← Chapters

ဇာတ်သိမ်းပိုင်း ၆

Vol. 165 Ch. 2300

ဇာတ်သိမ်းပိုင်း ၆

Vol. 165 Ch. 2300

ရွှမ်ချုံးဟော်သည် အနက်ရောင်ဝတ်ထားဆဲဖြစ်ကာ နှစ်ပေါင်းများစွာ အတွင်းတွင် ဘာမှပြောင်းလဲမသွားသကဲ့သို့ သူမကိုကြည့်ပြီးပြုံးနေလေ၏။ သို့သော် သူသည် အရင်ကရွှမ်ချုံးဟော်မဟုတ်တော့သည်ကို ရှီမာယူယူသိ သည်။

ရှီမာလျိုရွှမ်၊ ယွိခဲ့လော့၊ ရှီမာချင်း၊ ရှီမန်ဖန်၊ ရှီမန်လီ၊ ဖက်တီးကျူ၊ ဘေဂုံထန်၊ ဝူရန်ဖေ၊ ဝေကျိရွှီနှင့် တခြားသူများကို ကမ်းပါးတွင် ချိတ်ဆွဲထား သည်။

သူတို့ကို ဖမ်းရန် ရွှမ်ချုံးဟော် မည်မျှအချိန်ပေးခဲ့ရသည်ကို သူမ မသိပေ။ အားလုံး၏အခြေအနေမှာ အလွန်မကောင်းလှပေ။ တချို့မှာ နေရောင်ကြောင့် ဆိုးဆိုးဝါးဝါး နေလောင်ခံထားရသည်။

“ငါရောက်ပြီ အကုန်လုံးကိုလွှတ်ပေးတော့” သူမ ကျယ်လောင်စွာ အော် လိုက်သည်။

“ယူယူ မင်း သူတို့ကိုပစ်မထားဘူးဆိုတာ ငါသိတယ်” ရွှမ်ချုံးဟော် ပြော လိုက်သည် “သူတို့ကို လွှတ်စေချင်လည်းရပါတယ် မင်းကိုယ်တိုင်နဲ့ သူတို့ကို အလဲအထပ်လုပ်လိုက်ပေါ့”

“ဟုတ်ပြီ” ရှီမာယူယူသည် တုံ့ဆိုင်းမှုမရှိ ပြန်ဖြေလေသည်။

“ယူယူ မလုပ်နဲ့”

“ယူယူ သူ့ကို ကတိမပေးနဲ့”

“ယူယူ မလုပ်နဲ့”

ကမ်းပါးပေါ်မှလူများသည် အနည်းငယ် ရှုပ်ထွေးနေခဲ့သော်လည်း ရှီမာယူ ယူ၏ စကားများကို ကြားသောအခါ အော်ကြလေသည်။

သူတို့၏နှုတ်ခမ်းများသည် ခြောက်ပြီးအက်ကွဲနေရာ စကားပြောလိုက် သည်နှင့် ပါးစပ်ဘေးမှ သွေးများစီးကျလာတော့သည်။ ရှီမာယူယူသည် အလွန် ပင် စိတ်မကောင်းဖြစ်ကာ ပြောလိုက်သည် “စကားမပြောကြနဲ့တော့ ဒီနေ့ အကုန်လုံးကို သေချာပေါက်ကယ်မှာ”

သူမ၏ စာချုပ်သားရဲများသည် အနောက်တွင်ပေါ်လာကြသည်။ သူတို့ သည် ကမ်းပါးပေါ်မှ လူများ၏ အခြေအနေကိုမြင်သောအခါ အလွန်ပင် ဒေါသ ထွက်ကြသည်။

“ငါ သူ့ကိုသွားတားထားမယ် မင်းတို့က သူတို့ကို သွားကယ်လိုက်ကြ” ရှီမာယူယူ ပြောလိုက်ပြီး လေထဲသို့အရင်ပျံဝဲသွားလေသည်။

