← Chapters

ဇာတ်သိမ်းပိုင်း ၉

Vol. 165 Ch. 2303

ဇာတ်သိမ်းပိုင်း ၉

Vol. 165 Ch. 2303

အားလုံးသည် ရှီမာယူယူကိုကြည့်လိုက်ရာ အစောက ဝိညာဉ်စွမ်းအား များကို တည်ငြိမ်စွာထုတ်လွှတ်နိုင်သော်လည်း ယခုအခါ ခမ်းခြောက်သွားကာ ထပ်ပြီးတောင့်မခံနိုင်တော့မည့်ပုံပေါ်နေသည်ကို မြင်နေရသည်။

“ခုက အကောင်းကြီးပါ ရုတ်တရက်ကြီး ဘာလို့အခုလိုဖြစ်ရတာလဲ”

ဝူလင်းယူသည် ရှီမာယူယူကိုကြည့်လိုက်ရာ သူမ၏လက်များတင်းကြပ် စွာဆုပ်ထားပြီး သူမ၏မျက်ခုံးများမှာကြုတ်နေသည်ကို မြင်ရသောအခါ သူ၏ စိတ်မကောင်းဖြစ်မှုသည် မည်သည့်အရာနှင့်မှတိုင်းတာ၍ပင်မရပေ။

သူသည် ရှီမာယူယူကို ကောင်းစွာသိသည်။ သူမ ဤကဲ့သို့ မျက်မှောင် ကြုတ်လိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်အတွင်းတွင် များစွာခံစားနေရသည်ကို ပြသနေသည်။ သို့သော် သူသည် သူမကိုမကူညီနိုင်ပေ။

ယခုအချိန်တွင် ရှီမာယူယူသည် အမှန်တကယ်ပင် နာကျင်နေသည်။ သူမ ဆောက်လုပ်လိုက်သည့် လမ်းကြောင်းအကြောင်းကို သူမ မသိပေ။ မည်မျှ ကွာ ဝေးပြီး မည်မျှကြာမည်နည်း။ သူမ သိသည်မှာ သူမ၏ခန္ဓာကိုယ်သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။

သူမ၏စွမ်းအားသည် အားကောင်းလှသော စွမ်းအား၏ ဖျစ်ညှစ်ခြင်းကို ခံရကာ နည်းလမ်းမှာ အလွန်ကြမ်းတမ်းသည်။ သူမ၏ သွေးကြောများထဲမှ ဝိညာဉ်စွမ်းအားများကို ဆွဲညှစ်ခံထားရကာ အလွန်ပင် နာကျင်လှသည်။

ဤကဲ့သို့သာဆက်သွားပါက သူမ၏ဝိညာဉ်စွမ်းအားနည်းနည်းမှ ကျန် မည်မဟုတ်ပေ။

ထိုတင်သာမကဘဲ သူမဆောက်လုပ်လိုက်သည့် လမ်းကြောင်းမှာ ရုတ်တရက် ပြိုလဲတော့မည့်အတိုင်း မတည်ငြိမ်တော့သလို ခံစားရသည်။

ကျရှုံးတော့မှာလား။

“ဝိညာဉ်လောကကို သုံးဖို့ကြိုးစားကြည့်” ဝိညာဉ်လေး ရုတ်တရက် ပြော လိုက်သည်။

ဝိညာဉ်လေးသည် လေဟာနယ်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ရာ သူသည် လေဟာနယ်များအကြောင်းကို တော်တော်များများသိသည်။ သူ ထိုသို့ပြော လာသဖြင့် ရှီမာယူယူသည် တွေဝေခြင်းမရှိ ချက်ချင်းဆိုသလိုပင် သူမ၏ ဝိညာဉ်လောကကို ထုတ်လိုက်သည်။

သူမသည် ဝိညာဉ်လောကနှင့် အသစ်ဆောက်ထားသောလမ်းကြောင်းတို့ ကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်သည်။ သူမ၏ ဝိညာဉ်လောက အကူအညီဖြင့် လမ်းကြောင်းသည် ငြိမ်သွားတော့သည်။

