ပင်ကိုစရိုက်နှင့် သတ်မှတ်ခြင်း
Vol. 6 Ch. 76
သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း အဓိက ခန်းမ …
ထိုနေရာသည် ဂိုဏ်းအစည်းအဝေး အားလုံးကို ကျင်းပရာ နေရာဖြစ်ကာ ဂိုဏ်းတစ်ခုလုံးတွင် အခမ်းနားဆုံး ခန်းမတစ်ခု ဖြစ်လေ၏။ ဂိုဏ်းအတွင်းရှိ သတ်မှတ်ထားသော အဆင့်အတန်း တစ်ခု အထက်ရှိ လူများသာ ဝင်ခွင့်ပြုလေသည်။ မိုဝူကျီက အရင်က အဝေးမှ ကြည့်ဖူးသော်လည်း ခန်းမအတွင်း ခြေမချဖူးပေ။ ရေဗေဒါပင်များကို အရည်အဖြစ် လုပ်ပြီးသည့် နောက်တွင် မိုဝူကျီက တတ်နိုင်သမျှ မြန်မြန် သွားလိုက်သည်။ ကံကောင်းစွာ ဆေးလုံးသခင်ရှီ၏ ကျောက်စိမ်းပြားသည် အသုံးဝင်လေ၏။ မဟုတ်လျှင် သူသည် တံခါးဝသို့ပင် ဖြတ်ခွင့်ရမည် မဟုတ်ပေ။
“အစေခံတပည့် မိုဝူကျီက ဂိုဏ်းမှ အကြီးအကဲများ အားလုံးကို နှုတ်ခွန်းဆက်ပါတယ် ... ” မိုဝူကျီက ခန်းမ တစ်လျှောက်တွင် ကျယ်လောင်စွာ နှုတ်ခွန်း ဆက်လိုက်လေသည်။ ထိုနေရာတွင် ထိုင်နေကြသော အကြီးအကဲများ အားလုံးသည် ဂိုဏ်းအတွင်းတွင် လုပ်ပိုင်ခွင့် အာဏာရှိသူများ ဖြစ်ကြ၏။ တစ်ယောက်ချင်းစီက ကျင့်ကြံခြင်းတွင် အဆင့်မြင့်သထက် မြင့်သော အလွန် အားကောင်းသော အင်မော်တယ်များ ဖြစ်ကြ၏။ ထို့ကြောင့် သူက အစေခံတပည့် ဖြစ်သည့်အတွက် မလေးမစား မလုပ်ရဲချေ။
“ဂိုဏ်းခေါင်းဆောင် အကြီးအကဲများ ... ဒီအစေခံလေး နာမည်က မိုဝူကျီပါ ... သူက ကျွန်တော်ရဲ့ ဆေးပင် သယ်ယူရေး ကောင်လေးပါ ... သူ ယူပေးတဲ့ ဆေးပင်တွေကို ဖော်စပ်ရတာ မမျှော်လင့် ထားလောက်အောင် လွယ်ကူတယ် ... ” ဗျာများနေသော ရှီဂျွန်က မိုဝူကျီ ရောက်လာသည်ကို မြင်သောအခါ ကတိုက်ကရိုက် ပြောလိုက်လေသည်။
လူလတ် အမျိုးသားက ခန်းမအတွင်းရှိ အမြင့်မားဆုံး နေရာတွင် ထိုင်နေလေ၏။ သူ့ပါးပြင်သည် အနည်းငယ် ချောင်ကျနေကာ မေးတွင် မုတ်ဆိတ်မွေး အနည်းငယ် ပါရှိလေ၏။ ဓားအိမ်မှ ဖုံးကွယ်ထားသော ထက်ရှသည့် ဓားတစ်လက် အလား ထိုင်ခုံပေါ်တွင် တည့်တည့်မတ်မတ် ထိုင်နေလေသည်။
မိုဝူကျီက ထိုသူသည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ အမှန်ပင် ရှီဂျွန် ပြောပြီးသည်နှင့် လူလတ် အမျိုးသားက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“သူက ဆေးလုံးသခင်ရှီရဲ့ ဆေးပင် သယ်ယူရေး ကောင်လေး ဖြစ်နေတဲ့အပြင် ငါတို့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ တပည့်လည်း ဖြစ်နေသေးတယ် ကျေးဇူးပြုပြီး သူ့ကို ဝင်ခွင့်ပေးလိုက်ပါ ... ”
