← Chapters

ဇာတ်သိမ်းပိုင်း ၇

Vol. 165 Ch. 2301

ဇာတ်သိမ်းပိုင်း ၇

Vol. 165 Ch. 2301

“မင်းက တကယ်ပဲ မင်းကိုယ်မင်းဖောက်ခွဲမလို့လား” ရွှမ်ချုံးဟော်သည် အလန့်တကြား အော်ဟစ်လေသည်။ သူမက သူမကိုယ်သူမနဲ့ ဘေးနားကလူ တွေကို အရမ်းချစ်တတ်ပြီး သံယောဇဉ်ရှိတာမဟုတ်ဘူးလား။ ဒီအဆင့်ရောက် မှ သူမကိုယ်သူမ ဖောက်ခွဲဖို့ ဘာလို့ရွေးလိုက်တာလဲ။

သူမကိုယ်သူမ ဖောက်ခွဲလိုက်ရင် သူက ဧကရာဇ်ချင်းဒေါင်ရဲ့ စွမ်းအားကို ဘယ်လိုလုပ်ယူလို့ရတော့မလဲ။ ဒါမရှိရင် ရွှမ်ချုံးဟော်နဲ့ ဘယ်လိုလုပ် ပေါင်းစပ် လို့ရတော့မလဲ။

ရှီမာယူယူတွင် ထူးခြားသည့်ခန္ဓာကိုယ်ရှိရာ ခန္ဓာကိုယ်အတွင်း ပြေးလွှား နေသည့် ဝိညာဉ်စွမ်းအားကို ဟန့်တားခြင်းမပြုနိုင်ပေ။ သူမ၏ခန္ဓာကိုယ် အဆက်မပြတ် ဖောင်းလာသည်ကို စောင့်ကြည့်ရုံသာရှိတော့သည်။

“မင်းကိုယ်မင်း ဖောက်ခွဲမယ်ဆိုရင် မင်းရဲ့ဆွေမျိုးတွေအကုန်သတ်ပစ် မယ်တစ်ယောက်မှ အရှင်ချန်မထားဘူး” သူသည် အံကြိတ်ပြီး ခြိမ်းခြောက်လေ သည်။

“အင်း ကြည့်ကြတာပေါ့ သူတို့ဒီမှာရှိကြသေးရဲ့လား” ရှီမာယူယူသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည် “သူတို့မပြင်မဆင်ထားမိတဲ့အချိန်မှာပဲ သူတို့ကို ဖမ်းလို့ရမယ် နောက်တစ်ခါကျရင် ဒီလောက်လွယ်တော့မှာမဟုတ်ဘူး”

ရွှမ်ချုံးဟော်ကြည့်လိုက်ရာ အစောကလူများရှိနေသည့်နေရာတွင် မည်သူမှမရှိတော့ဘဲ သူမ၏သားရဲအနည်းငယ်သာရှိတော့သည်ကို တွေ့လိုက်                                                                                                                                                                                                                                       ရသည်။

“မင်းက လူတွေကို တိတ်တိတ်လေးခေါ်ထုတ်သွားတာပဲ” သူ နှာမှုတ် လသည်။

“အရမ်းကြီးတော့ မတိတ်ဆိတ်ပါဘူး. နင့်ရှေ့မှာပဲ ခေါ်ထုတ်သွားတာ ဒါပေမဲ့ နင့်စိတ်က ငါ့ဆီပဲရောက်နေတော့ သူတို့ကိုဂရုမစိုက်မိတာလေ”

“ငါ သူတို့ကိုဖမ်းမိလို့ကတော့ နောက်တစ်ကြိမ် သတ်ပစ်မယ်”

“အဲအချိန်ကျရင် ငါလည်းသေလောက်ပြီ” ရှီမာယူယူသည် သူမ၏ အင်အားအားလုံးကို လွှတ်ချလိုက်သည်နှင့် မကြာမီတွင် သူမ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့သွားသည်။

“ယူယူ”