သို့သော် စိတ်သက်သာရာမရခင်မှာပင် ခန္ဓာကိုယ်ထဲမှစွမ်းအားသည် အရင်ကထက် ပို၍ဂနာမငြိမ်ဖြစ်လာပြီး စီးဆင်းနှုန်းသည် အရင်ကထက်ပိုမြန် လာသည်ကို ခံစားလိုက်ရသည်။ မကြာမီတွင် သူမခန္ဓာကိုယ်ထဲမှ စွမ်းအားများ ယိုစိမ့်လာသည်ကို ခံစားလိုက်ရသည်။

သူမ၏ စွမ်းအားမှာယိုစိမ့်လာပြီး နောက်တစ်ဆင့်မှာသူမ၏ အသက် သွေးကြောဖြစ်သည်။

သူမ၏အတွင်းပိုင်း ဝိညာဉ်စွမ်းအား ပင်ပန်းလာသည်နှင့် ရုတ်တရက် ဝမ်းဗိုက်အတွင်းမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။

“ဝိညာဉ်လေး…”

“ငါ မင်းကို ခဏတော့ ကူညီပေးနိုင်တယ် ဒါပေမဲ့ ကောင်းကင်တာအို ဒီလိုဖြစ်နေတာကိုကြည့်ရတာ ငါ့အားလည်းမလောက်မှာကြောက်တယ်” ဝိညာဉ်လေး ပြောလိုက်သည်။

“ဝိညာဉ်လေး… ငါတောင်းပန်ပါတယ် ငါ မင်းတို့အားလုံးကို ဝင်ပါစေမိပြီ” ရှီမာယူယူသည် စိတ်ထဲတွင် ခံစားချက်များရောထွေးနေသည်။ သူမ ဝိညာဉ် လေးကို ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က သူသည် သူမအား နည်းမျိုးစုံ အထင် သေးခဲ့သည်။ ထို့နောက်ပိုင်းတွင် သူမအား စိတ်ရင်းဖြင့်ဆက်ဆံပေးခဲ့ပြီး ဝိညာဉ်စေတီ၏ကိစ္စအဝဝကို စီမံပေးခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် အားကုန်သုံးပြီး သူမကိုကူညီရန် မတွန့်ဆုတ်ခဲ့ပေ။ သူတို့နှစ်ယောက် ဤကပ်ဆိုးကြီးမှ အသက်မရှင်နိုင်လျှင် သူ နောက်သခင်တစ်ယောက်ရှာနိုင် မည်မဟုတ်တော့ပေ။

“ယူယူ ဒီနှစ်တွေမှာ မင်းနဲ့ရှိခဲ့တဲ့အတွက် ငါ အရမ်းပျော်တယ်” ဝိညာဉ် လေး၏အသံသည် အနည်းငယ် ကလေးဆန်နေသော်လည်း လေသံမှာ အလွန် ပင် သက်သာရာရနေသည်  “ဒီနှစ်တွေမှာ ငါ နေလာတာအလဟဿမဟုတ်ဘူး ဒါပေမဲ့ မင်းကို ထပ်ပြီးအဖော်မပြုပေးနိုင်တော့မှာကို ကြောက်တယ်”

သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ကုန်ဆုံးတော့မည်ဖြစ်၍ ဝိညာဉ်လေး၏ အသံမှာ အားနည်းပြီးရင်း အားနည်းသွားသည်။

“ယူယူ မင်းကိုကူညီမယ်”

သူမ၏ စာချုပ်သားရဲများ၏အသံများ တညီတညာတည်းထွက်လာာပြီး တစ်ယောက်ချင်းစီသည် ပျံလာပြီး ရှီမာယူယူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွား ကြသည်။