ရွှမ်ချုံးဟော်သည် သူ၏ ဓားစာခံများကို ဂရုမစိုက်ပေ။ ထိုလူများ သေ သည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ့အပေါ်တွင် သက်ရောက်မှုမရှိနိုင်ပေ။ သူ အစ မှအဆုံးထိ အလိုရှိသည်မှာ သူမသာ ဖြစ်သည်။ သူမ လေထဲသို့ ပျံတက်လာ သည်ကိုမြင်သောအခါ ချက်ချင်းပင် သူမအနောက်သို့လိုက်လေသည်။

“ယူယူ” ရှောင်ချီသည် သူမကိုစိတ်ပူသဖြင့် ကူညီရန် လိုက်ပျံရန်ဟန်ပြင် လေသည်။

“ယူယူ ငါတို့ကိုပေးထားတဲ့ တာဝန်ကိုမမေ့နဲ့” အိပ်မက်လေးသည် သူမ ကို ဆွဲထားလေသည် “အခုက လူတွေကိုကယ်ဖို့က အရေးအကြီးဆုံးပဲ”

ရှောင်ချီသည် မျက်မှောင်ကြုတ်ပြီး ဒေါသတကြီးဖြင့် ခြေထောက်ဆောင့် လိုက်လေသည်။

“ယူယူစိတ်မပူအောင်လို့ သူတို့ကို တတ်နိုင်သလောက် မြန်မြန်ကယ်တာ ကောင်းလိမ့်မယ်” ပန်းလေးလည်း အကြံပေးလေသည်။

သူတို့သည် ကမ်းပါးပေါ်မှလူများကို ချည်နှောင်ထားသည့် ကြိုးများကို ဖြည်ပေးရန် သွားကြသည်။ သူတို့သည် ဝိညာဉ်စွမ်းအားများသုံးမရသဖြင့် ထို သာမန်ကြိုးများမှပင် မလွတ်မြောက်နိုင်ပေ။ ယခုအချိန်လွတ်လပ်သွားလျှင် လည်း မိုးပေါ်တွင်ပျံနိုင်ကြမည်မဟုတ်ပေ။

သူမ၏စာချုပ်သားရဲများသည် သူတို့အားလုံးကိုကယ်တင်ပြီး အဝေးသို့ ပျံပို့လိုက်ကြသည်။ ထိုအချိန်တွင် ရွှမ်ချုံးဟော်သည် ရှီမာယူယူနောက်သို့ လေ ထဲမှလိုက်လေသည်။

“မီအာ ရှောင်ဟု ခရမ်းလေး ငါ့နောက်လိုက်ခဲ့ကြ သူမကိုသွားကူကြမယ် တခြားသူတွေက အကုန်လုံးရဲ့လုံခြုံရေးကို ကာကွယ်ဖို့နေခဲ့ကြ” အမည်းလေး သည် ပြောပြီးသည်နှင့် ရွှမ်ချုံးဟော်ရှိရာသို့ အရင်ပျံသွားလိုက်သည်။

မီအာနှင့် ရှောင်ဟုလည်း သူ့နောက်လိုက်သွားလေသည်။ သူတို့လေး ယောက်သည် သာမန်ဝိညာဉ်သားရဲများမဟုတ်ကြပေ။ သူတို့အားလုံးကို ကောင်းကင်နှင့်မြေကြီး၏ရောင်ဝါဖြင့် အသွင်ပြောင်းထားကြခြင်းဖြစ်ရာ အလွယ်တကူမသေနိုင်ကြပေ။ ရှီမာယူယူမသေသရွေ့ သူတို့လည်း မသေနိုင် သည်ဟုပင် ပြော၍ရသည်။

