← Chapters

ဖိနှိပ်ခံရခြင်း

Vol. 53 Ch. 738

ဖိနှိပ်ခံရခြင်း

Vol. 53 Ch. 738

ပိုင်ဖန်းဇယ်မှာ ခန္ဓာကိုယ်ပေါ်ရှိ ငှက်မွှေးများအားလုံး ထောင်ထသွားရသည်။

လူသားခေါင်းသည် အမြဲလိုလို အန္တရာယ်ကင်းကာ ရူးတူးတူးပေါတောတော ဖြစ်နေသည့် ခံစားချက်ကိုသာ ပေးစွမ်းလေ့ရှိသည်။ သို့သော် တိုက်ခိုက်မှုများ ခံရပြီးသည်နှင့် မျက်ဝန်းများ ဖွင့်ဟလာကာ ရက်စက်စွာ ပြုံးနေသည်မှာ ပုံမှန်မဟုတ်သောကြောင့် ပိုင်ဖန်းဇယ်၏ ကျောရိုးတလျှောက်လုံးပင် အေးစိမ့်လာရလေသည်။

အခြားသူများ၏ စိတ်အခြေအနေကို မမှန်းတတ်ပါသော်လည်း ပိုင်ဖန်းဇယ်မှာ ချီးထွက်ကျမတက် ကြောက်ရွံ့နေမိသည်။

သူသည် တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ကာ ဆန့်ကျင်ဘက် အရပ်သို့ တချိုးတည်း လစ်ပြေးတော့သည်။

"ဟေ့.......... မပြေးနဲ့လေ။ ငါတကယ် ဗိုက်ဆာနေတာကွ။"

လူသားခေါင်းသည် ဓားကိုင်ထားသော လက်နှစ်ဖက်အား လွှဲရမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ် ဓားပုံရိပ်နှစ်ခု ထွက်ပေါ်လာကာ အကန့်အသတ်မဲ့သော ချယ်ရီပန်းများအား ဖြိုခွင်းလျက် ပိုင်ဖန်းဇယ်ထံ ပျံဝဲသွားသည်။

ပိုင်ဖန်းဇယ်၏ အတောင်ကြီးများ ထိခိုက်ပျက်စီးသွားကာ သွေးများပန်းထွက်လာလေသည်။

သူသည် နာကျင်စွာ အော်ဟစ်ရင်း လျှို့ဝှက်ကျင့်စဉ်တစ်ခုအား အသက်သွင်းကာ အရှိန်ကို မြှင့်တင်လိုက်ပြီးနောက် အဖြူရောင် အလင်းတန်း တစ်ခုအလား လျင်မြန်လှသော အရှိန်ဖြင့် အဝေးသို့ ပျံဝဲသွားတော့သည်။

လူသားခေါင်းမှာ အတောင်များအား စုပ်ယူစားသုံးလိုက်သည်။

"အင်း........ ကြက်တောင်ပံ ........... အရသာက မဆိုးဘူးပဲ။ ဒါပေမယ့် အမွှေးများလွန်းတယ်။"

"ကျပ်မပြည့်တဲ့ကောင်...... ဘာလို့ အမွှေးမနှုတ်ပဲ စားလိုက်ရတာလဲ။ အဲ့ဒါ ငါတို့သုံးယောက်လုံးရဲ့ အစာအိမ်ထဲ ရောက်လာမှာကွ။ မင်းက တော်တော်ရွံဖို့ကောင်းတာပဲ ........ ဝေါ့......."

နဂါးခေါင်းမှာ စုပေါင်းတိုက်ခိုက်ခံရခြင်း​ကြောင့် ကြောင်အမ်းအမ်း ဖြစ်နေပါသော်လည်း အသိစိတ် ပြန်ဝင်လာကာ ဒေါသထွက် ပေါက်ကွဲတော့သည်။

"အော့....... "

ဇာမဏီခေါင်း၏ တုံ့ပြန်မှုမှာ ပို၍ပင် ဆိုးရွားသေးသည်။

ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် အခြားသူများသည် အန်လင်းကြောင့် သတ္တိရှိနေခဲ့ပါသော်လည်း လူသားခေါင်းမှာ ပိုင်ဖန်းဇယ်အား ရုတ်တရက် ဒုက္ခပေးလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ယခုအခါ ၎င်းတို့၏ နှလုံးသားထဲတွင် ကြောက်စိတ်များ ပြန်လည်ကြီးစိုးလာပြီ ဖြစ်သည်။

"နောက်မှဆူပါ ကိုကြီးတို့ရာ...... ခေါင်းလာစားနေတယ်။"

လူသားခေါင်းမှာ ဓားမုန်တိုင်းတစ်ခုကို ဖန်ဆင်းကာ ချယ်ရီပန်းများအားလုံးကို ဖျက်စီးပစ်လိုက်သည်။

"ဒင်းတို့ကို အရင်ဆော်ကြရအောင်။ ကောင်းကောင်းလေး သမပေးမှ ဖြစ်မယ်။"

လူသားခေါင်းမှာ အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့အား တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။

ဝှစ်......

