← Chapters

ဘာတွေလာစားနေတာလဲ

Vol. 53 Ch. 745

ဘာတွေလာစားနေတာလဲ

Vol. 53 Ch. 745

မြွေနက်ဝိဉာဉ်သည် သွေးအဆီအနှစ် ချပြီးနောက် ဇာမဏီဥအား သူမကိုယ်တိုင် ဥထားသော ဥလေးတစ်လုံးသဖွယ် ကြည့်ရှုနေသည်။ သို့သော် သူမသည် ဘယ်သောအခါမှ ဥမဥခဲ့ဘူးပေ။

မည်သို့ပင်ဆိုစေကာမူ ဇာမဏီဥမှာ သူမအတွက် တန်ဖိုးကြီးလွန်းသည်။

သွေးအဆီအနှစ် ကျဆင်းသွားသည်နှင့်အတူ မြွေနက်ဝိဉာဉ်မှာ မျှော်လင့်ချက်များကြောင့် စိတ်လှုပ်ရှားကာ နှလုံးခုန်သံများ မြင့်တက်လာသည်။

သွေးအဆီအနှစ်သည် ဇာမဏီဥပေါ် ကျသွားပြီးနောက် မြေပြင်ပေါ် လျှောဆင်းသွားတော့သည်။

မြွေနက်ဝိဉာဉ်: ".........."

အားလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

မြွေနက်ဝိဉာဉ်သည် မျက်စိရှေ့တွင်ရှိသော မြင်ကွင်းအား မယုံကြည်နိုင်ဖြစ်ကာ အသက်ရှူသံများ ပြင်းလာပြီး ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လာရသည်။

"ငါ....... တစ်ခုခုများ မှားသွားတာလား......"

သူမသည် လက်သင်္ကေတများ ပြောင်းလဲကာ သွေးအဆီအနှစ် တစ်စက်အား ထပ်ချကြည့်လိုက်သည်။

ပတောက်.......

သွေးအဆီအနှစ်သည် ပိန်းကြာရွက်ပေါ်တွင် ရေမတင်သကဲ့သို့ ဒီကိုဂျင် အဲလေမှားလို့ ဇာမဏီဥ မျက်နှာပြင်ပေါ်မှ မြေပြင်သို့​ထပ်မံ့၍ ကျဆင်းသွားသည်။

ဇာမဏီဥသည် ချစ်ရေးဆိုလာသော မိန်းမငယ်လေးများအား ဂရုပင်မစိုက်သော မင်းသားတစ်ပါးလို ပစ်ပစ်ခါခါ ဖြစ်နေလေသည်။

သွေးအဆီအနှစ်မှာ မြေပြင်ပေါ် လျှောကျသွားပြီး သွေးနီရောင် ပန်းပွင့်သဖွယ်ပင် ပြန့်ကားသွားသေးသည်။

မြွေနက်ဝိဉာဉ်မှာ မျက်နှာတစ်ခုလုံး ဖြူရော်ကာ ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင်ဖြစ်ပြီး နားမလည်နိုင်သလို ဖြစ်နေမိသည်။

"ဘယ်...... ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ..... ဒါလုံးဝမဖြစ်နိုင်ဘူး။ ငါ့ကိုဘာလို့ ငြင်းပယ်ရတာလဲ။ အဲ့လို မဖြစ်သင့်ဘူးလေ။"

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာလည်း မြွေနက်ဝိဉာဉ်၏ ဥလုပွဲကျရှုံးမှုကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အချို့ဆိုလျှင် ဇာမဏီဥအတွက် အခွင့်အရေး ရှိလာနိုင်သေးသည်ဟုပင် တွေးမိလာကြသည်။

၎င်းတို့သည် မြွေနက်ဝိဉာဉ်ထံမှ ဇာမဏီဥအား သွားမလုရဲပါသော်လည်း စိတ်ထဲတွင်မူ ပြဇာတ်နှစ်ခုစာမျှ တွေးမိနေကြပြီပင်။

မြွေနက်ဝိဉာဉ်မှာ ဖြစ်နိုင်ခြေ တစ်ခုအား တွေးမိလိုက်ပြီးနောက် လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် လက်ညှိုးထိပ်မှ အနီရောင် အလင်းတစ်ခု ​ဖြာထွက်လာသည်။

