ဇာတ်သိမ်းပိုင်း ၈
Vol. 165 Ch. 2302
ဟေးဒီးစ်သည် သူမကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလေသည် “သေချာရဲ့လား မင်း ဒီခြေလှမ်းကိုလှမ်းလိုက်တာနဲ့ ပြန်လာလို့မရတော့ဘူး”
“ကျွန်မမလုပ်ရင် ရှုပ်ထွေးသွားမလား” ရှီမာယူယူ မေးလိုက်၏။
“မင်းရဲ့ဆွေမျိုးတွေ ပါလာလိမ့်မယ်” မည်သို့ရှုပ်ထွေးလာမည်ဆိုသည့် မေးခွန်းကိုတော့ သူမ ဆက်မမေးလည်း အဖြေမှာသိသာနေသည်။
“အဲတော့ ကျွန်မကိုပြောပါဦး ဘာလုပ်သင့်လဲ” ရှီမာယူယူသည် မအံ့ဩ တော့ဘဲ မေးလိုက်၏။
“ငါ မင်းကို ကစဥ့်ကလျားကမ္ဘာကိုပို့ပေးမယ်.. မင်းဝင်သွားရင် မင်းရဲ့ ဝိညာဉ်စွမ်းအားအကုန်ထုတ်လိုက်.. အရည်အချင်းရှိသမျှ စွမ်းအားအကုန် ထုတ်ရမယ်” ဟေးဒီးစ် ရှင်းပြသည် “မင်း အရည်အချင်းအကုန်လုံးနဲ့ လမ်းကြောင်းဆောက်ပြီး အဲဒီလမ်းကြောင်းကိုသုံးပြီး အပြင်ဘက်ကမ္ဘာနဲ့ ကစဥ့်ကလျားကမ္ဘာကို ဆက်သွယ်ပေးရမယ်.. လမ်းကြောင်းဆောက်ဖို့ မင်းမှာ စွမ်းအားလုံလုံလောက်လောက်ရှိရင် ပြဿနာမရှိဘူး.. ဒါပေမဲ့ မလုံလောက်ရင် တော့…”
“သိပြီ ကျွန်မကို အဲဒီကိုပို့ပေးပါ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း သူတို့ကို တစ်ခုခုပြောချင်တာရှိလား” ဟေးဒီးစ် မေးလိုက်သည်။
ရှီမာယူယူသည် ပါးစပ်ဟပြီး အတန်ကြာမှပင် ပြောလာသည် “ရှောင်းသောင့်နဲ့ ရှောင်းယောင်ယောင်တို့ကို စောင့်ရှောက်ပေးပါ”
သူမ သေသွားလျှင် စိုးရိမ်ရန်မလိုအောင်ဖြစ်သည်။
“ဟုတ်ပြီ”
“လင်းယူကို ကလေးနှစ်ယောက်ကို စောင့်ရှောက်စေပြီး ကောင်းကောင်း နေသွားခိုင်းလိုက်ပါ”
“ဟုတ်ပြီ”
ရှီမာယူယူသည် တခြားဘာမှမပြောဘဲ ပေါ့ပါးစွာ ပြောလိုက်၏ “စရအောင်”
ဟေးဒီးစ်ခေါင်းညိတ်လိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည်နှင့် ရှီမာယူ ယူ ပျောက်ကွယ်သွားသည်။ သူသည် ရှီမာယူယူရှိနေခဲ့သည့်နေရာကိုကြည့်ပြီး အနည်းငယ် လစ်ဟာသွားသလို ခံစားရသည်။ အတန်ကြာပြီးမှ သူ တိုးညင်းစွာ ရေရွတ်လေသည် “မင်းပြောသလို ငါလုပ်ပြီးပြီ ဆမ်ဆာရာ”
ရှီမာယူယူသည် မျက်တောင်ခတ်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်းတွင် ကျယ်ပြန့်သော အဖြူရောင်လွင်ပြင်သို့ရောက်သွားသည်ကို ခံစားမိလိုက်သည်။
သူမ ကစဥ့်ကလျားကမ္ဘာသို့ တတိယအကြိမ်ရောက်လာရာ အလွန် တည်ငြိမ်နေပြီဖြစ်သည်။ သူမသည် အလောတကြီးမလှုပ်ရှားဘဲ မြူခိုးဖြူများ အကြားတွင် ခေတ္တမျှ လမ်းလျှောက်မိသည်။ မကြာမီတွင် ရေစီးဆင်းနေသည့် အသံများကို ကြားလိုက်ရသည်။