ပေတစ်သောင်းမျှရှိသော ဓားပုံရိပ်ကြီးမှာ ကောင်းကင်နတ်မိမယ် ဖေးရင်ထံ ပျံဝဲလာလေသည်။

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်လာပြီးနောက် လျှို့ဝှက်ကျင့်စဉ် တစ်ခုကို အသက်သွင်းကာ သူမ၏ ပတ်ပတ်လည်တွင် ချယ်ရီဒိုင်းကာ ကိုးဆယ့်ကိုးခု ဖြစ်ပေါ်စေလိုက်သည်။ ထို့နောက် ချယ်ရီဒိုင်းကာများရော၊ သူမကိုပါ တောက်လောင်နေသော ဓားပုံရိပ်မှ ဝါးမြိုသွားတော့သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်ထံ ရောက်ရှိလာသော ဓားပုံရိပ်မှာ တောက်လောင်နေသလို တစ်ဖက်တွင်လည်း သွမ့်ဟွမ်းဇီထံ ပျံဝဲလာသော ဓားပုံရိပ်မှာ ကောင်းကင်နှင့်မြေပြင်ကိုပင် ခဲသွားစေလောက်အောင် အေးစိမ့်နေသည်။ သို့သော် ပိုင်ဖန်းဇယ် တိုက်ခိုက်ခံရသည့် အချိန်မှစ၍ သွမ့်ဟွမ်းဇီမှာ သတိအပြည့် ရှိနေသောကြောင့် ဟာသမျက်နှာ ဒိုင်းကာတစ်ခုအား အလျင်အမြန် ပြုလုပ်လိုက်နိုင်သည်။

ဝုန်း..........

အပြာရောင် ဓားပုံရိပ်​ကြောင့် ဟာသမျက်နှာမှာ ဆယ်ကီလိုမီတာတိုင် လွင့်ထွက်သွားပြီး သွမ့်ဟွမ်းဇီသည်လည်း အေးခဲသွားရသည်။ သူသည် နှလုံးသား တစ်ခုလုံး တုန်ခါနေရင်း သေချင်ဟန်ဆောင်သင့်၊ မဆောင်သင့် တွေးတောနေမိလေသည်။

လူသားခေါင်းသည် ဦးနှောက်ရှိပုံ မရပါသော်လည်း ရုတ်တရက် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ဦးအား တိုက်ခိုက်ခဲ့ရုံသာမက တိုက်ခိုက်မှု နှစ်ခုအား တစ်ချိန်တည်း ပြုလုပ်ခဲ့သောကြောင့် အားလုံး ထိတ်လန့်နေရသည်။

"ဟားဟား........ လူသားခေါင်းက ငတုံးပေမယ့် ငါတို့ထဲမှာတော့ အသန်မာဆုံးပဲ။"

နဂါးခေါင်း စိတ်ကျေနပ်စွာ ရယ်မောလိုက်သည်။

လူသားခေါင်း ချီးကျူးခံရသည်မှာ ပထမဆုံး အကြိမ်ပင်။

ငတုံးကောင်ဟူသော စကားပါနေပါသော်လည်း ယခုကဲ့သို့ ချီးကျူးသည်ပင် မရှိခဲ့ဖူးပေ။

"ဟမ့်....... ကျွန်တော်က ဦးနှောက်မရှိတာ မဟုတ်ပါဘူး။ ဖြူစင်ရိုးသားပြီး အပြစ်ကင်းတာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ အရာရာကို ကျင့်ကြံရေးမှာပဲ မြှပ်နှံထားတာ။"

လူသားခေါင်း စကားဆိုလိုက်သည်။

"ငါမင်းကို လေးစားမိတယ်။ ဦးနှောက်မရှိတာနဲ့ ပက်သတ်ပြီး အကြောင်းပြချက်တွေ ပေးနိုင်လို့လေ။"

