← Chapters

ငါက တစ္ဆေ

Vol. 115 Ch. 1600

ငါက တစ္ဆေ

Vol. 115 Ch. 1600

လောကပါလနတ်မင်း၏အသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပဲ အသားအတုံးများ၊ အစအနများနှင့် သွေးများသည် လောင်ကျွမ်းပြာကျကာ ပျောက်ကွယ်သွား၏။

ခရမ်းပြာရောင်အလင်းတန်းတစ်တန်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် အဝေးမှ လာနေသည်။ မန်ဟို ၎င်းဘက်လှည့်လိုက်သည့်အချိန်တွင် အလင်းတန်းကား သူ့အရှေ့တည့်တည့်သို့ ရောက်နေချေပြီ။ သူ့ရင်ဘတ်ထံ ဦးတည်လျက် လျင်မြန်စွာ လာနေသော လက်ချောင်းတစ်ချောင်းအား မြင်သာလာ၏။ ၎င်း သူ့ကို မထိခင်လေးမှာပင် မန်ဟို၏တာအိုမျက်လုံးများက ပွင့်လာပြီး စူးရှသောအလင်းလှိုင်းအား လက်ချောင်းဆီ ဖြန့်ကျက်လိုက်သည်။

အုန်းးးးးးးးးးး

မန်ဟိုမှာ တစ်ကိုယ်လုံးတုန်ရီလျက်၊ မျက်နှာလည်းနီမြန်းနေလျက် နောက်ယိုင်သွားသည်။ သူ ခေါင်းပြန်မော့လိုက်သောအခါ သူ၏မျက်လုံးများသည် မည်သည့်အရာကိုမဆို ထိုးခွင်းနိုင်လောက်အောင် စူးရဲနေပြီး တိုက်ခိုက်လိုစိတ်တို့ဖြင့် တဝင်းဝင်းတောက်ပနေ၏။

“ဒါကမှ ငါပြောနေတဲ့ တန်ခိုးပဲ” သူက ဖြည်းဖြည်းချင်း ပြောသည်။ “ဘာကိုမှမချန်ထားနဲ့။ ဒီတိုက်ပွဲက ငါတို့နှစ်ယောက်ထဲက တစ်ယောက်သေမှ အဆုံးသတ်မှာ” သူ့အရှေ့တွင် သူ အလွန်ရင်းနှီးသောလူတစ်ယောက် ပေါ်လာသည်။ ထိုလူသည် မီးခိုးရောင်ဆံပင်ရှည်များဖြင့် သက်လတ်ပိုင်းအရွယ်ဖြစ်၏။ သူက မီးခိုးရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး အထင်သေးစက်ဆုပ်နေဟန်ဖြင့် မန်ဟို့ကို ကြည့်ရင်း ပျံဝဲနေသည်။

သက်လတ်ပိုင်းလူတွင် တန်ခိုးရှင်အရှိန်အဝါရှိပြီး သေချာကြည့်လျှင် ထူးခြားကြောင်း တွေ့ရလိမ့်မည်။ ထိုအရှိန်အဝါသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မန်ဟို့အရှိန်အဝါအတိုင်း ဘိုးဘေးတစ်ပိုင်းအဆင့်ဖြစ်၏။ ဤအရှိန်အဝါက ပို၍ပင်လျှို့ဝှက်ဆန်းကြယ်သေးသည်။

ဤပုဂ္ဂိုလ်သည် ... အာကာပြင်ကျယ်ကျောင်းတော်၏ သင်္ချိုင်းထဲတွင် မန်ဟို ပထမဆုံးမြင်ခဲ့ရသည့်လူ ... အာကာပြင်ကျယ်ဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ပေ။

အာကာပြင်ကျယ်ဂိုဏ်းချုပ်က ဤကြယ်တာရာကောင်းကင်၌ ပထမဆုံးတန်ခိုးရှင်အဆင့် တက်ခဲ့သူဖြစ်ပြီး လောကပါလနတ်မင်းက သူ့အား တစ္ဆေဟု ခေါ်ခဲ့လေသည်။

တစ္ဆေ၏အမူအရာသည် အေးစက်နေသော်လည်း သူ့မျက်ဝန်းများအရ မည်သည့်အသိစိတ်မှ မရှိပုံပေါ်၏။ သူ့ထံမှ ထုတ်လွှတ်နေသော ဖိအားသည် ကြယ်တာရာကောင်းကင်တစ်ခုလုံးအား ဝပ်စင်းစေနိုင်ဟန်တူပြီး သူ့အနောက်တွင်တော့ ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေအငွေ့အသက်များဖြင့် ပြည့်နှက်နေသော ဧရာမဝါးတားတားအရိပ်ကြီးတစ်ခု ရှိသည်။ ထိုအရိပ်ကြီးသည် တစ္ဆေအားလုံး၏ဘုရင်မင်းမြတ်ပမာ အဆုံးမဲ့အာဏာကို ပိုင်ဆိုင်ထား၏။