သူမခန္ဓာကိုယ်ထဲသို့ သားရဲများပြန်သွားသည်နှင့်် ဝိညာဉ်စွမ်းအားများ ဖြည့်လိုက်သလိုခံစားလိုက်ရသည်။

“မင်းတို့…”

“ယူယူ မကြောက်နဲ့ ဘာပဲဖြစ်လာလာ ငါတို့ မင်းကိုအဖော်ပြုပေးနေမှာ” ရှောင်ချီသည် အားလုံး၏ကိုယ်စားပြောလိုက်သည်။

“ဟုတ်တယ်” ရာဟွောင်၏အင်အားသည် အနိမ့်ဆုံးဖြစ်သည်။ သူ ထိုသို့ ပြောလိုက်ချိန်တွင် အသံမှာအားပျော့နေပြီဖြစ်သည်။

ရှီမာယူယူ ရင်ထဲထိသွားရသည်။ သူမ၏ ကျေးဇူးကိုပင် ပြောပြရန်မလို တော့ဘဲ အခိုင်အမာပင် ပြောလိုက်၏ “နောက်ဘဝဆိုတာရှိရင် ငါတို့အတူရှိကြ မယ်”

“ဟုတ်တယ် ငါတို့အကုန်အတူရှိကြမယ်”

ရှီမာယူယူသည် သူမကိုယ်သူမ ထောက်ပံ့နိုင်အောင် အကောင်းဆုံး ကြိုးစား၏။ သူမ အလွန်မသက်မသာဖြစ်နေသည်ကိုမြင်နေရပြီး အချိန်ကြာ မြင့်စွာ တောင့်မခံနိုင်တော့သည်ကိုလည်း အားလုံးမြင်နေရသည်။

“မကောင်းတော့ဘူး သူမအင်အားတွေ ခမ်းနေပြီ ကောင်းကင်က သူမရဲ့ အသက်သွေးကြောကို စုပ်ယူနေပြီ” လူတစ်ယောက် အော်လိုက်လေသည်။

ဝူလင်းယူသည် ပျံသွားပြီးအတားအဆီးကိုထပ်မံဖျက်ဆီးရန် ကြိုးစား လိုက်သော်လည်း ကောင်းကင်၏စွမ်းအားကြောင့် ပြန်ကန်ထွက်ပြီး အဝေး တစ်နေရာသို့ လွှင့်သွားလေသည်။

သူ ပြန်လာပြီး ထပ်မံတိုက်ခိုက်ပြန်သော်လည်း နောက်တစ်ဖန် လွင့်စင် သွားပြန်သည်။ ထိုကဲ့သို့ အကြိမ်ကြိမ်အခါခါဖြစ်ပြီးနောက် ကောင်းကင် တာအို၏ စွမ်းအားကြောင့် သူ ဒဏ်ရာရလာသည်။

ဤကဲ့သို့သာ ဆက်သွားပါက သူ သေသွားနိုင်သည်။

ဟေးဒီးစ်သည် ရှေ့တိုးပြီး လက်တစ်ချက်ဝှေ့ကာ သူ့ကို ချုပ်ထားလိုက် သည်။ သူ့ကို ယခုလိုထပ်ပြီး လွင့်စင်မသွားစေလိုတော့ပေ။

“ငါ့ကိုလွှတ်” ဝူလင်းယူ အော်လိုက်သည်။ သူ့မျက်နှာမှာ နီရဲနေပြီး ဆံပင် များမှာလည်း ဖရိုဖရဲဖြစ်နေကာ နေရာတိုင်းတွင်သွေးများထွက်နေပြီး ရူးသွပ် နေသလိုပင်။

“ငါ ပြောပြီးပြီလေ မင်း ဒါကိုဖွင့်လို့ရမှာမဟုတ်ဘူး” ဟေးဒီးစ် ပြောပြီး သော်လည်း သူနောက်တစ်ခေါက် ပြန်သွားတိုက်ခိုက်သော်လည်း အချည်းနှီး ပင်။ “မင်းအသက်ကိုကယ်ပြီး ကောင်းကောင်းနေအောင်လုပ်ပေးမယ်လို့ သူမကို ကတိပေးထားတယ် အဲတော့ မင်းဘာမှတတ်နိုင်မှာမဟုတ်ဘူး”

