← Chapters

ဘာလို့ငါပဲလဲ

Vol. 53 Ch. 735

ဘာလို့ငါပဲလဲ

Vol. 53 Ch. 735

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ပစ်မှတ်မဟုတ်ကြောင်း သိလိုက်ရသောအခါ ကောင်းကင်နတ်မိမယ် ဖေးရင်၊ ပိုင်ဖန်းဇယ်နှင့် သွမ့်ဟွမ်းဇီတို့မှာ ဝမ်းသာလွန်းသောကြောင့် မျက်ရည်ကျမတက် ဖြစ်ကုန်သည်။ သို့သော် အနှေးနှင့်အမြန် ၎င်းတို့သည်လည်း ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ပစ်မှတ်ဖြစ်လာနိုင်သောကြောင့် ယခုအခွင့်အရေးအား အမိအရ အသုံးချကာ ထွက်ပြေးရမည်ပင်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား ၎င်းတို့တိုက်ခိုက်နိုင်မည်လော။

ထိုသည်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းနှင့် ခြားမည်မဟုတ်ပေ။

ထို့ကြောင့် ၎င်းတို့သုံးဦးသည် မတူကွဲပြားမှုများကို ဘေးဖယ်ကာ ခေ​တ္တမဟာမိတ်ဖွဲ့ပြီး လေဟာနယ် ချိပ်စဉ်းအား ဖျက်စီးရန် အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြသည်။

ဝုန်း......ဝုန်း......ဝုန်း.......

ရွှေရောင်အကာအရံသည် ဖြိုဖျက်မရနိုင်သော မဟာတောင်တန်း တစ်ခုအလား ၎င်းတို့ပူးပေါင်း တိုက်ခိုက်နေသည်ကိုပင် တုတ်တုတ်မလှုပ်ပေ။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် စုဝမ်ကျွင်းတို့ထံ ရောက်ရှိတော့မည်ဖြစ်ကြောင်း တွေ့လိုက်ရပြီးနောက် ကောင်းကင်နတ်မိမယ် ဖေးရင်မှာ မျက်နှာတစ်ခုလုံး ဖြူရော်လာသည်။ တိုက်ပွဲသည် မျက်စိတမှိတ်အတွင်း အဆုံးသတ်သွားမည်ဖြစ်ကာ သူမတို့အားလုံး ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏အစာ ဖြစ်လာပေလိမ့်မည်။

"ဟီးဟီး.......... လိလိမ္မာမ္မာ နေလိုက်နော် အလှလေး...... ငြင်းဖို့မကြိုးစားနဲ့။ နည်းနည်းလေးမှတောင် မနာစေရဘူး။"

နဂါးခေါင်းသည် တဏှာရူးတစ်ယောက်သဖွယ်ပြုံးကာ နက်ပြာရောင် စွမ်းအင်များ မှုတ်ထုတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ချက်ချင်းဆိုသလို အေးခဲသွားလေသည်။ ၎င်းသည် စုချန်းရန်တို့အား ရေခဲပန်းပုများအဖြစ် ပြောင်းပစ်ချင်ပုံ ရသည်။

နက်ပြာရောင် စွမ်းအင်များသည် မြစ်ရေစီးကြောင်းအလား စီးဆင်းပျံ့နှံ့လာပြီး စုဝမ်ကျွင်း၊ လုံကွေး၊ လျှိုချင်းဟွမ်နှင့် စုချန်းရန်တို့မှာ ၎င်းတို့၏ အသက်အန္တရာယ်အတွက် အသည်းအသန် ခုခံရတော့သည်။

စုဝမ်ကျွင်းသည် လျှာထိပ်အားကိုက်ကာ သွေးအဆီအနှစ်တစ်စက် ထွက်ပေါ်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်ကောက်ဝတ်အား လှီးလိုက်သောကြောင့် သွေးများပန်းထွက်လာသည်။ သူသည် တန်​ကြေးကြီးသော လျှို့ဝှက်ကျင့်စဉ်တစ်ခုအား အသုံးပြုရန် ပြင်ဆင်နေသည်မှာ သိသာလှပေသည်။