အရင်တစ်ခေါက်က သူမနှင့်ရှောင်ချီတို့ အတန်ကြာလျှောက်ပြီးမှ မြစ်ကို တွေ့ခဲ့သည်။ သို့သော် ယခုတစ်ခါတွင် လျင်မြန်စွာရောက်လာသည်။
သူမသည် ရေထဲသို့လက်ဆန့်လိုက်ကာ ရေထဲမှထင်ဟပ်လာသော သူမ ၏ မျက်နှာကိုမြင်သောအခါ အားတင်းပြီးပြုံးရန်ကြိုးစားလိုက်သည်။
“ဒီဟေးဒီးစ်ကတော့လေ သူ ကစဥ့်ကလျားကမ္ဘာနဲ့ ဘာပတ်သက်နေလဲ မသိဘူး.. သူ အရင်ကဒီကိုရောက်ဖူးတဲ့ပုံတောင်မပေါ်တာ ဘယ်လိုလုပ် ဒီကို အလွယ်တကူပို့ပေးနိုင်တာလဲ ဟင်း.. ငါ တစ္ဆေလောကမှာရှိတုန်းက ငါ့ကို ဒီ လာခွင့်ပေးတာက ရည်ရွယ်ချက်ရှိရှိလုပ်တာကိုး” ဤအခိုက်အတန့်တါင် သူမ သည် အရာများအားလုံးကို နားလည်လာသည်။
သူမ မျက်လုံးမှိတ်ပြီးခံစားကာ ပြောလိုက်သည် “တကယ်ပဲ ပြောင်းလဲ လာတာပဲ”
သူမသည် လက်ကိုပြန်ရုတ်လိုက်သည်။ သူမလက်ပေါ်တင်နေသော ကစဥ့်ကလျားမြစ်ရေသည် အဖြူရောင်မြူခိုးအဖြစ်ပြောင်းကာ လေထဲတွင် ပျောက်ကွယ်သွားလေသည်။
သူမလက်ကိုခါရင်းနှင် လက်ဖဝါးမှ အမှတ်အသားကိုမြင်သောအခါ ထို အရာသည် သူမ ထွက်လာနိုင်ရန် ဟေးဒီးစ်ပေးလိုက်သည့် လမ်းစတစ်ခုဖြစ် သည်ကို သိလိုက်သည်။ သူမသည် လက်ဖဝါးထဲသို့ ဝိညာဉ်စွမ်းအင်ထည့် လိုက်သောအခါ လမ်းကြောင်းသည် ရွှေရောင်အလင်းတန်း ခပ်ဖျော့ဖျော့ ထွက်လာပြီးနောက် သူမသည် ရွှေရောင်အလင်းတန်းထဲတွင် နစ်မြှုပ်သွားလေ သည်။
ပြီးခဲ့သည့်တစ်ခေါက် သူမ ကစဥ့်ကလျားကမ္ဘာမှထွက်ခဲ့သည်နှင့် လုံးဝ ကွာခြားနေသည်။ ထိုအချိန်က သူမ၏အားအင်မှာ နည်းပါးခဲ့ကာ လုပ်ငန်းစဉ် တစ်ခုလုံးမှာလည်း ရှုပ်ယှက်ခတ်နေခဲ့သည်။ သည်တစ်ကြိမ်တွင် သူမသည် လေဟာနယ်ထဲတွင် ပျံနိုင်သည်ကို သူမကိုယ်သူမ ရှင်းလင်းစွာကြည့်နေခဲ့၏။
လမ်းကြောင်းမှ ထွက်ပေါက်ရောက်တော့မည်ဟု ခံစားမိသည်နှင့် ရပ်လိုက်သည်။ သေချာသည်မှာ သူမ ရပ်လိုက်သည်နှင့် လေဟာနယ်သည် သူမအား တင်းကျပ်စွာ ဖျစ်ညှစ်ထားရာ အသက်ရှူကျပ်သွားစေသည်။
ဆိုးရွားသည်မှာ သူမခန္ဓာကိုယ်၏ အားအင်နှင့်ပင်လျှင် ဖိအားကို မခံနိုင် ပေ။ သာမန်လူသာဆိုလျှင် ထိုလူသည် ၂ စက္ကန့်အတွင်း၌ပင် ဖျစ်ညှစ်ခံရလိမ့် မည်။
“ပိတ်တဲ့နှုန်းကလည်း မြန်လိုက်တာ အဲဒါကြောင် ဟေးဒီးစ်က စိတ်မချ ဖြစ်နေတာကိုး” သူမ ရေရွတ်လိုက်သည်။ သူတို့သာ ထပ်စောင့်လျှင် ထိုလေ ဟာနယ်သည် ပိတ်သွားနိုင်သည်။
