လက်ပေါင်းတစ်ထောင်တိုက်ခိုက်မှု
Vol. 53 Ch. 741
လက်ဆယ်ဖက်သာ လှုပ်ရှားရသေးပါသော်လည်း ထိုသည်မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုနှင့် တူညီနေလေပြီ။
ပိုင်လင်၊ စုဝမ်ကျွင်း၊ လုံကွေး၊ ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့မှာ အပြင်းအထန် ခုခံခဲ့ပြီးနောက် မိမိကိုယ်ကို ကာကွယ်နိုင်ခဲ့ပါသော်လည်း ၎င်းတို့၏ အမူအရာများမှာ ခက်ထန်နေသည်။ လက်ဆယ်ဖက်၏ တိုက်ခိုက်မှုသည်ပင် ကြမ်းတမ်းလွန်းနေပြီ ဖြစ်သည်။
လက်ဆယ်ဖက်ကိုပင် ၎င်းတို့ထိုမျှ တိုက်ခိုက်နေရပါက လက်ပေါင်းတစ်ထောင်သာဆိုလျှင် ဤကမ္ဘာတစ်ခုလုံး မြေလန်သွားပေလိမ့်မည်။
ရွှေရောင်အကာအရံနားတွင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအား ကြောက်ရွံ့ကာ ပုန်းကွယ်နေသူလေးဦး ရှိသည်။
"ဘုရားရေ........ ဒီငတုံးကောင်က Hackerများလား။ လက်တစ်ထောင်တောင်မှ....... အကုန်လုံးကိုသာ တပြိုင်တည်း လှုပ်ရှားပြီး တိုက်ခိုက်ရင် ငါတို့ဘယ်လောက်ပြေးပြေး မထူးလောက်ဘူး။"
လျှိုချင်းဟွမ် စိုးရိမ်တကြီး ပြောလိုက်သည်။
"အဲ့ဒါဆို ခုခံကာကွယ်ရေး မန္တာန်တွေဘာတွေ ပြင်ထားသင့်လား။"
စုချန်းရန် တုန်လှုပ်စွာဖြင့် အကြံပြုလိုက်သည်။
တုန်းကော်မှာ အရှေ့ဆုံးတွင် ဝံ့ဝံ့ကြွားကြွား ရှိနေလေသည်။
"စိတ်မပူပါနဲ့..... မင်းသမီး ယွင်လဲ့...... ကျွန်တော် ရှိနေသမျှ မထိခိုက်စေရပါဘူး။"
"ဟီးဟီး....."
စုချန်းရန်မှာ ရှားရှားပါးပါးပင် ပြုံးစစ ဖြစ်သွားသည်။
"အဲ့စကားကို ကြားဖူးနေသလိုပဲနော်။"
တုန်းကော် စိတ်ကသိကအောက်ဖြစ်ကာ မျက်နှာပျက်သွားရသည်။
"မစိုးရိမ်ပါနဲ့။ တုန်းကော်က အစ်ကိုကြီးအန်ရဲ့ အစေခံ ဖြစ်နေပြီလေ။ သူ့တာဝန် သူမကျေရင် အစ်ကိုကြီးအန်နဲ့ တွေ့လိမ့်မယ်..... ဝုတ်။"
တပိုင် စကားဆိုလိုက်သည်။
တုန်းကော်မှာ ရင်ဘတ်ပေါ် လက်တင်နေရလေပြီ။
ကြမ်းတမ်းလှသော စော်ကားမှုများကြောင့် သူသည်ပင် ဘာမှမပြောနိုင်တော့ပေ။ သူသည် တပိုင်၏ အာကြမ်းလျှာကြမ်းအား စိတ်ထဲမှ ကျိန်ဆဲရင်း တိတ်တဆိတ်သာ မတ်တပ်ရပ်နေရလေသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ တိုက်ခိုက်မှုအတွက် ထပ်မံပြင်ဆင်နေပြီပင်။