လောကပါလနတ်မင်း၏ အဋ္ဌမအသွင် ကမ္ဘာဦးအသွင်မှာ.... လောကပါလနတ်မင်း၏ကိုယ်အစစ်သာ အသုံးပြုနိုင်သော မဟာမှော်ပညာရပ်တစ်ခုဖြစ်သည်။ ၎င်းက မည်သည့်ကိုယ်ပွားမှ မထုတ်ဖော်နိုင်သည့် တာအိုမျိုးပင်။ အဆိုပါမှော်ပညာရှင်ကြောင့် သူသည် သူ့မှတ်ဉာဏ်ထဲရှိ ကြယ်တာရာကောင်းကင်၏ အင်အားအကြီးဆုံးပညာရှင်များအား ပုံတူပွားနိုင်၏။

ပထမဆုံးအပွားခံရသူမှာတော့ အင်အားသိပ်မကြီးသော်လည်း မန်ဟိုနှင့် လွန်စွာရင်းနှီးသည့် ဟန်ပေ့ပင်။ ယခုတွင် မန်ဟို၏ကြောက်ခမန်းလိလိတန်ခိုးအင်အားကို မျက်မြင်တွေ့ပြီးနောက် လောကပါလနတ်မင်းသည် အဋ္ဌမအသွင်၏စွမ်းအားအပြည့်အဝအား အသုံးချကာ ... တစ္ဆေအား ပုံတူပွားဖို့ တွန့်ဆုတ်မနေတော့ပေ။

ဤကြယ်တာရာကောင်းကင်၏ ပထမဆုံးတန်ခိုးရှင်၊ တစ္ဆေက မန်ဟို့ကို အေးစက်စက် တခဏကြည့်ပြီး‌နောက် ရှေ့တစ်လှမ်းလှမ်းသည်။ သူ၏ညာလက်ခလယ်က မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တာအိုမျက်လုံးတည်ရှိသည့် မန်ဟို့နဖူးဆီ ပြေးဝင်လာသည်။

မန်ဟိုမှာ ရှောင်ချိန်မရသည့်အတွက် ကြိုးပင်မကြိုးစားပေ။ လက်ချောင်း သူ့တာအိုမျက်လုံးကို ထိုးလိုက်၍ တစ်ကိုယ်လုံး နာကျင်သွားသည့်အချိန်မှာပဲ မန်ဟို့ညာလက်က မုဒြာလက်ကွက်တစ်ကွက်ဖော်၍ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အား ထုတ်လွှတ်သည်။ ချုပ်နှောင်ခြင်းအမှတ်အသားတစ်ခုက တစ္ဆေ၏အပေါ် ကျရောက်သွားပြီး တစ်ဆက်တည်းမှာပင် သွေးများက မန်ဟို့မျက်နှာတစ်လျှောက် စီးကျလာ၏။ တစ္ဆေမှာ စိတ်နှင့်ခန္ဓာနှစ်မျိုးလုံး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၏ ချိတ်ပိတ်ခြင်းခံလိုက်ရသဖြင့် ရပ်တန့်သွားသည်။ လက်ရှိမန်ဟို၏ကျင့်ကြံအဆင့်ကို ထည့်တွက်လျှင် အဋ္ဌမမန္တန်စက်ကွင်းအား ရှောင်နိုင်သူဆို၍ မရှိသလောက်ပင်။

တစ္ဆေ ရပ်နေစဉ် မန်ဟိုက လှစ်ခနဲ ပြေးတက်၍ တစ္ဆေအား ပထမဆုံး ခန္ဓာကိုယ်ဖြင့် ဝင်တိုက်ပြီးနောက် သူ့လက်ချောင်းဖြင့် ထိုးနှက်သည်။ ထို့နောက် လက်သီးချက်သုံးချက် ဆက်တိုက်ပစ်သွင်းလိုက်၏။