လုံကွေးသည်လည်း အားနှင့်မာန်နှင့် အော်ဟစ်ကာ ရွှေရောင်လှံအား ဆုပ်ကိုင်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်ကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်အောင် အရှိန်အဝါ ကြီးမားသော ရွှေရောင်လှံပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

လျှိုချင်းဟွမ်သည် ကြီးမြတ်ရေခဲဓားအားထုတ်ကာ နှင်းခဲနယ်ပယ်အား ထုတ်ဖော်လိုက်သည်နှင့် အပြာရောင် ဓားပုံရိပ်များ ရုပ်လုံးပေါ်လာလေသည်။

​စုချန်းရန်မှာ ချန်အယ်ကိုယ်တိုင် ပြုလုပ်ပေးထားသော အသက်ကယ်သွေးစက်အဆောင်အား ထုတ်ယူလိုက်သည်။

ကောင်းကင်ထက်တွင် တောက်ပနေသော လစန္ဒာတစ်စင်း ပေါ်ထွက်လာသလို ပတ်ဝန်းကျင် တစ်ခုလုံးအား လရောင်များ လွှမ်းခြုံသွားသည်။ ကျက်သရေရှိကာ တင့်တယ်လှပလွန်းသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်လည်း ဖြစ်ပေါ်လာကာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား လက်ညှိုးထိုးလိုက်သည်။

နက်ပြာရောင် စွမ်းအင်စီးကြောင်းသည် ရွှေရောင်လှံပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ ပေတစ်သောင်းပတ်လည်အား စွမ်းအင်လှိုင်းဂယက်များ ပြန့်ကားသွားစေသည်။

အဆုံးတွင်မူ ရွှေရောင်လှံပုံရိပ်မှာ ပျက်စီးသွားသလို နက်ပြာရောင် စွမ်းအင်စီးကြောင်းလည်း အနည်းငယ် အားနည်းသွားသည်။

ထို့နောက် နက်ပြာရောင် စွမ်းအင်စီးကြောင်းသည် အလွန်အေးခံနေသော ဓားပုံရိပ်နှင့် တိုက်မိသွားလေသည်။ ပြင်းထန်လှသော နှင်းခဲပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ စွမ်းအင်စီးကြောင်းသည်ပင် အေးခဲတော့မလို ဖြစ်သွားသည်။ ထိုနက်ပြာရောင် စွမ်းအင်စီးကြောင်းသည် ရေခဲအမျိုးအစား ဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ ထိတ်လန့်ဖွယ်ရာပင်။

သို့သော် နက်ပြာရောင် စွမ်းအင်စီးကြောင်းသည် ရပ်တန့်မရနိုင်သော စွမ်းအင်အလား အဆုံးတွင် လျှိုချင်းဟွမ်၏ ဓားပုံရိပ်အား ပျောက်ကွယ်သွားစေသည်။

နက်ပြာရောင် စွမ်းအင်စီးကြောင်းမှာ အားနည်းသွားပြန်သည်။ ထိုအချိန်တွင် စုဝမ်ကျွင်းသည် ရင်ခေါင်းသံဖြင့် ဟစ်ကြွေးကာ လျှို့ဝှက်ကျင့်စဉ်အား ထုတ်ဖော်လိုက်သည်။ သူ၏လက်ထဲတွင် ရှိနေသော အနီရောင် အလုံးသည် ကျုံ့လိုက်ဆန့်လိုက်ဖြင့် ပုံမှန်မဟုတ်ပဲ နက်ပြာရောင် စွမ်းအင်စီးကြောင်းထံ ပျံဝဲသွားသည်။

အနီရောင် အလုံးမှာ နက်ပြာရောင် စွမ်းအင်စီးကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွားတော့သည်။

ဝုန်း.......