မိုဝူကျီသည် ဂိုဏ်းခေါင်းဆောင်က စကားပြောသောအခါ သတိရှိကြောင်း သိလိုက်ရ၏။ ပထမဆုံး သူက မိုဝူကျီအား အစေခံတပည့်ဟု အမည်မတပ်ခဲ့ပေ။ ဒုတိယအချက် အနေနှင့် သူက မိုဝူကျီကို ဝင်ခွင့် ပြုသည့်အချိန်၌ ကျေးဇူးပြု၍ကို ထည့်သုံးစွဲခဲ့လေ၏။
“ကျေးဇူး တင်ပါတယ် ဂိုဏ်းခေါင်းဆောင် ... ” ဆေးလုံးသခင်ရှီ၏ ကျေးဇူးတင်မှုကို မစောင့်ဘဲ မိုဝူကျီက လေးလေးစားစား အရိုအသေပေးကာ လက်ဦးမှုယူကာ ပြောလိုက်လေသည်။
အမျိုးမျိုးသော အကြီးအကဲများနှင့် ဆေးလုံး ဆရာများသည် မိုဝူကျီကို အကဲဖြတ် သုံးသပ်နေကြကာ သူ့အား သံသယ ရှိနေကြဆဲ ဖြစ်လေ၏။ သူသည် အသက် ၂၀ဝန်းကျင် လောက်သာ ရှိသေးပြီး အစေခံ တစ်ယောက်အတွက် ထိုမျှ ခမ်းနား ကြီးကျယ်သော ခန်းမအတွင်းသို့ ဝင်ကာ အင်မော်တယ် များစွာနှင့် တွေ့ဆုံရသည်မှာ ဖိအားအများအပြား ခံစားရပြီး နေမထိ ထိုင်မသာ ဖြစ်နေလိမ့်မည်။ မိုဝူကျီကဲ့သို့ သူမျိုးသည် ခန်းမအတွင်း ဝင့်ကြွားစွာ လျှောက်လှမ်းလာပြီး ဂိုဏ်းခေါင်းဆောင် ကိုပင် တည်တည်ငြိမ်ငြိမ် ကျေးဇူး တင်နေသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
သို့သော်လည်း မိုဝူကျီအတွက် အတိတ်က ကမ္ဘာမြေပေါ်တွင် တစ်ကမ္ဘာလုံး ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ဆွေးနွေးပွဲများတွင် နိုင်ငံများ၏ အကြီးအကဲများနှင့် ပြောဆို ဆက်ဆံရသည့် အတွေ့အကြုံများကြောင့် နေသား ကျနေလေချေပြီ။
“ဝူကျီ ... ငါ့ဘေးလာထိုင် ... ” ရှီဂျွန်က မိုဝူကျီကို သူ့ဘေးနေရာ ပုတ်ပြကာ ပြောလိုက်သည်။ သူသည် မိုဝူကျီကဲ့သို့ အစေခံမျိုး အပေါ်ပင် ဖိအား မပေးနိုင်ချေ။ ထို့အပြင် တောင်းဆိုသူ များသည် မရွေးချယ်နိုင်ပေ။ သူသည် တစ်ယောက်ယောက်ကို သူ၏ ဆေးပင် သယ်ယူရေး ကောင်လေး ဖြစ်ရန် တောင်းဆိုခဲ့စဉ်မှ စ၍ မည်သူကမှ သူ့ကမ်းလှမ်းချက်ကို လက်မခံကြချေ။ ထို့ကြောင့် သူ့တွင် ဆေးလုံးဆရာ အဆင့်အတန်း ရှိသော်လည်း မိုဝူကျီကဲ့သို့ အစေခံအပေါ်တွင် များစွာ မှီခိုနေရလေ၏။
“ဆေးလုံးသခင်ရှီ ကျေးဇူး တင်ပါတယ် ... ” မိုဝူကျီက သူ့ဘေးသို့ ဝင်မထိုင်ခင် ရှီဂျွန်ကို လေးစားစွာ ကျေးဇူး တင်လိုက်လေသည်။ ထိုင်ပြီးသည့်နောက်တွင် မိုဝူကျီက တီးတိုး ရေရွတ် လိုက်လေသည်။
“ဆေးလုံးသခင်ရှီ ... တကယ်လို့ ဆေးဖော်စပ်ခြင်း အောင်မြင်ခဲ့ရင် ကျွန်တော်လည်း နတ်ဓားတောင်ကို ဝင်ခွင့်ရချင်တယ် ... ”
ရှီဂျွန်က လက်ကာ ပြလိုက်ပြီး ပြန်ပြော လိုက်လေသည်။
“ကိစ္စမရှိဘူး ဆေးလုံးဆရာတိုင်း ဆေးပင် သယ်ယူရေး ကောင်လေး တစ်ယောက်စီ ခေါ်ခွင့်ရှိတယ် ... မင်းသာ ငါ့ကို ဆေးဖော်စပ်တာ အောင်မြင်အောင် ကူညီသရွေ့ ငါနဲ့အတူတူ သွားနိုင်တယ် ... ”