"ကောင်းကင်နဲ့မြေပြင်ရဲ့ဝိဉာဉ်...... ဒီဇာမဏီဥရဲ့ သွေးမျိုးဆက်ကို ရှာပေးပါ။"

ထိုသည်မှာ ဇာမဏီဥနှင့် ဆက်နွယ်နေသည့် အခြားသွေးဆက်တစ်ခုအား ရှာဖွေရန်ပင်။

တစ်နည်းဆိုသော် ဇာမဏီဥတွင် သခင်ရှိမရှိ သိရရန် ဖြစ်သည်။

မြွေနက်ဝိဉာဉ်သည် ဇာမဏီဥပေါ် လက်တင်လိုက်သည်။

ဝှစ်.......

ဇာမဏီဥသည် အနည်းငယ် တုန်ခါလာပြီးနောက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါက်လာကာ အန်လင်းထံ ဖြည်းညင်းစွာ ပျံဝဲသွားလေသည်။

ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်သွားပြန်သည်။

မြွေနက်ဝိဉာဉ်သည် ရင်ဘတ်တစ်ခုလုံး ဆုတ်ဖြဲခံရသလို ခံစားလိုက်ရပြီး အန်လင်းကိုကြည့်ကာ ဘာမှမပြောနိုင်တော့ပေ။

ထိုဖြစ်နိုင်ခြေအား သူမ တွေးမိခဲ့သင့်သည်။

အန်လင်းသည် ပိုင်လင်နှင့် အတူရှိနေစဉ်အတွင်း သူမသည် ဇာမဏီဥ၏ အကြောင်းအရာများအား အန်လင်းထံ ပြောပြလိမ့်မည်ပင်။

သို့သော် ဇာမဏီဥ၏ သခင်အဖြစ် ခံယူရဲသည်အထိ အန်လင်း သတ္တိကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အားလုံးမှာလည်း ရွှေရောင်အလင်းအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိကြသည်။

အန်လင်းက ဥကိုယူထားပြီးပြီပဲ........ သောက်ရမ်းကြမ်းတယ်ကွာ.......

"ဟင်းဟင်း......အန်လင်း ငါနင့်ကို အထင်သေးခဲ့မိတာပဲ။"

မြွေနက်ဝိဉာဉ်မှာ ပုခုံးများ တုန်ရီကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူမ အလွန်ပင် ဒေါသထွက်နေကြောင်း သိသာလှပေသည်။

သူမသည် ထိုဥအတွက် အချိန်နှင့်စွမ်းအင်များစွာ ရင်းနှီးခဲ့ရသည်။

ဤကမ္ဘာ၏ ထိန်းချုပ်ခွင့်အား အခြားတစ်ယောက်ထံ ပေးခဲ့ရရုံသာမက မျှော်လင့်ထားခဲ့သော ဥသည်ပင် အခြားသူ၏အပိုင် ဖြစ်နေသည်။ ကြိုးစားသမျှ အရာမထင်ခဲ့သောကြောင့် သူမလည်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။

"စိတ်လျှော့ပါဦး မြွေနက်ဝိဉာဉ်ရယ်..... ကျွန်တော် ဥကိုခင်ဗျားဆီ ပေးပါ့မယ်။"

အန်လင်း လက်ခါပြကာ အလောတကြီး ပြောလိုက်သည်။

မြွေနက်ဝိဉာဉ် အေးစက်စွာ ရယ်မောလိုက်သည်။

"ငါ့ကို စကားတွေနဲ့ လာစားနေတာလား။ သွေးမျိုးဆက် ချိတ်ဆက်ပြီးတာနဲ့ အရှင်မ နွီဝါးတောင်မှ တခြားသခင်တစ်​ယောက်ဆီ လွှဲပေးလို့ မရတော့ဘူး။ နင့်စကားက ငါ့ကိုပိုပြီး ဒေါသထွက်စေရုံပဲ ရှိတယ်။"

အန်လင်း : "........"

အော်..... အဲ့လိုလား.......

