နတ်ဓားတောင် ရှုံးထွက် ပြိုင်ပွဲ
Vol. 6 Ch. 77
ရှီဂျွန်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။
“ဝူကျီ ... မင်း ငါ့ဘေး ရောက်လာကတည်းက ငါ မအောင်မမြင် ဖြစ်နေတဲ့ ဝိညာဉ်လမ်းကြောင်းတည် ဆေးလုံးလည်း ဖော်စပ်နိုင်ခဲ့တယ် ဒီတစ်ကြိမ်လည်း မင်းကံကိုပဲ ယုံရမှာပဲ ... တကယ်လို့ ငါသာ ဆေးလုံး မဖော်စပ်နိုင်ရန် ငါတော့ သွားပြီပဲ ... ”
ရှီဂျွန်က မိုဝူကျီကို များစွာ ယုံကြည်ထားလေ၏။ ကျင့်ကြံခြင်း လောကတွင် ကံကောင်းမှုသည် မရေရာလှချေ။ တချို့သော လူများသည် တခြား လူများထက် အထက် ရောက်ခြင်းမှာ သူတို့တွင် ကံကောင်းမှု အကြီးကြီး ရှိ၍ ဖြစ်လေသည်။
သို့သော်လည်း မိုဝူကျီက ကံကောင်းမှု မည်သို့ ပါဝင်လာမှန်း မသိချေ။ သူလည်း အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရှီဂျွန်ကို ကပ်ကာ ပြောလိုက်သည်။
“ဆေးလုံးသခင်ရှီ ... တကယ်တော့ ကျွန်တော့်မှာ တခြား နည်းလမ်းတစ်ခု ရှိတယ် ... အဲဒါကို ကံကောင်းမှု ထိတွေ့ခြင်းလို့ ခေါ်တယ် ... ကျွန်တော်တို့တွေ ရေတစ်ပုံးလောက် လိုမယ် ... ကျွန်တော်က ပါဝင် ပစ္စည်းတွေကို ကိုယ်တိုင် ဆေးကြော သန့်စင်ပေးမယ် အဲဒါဆို ကံကောင်းမှုလည်း ကူးစက် သွားလိမ့်မယ် ... စီနီယာရဲ့ အောင်မြင်နှုန်းလည်း ပုံမှန်ထပ် အနည်းဆုံး နှစ်ဆ တိုးလာလိမ့်မယ် ... ”
“ရတယ် ... တစ်ယောက်ယောက်ကို ရေပုံး ယူခိုင်းလိုက်မယ် ... ” ထိုသို့ဖြင့် ရှီဂျွန်က ဆေးပြင်းမီးဖို သယ်လာသည့် အစေခံကို တီးတိုး ပြောလိုက်ကာ ခိုင်းလိုက်လေ၏။ တစ်မိနစ်ပင် မရှိသေးပေ ထိုအစေခံက ရေပုံးလေးနှင့် ပြန်ရောက်လာလေ၏။
“ဆေးလုံး သခင်ရှီ ... ဘာတွေများ လုပ်မလို့လဲ ... ” တစ်ယောက်က ချက်ချင်း မေးလိုက်လေသည်။
ရှီဂျွန်က အေးဆေးစွာ ပြန်ပြော လိုက်လေသည်။
“ငါ့ရဲ့ အောင်မြင်နှုန်း တိုးတက်လာအောင် ဆေးပင်တွေကို ဆေးကြောဖို့ လုပ်နေတာလေ ... ဝူကျီ မကြာခင် ငါဆေးဖော်စပ်တော့မှာ ဆိုတော့ မင်းပဲ ဆေးလိုက်တော့ ... ”