“အစေခံတပည့်က ဒီနေရာမှာ ငါတို့နဲ့ အတူတူ ထိုင်တာ ယုတ္တိ မရှိဘူးမလား ... သူ့တည်ရှိမှုက ငါတို့ရဲ့ ကြီးကျယ် ခမ်းနားတဲ့ ခန်းမကို မှေးမှိန် သွားစေလိမ့်မယ် ... ” ခန်းမ တစ်လျှောက်တွင် ဒေါသရိပ် သန်းနေသာ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။ အသံလားရာသို့ လှည့်ကြည့် လိုက်သောအခါ မိုဝူကျီက လူငယ် တစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူငယ်က ဝတ်ရုံ ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်မှ အင်မော်တယ် တစ်ယောက်၏ အငွေ့အသက်များ ထွက်ပေါ် နေလေသည်။
မိုဝူကျီ စိတ်ထဲတွင် သိပ်မကြည်လင်တော့ပေ။ ထိုလူက ဘယ်သူလဲ ... ငါ ဒီနေရာမှာ ထိုင်နေတော့ ဘာဖြစ်လဲ ... အားလုံး ထိုင်နေတဲ့အချိန် ငါက မတ်တတ်ရပ် နေရမှာလား ...
သူ့တွင် ထိုအတွေးများ ရှိနေသော်လည်း မိုဝူကျီက ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပါက လွှမ်းမိုးနိုင်မည့် အာဏာမရှိကြောင်း သိ၏။ သူက ရှီဂျွန်ကိုသာ ကူညီလိုငြား ကြည့်လိုက်လေသည်။ အကယ်၍ ရှီဂျွန်က သူ့အတွက် ပြောမပေးပါက သူသည်လည်း ပြန်တုံ့ပြန်ရုံသာ ရှိလေ၏။
ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ရှီဂျွန်က ပြန်ပြော လိုက်လေသည်။
“ဆေးလုံးသခင်ဂျူ ... အားလုံးမှာ ထိုင်စရာရှိမှတော့ မိုဝူကျီကို မတ်တတ်ရပ်ခိုင်း ထားတာ မကောင်းဘူး မလား ... ” ထိုအရာကို ဆေးလုံး သခင်ဂျူက အေးစက်စွာ ပြန်ပြော လိုက်လေ၏။
“ဒီကို ရောက်လာတဲ့ ဆေးလုံးဆရာတိုင်း ဆေးပင် သယ်ယူရေး ကောင်လေးကို မလိုအပ်ပါဘူးဗျာ ... ခင်ဗျား တစ်ယောက်ပဲ ခေါ်လာတာ ... ပြီးတော့ ဆေးလုံး သခင်ရှီရဲ့ စွမ်းရည်က ထူးချွန်တယ် လူထုထဲ ထင်ထင်ရှားရှား ဖြစ်တာက ဆေးပင် သယ်ယူရေး ကောင်လေးကို ခေါ်လာတာထက် ပိုမကောင်းဘူးလား ... ” ရှီဂျွန်သည် သူ့အဆင့်အတန်းက ထိုဝတ်ရုံနှင့် လူငယ်လောက် မမြင့်မားသော်ငြား ထိုစကားလုံးများကို ကြားသည့်အခါ မစိုးရိမ်ပဲ မနေနိုင်ချေ။
မိုဝူကျီက စိတ်ထဲတွင် မကျေနပ်သော်လည်း သူက ရှီဂျွန် ပါဝင်လာရန် မလိုလားချေ။ သူက မတ်တတ်ရပ်ပြီး ရှီဂျွန်ကို ဒီကိစ္စမှ ဘေးဖယ်နေရန် အချက်ပြမည့် အချိန်တွင် ဆေးလုံး သခင်ဂျူက အေးစက်စွာ ထပ်ပြော လိုက်လေသည်။
“မင်းလို သေးနုပ်တဲ့ ဆေးပင် သယ်ယူရေး ကောင်လေးက ဘယ်လိုလုပ် အဲဒီမှာ ထိုင်ရဲတာလဲ ... ”
မိုဝူကျီသည် တစ်လက်မမှ မရွေ့လျားဘဲ ဆက်ထိုင်နေသည့် အတွက် ထိုစကားလုံးများသည် ရည်ရွယ်ချက် အပြင် လုံးဝ ခြားနားသော သက်ရောက်မှု ရှိလေ၏။ အကယ်၍ သူ့စိတ်ထဲတွင် ယန်အာသာ မရှိပါက မိုဝူကျီသည် ထေ့ငေါ့ ပြောမိလိမ့်မည်။ သူသည် ဆေးပင် သယ်ယူရေး ကောင်လေးဖြစ်တော့ ဘာအရေးလဲ ...