"တောင်းပန်ပါတယ်...... ကျွန်တော် မသိခဲ့လို့ပါ။"

အရှင်မနွီဝါးသည်ပင် သခင်နှင့်သားရဲကြားမှ ဆက်နွယ်မှုအား ဖြတ်တောက်ပစ်နိုင်ခြင်း မရှိသည်ကို အန်လင်း မသိခဲ့မိပေ။

မြွေနက်ဝိဉာဉ်၏ မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်လာသည်။

"ဒါပေမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။"

"ဘာနည်းလမ်းလဲ။"

အန်လင်း စိတ်ဝင်စားသွားသည်။

မြွေနက်ဝိဉာဉ်မှာ ဖြည်းညင်းစွာ တုံ့ပြန်လာလေသည်။

"နင့်ကိုသတ်လိုက်လို့ ရတယ်လေ။"

အန်လင်း : "........."

"ငါနင့်ကို သတ်လိုက်ရင် နင့်ရဲ့ တည်ရှိမှုက ပျောက်ကွယ်သွားပြီးတော့ ဥနဲ့ဆက်နွယ်မှုလည်း ပြတ်တောက်သွားလိမ့်မယ်။ အဲ့လိုဆိုရင် ဇာမဏီဥက သခင်အသစ် လက်ခံနိုင်ပြီပေါ့။"

မြွေနက်ဝိဉာဉ်၏ သိုလှောင်လက်စွပ် လင်းလက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသော နယ်မြေဖန်ဆင်းမိစ္ဆာရှင်းဓား ထွက်ပေါ်လာသည်။

အန်လင်း အသက်ပြင်းပြင်းရှူကာ မြွေနက်ဝိဉာဉ်၏ မျက်ဝန်းများကို ကြည့်ရှုလိုက်သည်။

သူသည် စိတ်ကသိကအောက် ဖြစ်နေပါသော်လည်း စိတ်ချင်းယှဉ်သော တိုက်ပွဲတွင် ရှုံးနိမ့်သွား၍ မဖြစ်ပေ။

တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားမထံမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

ပုံမှန်အားဖြင့် တာအိုပေါင်းစည်းခြင်းအဆင့် နတ်ဘုရား တစ်ပါးသည် အကြည့်တစ်ချက်ဖြင့်ပင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအား သတ်ပစ်နိုင်လိမ့်မည်။ သို့သော် အန်လင်းသည် အလွန်အားကောင်းသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့် လက်သီးတစ်ချက်မျှ လိုအပ်လောက်ပေသည်။

မည်သို့ပင်ဆိုစေကာမူ မြွေနက်ဝိဉာဉ်သာ စိတ်မပြောင်းပါက အန်လင်း ဘဝပြောင်းသွားမည်မှာ အသေအချာပင်။

"မလုပ်နဲ့။"

အဖြူရောင် အလင်းတစ်ခုနှင့်အတူ ပိုင်လင်မှာ အန်လင်းရှေ့သို့ ရောက်ရှိလာသည်။

မြွေနက်ဝိဉာဉ်မှာ မျက်ရည်များ ဝိုင်းလာလေသည်။

"ငါ့ဆီမှာ ဘာမှမကျန်တော့ဘူး။ နင်တို့ပဲ အကုန်ယူသွားကြတာလေ။ နင်တို့တရားမလွန်ဘူးလား။"

အန်လင်းမှာ အားနည်းဟန်ဆောင်လာသော မြွေနက်ဝိဉာဉ်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

သူမ ဘာတွေကြံနေတာလဲ.....

"အန်လင်းကို လွှတ်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် ဒီကမ္ဘာရဲ့ ထိန်းချုပ်ခွင့်ကို ပြန်လွှဲပေးရမယ်။"

မြွေနက်ဝိဉာဉ် နှုတ်ခမ်းစူကာ ညှိနှိုင်းလိုက်သည်။

ပိုင်လင် အနည်းငယ် တွေးတောကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်လေသည်။

"မရဘူး။"

မြွေနက်ဝိဉာဉ်: "........ "

အန်လင်း: " ...... "

 အဲ့လောက်ကြီး အားပါးတရ ငြင်းဖို့လိုလို့လား..... ငါလည်း အသက်နဲ့ပါဟ......

သနားစိတ်လေးတောင် မဖြစ်ဘူးလား......