ရှီဂျွန်က မိုဝူကျီကို ဆေးပင် ဆေးဖို့ ခေါ်သည်ကို မြင်သောအခါ ခန်းမအတွင်းမှ လူများသည် ရှီဂျွန်က အဘယ်ကြောင့် ထိုဆေးပင် သယ်ယူရေး ကောင်လေးကို အလိုရှိကြောင်း နားလည် သွားကြလေ၏။ ထို့အပြင် ထိုသည်က ဆေးပင် သယ်ယူရေး ကောင်လေး၏ တာဝန်ဖြစ်ကာ ဆေးလုံးဆရာ တာဝန် မဟုတ်ချေ။ တချိန်တည်းတွင် သူတို့သည် ဆေးပင်များကို ဆေးကြောရသည့် ကိစ္စကို မေးခွန်း မထုတ်ခဲ့ကြပေ။ ဆေးလုံး ဆရာတိုင်းတွင် ကိုယ်ပိုင် နည်းလမ်းများ ရှိတတ်ကြပြီး ဘာမှ မမှားယွင်းနေချေ။
ရှီဂျွန်၏ ဆေးပြင်းမီးဖိုက လက်ယာဘက် ဒုတိယ နေရာတွင် ရှိပြီး ဆေးလုံးသခင်ဂျူ၏ မီးဖိုကား တတိယနေရာတွင် ဖြစ်ကာ ကပ်လျက် တည်ရှိလေသည်။ မိုဝူကျီက ထိုအရာကို မြင်သောအခါ သူ့ကံဆိုးမှုကိုသာ စိတ်ထဲမှ ကျိန်ဆဲ လိုက်တော့၏။
အကြောင်းမှာ ရှီဂျွန်က မိုဝူကျီကို ခေါ်သည့်အချက်မှာ သူ့ကို ကူညီစေရန် ဖြစ်လေသည်။ တစ်ဖက်တွင် မိုဝူကျီက တခြားသော ဆေးလုံးဆရာများ၏ နည်းလမ်းများကို လေ့လာဖို့ရန် ရောက်လာခြင်း ဖြစ်လေ၏။
မိုဝူကျီ အတွေ့မြင်ချင်ဆုံး သူကား ယန်ချင်ယင်သာ ဖြစ်၏။ ထို့အပြင် သူမသည် အဆင့်လေး ဆေးလုံးဆရာ ဖြစ်ကာ မြေကမ္ဘာအဆင့် ဆေးလုံးဖော်စပ်သူ တစ်ယောက် အနေနှင့် သူမနည်းလမ်း များသည် ကျန်သူများ အထက်တွင် ရှိမှာ အသေအချာ ဖြစ်လေ၏။ ကံဆိုးလှစွာ သူ့ဘေးတွင် ယန်ချင်ယင် မဟုတ်ပေ။ အခြား သုံးယောက် နေရာယူပြီး နောက်တွင်ပင် ယန်ချင်ယင်က နေရာမှ ဆင်းမလာပေ။
မိုဝူကျီက အကြောင်းရင်းကို ချက်ချင်း ရှာတွေ့သွားလေ၏။ မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ယန်ချင်ယင်က ကိုယ်တိုင် ဆင်းလာစရာ မလိုအပ်ချေ။
“ငါတို့ရဲ့ နတ်ဓားတောင်က မဖွင့်တာ နှစ်ပေါင်း ထောင်ချီနေပြီ ... ငါတို့ ဆေးလုံး ဆရာတွေရဲ့ စွမ်းရည်ကို မြင့်နိုင်ဖို့ သီးသန့် ဖွင့်ပေးခဲ့တာ ဖြစ်တယ် ... တောင်ထဲက အရင်းအမြစ်တွေကို ကန့်သတ်ထားလို့ လူခုနစ်ယောက်ပဲ ဝင်လို့ရမယ် ... အစက ငါတို့ဂိုဏ်းတွင်း ဒီဆေးလုံး ဖော်စပ်မှု ပြိုင်ပွဲမှာ ဝင်ပြိုင်စရာ မလိုတဲ့ အဆင့်သုံး ဆေးလုံးဆရာ လေးယောက်နဲ့ အဆင့်လေး တစ်ယောက် ရှိတယ် ... အခု ဒီရှုံးထွက်ပွဲကို ယှဉ်ပြိုင်ရမှာက အဆင့်သုံး ဆေးလုံးဆရာ အသစ်ငါးယောက်ပဲ ... ငါးယောက်ထဲမှာ နှစ်ယောက်ပဲ နတ်ဓားတောင်ကို ဝင်ရောက်နိုင်မယ်.. ... အားလုံးက အဆင့်သုံး ဆေးလုံးကို ဖော်စပ်ပြရမယ် ... ယှဉ်ပြိုင်ပွဲ စတင်ကြစို့ ... ” လူငါးယောက်သည် နေရာကိုယ်စီ ယူလိုက်ပြီးနောက် ဂိုဏ်းခေါင်းဆောင်က ကျယ်လောင်စွာ ကြေညာ လိုက်လေသည်။