ဤနေရာသို့ ထိုင်ရန် စေခိုင်းခြင်းမှာ ဆေးလုံးသခင်ရှီ၏ ညွှန်ကြားချက် ဖြစ်လေ၏။ သူသည် ဆေးလုံး သခင်ရှီ၏ ဆေးပင် သယ်ယူရေး ကောင်လေးဖြစ်ပြီး ဆေးလုံး သခင်ဂျူ၏ လူ မဟုတ်ပေ။ ဆေးလုံးသခင်ရှီသည် ထိုသူ့ထက် အဆင့်အတန်း နိမ့်မည်ပုံ မပေါ်ပေ။ ဤကဲ့သို့ အသေးအဖွဲ ကိစ္စလေးကို ပြဿနာ ရှာရအောင် ထိုလူတွင် ဘာပြဿနာ ရှိနေသနည်း ...
“မိုဝူကျီ မင်းက ဆေးပင် သယ်ယူရေး ကောင်လေး ဖြစ်ပြီးတော့ ဆေးလုံးသခင် နှစ်ယောက် ငြင်းခုံတဲ့ အကြား ထိုင်နေရဲတာလဲ ... ” ဘယ်ဘက်မှ ပထမဆုံး အကြီးအကဲသည် ရုတ်တရက် ပါဝင်လာကာ ဆေးလုံးသခင်ဂျူ ဘက်သို့ ပူးပေါင်း လိုက်လေ၏။ လက်ဝဲဘက်မှ ပထမဆုံး အကြီးအကဲသည် သေချာပေါက် အဆင့်အတန်း မြင့်မားကြောင်း သိ၏။ ထိုလူသည် ပထမ အကြီးအကဲ ဖြစ်နိုင်လေသည်။ တစ်မိုးအောက် နေစဉ် သူ့ကို မလိုက်နာ၍ မရချေ။ ထို့ကြောင့် မိုဝူကျီက မတ်တတ်ရပ်ကာ အကြီးအကဲကို အရိုအသေ ပေးလိုက်ပြီး ပြောလိုက်လေ၏။
“အကြီးအကဲ ... ကျေးဇူးပြုပြီး နားလည်ပေးပါဗျ ... တကယ်လို့ ကျွန်တော်သာ စောစောစီးစီး မတ်တတ်ရပ် လိုက်မယ်ဆိုရင် ဆေးလုံးသခင်ဂျူက ကျွန်တော့် အပြုအမူတွေ အပေါ် ငြင်းခုံနေစရာ မလိုတော့ပါဘူး ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်၏ လမ်းညွှန်ချက်အရ ကျွန်တော်က တစ်ခုခုကို နားလည်ခဲ့ပါတယ် ... အဲဒါကြောင့် အဖြစ်အပျက် တစ်ခုလုံးမှာ ဘာမှ ဝင်မပါခြင်း ဖြစ်ပါတယ်ဗျ ... ”
ဂိုဏ်းခေါင်းဆောင်ရဲ့ လမ်းညွှန်မှုလား ...