အရေးတကြီးအော်သံများထွက်လာသည်နှင့် ရှီမာယူယူကြည့်လိုက်ရာ သူမဆီသို့ ပြေးလာနေသော ဝူလင်းယူနှင့် ဟေးဒီးစ်ကို မြင်လိုက်ရသည်။

ဟေးဒီးစ်လက်တစ်ချက်ဝှေ့လိုက်သည်နှင့် နူးညံ့သောအင်အားတစ်ခု သည် ရှီမာယူယူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ငြိမ်ကျသွားစေသည်။

ဝူလင်းယူသည် ရှီမာယူယူ၏ဘေးသို့ ရွှေ့ပြောင်းပြီ သူမကိုရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ အမြန်ပင်နောက်ဆုတ်လိုက်သည်။ ထိုအခါမှပင် သူမ၏ ရှုပ်ထွေးနေသော ဝိညာဉ်စွမ်းအင်များ ငြိမ်ကျသွားသည်ကို မြင်လိုက်ရသည်။

“အဆင်ပြေရဲ့လား” ဝူလင်းယူ၏မျက်နှာသည် စက္ကူတစ်စလို ဖြူဖျော့နေ ကာ သူတို့ပေါ်လာချိန်တွင် သူမကိုယ်သူမဖောက်ခွဲတော့မည့် မြင်ကွင်းကိုပြန် တွေးကြည့်လိုက်လျှင် တစ်ကိုယ်လုံးချွေးအေးများထွက်လာသည်။ ယခုအချိန် ထိ သူပြန်မကောင်းလာသေးပေ။

“ကျွန်မ ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ သူ့ကိုပြုံးပြလိုက်သည်။

ဟေးဒီးစ်သည် သူမကို အထင်သေးစွာဖြင့် ကြည့်လိုက်သည် “အသုံးမကျ တဲ့ သတ္တိပဲ”

ရှီမာယူယူသည် သူ့ကိုပြန်ကြည့်လိုက်သည်။ အဲတုန်းက တခြား နည်းလမ်းသာရှိမယ်ဆိုရင် သူမကိုယ်သူမ ဖောက်ခွဲဖို့ပဲမဟုတ်ဘူးလား။ သူမက တုံးအတာမဟုတ်ဘူး။

ဟေးဒီးစ်သည် အေးစက်စွာနှာမှုတ်လိုက်သည်။ ပြီးနောက် မျက်နှာချင်း ဆိုင်တွင်ရှိနေသည့် ရွှမ်ချုံးဟော်ကိုကြည့်ပြီး ဝူလင်းယူအား ပြောလိုက်သည် “သူနဲ့သွားတိုက်ခိုက်လိုက်”

ရှီမာယူယူသည် ဝူလင်းယူကို ဆွဲထားပြီး ပြန်ဖြေလေသည် “ရှင်က ဒီလောက်အားကောင်းတာ ဘာလို့မသွားတာလဲ”

ဟေးဒီးစ်သည် အားစိုက်မထုတ်ရဘဲလုပ်လိုက်နိုင်သည်။ သို့သော် သူ သည် သူတို့ကို ညွှန်ကြားရသည်ကို သဘောကျလွန်းနေသည်။

“ငါ မင်းကို ပြောစရာရှိသေးတယ်” သူသည် အလောမကြီးဘဲ ရှင်းပြလေ သည် “စိတ်မပူနဲ့ သူက မင်းထက်တော့ သာသေးတယ်”

ရှီမာယူယူ နှုတ်ခမ်းဆူလိုက်သည်။ သို့သော် ဘာမှမပြောပေ။

တစ်ဖက်တွင် သူ သူမကို ပြောလာမည့်စကားကို တွေးနေမိသည်။

ရွှမ်ချုံးဟော်သည် ယခုအခါ သူ၏ပြိုင်ဘက်မှာ ဝူလင်းယူဖြစ်လာသည်ကို တွေ့သည်နှင့် ဤတိုက်ပွဲသည် လွယ်ကူမည်မဟုတ်ကြောင်းကိုသိသည်။ ထို့ကြောင့် ဓားရှည်ထုတ်လိုက်သည်။