မိုဝူကျီက လူခုနစ်ယောက်သာ နတ်ဓားတောင်ထဲ ဝင်ရောက်နိုင်ခြင်းကို အခုမှ သိခြင်း ဖြစ်ပေ၏။ အကယ်၍ ဆေးပင် သယ်ယူရေး ကောင်လေးများပါ ထည့်တွက်လျှင် စုစုပေါင်း ၁၄ယောက် ရှိနေပြီ ဖြစ်လေ၏။ အရင်က အလုပ်ခန်းမ အတွင်းတွင် ဆွေးနွေးနေသော လူအုပ်ကြီးကို မြင်သောအခါ လူများများ ဝင်ရောက် နိုင်လိမ့်မည်ဟု တွေးထင်ခဲ့မိ၏။
ရှီဂျွန်က ဆေးဖော်စပ်မှု အောင်မြင်ခဲ့လျှင် သူ့အား နတ်ဓားတောင် ဝင်ရောက်ခွင့် ပေးမည်ဟု ကတိပေးထား၏။ အရေအတွက် အားဖြင့် နည်းပါး လွန်းသော်လည်း အမှန်တကယ်ကို ကြီးမားသည့် အကူအညီ ဖြစ်လေ၏။
မိုဝူကျီက ဆေးလုံးဆရာ အားလုံး၌ သူတို့၏ မီးပြင်းဖို အောက်တွင် အနီရောင် မီးကျောက် ရှိနေသည်ကို သတိပြုမိ လိုက်လေသည်။ မီးပြင်းဖို အောက်တွင် ကြီးမားသော မီးလျှံရှိနေပြီး ထိုအနီရောင် မီးကျောက်ကား မီးပြင်းအားကို ထိန်းညှိ ပေးနိုင်ခြင်း ရှိဟန် ပေါ်သည်။
ရှီဂျွန်က မီးပြင်းဖိုကို ရှင်းလင်းရန် ပြင်ဆင်ပြီး မီးတောက်ကို ပြုလုပ်လိုက်လေ၏။
မိုဝူကျီက ဆေးပင်များကို ရေပုံးထဲ ထည့်ပြီး တစ်ခုချင်းစီ သေချာ ဆေးကြော နေလိုက်သည်။ အစိမ်းရောင် နဂါးမောက်သီးသာ မထည့်ဘဲ ကျန်ရှိနေလေသည်။ ထို့အစား ထိုအရာအား သူပြင်ဆင်ထားသည့် ရေဗေဒါ အရည်ဖြင့် သုတ်လိမ်း ပေးလိုက်လေသည်။
ဆေးပင် နှစ်သုတ်ကို ဆေးကြောပြီးနောက် မိုဝူကျီက ဘေးသို့ထားကာ အခြောက်ခံ ထားလိုက်လေ၏။
တစ်ချိန်တည်းတွင် ရှီဂျွန်က ပြင်ဆင်စရာများ ပြီးစီးသွားကာ စတင်၍ ဝိညာဉ် လမ်းကြောင်းတည် ဆေးလုံးကို ဖော်စပ်လိုက်သည်။
မိုဝူကျီက ရှီဂျွန် ဆေးဖော်စပ်သည်ကို မြင်ဖူးသည့် အတွက် ရိုးရိုးသားသား ပြောရလျှင် ကြည့်ကောင်းသော အရာတော့ မဟုတ်ချေ။ သူ့မျက်လုံးများသည် ဆေးလုံးသခင်ဂျူ အပေါ်သို့ ကျရောက်နေပြီး ထိုဂျူကောင်လေးသည် ယှဉ်ပြိုင်သူ ငါးယောက်ထဲတွင် အစွမ်းဆောင် နိုင်ဆုံး လူဖြစ်ကြောင်း သိရှိလိုက်ရသည်။
