← Chapters

ဇာတ်သိမ်းပိုင်း ၅

Vol. 165 Ch. 2299

ဇာတ်သိမ်းပိုင်း ၅

Vol. 165 Ch. 2299

ဝူလင်းယူသည် ချန်အိမ်တော်ကိုသွားရာ ရှောင်းသောင့်နှင့် ဝူချီယောင်တို့ ကို ဟေးဒီးစ်မှ လာခေါ်သွားသည်ကို သိလိုက်ရသည်။ သူသည် ရာဟွောင်ကို ရှီမာယူယူနှင့် ဆက်သွယ်ခိုင်းသည်။ သို့သော် သူမ တံခါးပိတ်ကျင့်ကြံနေသဖြင့် ကမ်းပါးနန်းတော်သို့သွားလိုက်သည်။

သူ ကမ်းပါးနန်းတော်သို့ ရောက်သွားသောအခါ ကြက်သွေးရောင်မီး တောက်တို့ ထွက်သွားပြီဖြစ်ရာ ရှီမာယူယူကိုလည်း ဆက်သွယ်၍မရပေ။

“ယူယူနဲ့ ဆက်သွယ်လို့မရဘူး ဘယ်လိုလုပ်ရမလဲ” ရာဟွောင်သည် ပူပန် စွာဖြင့် ပြောလေသည်။

ဝူလင်းယူသည် ခေတ္တမျှနှုတ်ဆိတ်ပြီးနောက် ပြောလိုက်သည် “ငါတို့ သူမကို မရှာနိုင်ရင် ရှာနိုင်မယ့်သူကိုရှာမယ်”

သူ မည်သူ့ကိုရည်ညွှန်းသည်ကို ရာဟွောင်မသိပေ။ သို့သော် ရှီမာယူယူ ကို ဆက်သွယ်နိုင်သရွေ့ အရေးမကြီးလှပေ။

ဝူလင်းယူသည် မရဏာလောကကိုသွားလိုက်သည်။ ဟေးဒီးစ်သည် ကလေးနှစ်ယောက်ကို ခန္ဓာကိုယ်သန့်စင်သည့်အကြောင်းကို ပြောပြနေသည်။ ဝူလင်းယူလာသည်ကိုမြင်သောအခါ ဝူရှောင်းသောင့်သည် ပျော်ရွှင်စွာ ပြေးလာ ကာ သူ၏လက်ကိုဆုပ်ကိုင်ပြီးမေးလိုက်လေသည် “အဖေ ဘာလို့တစ်ယောက် တည်းလာတာလဲ အမေရော”

“သမီးအမေက အခု ကိစ္စတွေနဲ့အလုပ်ရှုပ်နေတယ် ခဏတော့ မလာနိုင် လောက်သေးဘူး.. သမီးတို့ဦးလေးဟေးဒီးစ်ကို လာရှာခိုင်းလို့လေ” ဝူလင်းယူ ပြောလိုက်သည်။

“လိပ်မည်းနဲ့ကျားဖြူကိုရှာတွေ့ပြီလား” ဝူရှောင်းသောင့် မေးလိုက်သည်။

“အင်း တွေ့ပြီ.. ဟုတ်ပြီ ဦးလေးဟေးဒီးစ်နဲ့ ပြောစရာရှိသေးတယ် သမီး တို့ သွားလေ့ကျင့်နေလိုက်” ဝူလင်းယူသည် စိတ်ပူပန်စွာဖြင့် ကလေးနှစ်ဦးကို တိုက်တွန်းလိုက်သည်။

“ငါ မင်းတို့ကို သင်ပေးထားတဲ့ နည်းလမ်းကိုနားလည်အောင် သွားလုပ် ချေ” ဟေးဒီးစ်သည် ကလေးနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။

“အိုး” ဝူရှောင်းသောင့်သည် ညှိုးနွမ်းစွာဖြင့် ပြန်ဖြေပြီးနောက် ဝူလင်းယူ ကို ပြောလိုက်သည် “အဖေ သမီးတို့အရင်သွားပါတော့မယ်.. ဦးလေးဟေးဒီးစ် နဲ့ ပြောပြီးရင် သမီးတို့ဆီလာခဲ့ပါဦး”

“အေးပါ လိမ္မာတယ် သွားကြတော့” ဝူလင်းယူသည် သမီးဖြစ်သူ၏ လက် ကိုပုတ်လိုက်သည်။ သည်တစ်ကြိမ်တွင် ဤကတိကိုဖောက်ဖျက်ရတော့မည်။

ဝူချီယောင်သည် ဝူလင်းယူကိုကြည့်ပြီး နှုတ်ခမ်းတွန့်ကာ ထွက်သွားလေ သည်။

ကလေးနှစ်ယောက် ထွက်သွားပြီးနောက် ဟေးဒီးစ်အရင်ပြောလာသည် “ဘာလိုချင်လို့လဲ မင်းက တံခါးဝရောက်နေပြီဆိုမှတော့ ပြောပါဦး”