ဟေးဒီးစ် သူမကိုပြောပုံအရဆိုလျှင် သူမခန္ဓာကိုယ်မှ ရွှေ၊ သစ်သား၊ ရေနှင့် မြေအပါအဝင် ဝိညာဉ်ထဲမှ အမှောင်စွမ်းအားနှင့် သူမကို သတ်လုနီးပါး ဖြစ်ခဲ့သည့် ယုံကြည်မှုစွမ်းအားအစရှိသည့် အရည်အချင်းများအားလုံးကို ထုတ် လွှတ်လိုက်ရမည်။
ထိုအင်အားများကို သူမပတ်ပတ်လည် ထုတ်လိုက်ပြီး သူမအတွက် တည်ငြိမ်သည့် လေဟာနယ်အဖြစ်ထောက်ပံ့ပေးရာ အစောက ဖိအားသည် ပျော်ကွယ်သွားလေသည်။
သူမသည် အားဖြည့်ဆေးကို လက်တစ်ဆုပ်စာ ဆုပ်ကိုင်ထားပြီး ဝိညာဉ် စွမ်းအားပြန်ဖြည့်ရန် သောက်လိုက်သည်။ ထို့နောက် ဘေးပတ်ပတ်လည်မှ လေဟာနယ်များကို နည်းနည်းစီချဲ့ထွင်သည်။
လေဟာနယ်မှာ မည်မျှထူထဲသည်ကို သူမမသိပေ။ သူမ မစဉ်းစားဘဲနှင့် ဘေးနှစ်ဖက်မှလမ်းကြောင်းကို နည်းနည်းစီ ချဲ့သည်။
သူမ လမ်းကြောင်းကို ချုံ့စဉ်မှာပင် သူမ၏ပုံရိပ်သည်ရုတ်တရက် လေထဲ တွင်ပေါ်လာသည်။
သူတို့သည် သူမကိုမြင်နေရသော်လည်း သူတို့နှင့် တူညီသောနေရာတွင် ရှိနေခြင်းမဟုတ်သည်ကို မြင်နိုင်သည်။
ထိုအချိန်တွင် ကျွင်းပိုင်သည် လူတစ်စုကိုခေါ်လာကာ ချန်ရှန်းသည် လည်း လူများကိုခေါ်လာသည်။ အားလုံးသည် ဒဏ်ရာရထားကြကာ တစ်ချက် ကြည့်လိုက်သည်နှင့် တိုက်ပွဲမှ ကတိုက်ကရိုက်ပြေးလာခြင်းဖြစ်သည်ကို သိနိုင် သည်။
ရှီမာယူယူသည် ကောင်းကင်တာအိုကို ပြောင်းလဲပစ်မည်ဆိုသည့် သတင်းကိုရ၍လားတော့မသိပေ။ သူတို့အပြင် တခြားလူများလည်း အလော တကြီးရောက်လာကြသည်။ သို့သော် ထိုရောက်လာသူများသည် အလွန် အားကောင်းသူများသာဖြစ်ကြသည်။
သူတို့ ရှီမာယူယူကိုကြည့်နေစဉ်အတွင် အားလုံး စိတ်လှုပ်ရှားနေကြ သည်။ သူမသာ အောင်မြင်လျှင် သူတို့သည် အဆင့်တစ်ဆင့်ထပ်တက်သွားနိုင် ကာ ထာဝရတည်မြဲသည့်ဘဝကို ရမည်ဖြစ်သည်။
ရှီမာယူယူ ဘာလုပ်နေသည်ကို သူတို့မသိသော်လည်း သူမခန္ဓာကိုယ်ထဲ မှ စွမ်းအားများအားလုံးကို ထုတ်လွှတ်နေသည်ကိုသာ မြင်နေရသည်။
“သူမ ဘာလုပ်နေတာလဲ” လူတစ်ယောက် မေးလိုက်လေသည်။
“ဒါက တကယ်ပဲ ကောင်းကင်တာအိုကို ပြောင်းလဲနိုင်လို့လား”
“ကောင်းကင်တာအိုက လွယ်လွယ်နဲ့ပြောင်းလဲလို့လား.. သူမလုပ်နေ တာတွေက အလဟဿပဲဖြစ်မှာ”
“အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဘာမှမလုပ်တာထက် စာရင်တော့ တော်ပါသေးတယ်”
“ဟုတ်တယ် ဒါဆိုလည်း ကြည့်ကြတာပေါ့”
ဝူလင်းယူနှင့် ရွှမ်ချုံးဟော်တို့လည်း အမြင့်တစ်နေရာတွင် တိုက်ခိုက်နေ ကြသည်။ ရုတ်တရက် ထိုပြောင်းလဲမှုကြောင့် ကိုးရိုးကားယားဖြစ်သွားကြ၏။ သူတို့နှစ်ယောက် လူစုခွဲလိုက်ကာ ဝူလင်းယူသည် ချက်ချင်းပင် ဟေးဒီးစ်ဆီသို့ ပျံသွားလိုက်သည်။