ရှီမာယူယူသည် သူ့လက်ထဲမှဓားရှည်ကိုမြင်သောအခါ အော်မိလေသည် “ကောင်းကင်ခွဲနတ်ဆိုးဓား အဲဒါက ဘယ်လိုလုပ်နင့်လက်ထဲရောက်နေတာလဲ”

ထိုစဉ်က ကြာပန်းနက်လောကထဲတွင် ရှောင်ချီ၏ သရုပ်မှန်ပေါ်မသွား စေရန်အတွက် သူမ၏စီနီယာအစ်ကို ဤကောင်းကင်ခွဲနတ်ဆိုးဓားယူသွား သည်ကို မတတ်သာစွာဖြင့် ကြည့်နေခဲ့ရသည်။ ထိုကိစ္စဖြစ်ပြီးသည့်နောက် ပြည်မကြီးတွင် သွေးမုန်တိုင်းတိုက်ခဲ့သည်။ နောက်ပိုင်းတွင်ပျောက်သွားခဲ့ရာ ထိုဓား၏တည်နေရာကို သူမ သိချင်နေခဲ့၏။ သို့သော် ရွှမ်ချုံးဟော်၏ လက်ထဲ ရောက်သွားလိမ့်မည်ဟု ထင်မထားမိပေ။

ပြီးနောက် ထိုစဉ်က တိုက်ကြီးတစ်ခုလုံးတွင် အနက်ဝတ်လူများအနှံ့ရှိ နေရာ ကောင်းကင်ခွဲဓားကို သူရသွားသည်မှာတော့ မဆန်းလှပေ။

သို့သော် ရွှမ်ချုံးဟော်သည် အားကောင်းနေပြီဖြစ်ကာ ကောင်းကင်ခွဲ နတ်ဆိုးဓား၏အကူအညီနှင့်ဆိုလျှင် သူ၏အင်အားသည် ပိုမြင့်လာမည်ဖြစ်၏။

“စိတ်မပူပါနဲ့ သူ့မှာ အဲဒါရှိရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး” ဝူလင်းယူ သည် ထိုသို့ပြောလိုက်သောအခါ ရှီမာယူယူ သူ့ကိုဆုပ်ကိုင်လိုက်သည်။

သူမသည် ဓားတိုတစ်ချောင်းထုတ်ကာ ပြောလိုက်သည် “ကောင်းကင်ခွဲ နတ်ဆိုးဓားက အရမ်းအားကောင်းတယ်.. ဒါပေမဲ့ အဲဒါကို ထိန်းချုပ်လို့ရတဲ့ဟာ ရှိသေးတယ် မေ့နေပြီလား”

ဝူလင်းယူသည် သူမ၏လက်ထဲမှ ဓားမြှောင်ကိုမြင်သောအခါ ပြုံးလိုက် သည်။

ရှီမာယူယူသည် လင်းလုံနှင့်စာချုပ် ဖျက်သိမ်းကာ ဝူလင်းယူအား ပေးပြီး ပြောလိုက်သည် “ကောင်းကင်ခွဲနတ်ဆိုးဓား အံ့ဖွယ်ဓားလင်းလုံ သွားတော့”

ဝူလင်းယူသည် လင်းလုံနှင့်စာချုပ်တည်ထောင်ပြီး လင်းလုံကို ဓားရှည် တစ်ချောင်းအသွင်ပြောင်းကာ ရွှမ်ချုံးဟော်နှင့် တိုက်ခိုက်လေသည်။

အင်အားကြီးနှစ်ယောက်ကြားမှ တိုက်ပွဲသည် လုံးဝပင်ခြားနားသော အဆင့်ဖြစ်လေသည်။ ရှီမာယူယူ သူ့ကိုစိုက်ကြည့်နေသည်။ သူတို့၏ လှုပ်ရှားမှု များသည် အလွန်မြန်ဆန်နေရာ မည်သူက မည်သူဖြစ်သည်ကိုပင် မပြောနိုင် ပေ။

