ဇာတ်သိမ်းပိုင်း ၄
Vol. 165 Ch. 2298
“ကစဥ့်ကလျားကမ္ဘာကို ဖွင့်ဖို့ဘာလုပ်ရမှာလဲ”
သူမသည် ကံကောင်းသည့်လူဖြစ်သည်ကို သူမကိုယ်တိုင်လည်းသိသည်။ ကံကောင်းလေလေ သူမယူရသည့်တာဝန်မှာကြီးလေလေကိုလည်း သိထား သည်။
“ငါ မင်းကိုဝင်သွားစေချင်တယ်.. ပြန်ထွက်လာရင်တော့ မင်းရဲ့အားနဲ့ ဝင်ပေါက်ကို ထောက်ပံ့ပေးထားရမယ်”
ဒါက…
“နည်းလမ်းကတော့ ရိုးရှင်းတဲ့ပုံပါပဲ.. ဒါပေမဲ့ ကစဥ့်ကလျားကမ္ဘာရဲ့ ဝင်ပေါက်ကို ကျွန်မရဲ့အားလေးနဲ့ ဘယ်လိုလုပ် ထောက်ထားနိုင်မှာလဲ” ရှီမာယူ ယူသည် အကူအညီမဲ့စွာဖြင့် မေးလိုက်သည်။
“အဲဒါကတော့ မင်းဘာသာမင်း သိအောင်လုပ်ရမယ်” ဆမ်ဆာရာ ပခုံး တွန့်လေသည် “ငါက မင်းကို ဒီနည်းလမ်းပြောပြဖို့အတွက် ဒီမှာနေခြ့တာပဲ.. ဘယ်လိုလုပ်မလဲဆိုတာကတော့ ကိုယ့်ဘာသာသိအောင်လုပ်ရမယ်.. ဒါပေမဲ့ အရင်ဆုံးမရဏာလောကကိုသွားပြီး ဟေးဒီးစ်ကိုရှာလို့ရတယ်.. သူက မင်းကို တစ်ခုခုတော့ ပြောပြနိုင်မှာပါ”
“ဟေးဒီးစ်လား… သူက ကောင်းကင်တာအိုနဲ့ ကစဥ့်ကလျားကမ္ဘာ အကြောင်းကို ဘာမှမပြောဘူး” ရှီမာယူယူ အံ့ဩနေသည်။ ဟေးဒီးစ်သိနေတာ ကို ဘာလို့ သူမကိုဘာမှမပြောတာလဲ။
“သူ့မှာလည်း သူ့အကြောင်းအရင်းနဲ့ရှိမှာပေါ့.. သူ့ကိုသွားရှာပြီးမေးလိုက် ရင် သိလိမ့်မယ်” ဆမ်ဆာရာ ပြောလိုက်သည်။
“အင်း သူ့ကို အသက်ရှင်လျက်တွေ့ရမယ်ဆိုရင် မေးမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက သေတော့မှာလား” ဆမ်ဆာရာသည် သူမကိုစိုက်ကြည့်ပြီး အေးစက်စွာမေးလေသည်။
“အဟွတ် အဟွတ်” ရှီမာယူယူသည် လက်ဖက်ရည်သောက်ရင်း သီးသွား ကာ နှစ်ကြိမ်မျှ ချောင်းဟန့်လိုက်သည်။ သူမသည် နှုတ်ခမ်းထောင့်မှ လက်ဖက် ရည်များကိုသုတ်ကာ ပြောလိုက်သည် “အဲလောက်ကြီး ဒဲ့တိုးမပြောပါနဲ့”
“မဟုတ်ဘူးလား” ဆမ်ဆာရာ ပြောလိုက်သည် “ခုနက မင်းပြောသလိုဆို ရင် အသက်ရှင်ဖို့မလွယ်ဘူးဆိုပြီး သေချာနေသလိုပဲ.. အဲဒီတော့ မင်းအသက် ကဘာဖြစ်လို့လဲ”
“အဲလိုလုပ်ရမယ့် အကြောင်းအရင်းတွေရှိလို့ပါ” ရှီမာယူယူ သက်ပြင်းချ လိုက်သည်။ ရွှမ်ချုံးဟော်ကိုဆန့်ကျင်လျှင် သူမသည် အနိုင်ရနိုင်ချေမရှိပေ။ သို့သော် သူမ မသွားဘဲ သူတို့၏အသက်ကို မစွန့်စားခိုင်းနိုင်ပေ။