“ငါမေးချင်တာရှိလို့ ယူယူ ဘယ်မှာလဲ” ဝူလင်းယူသည် အပိုစကား များမပြောတော့ဘဲ သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။

“မင်းက သူမနဲ့အတူရှိနေတာမဟုတ်ဘူးလား ဘယ်လိုလုပ် သူမရဲ့ တည်နေရာကို ငါ့ကိုလာမေးနေတာလဲ” ဟေးဒီးစ်သည် မျက်ခုံးများကို ပင့်လိုက် သည်။

“သူမရဲ့တည်နေရာကို ဟောကိန်းထုတ်လို့မရဘူး” ရှီမာယူယူ တံခါးပိတ် ကျင့်ကြံရမှထွက်လာလျှင် ဝူလင်းယူသည် ရွှမ်ချုံးဟော်ကို သွားရှာချင်သည်။ သို့သော် ကျွင်းပိုင်တို့သည် သူမ၏တည်နေရာကို ရှာမရပေ။ “ငါလည်း ကြိုးစားကြည့်ပြီးပြီ ဒါပေမဲ့ သူမနဲ့ပတ်သက်တာတွေအကုန် မှောင်မိုက်နေ တယ် အဲဒါကြောင့် မင်းဆီကိုလာခဲ့တာ”

“ဂမ္ဘီရဉာဏ်နဲ့တောင် ရှာလို့မရဘူးလား” ဟေးဒီးစ်သည် မတ်မတ်ထိုင် ကာမျက်လုံးမှိတ်ပြီး ကြိုးစားကြည့်သည်။ သူ မျက်လုံးပြန်ဖွင့်လာချိန်တွင် အမြဲ တမ်း လျစ်လျူရှုတတ်သည့်မျက်နှာသည် ပြောင်းလဲသွားသည်။

“မင်းလည်း သူမကိုရှာမရဘူးလား” ဝူလင်းယူ မေးလိုက်သည်။

“မဟုတ်ဘူး” ဟေးဒီးစ်သည် ပုလ္လင်ကိုမှီပြီး ပြောလိုက်သည် “ငါ့ကို ခဏ လောက် တစ်ယောက်တည်းနေခွင့်ပေး”

သူ ရုတ်တရက် ဘာကြောင့် ဤသို့ပြုမူသည်ကို ဝူလင်းယူမသိပေ။ သို့သော် သူဟေးဒီးစ်ကိုယုံသည်။ ရှီမာယူယူ အန္တရာယ်နှင့်ကြုံနေရလျှင် ဟေးဒီးစ်သည် သူမကိုတစ်ယောက်တည်းလွှတ်ထားမည်မဟုတ်ပေ။ သူ ပျာယာခတ်ခြင်းမရှိသဖြင့် ပြဿနာမကြီးနိုင်ပေ။

ဟေးဒီးစ်သည် အခန်းထဲတွင် အတန်ကြာသည်အထိ တစ်ယောက်တည်း နေပြီး စဉ်းစားချင့်ချိန်ကာ ပုလ္လင်လက်ကိုင်ကို ပွတ်သပ်နေခဲ့သည်။ သူ ဤကဲ့သို့ တွေဝေနေသည်ကို မည်သူမှ မမြင်ဖူးကြပေ။

သူ့ဘဝတစ်ခုလုံးတွင် ဤကဲ့သို့ တွေဝေနေဖူးခြင်းမရှိဟု ပြောရမလိုပင်။

ခဏကြာပြီးနောက် သူ ပုလ္လင်ပေါ်မှပျောက်သွားကာ သူ မည်သည့်နေရာ သို့သွားသည်ကို မည်သူမှမသိကြပေ။

အတန်ကြာပြီးနောက် သူသည် အရင်နေရာ၌ပင် အစောကထွက်မသွားခဲ့ သလို အခန်းထဲတွင် ပြန်ပေါ်လာသည်။

ဝူလင်းယူသည် အခန်းအပြင်တွင်စောင့်နေသည်။ နေ့တစ်ဝက်ကျော်ကြာ အောင်စောင့်ပြီးသည့်နောက်တွင်လည်း ဟေးဒီးစ်ထွက်မလာပေ။ သူသည် တံခါးဆီသို့ သွားပြီး ခေါက်လိုက်မှပင် ဟေးဒီးစ်ထွက်လာသည်။

“သွားရအောင်” ဟေးဒီးစ်၏ မျက်နှာထားသည် အလွန်လေးလံနေရာ ဝူလင်းယူ၏ စိတ်ထဲတွင် နိမိတ်မကောင်းမှုများ ခံစားလိုက်ရသည်။

….