“ဘာဖြစ်တာလဲ” သူ ဟေးဒီးစ်ကို စိုက်ကြည့်လိုက်သည် “သူမကို ဘာလုပ်ခိုင်းလိုက်တာလဲ”
“မင်း မမြင်ဘူးလား” ဝူလင်းယူသည် ရှီမာယူယူကို အပြေးအလွှား သွား ရှာချင်နေသည်ကိုမြင်သောအခါ ဟေးဒီးစ် ပြောလိုက်သည် “အသုံးမဝင်ဘူး သူမ ဝိညာဉ်စွမ်းအင်တွေကို စထုတ်လွှတ်လိုက်ကတည်းက ဘယ်သူမှ သူမ အနားကပ်လို့မရတော့ဘူး”
ဝူလင်းယူ မယုံဘဲ ရှီမာယူယူဆီသို့ ပျံသန်းသွားလိုက်သည်။ သို့သော် သူမ အနားရောက်လုဆဲဆဲတွင် သူ့ကို အားတစ်ခုမှ တားလိုက်လေသည်။
“ကောင်းကင်ရဲ့စွမ်းအား” သူ ထိတ်လန့်သွားသည်။ သူမ ဒါကိုလုပ်တာ တကယ်ပဲ ကောင်းကင်က သူမကိုကာကွယ်ပေးထားတာလား။
ထိုအချိန်တွင် ဟေးဒီးစ်၏အသံ ထပ်ထွက်ပေါ်လာသည် “ဒီအချိန်မှာ ကောင်းကင်တာအိုကို ပြောင်းလဲပေးနိုင်မယ့်သူကလွဲပြီး တခြားဘယ်သူမှ သူမ ရဲ့အနားကိုကပ်လို့ရမှာမဟုတ်ဘူး မင်းနဲ့ငါတောင်မရဘူး”
ဝူလင်းယူတိုက်ခိုက်သော်လည်း အသုံးမဝင်သည်ကိုသိလိုက်ရသည်။ ထို့ကြောင့် ဟေးဒီးစ်သည် သူ့ကိုဆွဲထားရသည်။
“လမ်းမပိတ်နဲ့” ဟေးဒီးစ်သည် သူ့ကိုကြည့်ပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ဟုတ်သည်.. ရှီမာယူယူသည် ခန္ဓာကိုယ်ထဲမှ စွမ်းအားများထုတ်လွှတ်နေ သည်ကို သူ မြင်ခဲ့ရကာ သူမသည် တစ်စုံတစ်ရာကို ကျော်လွှားနေသည်ဟု မဆိုလိုပေ။ သူ ဤကဲ့သို့ အလောတကြီးသွားမှသာ သူမကို ဆိုးဆိုးဝါးဝါး သက်ရောက်သွားစေနိုင်သည်။
“လင်းယူ ယူယူ ဘာလုပ်နေတာလဲ” အစောက ထွက်သွားကြသော ရှီမာ မိသားစုသည် ပြန်လာသည်။ အစက သူတို့သည် ရှီမာယူယူကို ကူညီရန် လာခြင်းဖြစ်သော်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရလိမ့်မည်ဟု ထင်မထားကြ ပေ။
ယွိခဲ့လော့သည် ဝူလင်းယူကို ကြည့်ပြီး သူ့ဆီမှအဖြေရအောင်ကြိုးစားနေ လေသည်။ ဝူလင်းယူသည် ဖုံးကွယ်၍မရတော့သည်ကို သိသည်နှင့် ရှီမာယူယူ သည် ကောင်းကင်တာအိုကို ပြောင်းလဲရန် ကစဥ့်ကလျားကမ္ဘာလမ်းကြောင်း ကို ဖောက်နေခြင်းဖြစ်ကြောင်းပြောပြလိုက်ရသည်။
ရှီမာမိသားစုမှလူအားလုံးသည် ထိတ်လန့်ကုန်ကြသည်။ ကောင်းကင် တာအိုက ဘယ်လိုတည်ရှိမှုမျိုးလဲ။ အဲဒါကို သူမက သွားထိရဲသေးတယ်လား။
“လင်းယူ ယူယူက ဘယ်လောက်တောင် ယုံကြည်ချက်ရှိနေတာလဲ”
ဝူလင်းယူ ခေါင်းခါလိုက်သည်။ သူကိုယ်တိုင်ပင်မသိပေ။
“မကောင်းတော့ဘူး” အားလုံး၏ အော်ဟစ်သံသည် ဝူလင်းယူနှင့် ရှီမာ မိသားစုများ၏ မျက်နှာများကို ပြောင်းသွားစေသည်။