဆုပ်ကာ လက်ဝါးဖြင့် ရိုက်လိုက်သည်။

"ဟုတ်သားပဲ။"

အန်လင်း: "........"

ပိုင်လင်: ".........."

"တစ်ခုခု မှားနေတာလား။"

ပိုင်လင် မေးမြန်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ မြွေနက်ဝိဉာဉ်က ကတိတည်မှာပါ။"

အန်လင်း နှစ်သိမ့်ပေးလိုက်သည်။

သို့သော် မည်သည့်နှစ်သိမ့်စကားမဆို ဤအခြေအနေတွင် အသုံးမဝင်တော့ပေ။

အန်လင်းသည်ပင် ထိုစကားများကို မယုံကြည်ပေ။

ထိုအချိန်တွင် မြွေနက်ဝိဉာဉ်၏ပုံရိပ်မှာ ​ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

မြွေနက်ဝိဉာဉ်သည် ရွှေသရဖူကို ဆင်မြန်းထားပြီး အေးစက်ခက်ထန်သော အမူအရာ ရှိနေသည်။ သူမသည် လက်အားဆန့်ထုတ်လိုက်သည်နှင့် ရွှေရောင်ဓားတစ်လက် ဖြစ်ပေါ်လာလေသည်။

နတ်ဘုရားလက်နက်....... လောကဖန်ဆင်းမိစ္ဆာရှင်းဓား.........

"ဒီလက်နက်ကို အသက်သွင်းဖို့ နည်းနည်းကြာတယ်။ အားလုံး တောင့်ခံထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

သူမ ပိုင်လင်အားကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။ သူမ၏ စကားလုံး တစ်လုံးချင်းစီသည် သိမ်မွေ့သော ဂီတသံစဉ် တစ်ခုလိုပင်။

ရွှေရောင်ဓားတွင် လှပပြည့်စုံလွန်းသော အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

"ဒီလူသားမှာ အရမ်းအရသာရှိတဲ့ အရှိန်အဝါတွေ ရှိနေတယ်။ အမှောင်ထု အရသာကို မြည်းစမ်းကြရအောင်။"

လူသားခေါင်းမှာ တောက်ပသော သွေးနီရောင် မျက်ဝန်းများဖြင့် တာအိုသခင် ယွီလန်အား ကြည့်ကာပြောလိုက်သည်။

All Chapters