ရှီမာယူယူသည် အရင်ကသိထားခဲ့သည့် လေဟာနယ်အသိပညာများကို အသုံးချပြီး ရွှမ်ချုံးဟော်ကိုရှောင်ရှားသဖြင့် သူတို့နှစ်ဦးသည် ထိပ်တိုက်မတွေ့ ပေ။ ကြက်သွေးရောင်မီးတောက်တို့ဘက်တွင် မပြီးသေးသဖြင့် သူမ ရှောင်ရှား ရမည်။

အမည်းလေးနှင့် တခြားသူများသည် ရွှမ်ချုံးဟော်ကိုဝိုင်းပြီး သူ့ကို အတူ တကွတိုက်ခိုက်ကြသည်။ မီး၊ မိုးကြိုးနှင့် စားသုံးခြင်းစွမ်းအားများဖြစ်ရာ ရွှမ်ချုံးဟော်သည် သတိလက်လွတ်မဖြစ်ရဲဘဲ သူတို့၏စွမ်းအားကို ကာကွယ်ရန် ကာကွယ်ရေးအလွှာကို အပြင်၌စုစည်းလိုက်သည်။

နှစ်ဖက်လုံး၏အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြ သည်။

ရှီမာယူယူရပ်လိုက်သည်။ အစောက ပြေးနေရသည်မှာ သူမ၏ စိတ် စွမ်းအင်များစွာကို ဆုံးရှုံးစေသည်။ ရွှမ်ချုံးဟော်၏အင်အားသည် အလွန်သန်မာ လှကာ အကြိမ်ပေါင်းမနည်း အဖမ်းခံရမတတ်ဖြစ်ခဲ့သည်။

“ငါ့ကို ဒီလိုမျိုးချောင်ပိတ်နိုင်မယ်လို့ထင်လို့လား” ရွှမ်ချုံးဟော်သည် သူမ ကို နီရဲသောမျက်လုံးများဖြင့်ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်တွင် ထူးဆန်း သည့် အပြုံးတစ်ခုပေါ်လာသည်။

ရှီမာယူယူသည် သူ၏ဆိုလိုရင်းကိုနားလည်သဖြင့် စိတ်ထဲမှ ကျိန်ဆဲမိ သည်။ ပြီးနောက် ထိုနေရာမှ အမြန်ပြန်ဆုတ်လေသည်။ သို့သော် ခြေတစ်လှမ်း နောက်ကျသွားကာ လက်တစ်ဖက်သည် ရုတ်တရက်ပခုံးပေါ်ရောက်လာပြီး လေဟာနယ်မှဆွဲထုတ်လိုက်သည်။

သူမသာ ချက်ချင်းမတုံ့ပြန်ပြီး ခန္ဓာကိုယ်၏ အဓိကသွေးကြောများ မထိ ရန်မရှောင်ရှားလိုက်နိုင်ပါက ထိုလက်ဝါးရိုက်ချက်စွမ်းအားသည် သူမကို သတ် သွားနိုင်သည်။ သူမသာ ဤအခြေအနေ၌ အဖမ်းခံရပါက သေတော့မည့်ဆဲဆဲ ဖြစ်သည့်တိုင်အောင် သူမ မသေခင်တွင် သူမ၏စွမ်းအားများကို သူစုပ်ယူနိုင် မည်ဖြစ်သည်။

သူမသည် ထိုလက်ဝါးရိုက်ချက်၏ စွမ်းအားကိုအသုံးပြုပြီး အဝေးတစ် နေရာသို့ ပျံသွားကာ ပျံရင်းနှင့်ပြန်လှည့်ပြီး တိုက်ခိုက်သည်။ သူ့လက်ကို လှီးဖြတ်ခံလိုက်ရသော်လည်း ရွှမ်ချုံးဟော်သည် ထိခိုက်မသွားပေ။

“မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး” ရွှမ်ချုံးဟော်သည် နှစ်ကြိမ်မျှ ရယ်မောလေသည်။ ထိုအသံသည် ရွှမ်ချုံးဟော်၏အသံမဟုတ်တော့ဘဲ ထို မကောင်းဆိုးဝါးကြီး၏ အက်ကွဲပြီး မှောင်မိုက်သည့်အသံကြီးသာဖြစ်သည်။