ရှီမာယူယူသည် ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားကို သူမ၏စွမ်းအားထဲသို့ လွှဲပြောင်းရန် ဂူသင်္ချိုင်းထဲတွင် ၂ လကြာအောင်နေသည်။

ဧကရာဇ်ချင်းဒေါင်၏ ဦးခေါင်းခွံမှ သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် သွားသည့်အရာသည် သူမ၏ခွန်အားကို မြှင့်တင်ပေးနိုင်သည့် စွမ်းအားမဟုတ် ဘဲ သူ၏လက်ကျန်အတွေးများနှင့် အသိစိတ်များသာဖြစ်သည်။ ထိုအရာများကို သန့်စင်ရာလိုက်လျှင် ထိုစွမ်းအားများကို သုံးနိုင်မည်ဖြစ်သည်။

“အပြင်မှာဘာတွေဖြစ်နေလဲမသိဘူး” အပြင်မှအခြေအနေများကို သိရန် အပြင်၌ထားခဲ့သည့် နီရဲပျားများကို သူမ ဆက်သွယ်လိုက်သည်။

နန်းတော်လေးဆောင်ဦးဆောင်သည့် အမှောင်တပ်ဖွဲ့များနှင့် ကမ်းပါး နန်းတော်ဦးဆောင်သော တပ်ဖွဲ့များအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုနှစ်လ အတွင်းတွင် သေဆုံးခဲ့သည့်အရေအတွက်မှာ ယခင်နှစ်ထက်ပင် ပိုများပြားလာ ခဲ့သည်။

နှစ်ဖက်မှလူများအကြားတွင် မည်သည့်အကျိုးအမြတ်မှမရခဲ့ပေ။ နန်းတော်လေးဆောင်သည် အလွန်အားကောင်းသည်။ သို့သော် ကမ်းပါး နန်းတော်သည်လည်း ဤနှစ်များတွင် အင်အားအများအပြားစုဆောင်းခဲ့သည်။ ပြီးနောက် ကာလကြာရှည်စွာ ဖိနှိပ်ခံရသူများလည်း ဤတိုက်ပွဲဝင်ပါဝင်ခဲ့ကြ သည်။

အံ့ဖွယ်သားရဲလေးပါး အနိုင်ရသည်နှင့် ဤတိုက်ပွဲမှာ ဆိုင်းငံ့ခြင်းမရှိနိုင် ဟုဆို၍ရသည်။

ပြီးနောက် သူမ နိုးလာချိန်တွင် အံ့ဖွယ်သားရဲလေးပါးနှင့် ဘေးသင့်သားရဲ ကြီးလေးကောင်တို့ တွေ့နေပြီဖြစ်သည်။

နှစ်ပေါင်း သိန်းချီ ကျော်လွန်ပြီးနောက် အားလုံးသည် အသက်ရှင်နိုင်ရန် လျှို့ဝှက်ပညာများကို အမွေခံခဲ့ရသည်။ ယခု သူတို့အားလုံး ပြန်တွေ့ကြပြီဖြစ် သည်။

“ကြက်သွေးရောင်မီးတောက် မင်း အခုဘယ်လိုနေလဲ” သူမသည် စာချုပ် မှတစ်ဆင့်မေးလိုက်သည်။

“မင်းနိုးလာပြီလား” ကြက်သွေးရောင်မီးတောက်သည် ချုံချီကို မီးတောက်ဖြင့် ပြန်ခုခံပြီး သူမကိုပြန်ဖြေလေသည်။

“တိုက်ခိုက်နေကြပြီလား”

“ဟုတ်တယ်” ကြက်သွေးရောင်မီးတောက် ပြန်ဖြေလေသည် “ငါ အခု ထုံတုကိုမေးပြီးပြီ.. ရွှမ်ချုံးဟော်က လူတွေအကုန်လုံးကို ခေါင်းမာနန်းတော်ရဲ့ ကီလိုမီတာဒါဇင် လောက်ဝေးတဲ့ တောင်တွေမှာ ဖမ်းထားတယ်လို့ပြောတယ် မင်းနိုးလာပြီဆိုတာနဲ့ သူတို့ကိုသွားကယ်မယ်ဆိုတာ ရွှမ်ချုံးဟော်သိတယ်”

“ဒါပေမဲ့ မင်း..”