နဂါးခေါင်း လေးစားစွာ စကားဆိုလိုက်သည်။

"ပါးစပ်ပိတ်ပြီး အရင်ဆော်စရာရှိတာဆော်...... ပထမဆုံး ပစ်မှတ်က သောက်ကျိုးနည်း ကြောက်ဖို့ကောင်းတဲ့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖို့ပဲ။"

ဇာမဏီခေါင်းသည် အဖြူရောင်ဝတ်စုံနှင့် လူငယ်အားကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

တာအိုပေါင်းစည်းခြင်းအဆင့် သတ္တဝါတစ်ကောင်မှ ကြောက်ဖို့ကောင်းသည်ဟု ညွှန်းဆိုခံရသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှာ အန်လင်းသာ ရှိလိမ့်မည်။

သို့သော် ဝှက်ဖဲများအားလုံး ကုန်သွားချိန်တွင် ပစ်မှတ်ဖြစ်ခံရသောကြောင့် အန်လင်းမှာ မပျော်ရွှင်နိုင်ပေ။

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးအား တိုက်ခိုက်ကာ အန်လင်းကိုသာ အာရုံစိုက်လိုက်ကြသည်။

လူသားခေါင်း အနည်းငယ် တွေဝေနေသည်။

"ကိုကြီးဂါးဂါး၊ ကိုကြီးဇာဇာ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမှာလဲ။"

ဇာမဏီခေါင်း စကားဆိုလိုက်သည်။

"လက်သက်သက်ချကွာ။ အဲ့ဒါ စိတ်အချရဆုံးပဲ။"

ဝုန်း...........

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး လှုပ်ရှားလိုက်သည်နှင့် လေပွေကြီးများ ကြမ်းတမ်းစွာ ဖြစ်ပေါ်လာသည်။

စုဝမ်ကျွင်းနှင့် လုံကွေးတို့မှာ ရှေ့သို့တက်လာကြသည်။

အင်မော်တယ်ရှုခင်းပန်းချီကားထံမှ များပြားလှသော အံ့ဖွယ်တောင်တန်း မြစ်ချောင်းများ အန်လင်းတို့ရှေ့တွင် ရုပ်လုံးပေါ်လာသည်မှာ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးနှင့် ကမ္ဘာတစ်ခု ခြားသွားသလိုပင်။

ထိုသည်မှာ မြင်ကွင်းတစ်ခုလုံးအား အရောက်ခေါ်ဆောင်လာနိုင်သော ထိပ်တန်းအဆင့် ဆင့်ခေါ်မှု ဖြစ်သည်။

"ဟမ့်....... မင်းကငါ့ကို လေဟာနယ် ခြယ်လှယ်ခြင်းနဲ့ အရူးလုပ်ချင်တာလား။"

ဇာမဏီခေါင်း အေးစက်စွာပြောကာ သင်္ကေတများ ပြောင်းလဲလိုက်ရသည်။

"အံ့ဖွယ်လေဟာပြင်ကျင့်စဉ်..... ပဟေဠိကမ္ဘာ....."

မမြင်နိုင်သော စွမ်းအင်လှိုင်းများ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးထံမှ ထွက်ပေါ်လာသည်။

ထို့နောက် ပြင်းထန်လှသော အဖျက်စွမ်းအားများနှင့်အတူ အင်မော်တယ်ရှုခင်းပန်းချီကားမှ ရုပ်လုံးပေါ်လာသော ပတ်ဝန်းကျင် တစ်ခုလုံးအား ဖျက်စီးသွားလေသည်။ ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား အမှန်တကယ် အထင်မသေးသင့်ပေ။

"ဖူး......."

စုဝမ်ကျွင်းလည်း ထိခိုက်ကာ သွေးအန်သွားရသည်။

ထိုအချိန်မှာပင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးထံ ကြောက်မက်ဖွယ် လှံပုံရိပ်တစ်ခု ရောက်ရှိလာသည်။

လှံပုံရိပ်မှာ လူသားခေါင်းတည့်တည့် ဦးတည်ပျံဝဲလာလေသည်။

လူသားခေါင်းသည် လက်နှစ်ဖက်အား အလွန်လျင်မြန်စွာ ဝေ့ယမ်းလိုက်သည်နှင့် ရပ်တန့်မရနိုင်သော လှံပုံရိပ်အား အလွယ်တကူ ပေါက်ကွဲသွားစေသည့်အပြင် ဓားပုံရိပ် နှစ်ခုမှာလည်း အန်လင်းထံ ပျံဝဲသွားသည်။

"သေလိုက်တော့......."