“ငါ့ကိုလွှတ် အား.. ငါ့ကိုလွှတ်” ဝူလင်းယူသည် အတားအဆီးငယ်လေး တွင် ရုန်းကန်နေသော်လည်း မလွတ်မြောက်ပေ။

“လင်းယူ” ရှီမာယူယူလည်း ဝူလင်းယူကိုမြင်နေရသည်။ သူမမှာ ခန္ဓာ ကိုယ်ကို ခက်ခက်ခဲခဲတောင့်ခံနေရပြီး တဖြည်းဖြည်းလှည့်လာသည်။ သူသည် သူမနှင့် အနီးဆုံးတွင်ရှိနေသော်လည်း ယခုချိန်ထိ သူ့ကိုမမြင်ရပေ။

“ယူယူ” သူ လှည့်လိုက်သည်နှင့် အသည်းကွဲမတတ်ခံစားရသကဲ့သို့ ဝူလင်းယူ အော်လိုက်သည်။ သူ့မျက်စိရှေ့၌ပင် သူမ၏အသက်သွေးကြော ခမ်းခြောက်သွားသည်ကို မြင်နေရသည်။

“လင်းယူ တောင်းပန်ပါတယ်” ရှီမာယူယူသည် သူမ၏အသက် သွေးကြော ခမ်းခြောက်သွားသည်ကိုခံစားမိပြီး ဝူလင်းယူအား အပြုံးတစ်ပွင့် ချန်ပေးထားချင်သကဲ့သို့ ပြုံးပြလိုက်သည်။

“ယူယူ” ဝူလင်းယူသည် သူမကို ထိတွေ့ချင်သော်လည်း ကောင်းကင်၏ စွမ်းအားမှ ပိတ်ပင်ခြင်းကိုခံရလေသည်။

“ယူယူ”

အောက်မှလူများသည် ရှီမာယူယူ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို မြင်သောအခါ အော်ကြလေသည်။

ရှီမာယူယူ မျက်လုံးဝှေ့ကြည့်လိုက်ရာ ဘေဂုံထန်နှင့် တခြားသူများ၊  အထိန်းအကွပ်မဲ့ငိုယိုနေကြပြီး ရှီမာမိသားစုများရူးသွပ်သွားပြီး အမြန်ပြေးလာ ချင်နေသည်ကို မြင်နေရသည်။ သို့သော် သူတို့ကို ဟေးဒီးစ်မှ ထိန်းချုပ်ထား သည်။ သူမသည် ဟေးဒီးစ်ကိုကြည့်လိုက်ရာ သူ့မျက်လုံးများတွင် နာကျင်မှုများ အပြည့်ဖြစ်နေသည်။ သို့သော် သူသည် လက်ရှိလူများထဲတွင် ဆင်ခြင်တုံတရား အရှိဆုံးလူဖြစ်သည်။

“အမေ”

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ လေဟာနယ်ထဲမှထွက်လာပြီး ရှီမာယူ ယူ သေတော့မည်ကိုမြင်သည်နှင့် ချက်ချင်းပင် ပြေးသွားပြီး ပျံသွားချင်မိသည်။ သို့သော် ကောင်းကင်၏စွမ်းအားပိတ်ပင်မှုကိုခံရကာ တိုက်ခိုက်ခံလိုက်သည်။ သို့သော် ဒဏ်ရာအပြင်းအထန်တော့မရပေ။ ကာကွယ်မှုအောက်တွင် သူတို့ နှစ်ယောက်သည် အသက်ရှင်နေခဲ့သည်။