မိုဝူကျီက ဆေးလုံးသခင်ဂျူ ဖော်စပ်နေသည့် ဆေးလုံးကို မသိရှိသော်ငြား သူ့နည်းလမ်းကား ရှီဂျွန်ထက် များစွာ သဘာဝ ကျလေသည်။ သူ့အပြုအမူများသည် ပို၍ ကြော့ရှင်း သပ်ရပ်လေသည်။ ။
မိုဝူကျီက ထိုလူက ဘာဇွန်း ယောက်မမှ မသုံးမှန်း တွေ့ရှိလိုက်ရသည်။ သူသည် ဆေးပင်များကို ဖော်စပ်ရန် ဆေးပြင်း မီးဖိုကိုသာ အဓိက ထားသုံးလေသည်။
အဆုံးသတ်တွင် ဆေးလုံး သခင်ဂျူက သူ့လက်ဖြင့် အငွေ့ တလောင်းလောင်း ထနေသာ မီးပြင်းဖိုထဲရှိ ဆေးပင်များကို ရွှေ့ပေး လိုက်လေသည်။ သူ့လက်ကား အပူဟပ်သည့်ပုံပင် မပေါ်ချေ။ ထိုသို့ဖြင့် မိုဝူကျီက ဆေးလုံး သခင်ဂျုက ကျန်လေးယောက်ထက် ပိုသာကြောင်း သေချာသွားလေ၏။ သူ့နည်းလမ်းကား ရှီဂျွန်၏ “ခွေးကူးကူးခြင်း” နည်းလမ်းထပ် အပုံကြီး သာလေသည်။
တစ်နာရီပင် မကြာသော အချိန်တွင် မိုဝူကျီက ကျယ်လောင်သော အသံ ဘမ်းခနဲ ကြားလိုက်ရ၏။ လက်ဝဲဘက်မှ ပထမဆုံး ဆေးလုံးဆရာတွင် ပြာများဖြင့် လွှမ်းအုပ် နေလေသည်။ သိသာလှစွာ သူသည် ဆေးဖော်စပ်ခြင်းတွင် ကျရှုံးသွားကာ ဆေးပြင်းမီးဖို ပေါက်ကွဲသွားလေ၏။
ထိုအခိုက်အတန့်တွင် မိုဝူကျီက နောက်ထပ် ပေါက်ကွဲသံကို ထပ်ကြားလိုက် ရပြန်သည်။ အပူလှိုင်း တစ်ခုက သူ့ဆီ ရောက်လာပြီး ခြေလှမ်း အနည်းငယ်ပင် ဆုတ်သွားစေလေ၏။ အသိပြန်ဝင် လာသောအခါ မိုဝူကျီက ရှီဂျွန် မီးပြင်းဖို ပေါက်ကွဲသွားကြောင်း တွေ့ရှိလိုက်ရသည်။
ကြည့်ရသည်မှာ ဆေးလုံး သခင်ရှီ၏ စိတ်အခြေအနေက အာရုံစိုက်မှု မရှိဘဲ တခြားသော ဆေးလုံးသခင်များ ကျရှုံးမှုမှ သက်ရောက်ခြင်း ခံလိုက်ရလေ၏။
ရှီဂျွန်၏ စိတ်ပျက်လက်ပျက် အမူအရာကို မြင်ပြီး မိုဝူကျီက အလျင်အမြန် ပြောလိုက်လေသည်။
“ဆေးလုံးသခင်ရှီ ကျွန်တော်တို့မှာ ဆေးပင် နောက်တစ်သုတ် ကျန်သေးတယ် ဒါနဲ့ အောင်မြင်အောင် လုပ်လို့ ရပါသေးတယ် ... တွေးကြည့်ပါဦး တခြားလူတွေရဲ့ ကျရှုံးမှုသာ သက်ရောက်ခြင်း မခံရရင် အောင်မြင် ပြီးလောက်ပြီ ... ပြီးတော့ ဘယ်သူကမှ ဆေးကို ရာခိုင်နှုန်းပြည့် အောင်မြင်အောင် မဖော်စပ် နိုင်ကြပါဘူး ... ”
မိုဝူကျီ စကားများကို နားထောင်ပြီး ရှီဂျွန်စိတ်လည်း ပေါ့ပါး သွားလေသည်။ ဟုတ်တယ် ရာခိုင်နှုန်းပြည့် အောင်မြင်တဲ့ ဆေးလုံးဆရာ ဘယ်သူရှိလို့လဲ ...