ထိုပေါက်ကွဲမှုကြောင့် ကောင်းကင်နှင့်မြေပြင်သည်ပင် သိမ့်သိမ့်တုန်သွားလေသည်။

အနီရောင်စွမ်းအင်များ လင်းထိန်တောက်ပကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖျက်စီးပစ်လိုက်သည်။ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များမှာ ဆယ်ကီလိုမီတာ ဝန်းကျင်အား ပြာကျသွားစေသည်။

နက်ပြာရောင် စွမ်းအင်စီးကြောင်းလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားရသည်။

လစန္ဒာအောက်ရှိ အလွန်လှပသော အမျိုးသမီး၏ လက်ညှိုးထိပ်မှ လရောင်များ ဖြာထွက်လာကာ အဖြူရောင် တောက်ပနေသော လှံတစ်လက်အဖြစ် ပြောင်းလဲသွားပြီးနောက် နဂါးခေါင်းထံ တည့်တည့်ပျံဝဲသွားသည်။

နဂါးခေါင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် အဖြူရောင်လှံအား ကပ်သီးလေး ရှောင်လိုက်နိုင်သည်။

ထို့နောက် လူသားခေါင်းမှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။

"အား........"

လူသားခေါင်းမှာ နာကျင်စွာ အော်ဟစ်ရင်း နဖူးထက်မှ သွေးများယိုစီးကျလာသည်။

ကောင်းကင်နတ်မိမယ် ဖေးရင်၊ ပိုင်ဖန်းဇယ်နှင့် သွမ့်ဟွမ်းဇီတို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"သူ..... သူတို့က မကောင်းဆိုးဝါးရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်တာလား။"

ပိုင်ဖန်းဇယ် မယုံကြည်နိုင် ဖြစ်နေသည်။

"အဲ့ဒါတင် မကသေးဘူး။ မကောင်းဆိုးဝါးကိုပါ ပြန်ဆော်လိုက်တာလား။"

ကောင်းကင်နတ်မိမယ် ဖေးရင်မှာလည်း မျက်လုံးအပြူးသား ဖြစ်နေမိသည်။

"ဝါး....... တကယ်အထင်ကြီးစရာပဲ။"

သွမ့်ဟွမ်းဇီမှာ အသက်ရှူသံများပင် မမှန်တော့ပေ။

၎င်းတို့သည် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား အသေအလဲ ကြောက်ရွံ့ခဲ့ပါသော်လည်း ယခုအခါ မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် ပြိုင်ဘက်ကင်း ဟုတ်မနေပေ။

၎င်းတို့၏ တိုက်ခိုက်မှုများအား ခုခံနိုင်သလို ထိခိုက်ဒဏ်ရာ ရအောင်လည်း လုပ်၍ရသည်။

"အား........ ငါ့ခေါင်း........ နာလိုက်တာ။"

လူသားခေါင်း အော်ဟစ်ငိုကြွေးတော့သည်။

"ထိပြန်ပြီ...... ဘာလို့ငါပဲလဲ......... ဝါး........"

"သောက်တုံးကောင်........ ဘာလို့မရှောင်တာလဲ။"

နဂါးခေါင်း ဆူပူကြိမ်းမောင်းလိုက်သည်။

"အစ်ကိုကြီးကရော ဘာလို့ရှောင်ရတာလဲ။"

လူသားခေါင်း မျက်ရည်စက်လက်ဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးသာ မရှောင်ရင် ကျွန်တော် မထိဘူးဗျ။"

ဇာမဏီခေါင်း : "........."

နဂါးခေါင်း: "ဦးနှောက်မရှိတဲ့ကောင်......"

လူသားခေါင်းသည် နာကျင်စွာဖြင့် စုချန်းရန်အား ဒေါသတကြီး ကြည့်ရှုလာသည်။

"အစ်ကိုကြီး......... ကျွန်တော် ဘာမှဂရုမစိုက်တော့ဘူး။ ကျွန်တော် စိတ်ကျေနပ်ဖို့ သူတို့ကို စားရမှဖြစ်မယ်။"

နဂါးခေါင်း သက်ပြင်းချလိုက်သည်။

"မင်းကြိုက်သလိုသာလုပ်တော့။ ငါလည်း ခုနက ငါတိုက်ခိုက်တာ ပျော့သွားလို့ မင်းထိသွားရတယ်လို့ ထင်တယ်။ မင်းထိခိုက်တာက ငါထိခိုက်တာပဲ။ ငါလည်း ဒါကိုလက်မခံနိုင်ဘူး။"