သူ ပြောပြီးသည်နှင့် လှီးဖြတ်ခံရသည့်လက်သည် မြူခိုးအမည်းအသွင် ပြောင်းကာ သူမ၏မျက်စိရှေ့မှပင် ပျောက်ကွယ်သွားကာ သူမ၏အနောက်တွင် ထပ်မံပြန်ပေါ်လာသည်။

“ဂျီး”

ရှီမာယူယူသည် မိုးကြိုးသွားထုတ်လွှတ်ပြီး ထိုလက်ကိုညက်ညက်ကြေ အောင် ပစ်ချလိုက်သည်။ ထိုအချိန်တွင် သူရှေ့ဆက်မတိုးဘဲ သူမကိုပြုံး၍သာ ကြည့်နေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ ဒီလိုမျိုး ပြင်းထန်တဲ့တိုက်ခိုက်မှု ကိုတောင် ခုခံနိုင်တာ သူတကယ်ပဲ ထောင်ချောက်မိသွားတာလား။

သူမသည် ကြောက်လန့်သွားကာ ကိုယ်ပိုင်အတွေးနှင့်တင် ချွေးအေးများ ပြန်လာသည်။ အဲလိုဆိုရင် မီအာနဲ့ တခြားသူတွေတော့…

“မင်းတို့အားလုံး…”

“ဘုန်း”

သူမ စကားမဆုံးခင်မှာတင် ရွှမ်ချုံးဟော်၏ ကာကွယ်ရေးအလွှာမှာ ချက်ချင်းပေါက်ကွဲသွားပြီး မီအာနှင့်တခြားသူများသည် အချိန်မှီထွက်မပြေးနိုင် လိုက်သဖြင့် သူတို့လေးယောက်သည် အင်အားကြီးတစ်ခုကြောင့် လွင့်စင်သွား ကြသည်။

ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ကိုစုစည်းကာ ရွှမ်ချုံးဟော်ကို တိုက်ခိုက် လေသည်။

“ကောင်လေး မင်းက ပုန်းနေတာလား” ရွှမ်ချုံးဟော်သည် အသွင်ပြောင်း ထားသည့် မီးနဂါးကိုဆုပ်ကိုင်လိုက်သည်။ သူ အင်အားထည့်လိုက်စဉ်က မီးနဂါးသည် ဝိညာဉ်စွမ်းအင်အသွင်ပြောင်းပြီး လေထဲတွင် ပျောက်ကွယ်သွား ခြင်းဖြစ်သည်။

အမှန်တကယ်ပင် သူမ ထိုသို့တွေးခြင်းဖြစ်သည်။

“မင်းဝမ်းနည်းနေဖို့မလိုပါဘူး” ရွှမ်ချုံးဟော်သည် ပြောပြီးသည်နှင့် ရုတ်တရက်ဆိုသလို သူမ၏ရှေ့တွင်ပေါ်လာပြီး ပြီးခဲ့သည့်တစ်ခေါက်က အတိုင်း သူမ၏လည်တိုင်ကို ညှစ်ပြီးပြောလိုက်သည် “မင်းက အားကောင်းနေ ပြီပဲ.. မင်းက ငါတွေ့ဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးနဲ့ အားအကောင်းဆုံး လို့ ပြောလို့တောင်ရတယ်.. အချိန်ပေးရင် ငါက မင်းရဲ့ပြိုင်ဘက်ဖြစ်မလာနိုင် တော့ဘူး.. မင်းရဲ့စွမ်းအားကို ဖယ်ရှားလိုက်ရင်တောင် ငါနဲ့အတူရှိနေလို့မဖြစ် ဘူး.. ငါက ချင်းဒေါင်ထက်တောင် နှစ်ပေါင်းသိန်းချီပြီး ပိုနေလာတာ”