ရှီဂျွန် စိတ်ဓာတ် ပြန်တက်ကြွ လာသည်ကို မြင်သောအခါ မိုဝူကျီက သက်ပြင်း ချလိုက်မိသည်။ ရှီဂျွန်၏ ကျရှုံးခြင်း၊ အောင်မြင်ခြင်းသည် နတ်ဓားတောင်သို့ ဝင်ခွင့်ကို ဆုံးဖြတ်ပေးမည် ဖြစ်လေ၏။ အကယ်၍ သူသာ နတ်ဓားတောင်ကို ဝင်ရောက်နိုင်ပါက သူ့အတွက် ဆေးပင် သန့်စင်ခြင်း လေ့ကျင့်ရန် ပမာဏများစွာ ရရှိနိုင်လိမ့်မည်။ ဆေးဖော်စပ်ခြင်းတွင် သူက နောက်မှတ်တိုင် တစ်ခုသို့ တက်လှမ်း နိုင်စေလိမ့်မည်။
သူသည် သာမန် အစေခံတစ်ယောက် ဖြစ်သည့်အတွက် သန့်စင်ခြင်း လေ့ကျင့်နိုင်မည့် ဝိညာဉ်ဆေးပင် များများကို ရရှိရန် မဖြစ်နိုင်ချေ။ သူ့အနာဂတ် အောင်မြင်မှုကား ရှီဂျွန်နှင့် ပူးတွဲ တည်ရှိနေလေသည်။ အကယ်၍ ရှီဂျွန်က အောင်မြင်ခဲ့ပါက သူလည်း အနာဂတ်တွင် အောင်မြင်ရန် အခွင့်အရေး ရရှိလိမ့်မည်။
ရှီဂျွန်က ဒုတိယ အသုတ်ကို စတင်၍ ဖော်စပ် လိုက်လေသည်။ မိုဝူကျီသည် ဆေးလုံး သခင်ဂျူက ဆေးပင်များကို သန့်စင်ခြင်း ပြီးဆုံးသွားကာ အညစ်အကြေးများ ဖယ်ရှားပြီးကြောင်း သတိထားမိ လိုက်သည်။
ယခုတွင် ပေါက်ကွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွား သွားလေသည်။ ထို့အပြင် ဆေးလုံး သခင်ရှီ၏ ပေါက်ကွဲမှုသည် ဆေးလုံး သခင်ဂျူဘေးတွင် ဖြစ်ပျက်ခဲ့သော်လည်း သူ့အား အနည်းငယ်မျှ သက်ရောက်မှု မရှိဘဲ သူ့အလုပ်သာ ဆက်လုပ်နေလေသည်။ သူ့ဆေး ဖော်စပ်မှုက ကျရှုံးသွားလျှင်ပင် မိုဝူကျီက သူ့အား မလေးစားဘဲ မနေနိုင်ချေ။
နောက်ထပ် နာရီဝက် ကုန်ဆုံး သွားလေ၏။ ရှီဂျွန်က ဆေးပင်များကို သန့်စင်ခြင်း ပြီးဆုံး သွားသောအခါ ဆေးလုံး သခင်ဂျု၏ မီးပြင်းဖိုမှ ဆေးနံ့ သင်းသင်းလေး ထွက်ပေါ် လာလေသည်။ မိုဝူကျီက စိတ်ထဲမှ သက်ပြင်း ချမိလိုက်သည်။ ဆေးလုံး သခင်ဂျူသည် အမှန်တကယ်ပင် စွမ်းဆောင် နိုင်လေ၏။ မိုဝူကျီက ရေပုံးကို ဆွဲယူပြီး သူ့မီးဖိုထဲ မထည့်သရွေ့ သူ့ဆေးလုံး ပထမအသုတ်ကား သေချာပေါက် အောင်မြင်လိမ့်မည်။ နေရာ နှစ်နေရာတွင် တစ်နေရာကား သူ့အတွက် ဖြစ်လိမ့်မည်။ ရှီဂျွန်သည် နောက်ဆုံး နေရာအတွက် ကျန်ဆေးလုံး သခင် သုံးယောက်နှင့် ယှဉ်ပြိုင်ရလိမ့်မည်။