တစ္ဆေ၏ရင်ဘတ်ကြီး ချိုင့်ဝင်သွားသဖြင့် တစ္ဆေ၏ပါးစပ်မှ သွေးများပန်းထွက်လာသည်။ လက်ချောင်းနှင့်လက်သီးချက်နှစ်ချက်က တစ္ဆေ၏နဖူးကို ချိန်ရွယ်တိုက်ခိုက်ကာ နဖူးအား စိစိညက်ညက်ကြေသွားစေသည်။ သို့သော် တစ္ဆေ၏မျက်ဝန်းထဲရှိ အထင်သေးစက်ဆုပ်မှုက ယခင်အတိုင်းဖြစ်ရာ မန်ဟို့မှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ဤအခိုက်အတန့်တွင် မီတာသုံးသောင်းအမြင့် တစ္ဆေဘုရင်ကြီးက အကောင်အထည်တည်ရှိလာ၏။ ၎င်းက ရက်စက်ခက်ထန်သောအသွင်အပြင်ဖြင့် မန်ဟို့ကို စားတော့မည့်အလား ခုန်အုပ်သည်။

အန္တရာယ်အချက်ပေးခေါင်းလောင်းသံများ မန်ဟို့စိတ်ထဲတွင် ဆူညံလာသည်။ ဤတစ္ဆေဘုရင်သာ သူ့ကို ဟပ်လိုက်နိုင်လျှင် .. သူ့အနေဖြင့် သေမည်မဟုတ်သော်လည်း ဤတိုက်ပွဲကို မုချရှုံးလိမ့်မည်ဖြစ်ကြောင်း မန်ဟို သိသည်။

ထို့အပြင် တိုက်ပွဲကို ရှုံးလျှင် လောကပါလနတ်မင်းအား နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ပိုင်ခွင့်မရှိတော့ပေ။

မှန်သည်၊ လောကပါလနတ်မင်းသည် သူ မိစ္ဆာချုပ်နှောင်ခြင်းမန္တန်အား များနိုင်သမျှများများသုံးရအောင် တမင်တကာ ဖိအားပေးရင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းဖြစ်၏။ အမှန်တွင် သူက မန်ဟို့အား မန်ဟို၏ကြောက်စရာအကောင်းဆုံးမန္တန်၊ ကောင်းကင်ချုပ်နှောင်မန္တန်ကို သုံးစေချင်နေလေည်။ မန်ဟိုသာ သုံးခဲ့လျှင် လောကပါလနတ်မင်းအနေဖြင့် ၎င်းအား ပွားနိုင်လေရာ ဘယ်တော့မှ ကြောက်စရာလိုတော့မည်မဟုတ်ပေ။

“ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်အပြင် ငါ့မှာ တခြားလှည့်ကွက်ရှိသေးတယ်” မန်ဟို့မျက်လုံးများ ထူးဆန်းစွာ တောက်ပနေစဉ် သူ့အနောက်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် တွန့်လိမ်ပုံပျက်သွား၏။

ဂရားးးးးးးးးးးး

သူ့အနောက်၌ တစ္ဆေဘုရင်နည်းတူ ကြီးမားသော အရိပ်ကြီးတစ်ခု ပေါ်လာသည်။

ထိုအကောင်ကြီးတွင် အစိမ်းရောင်အရေပြား၊ ချိုကောက်ကောက်ကြီး ရှိသည်။ ၎င်းသည် သောင်းကျန်းအုံကြွနေသည့် မိစ္ဆာချီများအပြင် မိုးမြေဖျက်စီးခြင်းစွမ်းအားကိုလည်း ပိုင်ဆိုင်ထား၏။ ဤသည်ကား မန်ဟို၏ အသက်ဓာတ်အသွင်၊ သူ့ကျင့်ကြံခြင်းအခြေခံ၏ အုတ်မြစ် မိစ္ဆာဘုရင်ပင်။

မိစ္ဆာဘုရင်က ပေါ်လာလျှင်ချင်း တစ္ဆေဘုရင်အား စတင်တိုက်ခိုက်သည်။ တစ္ဆေဘုရင် မိစ္ဆာဘုရင်ကို ကိုက်ခဲလိုက်သောအခါ မိစ္ဆာဘုရင်က ဓားသဖွယ်လက်များဖြင့် တစ္ဆေဘုရင်၏ခန္ဓာအား ပြန်ထိုးစိုက်သည်။

အုန်း အုန်း အုန်းးးးးးးးးးးးးးးးးးးး

တိုက်ပွဲသည် ရှိသမျှအရာခပ်သိမ်းအား တုန်ခါနေစေ၏။ ပတ်ဝန်းကျင်ရှိ အပျက်အစီးများ ပြာကျကုန်သည်။ အပေါ်၌ ဧရာမဘုရင်ကြီးများ တိုက်ခိုက်နေကြစဉ် မန်ဟိုနှင့် တစ္ဆေလည်း အောက်၌ စီးချင်းထိုးနေသည်။