“ဘေးသင့်သားရဲကြီးလေးကောင်ကိစ္စကို ငါတို့ကိုင်တယ်နိုင်ပါတယ်.. မင်းရဲ့တိုက်ပွဲနေရာက ငါတို့ဘက်မှာမဟုတ်ဘူး”

ယခုသူမလုပ်ရသည်မှာ ရွှမ်ချုံးဟော်ဖမ်းထားသည့်လူများကို ကယ်ရန် နှင့် ရွှမ်ချုံးဟော်၏ခန္ဓာကိုယ်မှအရာများကို အရှင်းပျောက်အောင် ဖယ်ရှားရန် ဖြစ်သည်။ သူသာ သူမ၏ စွမ်းအားကို စုပ်ယူလိုက်ပါက သားရဲကြီးလေးကောင် ထက်ပင် ပိုအန္တရာယ်ကြီးသွားနိုင်သည်။

“ငါသိပြီ တတ်နိုင်သလောက် ငါအချိန်ဆွဲကြည့်မယ် မင်းတို့ရဲ့တိုက်ပွဲကို သက်ရောက်မှုမရှိဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

ရွှမ်ချုံးဟော် သူမ၏စွမ်းအားများအားလုံးကို စုပ်ယူရန်မှာ မဖြစ်နိုင်ပေ။ တခြားနည်းလမ်းမရှိတော့လျှင် သူမသည် ထိုစွမ်းအားများနှင့်အတူ ပျောက်ကွယ်သွားရန်ကိုသာ ရွေးချယ်ရတော့မည်။ အံ့ဖွယ်သားရဲလေးပါးနှင့် ဘေးသင့်သားရဲကြီးလေးကောင်တို့အကြားမှ တိုက်ပွဲမပြီးဆုံးခင်တွင် သူမ ကြောင့် ကြက်သွေးရောင်မီးတောက် သေသွားနိုင်သည်။

သူမ၏အတွေးကို ကြက်သွေးရောင်မီးတောက်နားလည်သည်။ အတန်ကြာ တိတ်ဆိတ်ပြီးနောက် သူ ပြောလိုက်သည် “နေ့တစ်ဝက်”

နေ့တစ်ဝက်အတွင်းတွင် သူတို့တိုက်ပွဲကိုအပြီးသတ်ရမည်။

“ဟုတ်ပြီ”

သူတို့နှစ်ယောက်သည် အဆက်အသွယ်ဖြတ်ကာ ကြက်သွေးရောင်မီး တောက်သည် ချုံချီကို ဆက်လက်တိုက်ခိုက်သည်။

“ဟင်း ဒီလောက်စိတ်ပျံ့နေရင် မြန်မြန်သေမှာပဲ” ချုံချီ၏အသံသည် အက်ကွဲနေကာ နားဝင်ဆိုးလှသည်။

“ဒါဆိုလည်း ဘယ်သူပိုအားကောင်းလဲ ကြည့်ကြတာပေါ့” ကြက်သွေး ရောင်မီးတောက် နှာမှုတ်လိုက်ပြီး တိုက်ကွက်မှာလည်း အရင်ကထက်ပို ရက်စက်လာသည်။

ရှီမာယူယူသည် ဂူသင်္ချိုင်းမှထွက်ပြီး အစကအချိန်ဆွဲနေချင်သော်လည်း ရုတ်တရက်ဆိုသလို သူမ၏ရှေ့တွင် ဖြတ်လမ်းဝင်ပေါက်ပေါ်လာသည်။

သူမ ထိုဝင်ပေါက်ကိုမြင်သောအခါ ထိတ်လန့်သွားမိသည်။ ရွှမ်ချုံးဟော် ၏ ခွန်အားသည် အလွန်အားကောင်းနေပြီဖြစ်ကာ အဝေးမှပင် ဝင်ပေါက်ကို ဖွင်နိုင်နေပြီဖြစ်သည်။

အစကအချိန်ဆွဲပြီး အမြန်မသွားချင်သော်လည်း ဤကဲ့သို့ဖိတ်ကြားလာ သဖြင့် သူမ မငြင်းဆန်နိုင်တော့ပေ။

“ယူယူ ငါ မင်းကို ဒီမှာစောင့်နေတာ ငါ့ကိုအကြာကြီးထပ်မစောင့်ခိုင်းနဲ့ လေ.. ငါက စောင့်နိုင်ပါတယ် ဒါပေမဲ့ သူတို့က ခံနိုင်မှာမဟုတ်တော့ဘူး” ရွှမ်ချုံးဟော်၏ခြိမ်းခြောက်သံသည် သူမ၏စိတ်ထဲသို့ ဝင်လာသည်။

ရှီမာယူယူသည် အသံကိုပြင်းပြင်းရှူကာ ခုန်ပြီး ဝင်ပေါက်ထဲသို့ပျံဝင် လိုက်ရာ တစ်ခဏအတွင်းမှာပင် တစ်ဖက်၏ ချောက်ကမ်းပါးတွင် ပေါ်လာ လေသည်။ ထိုနေရာတွင် ကမ်းပါးပေါ်မှလူများအားလုံးကို ရှင်းလင်းစွာမြင်နေ ရသည်။

All Chapters