လူသားခေါင်းသည် ဆယ်ကီလိုမီတာတိုင် လွင့်ထွက်သွားသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများအားကြည့်ကာ ရယ်မောလိုက်သည်။
"မဆိုးပါဘူး။ ငါ့ရဲ့ လက်ဆယ်ဖက် တိုက်ခိုက်မှုကို မင်းတို့ ခံနိုင်ရည် ရှိသားပဲ။ ဆယ်ဆဆိုရင်ရော ဘယ်လိုနေမလဲ မသိဘူးနော်..... ဟီးဟီး။"
ထိုစကားကြောင့် ပိုင်လင်၊ စုဝမ်ကျွင်းနှင့် အခြားသူများမှာ ခုခံကာကွယ်ရေး မန္တာန်ပေါင်းစုံကို ထုတ်ဖော်လိုက်ကြသည်။
အံ့ဖွယ်မိုးကြိုးကြောင့် ၎င်းတို့မှာ ဆုတ်ခွာထွက်ပြေးရန်လည်း မဖြစ်နိုင်ပဲ ရှိသမျှ ဝှက်ဖဲမျိုးစုံကိုသာ ကုန်စင်အောင် ထုတ်သုံးရတော့သည်။
"ဒါက လက်တစ်ရာ အစွမ်းပဲ။ ငါတို့ အသက်ရှင်နိုင်ပါ့မလား။"
စုဝမ်ကျွင်း ခါးသက်သက်ပြုံးကာ သက်ပြင်းချလိုက်သည်။
"အန်လင်း ချိပ်ပိတ်တာက အခုထိ အသင့်မဖြစ်သေးဘူးလား။"
ကောင်းကင်နတ်မိမယ် ဖေးရင် လှမ်းကြည့်လိုက်သောအခါ အုတ်ခဲနက် တစ်လုံးနောက်တွင် ပုန်းကွယ်နေသော အန်လင်းအား တွေ့လိုက်ရသည်။
ကောင်းကင်နတ်မိမယ် ဖေးရင်မှာ ဒေါသထွက်သွားလေသည်။
အားလုံးက အသက်နဲ့လဲပြီး အချိန်ဆွဲပေးနေတာကို ချိပ်ပိတ်နိုင်ဖို့အတွက် လုပ်နေသင့်တာမလား...... ဘာလို့ အဲ့အုတ်ခဲနောက်မှာ ပုန်းနေရတာလဲ.........
သွမ့်ဟွမ်းဇီနှင့် စုဝမ်ကျွင်းမှာလည်း အန်လင်းကိုကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားရသည်။
"ဘာမှမဖြစ်ပါဘူး။ အခုအခြေအနေကိုပဲ အရင်အာရုံစိုက်ကြတာပေါ့။ အလှည့်အပြောင်းဆိုတာ ရှိလာမှာပဲဟာ။"
လုံကွေးမှာ တိုက်ပွဲစိတ်ဆန္ဒများ ပြည့်လျှံနေပြီး လူတိုင်းကိုပါ အားပေးစကားဆိုလိုက်သည်။
၎င်းတို့ထံတွင် ရွေးချယ်စရာ မရှိသောကြောင့် အားလုံးမှာ ရင်ဆိုင်ရတော့မည့် တိုက်ပွဲကိုသာ အသင့်ပြင်ထားလိုက်ကြသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏လက်များ စတင်လှုပ်ရှားလာပြီး လူသားခေါင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
"အစွမ်းဆယ်ဆကို ပြမယ်ဟေ့။ လက်ပေါင်းတစ်ထောင် တိုက်ခိုက်မှု....."