အားလုံးက ထိပ်ဆုံးတွင် ထိုင်နေသာ ဂူရန်ကို လှည့်ကြည့် လိုက်လေ၏။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း ခေါင်းဆောင် အနေနှင့် ဂူရန်သည် တပည့် လက်မခံဖူးပေ။ အဘယ်ကြောင့် သူက အစေခံ တပည့်ကို လမ်းညွှန် ပေးရမည်နည်း။ အားလုံးလည်း စိတ်ရှုပ်ထွေး သွားကြလေသသည်။ ဂူရန်က မိုဝူကျီကို ကြည့်လိုက်ပြီး သူက ဘာကို လမ်းညွှန်ပေးခဲ့မှန်း မသိရှိချေ။ ထို့ကြောင့် မိုဝူကျီက တည်ငြိမ်စွာ ကိုယ်တိုင် ရှင်းပြလိုက်လေသည်။
“ပါရမီရှင်တွေရဲ့ မျက်လုံးထဲမှာ အဆင့်နိမ့် အစေခံတပည့်ဆိုတာ အဆင့်အတန်းတို့ ရာထူးတို့ မရှိပါ ... အဲဒီအတွက်သာ ဆေးလုံးသခင်ဂျုက ကျွန်တော်ကို မတ်တတ်ရပ်ခိုင်း ဖြစ်ပါတယ် ... ဒါပေမဲ့ ကျွန်တော် ဒီခန်းမအတွင်း ဝင်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဂိုဏ်းခေါင်းဆောင်က ကျွန်တော်ကို အစေခံတပည့်လို့ မခေါ်ခဲ့ပါဘူး ... ကျွန်တော်တို့ ဂိုဏ်းခေါင်းဆောင် မျက်လုံးထဲမှာ လက်ရင်းတပည့် ဖြစ်စေ၊ အတွင်းစည်း အပြင်စည်း တပည့်ဖြစ်စေ အစေခံပင် ဖြစ်နေပါစေ ကိစ္စမရှိပါဘူး ... သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေသရွေ့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသား အဖြစ်သာ ယူဆပါတယ် ... ”
မိုဝူကျီ ဝင်လာသောအခါ ဂိုဏ်းခေါင်းဆောင်က မိုဝူကျီကို အစေခံတပည့်ဟု မရည်ညွန်းခဲ့ သော်လည်း မည်သူကမှ သေးငယ်လှသော အချက်ကို မိုဝူကျီက ဂိုဏ်းခေါင်းဆောင်၏ လမ်းညွှန်မှုကို ရထားသည်ဟု ပြန်လည် အသုံးပြုလိမ့်မည်ဟု မထင်ထားကြချေ။ တုံ့ပြန်မှုကို မစောင့်ဆိုင်းပဲ မိုဝူကျီက ဆက်လက်၍ ပြောလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်က ကျွန်တော်လိုမျိုး အစေခံတပည့် အတွက် ကျေးဇူးပြု၍ ဆိုတာပါ အသုံးပြုခဲ့ ပါတယ် ... သူ့မျက်လုံးထဲမှာ အားလုံးက အတူတူပဲ ဖြစ်ပါတယ် ... ”
“အဲဒါဆို ဒါတွေက ငါတို့ ဂိုဏ်းခေါင်းဆောင် ဆီက သင်ယူ ခဲ့ရတာတွေပေါ့ ... ” လက်ဝဲဘက်မှ ပထမ အကြီးအကဲက ထပ်မေး လိုက်လေသည်။ ထိုအရာကို မိုဝူကျီက ခိုင်ခိုင်မာမာ ပြန်ဖြေကြား လိုက်လေ၏။
“ကျွန်တော်တို့ ဂိုဏ်းခေါင်းဆောင် မျက်လုံးထဲမှာ ရာထူးတွေ အဆင့်အတန်းတွေ မရှိပါဘူး ... အားလုံးကို သူတို့ရဲ့ ပင်ကို စရိုက်နဲ့သာ သတ်မှတ်ထားပါတယ် ... ဒါက ကျွန်တော့် အတွက် ဂိုဏ်းခေါင်းဆောင်ရဲ့ အတုယူဖွယ် နမူနာပါ ... ”