တိုက်ကွက်တစ်ထောင်ကျော် ဖလှယ်ပြီးနောက် မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး တစ္ဆေမှာလည်း စုတ်ပြတ်သပ်နေသည်။ နှစ်ယောက်လည်း လက်ရည်ညီနေသယောင်ပင်။

“ဒီတစ္ဆေက လောကပါလနတ်မင်းရဲ့ မှတ်ဉာဏ်ထဲက အင်အားအကြီးဆုံးအချိန်က တစ္ဆေပဲ။ ဒီတစ်ခုတည်းနဲ့တင် တစ္ဆေက သာမန်တန်ခိုးရှင်မဟုတ်တာ ငါ မြင်နေရပြီ” မန်ဟိုသည် နှုတ်ခမ်းမှ သွေးများကို သုတ်ပြီးနောက် တောင်ဝါးမြိုမန္တန်အား ထုတ်‌ဖော်ရန် လက်များလှုပ်ရှားလိုက်၏။ တောင်ပေါင်းများစွာက စစ်မြေပြင်အား ရိုက်ချလိုက်သည့် သံကြိုးပမာ စုဝေးလျက် ကျဆင်းလာသည်။

တစ္ဆေက အေးစက်စက် နှာမှုတ်ပြီးနောက် ကိုယ်ပွားများ ပွားလိုက်သည်။ ထို့နောက် ကိုယ်ပွားတို့သည် ကျလာသည့်တောင်များဆီ ပျံတက်၍ ဖြိုခွင်းလိုက်ကြ၏။

မန်ဟို့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ တောင်အစအနများအား ဧရာမကျောက်လက်သီးကြီးတစ်လုံး ဖြစ်လာစေသည်။ လက်သီး တစ္ဆေကို ထိုးချလိုက်စဉ် မန်ဟိုလည်း ကြယ်တံခွန်ကြီးသဖွယ် တဟုန်ထိုးထွက်သွားပြီး လက်သီးနှင့်တစ်သားတည်း ပေါင်းစည်းကာ တိုက်ကွက်ထဲသို့ အားများထပ်မံထည့်လိုက်သည်။

“တစ္ဆေလောကရဲ့ ဂိတ်တံခါး” တစ္ဆေက မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလျက် ပြောသည်။ သူသည် လက်နှစ်ဖက်လုံးအား ခေါင်းပေါ်မြောက်လိုက်ရာ အက်ကွဲကြောင်းကြီးပွင့်ထွက်သွားသဖြင့် ကြယ်တာရာများ တုန်ခါကုန်သည်။ အဆိုပါအက်ကွဲကြောင်းကြီးထဲ၌ .. မည်းနက်နေသော ဧရာမဂိတ်တံခါးကြီးတစ်ချပ် ပေါ်လာ၏။

ဂိတ်တံခါးသည် ဆင်းသက်လာနေစဉ် ဖြည်းဖြည်းချင်း ပွင့်လာကာ အကြွေးခွံများဖုံးနေသည့် လက်ကြီးတစ်ဖက်ကို ဖော်ပြလိုက်၏။ လက်ကြီး ဆန့်ထွက်လာသည့်အခါ ဤလက်သည် မည်သည့်ဖြစ်တည်မှုကိုမဆို လျစ်လျူရှုနိုင်သည့်အလား ထင်ရစေသော ကြောက်မက်ဖွယ်ဖိအားအား မန်ဟို ခံစားလိုက်ရသည်။ လက်ကြီးက ဧရာမကျောက်လက်သီးကြီးကို ချက်ချင်း ဆုပ်ကိုင်၍ ဖြစ်ညစ်လိုက်၏။

ဝုန်းးးးးးးးး ကျောက်လက်သီး စိစိညက်ညက် ကြေသွားသည်။ မန်ဟိုသည် ပေါ်လာသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ခပ်လှမ်းလှမ်းတစ်နေရာ၌ မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် ပြန်ပေါ်လာ၏။

“အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ကိုယ်-စိတ်ချုပ်နှောင်ခြင်း

“ဟင်းလင်းပြင်၊ ကြယ်တာရာကောင်းကင်နဲ့ သဘာဝနိယာမတွေကို ချုပ်နှောင်လော့။ ငါ ချုပ်နှောင်လိုတဲ့အရာမှန်သမျှကို ချုပ်နှောင်လော့”

All Chapters