ရှီမာယူယူသည် အချုပ်ခံလိုက်ရသဖြင့် လှုပ်မရတော့ပေ။

သူမ သူ့ကိုမနိုင်နိုင်သည်ကို သိသည်။ သူ့ကိုအနိုင်ယူရန်လည်း ဘယ် သောအခါမှ မတွေးခဲ့ပေ။ သူမသည် ဧကရာဇ်အဆင့်သို့ ရောက်ခါစလူတစ်ဦး ဖြစ်ကာ သူသည် နှစ်ပေါင်းသိန်းချီသည့် စွမ်းအားနှင့်နေလာသူဖြစ်သည်။ လွန်ခဲ့ သည့် နှစ်ပေါင်းသိန်းချီ ဧကရာဇ်ချင်းဒေါင် သေဆုံးချိန်ကပင် သူ အားကောင်း နေပြီဖြစ်ရာ နောက်နှစ်သိန်းချီဆို ခန့်မှန်း၍ပင်မရနိုင်လောက်ပေ။

ထို့ကြောင့် အစမှအဆုံးထိ သူမ တွေးထွက်လာသည်မှာ သူ့ကို ထိန်းထား ရန်ကိုသာဖြစ်သည်။

သူ၏ရယ်မောနေသော မျက်နှာကိုမြင်သောအခါ သူမသည် အလွန်ပင် အခက်တွေ့နေမိသည်။ ကြက်သွေးရောင်မီးတောက်ဆီမှ သတင်းမရသေးပေ။ သို့သော် သူမ အားမလျော့ဘဲ ရှေ့ဆက်တိုးလျှင် သူမခန္ဓာကိုယ်ထဲမှ စွမ်းအား အလုခံလိုက်ရပြီး ထိုလူသည် ရွှမ်ချုံးဟော်နှင့် တစ်သားတည်းဖြစ်သွားကာ အနာဂတ်တွင် သူ့ကိုဖိနှိပ်နိုင်မည့်သူရှိတော့မည်မဟုတ်ပေ။

သူမ ဘာလုပ်ရမလဲ။ ဘယ်ဟာကိုရွေးသင့်သလဲ။

“ယူယူ..” ကြက်သွေးရောင်မီးတောက်၏ အားလျော့နေသောအသံထွက် ပေါ်လာရာ သူမ၏ တင်းထားသောစိတ်များ ရုတ်တရက်ပြေလျော့သွားသည်။

“တောင်းပန်ပါတယ် ငါ့ရဲ့သားရဲလေးတွေ” သူမသည် သူတို့၏စာချုပ်ကို ကြိုတင်အဆုံးသတ်လိုက်သင့်သည်။

သူမသည် ရွှမ်ချုံးဟော်ကို ပြုံးပြပြီး ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင် ကို စတင်လှုံ့ဆော်ပြီး ပြောင်းပြန်ဦးတည်ရာသို့ ရွှေ့ပြောင်းလိုက်သည်။

“နှမြောစရာပဲ မင်းက ဒီဝိညာဉ်စွမ်းအားသုံးလို့မရအောင် ငါ့ကိုထိန်းချုပ် ချင်ချုပ်လို့ရမယ် ဒါပေမဲ့ ငါ့ရဲ့ဝိညာဉ်စွမ်းအား စီးဆင်းတာကိုတော့ လာ ထိန်းချုပ်လို့မရဘူး.. ငါ သေသွားရင် ချင်းဒေါင်ရဲ့စွမ်းအားကို မင်း ဘယ်လိုစုပ် ယူတော့မလဲ” သူမသည် ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည် “အခုကစပြီး ဧကရာဇ် ချင်းဒေါင်ရဲ့စွမ်းအားဆိုတာ ကောင်းကင်နဲ့မြေကြီးကြားမှာ မရှိတော့ဘူး.. မင်း ကဘယ်တော့မှ တကယ့်လူသားတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး”

All Chapters