“ဒါက မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ... ငါက မင်းရဲ့ဝိညာဉ်တစ်ခုပဲ” ဆမ်ဆာရာသည် သူမ၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန်မရှိပေ “ဟုတ်ပြီ ငါ ပြောသင့်တာကို ပြောပြီးပြီ လက်ဖက်ရည်လည်းသောက်ပြီးသွားပြီ ပြန်သင့်နေ ပြီ”
ပြီးနောက် သူမ၏ပုံရိပ်သည် အလင်းတန်းသဖွယ်ပြောင်းပြီး ရှီမာယူယူ၏ ခန္ဓာကိုယ်အတွင်းသို့ဝင်သွားလေသည်။ ရှီမာယူယူသည် မသိစိတ်မှ မျက်လုံး များကို မှိတ်မိသည်။ ပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ အငွေ့မှ အစိုင်အခဲအဖြစ် ပြောင်းသွားသကဲ့သို့ မတူတော့သလိုခံစားရသည်။
“ဒါနဲ့ ချင်းဒေါင် မင်းအတွက်ထားခဲ့တဲ့ အားနည်းနည်းကို သူ့ခန္ဓာကိုယ်ထဲ မှာ ချိပ်ပိတ်ထားခဲ့တယ်” ဆမ်ဆာရာ၏ အသံသည် တိုးတိုးသွားကာ လုံးဝ ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် မျက်လုံးများကိုဖွင့်လိုက်သည်။ သူမသည် အဆောင်ထဲ တွင်မရှိတော့ဘဲ ကျောက်အခန်းသို့ပြန်ရောက်နေသည်။ သို့သော် ထိုအချိန်၌ ကျောက်အခန်းထဲတွင် ကျောက်စိမ်းအခေါင်းရှိနေသည်။
သူမ လျှောက်သွားပြီး ခေါင်းတလားကို လက်ဖြင့် ပွတ်သတ်ကြည့်လိုက် ၏။ ဤအရာသည် သူမငယ်စဉ်ကတည်းကပင် လွှမ်းမိုးမှုအားကောင်းခဲ့သော ဧကရာဇ်ချင်းဒေါင်၏ ခေါင်းတလားအစစ်အမှန်ဖြစ်ကာ သူ၏နောက်ဆုံး အနား ယူသည့်နေရာဖြစ်သည်။ သူသည် သူမအတွက် ရှေ့သို့လျှောက်လှမ်းရန် တွန်းအားဖြစ်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူမ၏ရှေ့၌ပေါ်လာသည်မှာ သူမ သည် ပြင်ဆင်ထားသော်လည်း အနည်းငယ်တော့ ဝမ်းနည်းမိသည်။
သူမသည် သူမ၏ရောင်ဝါကိုထုတ်လွှတ်ပြီး အခေါင်း၏အဖုံးဖွင့်လာသည် နှင့် လက်ဖဝါးဖြင့် တွန်းဖွင့်လိုက်သည်နှင့် အရိုးတစ်စုသည် သူမ၏မျက်လုံးထဲ သို့ဝင်လာသည်။ သူမ လက်ဆန့်ထုတ်ပြီး အရိုးအဖြူကိုကိုင်လိုက်သည်။ သူမ သည် သူ၏ခေါင်းကိုထိလိုက်ရာ သူမ၏လက်ချောင်းထိပ်များအေးစက်သွားပြီး နောက် အင်အားတစ်ခုသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။
ကမ်းပါးနန်းတော်တွင်…
မဟာမိတ်ဖွဲ့ထားသောလူများသည် ထိုနေရာတွင်စုဝေးပြီး ကိစ္စများကို ဆွေးနွေးနေကြသည်။ အံ့ဖွယ်သားရဲလေးပါးပြန်လာပြီဟု ကြားသည်နှင့် အားလုံးသည် စိတ်လှုပ်ရှားကာ အပြေးစုစည်းကြသည်။
“ဒါတကယ်ပဲ အံ့ဖွယ်သားရဲလေးပါးရဲ့ရောင်ဝါပဲ ကောင်းတယ် သူတို့ နောက်ဆုံးတော့ ပြန်လာပြီပဲ”