"အစ်ကိုကြီး အဲ့လိုပြောမှာကို စောင့်နေတာ။"

လူသားခေါင်း ရယ်မောကာ ဓားအားမြှောက်လိုက်သည်။

"အမှိုက်ကောင်​​တွေ..... ငါ့ရဲ့ နတ်ဘုရားဝါးမြိုခြင်းဓားနဲ့ တွေ့ပြီသာမှတ်တော့။"

သူသည် စုဝမ်ကျွင်းတို့အားကြည့်ကာ ကြုံးဝါးလိုက်သည်။

ဝှစ်......

ကောင်းကင်နှင့်မြေပြင်မှာ အရောင်အဝါများ ပျောက်ကွယ်သွားပြီး သက်တန့်ဓားရောင်စဉ် တစ်ခုသာ တောက်ပလို့နေသည်။

"ဒါက တာအိုပေါင်းစဉ်းခြင်းအဆင့် စိတ်ဝိဉာဉ် တိုက်ခိုက်မှုပဲ။ သွားပြီ .......... အားလုံးသွားပြီ။"

စုဝမ်ကျွင်း အလန့်တကြား ဖြစ်နေလေပြီ။

တာအိုပေါင်းစဉ်းခြင်းအဆင့် စိတ်ဝိဉာဉ် တိုက်ခိုက်ခြင်းသည် တိုက်ခိုက်သူ၏ တာအိုစွမ်းအင်များပါ ပါဝင်နေသောကြောင့် သာမန်စိတ်ဝိဉာဉ် တိုက်ခိုက်မှုနှင့် အနည်းငယ်မျှ မတူညီပေ။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အယောက်တစ်ရာ ပေါင်းလျှင်ပင် ထိုတိုက်ခိုက်မှုအား ခုခံနိုင်မည် မဟုတ်ပေ။ ထိုသည်မှာ တို့ဟူးတစ်တုံးဖြင့် ကျောက်တုံးအား ရိုက်ခွဲနေသလိုပင်။

စုဝမ်ကျွင်းတို့ အားလုံးသည် အစောပိုင်း တိုက်ခိုက်မှုနှင့်ပင် ၎င်းတို့၏ ဝှက်ဖဲများအား အသုံးပြုခဲ့ပြီး ဖြစ်သည်။

သက်တန့်ရောင်စဉ်မှာ တောက်ပကာ လှပလွန်းပါသော်လည်း ပြင်းထန်လှသော အဖျက်စွမ်းအင်များမှာ သေမင်းတမာန် နတ်ဘုရားကိုယ်တိုင် ဆင်းသက်လာသလို ထင်မှတ်ရစေသည်။

ထိုအချိန်မှာပင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

စုချန်းရန်နှင့် လျှိုချင်းဟွမ်တို့မှာ ထိုလူငယ်အားကြည့်ကာ နှလုံးခုန်သံများ မြန်လာသည်။

ထိုလူငယ်လေးသည် ကြေးမုံပြင်တစ်ချပ်ဖြင့် ၎င်းတို့ရှေ့တွင် နေရာယူလိုက်သည်။

ကြေးမုံပြင်သည် သက်တန့်ရောင်စဉ်အား စုပ်ယူကာ တန်ပြန်စေလိုက်သည်။

ဝုန်း............

သက်တန့်ရောင်စဉ်မှာ ဇာမဏီခေါင်းထံ ပျံဝဲသွားလေသည်။

ဇာမဏီခေါင်းသည် နောက်ဆုံးအချိန်တွင် လျင်မြန်စွာ ရှောင်ရှားလိုက်နိုင်သည်။

အသိစိတ်ကိုပင် ဖျက်စီးနိုင်လောက်သော စွမ်းအင်များ ပါဝင်နေသည့် သက်တန့်ရောင်စဉ်မှာ လူသားခေါင်းအား ထိမှန်သွားရသည်။

"အား........."

လူသားခေါင်း နာနာကျင်ကျင် အော်ဟစ်လိုက်ရပြန်သည်။

"ဘာလို့ငါပဲလဲ......"

All Chapters