“ဟေးဒီးစ် လင်းယူအဆင်ပြေပါ့မလား အဲလူက အရမ်းအားကောင်းနေ တာ” သူမသည် စိုးရိမ်သောအသံဖြင့် ပြောရင်းနှင့် မျက်ခုံးများကို ခပ်တင်းတင်း ကြုတ်လိုက်သည်။

“စိတ်မပူနဲ့ သူက စိတ်မပူနဲ့လို့ပြောရင် စိတ်ပူဖို့မလိုဘူး” ဟေးဒီးစ်၏ ခံစားချက်မှာ အနည်းငယ် ဒေါသထွက်နေလေ၏။ ရှီမာယူယူသည် အံ့ဩသွား ပုံပေါက်ကာ မေးလိုက်သည် “ရှင်က ဘာဖြစ်နေတာလဲ”

ဟေးဒီးစ်သည် သူမကိုကြည့်ပြီး နှစ်ကြိမ်မျှပင် တွေဝေနေသည်။ သူ တွေဝေနေသည်ကို မြင်သည်နှင့် သူမ တွေးလိုက်သည် “ကစဥ့်ကလျားကမ္ဘာ ဖွင့်တာနဲ့ ပတ်သက်နေတာလား”

“မင်း သိပြီးပြီလား” ဟေးဒီးစ် မျက်မှောင်ကြုတ်လိုက်သည်။

“နည်းနည်းတော့သိပါတယ် ဒါပေမဲ့ ရှင် တုံ့ဆိုင်းနေတာကို ကြည့်ရတာ ကျွန်မ သိထားတာ လိုနေသေးတယ်ိလု့ထင်တယ်” ရှီမာယူယူသည် အသေအချာပင်ပြောလေသည် “ရှင်တောင် ဒီလောက်တုံ့ဆိုင်းနေတာ အန္တရာယ်များတဲ့ဟာမို့လို့လား”

ဟေးဒီးစ်ခေါင်းညိတ်ကာ ပြောလေသည် “ကစဥ့်ကလျားကမ္ဘာက လုံးဝ ပိတ်တော့မယ်”

“လုံးဝပိတ်တော့မယ်ဟုတ်လား ဘာအဓိပ္ပာယ်လဲ.. နောက်ဆိုရင် ကျွန်မ အဲဒီကိုသွားလို့မရတော့ဘူးလား”

“အင်း လုံးဝပိတ်သွားရင် အဲဒီကိုသွားလို့တောင်မရတော့ဘူး ပြန်ဖွင့်ဖို့ လည်းမဖြစ်နိုင်ဘူး” ဟေးဒီးစ် ပြောလိုက်သည်။

“ဘယ်တော့ လုံးဝပိတ်မှာလဲ”

ကစဥ့်ကလျားကမ္ဘာက ဘယ်အချိန်ပိတ်မှာလဲ။ သူမ ပြင်ဆင်ရန်အတွက် မည်သည့်အချိန်တွင် ထွက်သွားရန်လိုသည်ကို အစီအစဉ်ဆွဲရန်လိုသည်။

“… ငါတို့ပြောနေတုန်းမှာပဲဖြစ်နေပြီ”

“အခုပိတ်နေပြီလား” ရှီမာယူယူသည် သူ့စကားကို မယုံနိုင်သည့်အလား တအံ့တဩကြည့်လေသည်။

“ဝူလင်းယူက မင်းနေရာကို ဟောစတမ်းကြည့်လို့မရဘူးလို့ မရဏာ လောကကိုလာပြောတယ်.. ငါ မင်းအတွက်ကြည့်လိုက်ပေမဲ့ ကစဥ့်ကလျား ကမ္ဘာပြောင်းလဲသွားတာကို တွေ့လိုက်တယ်” ဟေးဒီးစ်ရှင်းပြလေသည် “ငါ ကစဥ့်ကလျားကမ္ဘာကိုသွားကြည့်တော့ ပိတ်နေပြီဆိုတာကို တွေ့လိုက်ရတယ်၊ ပြီးတော့ အချိန်မလောက်ဘူး.. အဲဒါကို မတော်တဆသာမတွေ့ခဲ့ဘူးဆိုရင် လုံးဝပိတ်သွားတာကိုတောင် ငါတို့သိမှာမဟုတ်ဘူး”