“နှစ်တွေအများကြီးကြာပြီး နောက်ဆုံးတော့ အံ့ဖွယ်သားရဲလေးပါးရဲ့ ရောင်ဝါကို ထပ်ခံစားမိပြီ”
“ဟား ဟား အခုကို ကျုပ်တို့နိုင်မှာကို ကြိုမြင်နေပြီ”
“ဟုတ်တယ် အခု အံ့ဖွယ်သားရဲလေးပါး ပြန်လာပြီ ကျုပ်တို့သေချာ ပေါက် နိုင်မှာပဲ.. အခုကစပြီး သားရဲတွေနဲ့ နန်းတော်လေးဆောင် အကျပ်ကိုင် တာကို မခံရတော့ဘူး”
ဖူရှီသည် အားလုံးကိုခေါ်လာပြီး ဆရာနှင့် ကမ်းပါးနန်းတော်သခင်တို့ကို ဦးညွှတ်ကာ ပြောလိုက်သည် “ဆရာ ဒုဆရာ ကံကောင်းလို့ ကျွန်တော်တို့ လိပ်မည်းနဲ့ကျားဖြူကို ပြန်ခေါ်လာနိုင်ပါပြီ”
“ကောင်းတယ် ကောင်းတယ်” နန်းတော်သခင်သည် အလွန်ပျော်ရွှင်နေ ကာ အသက်ကြီးမှပင် ပျော်လွန်း၍ငိုတော့မတတ်ဖြစ်နေသည်။
“လိမ္မာလိုက်တဲ့ကောင်လေး တော်တယ်” ကျွင်းပိုင်သည် သူ၏ပခုံးကို ပုတ်လိုက်သည်။
ကျွင်းပိုင်၏ကျန်းမာရေးမှာ အရင်ကထက် တိုးတက်လာသည်ကို ကြည့် ပြီး ဖူရှီ ပြောလိုက်သည်။ “ဆရာ သက်သာလာပြီလား”
“ယူယူ ထွက်မသွားခင် ထားခဲ့တဲ့ပစ္စည်းနဲ့ ငါ့ခန္ဓာကိုယ်က ပြန်ကောင်း လာတာ ကြာပြီ.. အခုတလော ဂမ္ဘီရဉာဏ်နဲ့ဖတ်လိုက်တော့ ဒဏ်ရာက အပြည့်အဝပြန်မကောင်းလာရုံတင်ပဲ.. ဒါပေမဲ့ အများကြီးမထိခိုက်တော့ဘူး အဲဒါကြောင့် စိတ်ပူဖို့မလိုဘူး” ကျွင်းပိုင် လှည့်ပတ်ကြည့်သည်။ တစ်ပတ်ပတ် ပြီးနောက် ရှီမာယူယူကို မမြင်သောအခါ မေးလေသည် “သူမရော”
ရှီမာယူယူအကြောင်းသို့ ရောက်သောအခါ ဖူရှီနှင့်တခြားသူများ မျက်နှာ မကောင်းကြတော့ပေ။ ရွှမ်ချုံးဟော်သည် သူမ၏ဆွေမျိုးနှင့် သူငယ်ချင်းများကို ဓားစာခံအဖြစ် ဖမ်းခေါ်ထားကြောင်းကို သူ ပြောပြလိုက်သည်။
“ဒီရွှမ်ချုံးဟော်တော့ အမှောင်နဂါးကိုယ်ရံတော်တွေ ဘာလို့ပျောက်သွား တာပါလိမ့်လို့ထင်နေတာ.. သူက သူမရဲ့ဆွေမျိုးနဲ့သူငယ်ချင်းတွေကို ဖမ်းဖို့ သွားတာကိုး” ကျွင်းပိုင်သည် ဒေါသတကြီးပြောလေသည်။
“ဖူရှီ မင်းရဲ့ဆရာက အရမ်းအားကောင်းတာမဟုတ်ဘူးလား.. ယူယူရဲ့ မိသားစုဝင်တွေ ဘယ်မှာအဖမ်းခံထားရလဲဆိုတာ အာရုံခံကြည့်ရင်ရော..သူတို့ ကိုအရင်ကယ်ရင်ရေ.. အဲလိုဆို သူ ယူယူ့ကို ခြိမ်းခြောက်လို့မရတော့ဘူး” ဝမ်ရှီ ပြောလိုက်သည်။
“ဟုတ်တယ် ဆရာ လုပ်နိုင်လား” ဖူရှီ မေးလိုက်သည်။
ဤကိစ္စသည် ကောင်းကင်၏လျှို့ဝှက်ချက်မဟုတ်သောကြောင့် ထိခိုက် မှုမကြီးနိုင်ပေ။ ထို့ကြောင့် ကျွင်းပိုင်သည် ပစ္စည်းများထုတ်ပြီး စတင်လေသည်။