အန်လင်းမှာ နှလုံးသား တစ်ခုလုံး နာကျင်သွားရသည်။

ပိုင်လင်သည် မြွေနက်ဝိဉာဉ်အား မျက်စောင်းထိုးကာ စကားဆက်လိုက်သည်။

"နင့်မှာ ဘာမှမရှိတော့ဘူးဆိုတာ ဘယ်လိုစကားလဲ။ ကျန်းချီကုန်းမြေ၊ ယူမင်ကုန်းမြေ၊ ဟွိုင်လင်းကုန်းမြေ အားလုံးက နင့်ဟာတွေချည်းပဲ မဟုတ်ဘူးလား။ ဒါတောင် ငါသိတာတွေပဲ ရှိသေးတယ်။ မသိတာဆို ဘယ်လောက်တောင် ရှိဦးမလဲ မသိဘူး။ ငါ့ရှေ့မှာ သနားစရာကောင်းအောင် လုပ်ပြမနေနဲ့။"

"ဝါး....."

အန်လင်း တအံ့တသြ ဖြစ်သွားသည်။

သူမဆီမှာ ပိုင်ဆိုင်မှု များလှချည်လား.......

ပြီးတော့ ရှောင်ယန်အုတ်ဂူကနေ ရောက်သွားတဲ့ ကျန်းချီကုန်းမြေကလည်း သူမ အပိုင်ပဲလား........

မြွေနက်ဝိဉာဉ်သည် ထိုကမ္ဘာ၏ အရှင်သခင်မ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

အန်လင်းသည် သူမအား ဘယ်သောအခါမှ ပြဿနာ မရှာမိစေရန် မှတ်ထားလိုက်သည်။

ပိုင်လင်၏ စကားကြောင့် မြွေနက်ဝိဉာဉ်မှာ အမူအရာ ပြောင်းလဲသွားပြီး သတ်ဖြတ်ချင်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"အန်လင်း..... ငါက အကျိုးအကြောင်း မသိတဲ့ မြွေမဟုတ်လို့ ဥတစ်လုံးအတွက်နဲ့ နင့်ကိုမသတ်ပါဘူး။ ဒါပေမယ့် နင်နဲ့တွေ့တိုင်း ပညာပေးပစ်မယ်။"

"ဝါး....."

အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အန်လင်းမှာလည်း ဒူးများတုန်နေလေပြီ။

ယီးထဲမှ....... တွေ့တိုင်းပညာပေးမှာတဲ့လား........

လျှိုချင်းဟွမ်လည်း အံ့သြသွားမိသည်။

"ကြည့်ရတာ အန်လင်းတော့ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်တော့ဘူးနဲ့ တူပါတယ်။"

​မြွေနက်ဝိဉာဉ်၏ စူးစိုက်ကြည့်ရှုမှုကြောင့် အန်လင်း ကြက်သီးထသွားသည်။

ထို့နောက် မြွေနက်ဝိဉာဉ်သည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

အန်လင်းသည်လည်း သေခြင်းတရားကို ရှောင်နိုင်ခဲ့သည့်အလား အသက်ပြင်းပြင်းရှူကာ မြေပြင်ပေါ် လှဲချပစ်လိုက်သည်။

တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားမ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"သူမ သွားပြီလား။"

အန်လင်း ကြောက်ရွံ့စွာ မေးမြန်းလိုက်သည်။

ပိုင်လင် ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"သွားပြီလေ။ ဂုဏ်ယူပါတယ် အန်လင်း.... နောက်ထပ်အလှလေးတစ်ယောက်ရဲ့ နှလုံးသားထဲမှာ နေရာယူလိုက်နိုင်ပြီ။"

ပိုင်လင်သည် ကံဆိုးလှသော အန်လင်းကိုကြည့်ကာ စိတ်ကျေနပ်နေသည်။ အန်လင်းမှာ မည်သည့်စကားမှ မဆိုလိုသောကြောင့် ဇာမဏီဥကိုသာ တိတ်တဆိတ် သိမ်းဆည်းလိုက်တော့သည်။

( မင်္ဂလာပါ။ အန်လင်းစာစဉ်က စာရေးသူဆီမှာ စာစဉ် ၆၃ ထိရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegram မှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channel မှာ လာရောက်အားပေးနိုင်ပါတယ်။)

All Chapters