ဟေးဒီးစ်သည် သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားသည်။ ဝူရှောင်းသောင့်၏ ငိုသံများအက်ကွဲနေကာ ဆက်တိုက်အော်လေသည် “ဦးလေးဟေးဒီးစ် လွှတ်ပေး လွှတ်ပေး”

“မင်းတို့နှစ်ယောက်လုံးက အားနည်းလွန်းတယ် ပြေးသွားတာနဲ့ သေမှာ ပဲ” ဟေးဒီးစ်သည် သူတို့ကိုလွှတ်မပေးပေ။ သူတို့နှစ်ယောက်သည် ဝူလင်းယူ ကဲ့သို့ပင် သူ၏အကာအကွယ်ကို အရူးအမူးတိုက်ခိုက်နေသည်။

ထိုအချိန်တွင် ဤလူမည်မျှ စွမ်းအားကြီးသည်ကို အားလုံးတွေ့လိုက်ရ သည်။ သူသည် ဤမျှများပြားသော အားကောင်းသူများကို ထိန်းချုပ်ထားနိုင် သည်။

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ ပေါ်လာသည်ကို ရှီမာယူယူမြင်သော အခါ မျက်ရည်များအကျမရပ်တော့ပေ။ သူမသည် သူတို့ဆီသို့လက်ဆန့်ထုတ် ပြီး ပွေ့ဖက်ထားချင်မိသည်။

“အမေ ရှောင်းသောင့်ကို တစ်ယောက်တည်း ထားမသွားပါနဲ့ နောက်ဆို  ရင် သမီးလိမ္မာပါ့မယ်.. မဆိုးတော့ပါဘူး” ဝူရှောင်းသောင့်သည် ငိုကြွေးလေ သည်။

“ရှောင်းသောင့်က အမြဲတမ်းလိမ္မာပါတယ်.. လိမ္မာရုံတင်မကဘူး သန်လည်းသန်မာတယ်” ရှီမာယူယူသည် မျက်ရည်များကျလာသည်။ သို့သော် ရယ်မောရန်ကြိုးစားလိုက်သည် “ရှောင်းယောင်ယောင် သားက အဖေနဲ့အစ်မ ကိုစောင့်ရှောက်ရမယ်နော်”

“ဟင့်အင်း မလိုချင်ဘူး အမေက စောင့်ရှောက်တာကိုပဲလိုချင်တယ် အမေ့ကိုပဲ လိုချင်တယ်…” ဝူချီယောင် အော်လိုက်သည်။ သူသည် သားလိမ္မာ မဖြစ်ချင်တော့ပေ။ သူသည် အာရုံခံပါးသည်ကိုမလိုချင်တော့ပေ။ အမေ့ကိုသာ ပြန်လာစေချင်သည်။

ရှီမာယူယူသည် သူတို့ကိုစကားထပ်ပြောချင်သေးသော်လည်း သူမ၏ အသက်သွေးကြောကို သူမခန္ဓာကိုယ်မှ ဆွဲထုတ်ခံရသလို ခံစားလိုက်ရသည်။

နောက်ဆုံးမှာ သူမ ကျရှုံးတော့မှာလား။

အသက်ရှူရပ်သွားသကဲ့သို့ သူမ၏ မျက်လုံးများ ဝေဝါးလာသည်။

“အမေ”

“ယူယူ”

“ယူယူ”

အားလုံးသည် ဝမ်းနည်းပက်လက်ငိုကြွေးကြသည်။ ဟေးဒီးစ် မျက်လုံး မှိတ်လိုက်သည်နှင့် မျက်ရည်များသည် ပါးပြင်ပေါ်သို့လိမ့်ကျလာသည်။ သူ မျက်လုံးများပြန်ဖွင့်လိုက်သည်နှင့် ပုံရိပ်တစ်ခုသည် ရှီမာယူယူဆီသို့ ပျံသွားပြီး သူမအားပွေ့ဖက်လိုက်သည်ကို မြင်လိုက်ရသည်။

All Chapters