“ကောင်းတယ် ... အဆင့်မြင့်တွေ အဆင့်နိမ့်တွေ မရှိဘူး ... စရိုက်ကောင်းတဲ့ လူနဲ့ စရိုက်ဆိုးတဲ့ လူတွေပဲ ရှိတယ် ... အတုယူဖွယ် နမူနာအတွက် ကျေးဇူး တင်ပါတယ် ... ” လက်ယာဘက် ပထမဆုံး ထိုင်နေသည့် အမျိုးသမီးက ဩဘာပေးရင်း သဘောတူစွာ ပြောလိုက်လေသည်။ ထိုကြောင့်သာ မိုဝူကျီက ထိုအမျိုးသမီးကို သတိထားမိလေ၏။ သူမသည် ငယ်ရွယ်ပုံ ပေါ်ကာ သူ့ထက်ပင် နှစ်အနည်းငယ်ထက် ပိုမကြီးနိုင်ချေ။ သူမ မျက်နှာ သဏ္ဌာန်သည် ပုံမှန်ကဲ့သို့ ဖြစ်နေပြီး တချို့ကြောင့် ရုပ်ဆိုးသည်ဟုပင် ယူဆ၍ ရလေ၏။ သို့သော် ထိုအမျိုးသမီးက ဂိုဏ်းခေါင်းဆောင်နှင့် နီးကပ်စွာ ထိုင်နေလေသည်။ သူမသည် ဂိုဏ်းထဲတွင် မြင့်မားသော အဆင့်အတန်း ရှိပုံပေါ်၏။
လက်တွေ့တွင် အားလုံးက မိုဝူကျီ စကား နောက်ကွယ်မှ ရည်ရွယ်ချက်ကို သတိထားမိကြ၏။ ဂိုဏ်းခေါင်းဆောင်တွင် ကောင်းသော စရိုက်နှင့် လူစားမျိုး ဖြစ်ပြီး ဆေးလုံးသခင်ဂျူတွင် သာမန်လူ တစ်ယောက်လောက်သာ ကောင်းလေ၏။ ဂိုဏ်းခေါင်းဆောင်က သဘောတူညီစွာ ခေါင်းညိတ် လိုက်ပြီး မိုဝူကျီထံ နွေးနွေးထွေးထွေး ပြောလိုက်လေသည်။
“ဘာလို့ မထိုင်တာလဲ ... ”
“ကျေးဇူး တင်ပါတယ် ဂိုဏ်းခေါင်းဆောင် ... ” မိုဝူကျီက မထိုင်ခင် ကျေးဇူးစကား ဆိုလိုက်လေသည်။ မိုဝူကျီက လက်ရှိ အခြေအနေကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်း လိုက်သည့်အခါ ရှီဂျွန်၏ မိုဝူကျီအပေါ် သဘောထားသည် ပို၍ပင် ကောင်းလာလေ၏။ သူက မိုဝူကျီကို ကပ်ပြောလိုက်လေ၏။
“မင်းအတွက် ပြောပေးတဲ့ လူက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ နံပါတ်တစ် ဆေးလုံးသခင်ပဲ ... အဆင့်လေး ဆေးလုံးသခင် ယန်ချင်ယင်တဲ့ ... သူမက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ယှဉ်ပြိုင်ပွဲမှာ ငါတို့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို ကိုယ်စားပြုတဲ့ အဖွဲ့ခေါင်းဆောင်ပဲ ... ”
မိုဝူကျီက ဖေးပင်းကျုဆီမှ ဆေးလုံးသခင် ယန်သည် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်ကြောင်း ကြားဖူး၏။ သို့သော်လည်း သူမ နာမည်တွင် ယင်ဟူသော စာလုံးပါမည်ဟု မထင်မိခဲ့ချေ။ ထိုသည်က ရှားရိုယင်နှင့် သူ၏ အတွေ့အကြုံများကို ပြန်လည် အမှတ်ရစေ၏။
“ကောင်းပြီလေ ... ဆေးလုံးဆရာတွေ အားလုံးရောက်ပြီ ဆိုတော့ စကြစို့ ... ” ဂူရန်က မိုဝူကျီ ပြောသည်များကို အချိန်ယူ စဉ်းစားခြင်း မရှိဘဲ ဖြတ်ပြော လိုက်လေသည်။ သူ့စကား ဆုံးသည်နှင့် ခန်းမ အလယ်တွင် ကြီးမားသော ဆေးပြင်းမီးဖို ငါးခု ပေါ်လာလေသည်။
***