လက်တစ်ထောင်လုံးမှာ တစ်ချိန်တည်း ရွေ့လျားလာပြီး များပြားလှသော စွမ်းအင်များမှာ ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။
တိုက်ခိုက်မှုပင် မလုပ်ရသေးပါသော်လည်း လေထုတစ်ခုလုံးပင် တုန်ခါနေလေပြီ။
ပိုင်လင်၊ စုဝမ်ကျွင်း၊ လုံကွေး၊ ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် သွမ့်ဟွမ်းဇီတို့မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"ငါ....ငါနားကြားမှာတာလား။ လက်တစ်ရာ တိုက်ခိုက်မှု ဖြစ်သင့်တာလေ။"
ကောင်းကင်နတ်မိမယ် ဖေးရင်မှာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။
"လက်ဆယ်ဖက်ရဲ့ ဆယ်ဆဆို လက်တစ်ရာကမှ မှန်လိမ့်မယ်။"
စုဝမ်ကျွင်း ရေရွတ်လိုက်သည်။
"အင်း...... ကံမကောင်းတာက အဲ့လူသားခေါင်းက တကယ်ကျပ်မပြည့်ဘူးလေ။"
ပိုင်လင် စကားဆိုလိုက်သည်။
အားလုံး: "............"
"အဲ့ဒါဆို ဒီသောက်တုံးက လက်တစ်ထောင် တိုက်ခိုက်မှု လုပ်တော့မှာလား။"
သွမ့်ဟွမ်းဇီမှာ သွေးအန်တော့မလို ဖြစ်နေလေပြီ။
"ဆယ်ခုရဲ့ ဆယ်ဆက တစ်ထောင်ပေါ့လေ။ အဟက်..... တကယ် ဦးနှောက်မပါတဲ့ မကောင်းဆိုးဝါးပဲ။ ငါတို့တော့သေပြီ။"
လူတိုင်းကို အားပေးခဲ့သော လုံကွေးသည်ပင် စိတ်ဆင်းရဲနေရပြီ ဖြစ်သည်။
အုတ်ခဲနက်နောက်တွင် ပုန်းနေသော အန်လင်းမှာလည်း ချက်ချင်းဆိုသလို ဆုတ်ခွာတော့သည်။
လူသားခေါင်းသည် လက်တစ်ရာ တိုက်ခိုက်မှုအစား လက်တစ်ထောင် တိုက်ခိုက်မှုကို ပြုလုပ်တော့မည်ပင်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကြောင့် အားလုံး ခေါင်းကိုက်နေရလေပြီ။
ထိုတိုက်ခိုက်မှု၏ အရောင်အဝါသည်ပင် ဤသုတေသနဋ္ဌာန တစ်ခုလုံးကို အလင်းပေးထားရန် လုံလောက်သည်။ ထိုသည်မှာ ကမ္ဘာပျက်ကပ် တစ်ခုအား အရှေ့ဆုံးမှ တွေ့ကြုံခံစားနေရသလို ဖြစ်သည်။
ထိုအချိန်မှာပင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ ခန္ဓာကိုယ်တွင် ဟက်တက်ကွဲဒဏ်ရာများ ပေါ်ထွက်လာသည်။
"ဖူး...... အဟွတ်... အဟွတ်..... အဟွတ်...."
နဂါးခေါင်း သွေးအန်ကာ မျက်လုံးပွင့်လာပြီးနောက် လူသားခေါင်း ပြင်ဆင်နေသော လက်ပေါင်းတစ်ထောင် တိုက်ခိုက်မှုကို တွေ့လိုက်ရသည်။
အသိစိတ် ဝင်လာသည်နှင့် နဂါးခေါင်း သွေးတိုးရလေပြီ။
"ယီးထဲမှ..... ငါယိုးမသားလေး.. .. မင်းသေချင်ရင် ကိုယ့်ဘာသာသေလိုက်။ ငါ့ကိုပါ အဖော်မခေါ်နဲ့.... ယီးပဲ။"
ဇာမဏီခေါင်းလည်း သွေးအန်ကာ နိုးထလာသည်။
ငါ့ခန္ဓာကိုယ် တစ်ခုလုံး လုံးပါးပါးနေသလို ခံစားရတယ်။"
ထို့နောက် လူသားခေါင်း ပြင်ဆင်နေသော လက်ပေါင်းတစ်ထောင် တိုက်ခိုက်မှုအား မြင်လိုက်ရလေသည်။
ဇာမဏီခေါင်း: "........"