လူသားခေါင်း၏ သွေးနီရောင် မျက်ဝန်းများတွင် ဆာလောင်မွတ်သိပ်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

အန်လင်းသည် ဓားပုံရိပ်များအားကြည့်ကာ သန်းနှင့်ချီသော ဝိဉာဉ်များစွာ၏ အော်ဟစ်ငိုကြွေးသံအား ကြားနေရသလို ခံစားမိသည်။ ဓားထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများအပြင် ဖြာထွက်နေသော သွေးနီရောင် အလင်းများမှာလည်း ကောင်းကင်တခွင် ထွန်းလင်းနေစေသည်။ ဓားနှင့်နီးကပ်လာသည်နှင့်အမျှ အန်လင်းမှာ ထူထဲလှသော သွေးကန်တစ်ကန်ထဲ ရောက်ရှိနေသလို ဖြစ်မိလေသည်။

စုဝမ်ကျွင်းနှင့် လုံကွေးတို့သည်လည်း လှုပ်ရှားရန် အချိန်မမှီတော့သဖြင့် အန်လင်းကိုသာ အထိတ်တလန့် ကြည့်ရှုလိုက်မိကြသည်။ သို့သော် အန်လင်းမှာ လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ ဆရာကြီးဟန်ဖြင့် ရှိနေလေသည်။

အဖြူရောင် လေဟာပြင်လုံးတစ်ခု သူ၏အနားတွင် ရှိနေပြန်သည်။

ဝုန်း............

ကီလိုမီတာများစွာရှိသော လေဟာနယ် အဟန့်အတားတစ်ခု ဖြစ်ပေါ်လာကာ ဓားပုံရိပ်များ တိုးဝင်ပါသော်လည်း လှိုင်းအနည်းငယ်မျှသာ ထစေနိုင်ခဲ့သည်။

"အမ်...... တိုက်ရတာလည်း ခက်လိုက်တာ။"

လူသားခေါင်းမှာ ဦးနှောက်ဗလာ ဖြစ်နေလေပြီ။

နဂါးခေါင်းမှာ ရွှေရောင်စွမ်းအင်လှိုင်းများ ဖြစ်ပေါ်စေကာ တစ်နေရာသို့ ကြည့်ရှုလိုက်သည်နှင့် အဖြူရောင်ဝတ်စုံနှင့် တင့်တယ်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

နဂါးခေါင်း ဒေါသထွက်သွားရသည်။

"ထပ်ပြီးတော့ မင်းပဲလား....."

ပိုင်လင်၏ ပုန်းကွယ်ခြင်း အတက်ပညာမှာ ကောင်းမွန်လွန်းလှသောကြောင့် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးပင် သတိထားမိရန် မလွယ်ကူပေ။

နဂါးခေါင်းသည် အနှောင့်အယှက် ထပ်ဖြစ်လာမည် စိုးသောကြောင့် ပိုင်လင်အား မျက်စိဒေါက်ထောက် ကြည့်နေတော့သည်။ အန်လင်းအား သတ်ပစ်လိုပါက သူမအား အရင်ရှင်းထုတ်သင့်ပေသည်။

ကောင်းကင်တခွင် မိုးကြိုးလျှပ်စီးများ ပြည့်လျှံလာပါသော်လည်း နဂါးခေါင်း အသိစိတ်ဝင်ကာ အလျင်အမြန် ရုတ်သိမ်းလိုက်သည်။

ဟူး........... ကပ်သီးလေးပဲ...........

နဂါးခေါင်းသည် ကြောက်လန့်တကြားဖြင့် လှမ်း​ကြည့်လိုက်သောအခါ စိတ်ပျက်နေပုံရသော အန်လင်းကြောင့် သွေးပင်အန်မလို ဖြစ်သွားမိသည်။

ယီးထဲမှ........... ဒင်းလိုမျိုး လျှပ်စီးကို ကြိုးကိုင်နိုင်တဲ့ ကျင့်ကြံသူ ရှိတော့မှာ မဟုတ်ဘူး........

နဂါးခေါင်းသည် လျှပ်စီးဖြင့် တိုက်ခိုက်ရန်ပင် သတ္တိမရှိတော့ပေ။

"အန်လင်း......... ငါမင်းကို သတ်ပစ်မယ်။"

ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ အန်လင်းထံ ပြေးဝင်လာသည်။

ထိုအချိန်မှာပင် ပိုင်လင်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြန်လေသည်။

All Chapters