အားလုံးသည် ခေတ္တမျှစောင့်ကြသည်။ ကျွင်းပိုင်သည် မအောင်မြင်ရုံ သာမကဘဲ ထိခိုက်လုနီးပါးဖြစ်သွားသည်။
“ဆရာ ဘယ်လိုနေလဲ”
ကျွင်းပိုင်သည် ခေါင်းခါပြီးပြောလိုက်သည် “ဘာအဖြေမှမရလာဘူး”
“ဘာလို့အဲလိုဖြစ်တာလဲ” အားလုံးသည် အံ့ဩသွားကြလေသည်။
“ကောင်းကင်တာအို” ကျွင်းပိုင်သည် ဖြူဖျော့သောမျက်နှာဖြင့် ပြောလေ သည် “သူမရဲ့ ဟောစတမ်းကို ကောင်းကင်တာအိုက ဖုံးထားတာ ဘာကိုမှ အာရုံခံလို့မရဘူး”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူတို့နေရာရှာမတွေ့ရင် သူမကိုဘယ်လို သွားကူညီတော့မှာလဲ။ သူမ ရွှမ်ချုံးဟော်ကို သွားတွေ့သည့်အချိန်ပင်လျှင် သူမ ကို မထောက်ပံ့ပေးနိုင်တော့ပေ။ သူမ ရွှမ်ချုံးဟော်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ပဲ နည်းလမ်းရှိတော့တာလား။
“ဒါဆို ကြက်သွေးရောင်မီးတောက် သူမကိုရှာနိုင်လား” မို့ယီရှန်း မေး လိုက်၏။
“သူမက အခု တရားကျင့်ကြ့နေတယ်.. ကြည့်ရတာ ဧကရာဇ်ချင်းဒေါင် ရဲ့စွမ်းအားတွေ စုပ်ယူပြီးပြီထင်တယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက် သည် “ရွှမ်ချုံးဟော်ရဲ့နေရာကိုတော့ သူမ ရောက်သွားမှပဲသိရမယ် ဒါပေမဲ့ အဲအချိန်ကျရင် နောက်ကျသွားပြီ”
ကြက်သွေးရောင်မီးတောက်၏ မျက်ခုံးများကြုတ်သွားသည်။ သူတို့သည် လက်ရှိတည်နေရာကို မခန့်မှန်းနိုင်သည်မှာ သေချာနေသည်။
“အခု သူမရဲ့ကိစ္စကို ဖြေရှင်းပေးဖို့အချိန်မရှိတော့ဘူး” ကျွင်းပိုင် ပြော လိုက်သည် “ငါ အခုသူမရဲ့ဟောစတမ်းကို ကြည့်မရပေမဲ့မင်းတို့အတွက် ကြည့် လို့ရတယ်.. ဘေးသင့်သားရဲကြီးလေးကောင်က လာနေကြပြီ”
“ဟုတ်တယ် နောက်ဆုံးတော့ အရင်ကအကြွေးတွေရှင်းလို့ရပြီပေါ့” လိပ်မည်းသည် သူ၏လိပ်ခွံကို ဒေါသတကြီးရိုက်လေသည်။
“ငါတို့ ဒီမှာနေလို့မရတော့ဘူး” ဧကရာဇ်ဖြူ ပြောလိုက်သည်။
သူတို့ ဤနေရာတွင်စုပြီး ဘေးသင့်သားရဲကြီးလေးကောင်ကို တိုက်ခိုက် လျှင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဤနေရာတစ်ခုလုံးပျက်စီးသွားမည်ဖြစ် သည်။
“ရှီရှီ ကလေးနဲ့ ဒီမှာနေခဲ့လိုက် နန်းတော်သခင် ကျွန်တော့်ဇနီးနဲ့ ကလေး ကို စောင့်ရှောက်ပေးပါဦး” ပိုင်ရှောင်ဖေးသည် ပြောပြီးနောက် လိပ်မည်းတို့ နောက်လိုက်သွားပြီး ဝင်ပေါက်ဖွင့်ကာ ဝင်သွားလေတော့သည်။