“တကယ်ပဲ အခုဖြစ်နေပြီလား” ရှီမာယူယူသည် သူမ၏ခံစားချက်များကို မည်သို့ဖော်ပြရမည်ကိုမသိတော့ပေ။ ဤအချိန်တွင် သူမ၏စိတ်မှာ ဗလာကျင်း နေပြီး ဘာကိုမှတွေးမရတော့ပေ။

“အစကတော့ မင်း လုပ်နိုင်လောက်မယ့်အားရှိလာမှ ကစဥ့်ကလျားကမ္ဘာ အကြောင်းပြောမလို့ပဲ.. အဲလိုအခွင့်အရေးမရှိတော့ဘူးလို့ ထင်မထားဘူး”

“ကျွန်မ အခုသွားရင် အခွင့်အရေးရှိသေးလား” ထိုမေးခွန်းကို သူမ မေး သူမှာ သူမမဟုတ်သလို ရှီမာယူယူ ခံစားလိုက်ရသည်။

“၃၀ ရာခိုင်နှုန်းထက်နည်းတယ်”

၃၀ ရာခိုင်နှုန်းထက်နည်းတယ်တဲ့လား..

ရှီမာယူယူ အေးခဲသွားသည်။ ဒီလောက် အောင်မြင်မှုနှုန်းနဲ့ သူမ လုပ်နိုင် ပါ့မလား။

“တကယ်လို့.. ကျွန်မ မလုပ်နိုင်ဘူးဆိုရင်ရော”

“ဒါဆိုရင် သေခြင်းတရားက စောင့်နေတယ်”

သူမ ခြေကုန်လက်ပန်းကျ၍ဖြစ်စေ၊ ကစဥ့်ကလျားကမ္ဘာ၏ လှည့်ကွက် နှင့် ကွဲလွဲမှုကြောင့်ဖြစ်စေ သူမသည် သေခြင်းတရားနှင့်ရင်ဆိုင်ရမည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သူမတွင် သေခြင်းတရားသာရှိသည်။

အဲဒါကြောင့် သူ တုံ့ဆိုင်းနေတာလား။

“တခြားနည်းလမ်းမရှိတော့ဘူးလား” ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ သူ နှုတ်ခမ်းတွန့်သွားသည်ကို သူမ မြင်သောအခါ သူ၏အဖြေကိုသိလိုက်၏။

“မသွားဖို့တော့ ရွေးချယ်လို့ရတယ်” ဟေးဒီးစ် ဆိုလိုက်၏။

“ကျွန်မမသွားဘူးလို့ ရှင်ထင်ထားရင် ဒီအကြောင်းကို ပြောမှာတောင် မဟုတ်ဘူး” ရှီမာယူယူ ပြုံးလိုက်သည်။

သူမ မသွားဖို့မလိုအပ်လျှင် သူသည် ဤကိစ္စကိုပြီးသွားမှပင် ပြောလိမ့် မည်။ သို့သော် သူထိုသို့မလုပ်ခဲ့သဖြင့် သူမသည် ဤကိစ္စမှ မလွတ်မြောက်နိုင် သည်ကို ညွှန်ပြနေသည်။

ဤကိစ္စသည် သူမ၏ တာဝန်ဖြစ်နေသည်။

သူမသည် ဝူလင်းယူဘက်လှည့်ကာ ဟေးဒီးစ်ကို မေးလိုက်သည် “ပြောပါ ကျွန်မ ဘာလုပ်ရမလဲ”

All Chapters