ကံကောင်းလှစွာ ကျန်ဆေးလုံး ဆရာ သုံးယောက်သည် သူတို့၏ ဆေးပင် ပထမအသုတ်တွင် ကျရှုံးကြလေ၏။ ဤတစ်ကြိမ်တွင် ရှီဂျွန်က တခြားသော ပေါက်ကွဲမှုများကို သက်ရောက်ခြင်း မခံတော့ပေ။ ထိုစဉ် ရှီဂျွန်က ဆေးအညစ်အကြေးများကို ဖယ်ထုတ်ပြီးပြီ ဖြစ်ကာ ဆေးအဆီအနှစ်များကို ပေါင်းစပ်နေပြီ ဖြစ်သည်။ သူသည် ဆေးလုံး စဖြစ်ရန် လုပ်ဆောင် နေလေသည်။
မိုဝူကျီသည် ဆေးလုံးသခင်ဂျုမှ အကြည့်သိမ်း လိုက်သောအခါ မျက်လုံးတစ်စုံသည် သူ့အပေါ် ကျရောက် လာကြောင်း သတိထားမိ လိုက်လေသည်။ ခေါင်းမော့ကြည့် လိုက်သောအခါ အဆင့်လေး ဆေးလုံးဆရာ ယန်ချင်ယင်က သူ့အား စိုက်ကြည့် နေလေသည်။ မျက်လုံးချင်း စုံသည့်အခါ သူမက မိုဝူကျီကို ခေါင်းညိတ်ပြ လိုက်လေသည်။
သို့သော်လည်း မိုဝူကျီက မစိုးရိမ်ပေ။ သူသည် ရေပုံးကို ငှားယူကာ အစိမ်းရောင် နဂါးမောက်သီး အပေါ်သို့ ရေဗေဒါ သုတ်လိမ်းပြီးပြီ ဖြစ်၏။ မည်သူကမှ မြင်လိမ့်မည်ဟု မထင်ချေ။ သူ့တွင် ယုံကြည်ချက် ရှိလေသည်။
ထိုစဉ် အနံ့ပြင်းသော ဆေးရနံ့ ထွက်ပေါ်လာလေသည်။ မိုဝူကျီက ဆေးလုံး သခင်ဂျူအား လှည့်ကြည့် လိုက်လေသည်။ သေချာသွားလေပြီ သူသည် ဆေးပြင်းဖိုမှ ဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲ တိုက်ရိုက် ထည့်လိုက်လေသည်။ ထိုလူသည် အမှန်တကယ်ပင် ဆေးပင် ပထမ အသုတ်တည်းဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။
မိုဝူကျီသည် မကျေနပ်သောလည်း သူလုပ်နိုင်သည့်အရာ မရှိချေ။ သူသည် လက်ရှိအသုတ် မကျရှုံးစေရန် ရှီဂျွန်အပေါ်တွင် အာရုံစိုက် ထားလိုက်လေ၏။
***