"မင်းရူးနေတာလား။ အခုချက်ချင်း ရပ်လိုက်တော့။ မဟုတ်ရင် မင်းမတိုက်ခင်မှာတင် ငါတို့အရင် သေကုန်လိမ့်မယ်။"
ဇာမဏီခေါင်း အလန့်တကြား အော်ဟစ်လိုက်သည်။
"ငါမင်းကို အချိန်သုံးစက္ကန့်ပဲပေးမယ်။"
အစ်ကိုကြီး နှစ်ယောက်လုံး စကားဆိုလာသောကြောင့် လူသားခေါင်းမှာ ရွေးချယ်စရာ မရှိတော့ပေ။ ပြင်ဆင်နေသော တိုက်ခိုက်မှုများအားလုံး ပျောက်ကွယ်ကာ လက်ပေါင်းတစ်ထောင်လည်း တုန်ခါလာသည်။
ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးမှာ ခြေထောက်များ မခိုင်တော့ပဲ မြေကြီးနှင့် မျက်နှာ မိတ်ဆက်သွားရသည်။
ဝုန်း......
မြေပြင်ပေါ်တွင် ချိုင့်ကြီးတစ်ခု ဖြစ်သွားလေသည်။
လူသားခေါင်း နာကျင်စွာ ငိုကြွေးလိုက်သည်။
"ဝါး....... အားအင်တွေအကုန် ဘယ်ရောက်ကုန်တာလဲ။"
နဂါးခေါင်းမှာ အသွေးအသားထဲမှ ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
"သောက်တုံးကောင်..... ငါတို့သာ နိုးမလာရင် အခုထက်တောင် ပိုဆိုးဦးမှာ။ ခဏလောက် အစွမ်းပျောက်တာကို မပြောနဲ့ဦး။ သေတောင်သေသွားနိုင်တယ်..... မင်းသိရဲ့လား။"
"ဒီကျပ်မပြည့်ကောင်က ဦးနှောက်ဖြစ်လာတာ အဆိုးဆုံးပဲ။"
ဇာမဏီခေါင်း ဒေါသထွက်စွာ ပြောလိုက်သည်။
လူသားခေါင်း၏ ဦးခေါင်းထက်ရှိ သက်တန့်ရောင်စဉ်ကွင်းမှာလည်း စတင်မှေးမှိန်လာသည်။
အားလုံးသည် စိတ်သက်သာရာရကာ သက်ပြင်းချရင်း ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးကို ကြည့်ရှုနေမိကြသည်။
"ဟူး...... အံ့ဖွယ်တာအို ချိပ်ပိတ်ခံထားရတဲ့ မကောင်းဆိုးဝါးက အဲ့လိုတိုက်ခိုက်မှုမျိုး မလုပ်နိုင်လောက်ဘူးလို့ ထင်သားပဲ။"
ကောင်းကင်နတ်မိမယ် ဖေးရင် ခပ်ဖွဖွ ပြုံးလိုက်သည်။
"တကယ်တော့ နဂါးခေါင်းနဲ့ ဇာမဏီခေါင်းသာ နိုးမလာရင် လူသားခေါင်းက အဲ့တိုက်ခိုက်မှုကို လုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် ငါတို့အသက်တင်မက ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးရဲ့ အသက်လည်း သွားပြီလေ။"
ပိုင်လင် စကားဆိုလိုက်သည်။
ကောင်းကင်နတ်မိမယ် ဖေးရင် တိတ်ဆိတ်သွားရသည်။ ပိုင်လင်သည် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါးအပေါ် နားလည်မှု ပိုမိုမြင့်မားသောကြောင့် သူမလည်း မငြင်းဆန်နိုင်ပေ။
"ငါတို့ ငရဲမရောက်ခင် အဆင်ပြေသွားတာပေါ့။"
စုဝမ်ကျွင်း သက်ပြင်းချလိုက်သည်။
ထိုအချိန်မှာပင် ကြီးမြတ်သော နတ်မိစ္ဆာသုံးပါး၏ အော်ဟစ်သံမှာ ကောင်းကင်တခွင် ပဲ့တင်ထပ်သွားလေသည်။